Main menu

Background

Tuesday, 1 Feb 2011

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်                 ရေတွက်ပုံ              (ပြည်ပရောင်း)            (ပြည်တွင်းရောင်း)             ပြောင်းလဲမှု                                                                       ယခင်      ယခု             ယခင်         ယခု၁ မတ်ပဲ(RC)                    ၁ တန်                    ၇ဝ၈ဝဝဝ-၇၃၂ဝဝဝ            -              -၂ မတ်ပဲ(ှSQRC)                ၁ တန်                    ၈၃၅ဝဝဝ-၈၃ဝဝဝဝ - -၃ မတ်ပဲ(ကုန်ကြမ်း)           ၁ ပိဿာ                             -                         ၁၁၉ဝ-၁၁၉၅၄ ကုလားပဲဖြူလုံးကြီး         ၁ပိဿာ                              -                         ၁၂ဝဝ-၁၂ဝဝ၅ ပဲစင်းငုံနီ(သစ်)(RC)        ၁တန်                                 -                     ၇၂ဝဝဝဝ-၇၂၈ဝဝဝဘုရင့်နောင်မှာမတ်ပဲ (RC) နဲ့ ပဲစင်းငုံနီ(RC) ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်                   ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)နှင့် ပဲစင်းငုံနီ (RC) က အစပိုင်းရက်တွေမှာ ဈေးကအမြင့်မှာရှိနေပြီး နောက်ပိုင်းမှာ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုးဈေး ဆက်တိုက်ကျဆင်းနေတဲ့အပေါ် အိတ်စပို့ဝယ်လက်တွေက ဈေးချ အဝယ်ရှိတာကြောင့် ဈေးကျသွားပေမယ့် ယခင်အပတ်နဲ့စာရင်မတ်ပဲ (RC)က တစ်တန်ကို ၂၄ဝဝဝ ကျပ်ခန့်ဈေးမြင့်နေသေးသလို ပဲစင်းငုံနီ(RC)ကလည်း တစ်တန်ကို ၈ဝဝဝ ကျပ်ခန့်ဈေးမြင့်နေသေးတယ် လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC)တစ်တန်ကို အနိမ့်ဆုံး ၇၃ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၅၈ဝဝဝ ကျပ်အတွင်း တန် ၂၈၆ဝ ခန့်ဖြစ်ခဲ့သလို ပဲစင်းငုံနီ(RC)ကလည်း တစ်တန်ကို အနိမ့်ဆုံး ၇၂၈ဝဝဝ ကျပ်မှအမြင့်ဆုံး ၇၇၅ဝဝဝ ကျပ် အတွင်း တန် ၁၅၆၄ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်ထဲမှာ နေ့စဉ်ရက်ဆက်အရောင်းအဝယ်သွက်နေတဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာအစပိုင်းရက်တွေမှာ ဈေးကောင်းရနေပေမယ့် နောက်ပိုင်းမှာ အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဈေးကွက်အခြေအနေနှင့် ရန်ကုန်မှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူ နစ်တန်ဖိုးဈေးဆက်တိုက်ကျနေတဲ့အပေါ် တွက်ချက်ဝယ်ယူမှုရှိလို့ ယခုလိုဈေးတွေလှုပ်လာတာလို့ ပဲကုန်သည်ကြီးများက ဆိုပါတယ်။

Friday, 28 Jan 2011

 ကုန်စည်ဒိုင်သုံးသပ်ချက်          မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန် ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ(RC)ရောင်းဈေး မြင့်လာတဲ့အပေါ် ဈေးပေးအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ ဟင်္သာတ၊ မန္တလေး၊ မုံရွာ နဲ့ ပြည်မှာ ဈေးမြင့်ေ့ နကြောင်း တွေ့ရပါတယ်။ ပဲစင်းငုံနီကို Export ဝယ်လက်တွေနဲ့ လှောင်လက်ကုန် သည် အချို့က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ သွက်လာတာ ကြောင့် ဘုရင့်နောင်၊မန္တလေး၊မုံရွာ၊မကွေး၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံနဲ့ အောင်လံတွင် ဈေးသိသိသာစွာာမြင့််ေ့နကြောင်း တွေ့ရပါတယ်။           ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက် ပဲထွက်ရှိတဲ့ဒေသရဲ့ ပဲအရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိတာကြောင့် မန္တလေး၊ မကွေးနဲ့ပြည်တွင် ဈေးမြင့်နေပြီး အောင်လံ တွင် ဈေးငြိမ်နေကာ မုံရွာတွင် ဈေးအနည်းငယ်ကျနေကြောင်း သိရပါတယ်။          ကုလားဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန်ဝယ် လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတဲ့အပေါ် ချိန်ဆဝယ်ယူမှု တွေရှိနေတာ ကြောင့် မန္တလေးတွင် ဈေးမြင့်နေပြီး ဘုရင့်နောင်မှာ ဈေးငြိမ်နေ ကာ မုံရွာတွင် ဈေးကျနေကြောင်း တွေ့ရပါတယ်။             ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက တရုတ်ပြည်မှာ နှစ်သစ်ကူးပွဲတော်နီးကပ်လာလို့ ဝယ်အား များလာတာကြောင့် မူဆယ်နဲ့ လားရှိုးမှာ ဈေးမြင့်နေပြီး တောင် ကြီးနဲ့ အောင်ပန်းမှာ ဈေးမဆိုသုသလောက်က်ကျ နေတာ တွေ့ရပါတယ်။

Friday, 28 Jan 2011

လားရှိုးကုန်စည်ဒိုင်စဉ် အမျိုးအမည်           ရေတွက်ပုံ                ဈေးနှုန်း(ကျပ်)                  ပြောင်းလဲမှု                                                      ယခင်အပတ်      ယခုအပတ် ၁ ပြောင်း                    ၁ ပိဿာ              ၂၅ဝ                ၂၇ဝ ၂ ပဲပုပ်                       ၁ ပိဿာ               ၉ဝဝ                ၈၅ဝ ၃ ဟန်နှမ်း                  ၁ ပိဿာ              ၁ဝဝဝ               ၁၀၅၀ဆက်သွယ်ရန် ဖုန်း-ဝ၈၂-၂၄ဝ၇၇ လားရှိုးမှာ ပြောင်းဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်မှုများ              ပြောင်းက ဈေးကွက်သို့အဝင်များနေသလို တရုတ်ဝယ်လက် ကလည်း တရုတ်နှစ်ကူးပွဲတော်အမီအဝယ်သွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၂၇ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၉၇၅၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်များက ဆိုပါတယ်။ 

Friday, 28 Jan 2011

တောင်ကြီးကုန်စည်ဒိုင် စဉ် အမျိုးအမည်        ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)          ပြောင်းလဲမှု                                            ယခင်အပတ်      ယခုအပတ်၁ ပဲပုပ်                    ၁ ပိဿာ        ၉၃ဝ               ၉ဝဝ၂ ပြောင်း                 ၁ ပိဿာ       ၂ဝဝ                ၁၉၅၃ ပန်းနှမ်း(သစ်)        ၁ ပိဿာ    ၁၁၂ဝ                ၁၂ဝဝ၄ ကြက်သွန်ဖြူ          ၁ ပိဿာ    ၄၂ဝဝ                ၄၅ဝဝဆက်သွယ်ရန် ဖုန်း-ဝ၈၁-၂၄၈၉၅တောင်ကြီးမှာ ပြောင်းနဲ့ ပဲပုပ်ဈေးကျပြီး ပန်းနှမ်းဈေးမြင့်လာ            ပြောင်း ကို မန္တလေး-ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့်ရောင်းသူကုန်သည်များ အရောင်းများနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းးငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၉၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၂ဝဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။  ပဲပုပ်ကိုမန္တလေး- ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေ ထံမှာပစ္စည်းလက်ကျန်နည်းသွားလို့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ် လို့ဆိုပါတယ်။ ပန်းနှမ်းကိုဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များက ဈေးကွက်အဝင်ရှိသလောက် အဝယ်ရှိခဲ့တဲ့အတွက် ယခင်အပတ်နဲ့ စာရင ် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၂ဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၅၇ဝဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ ဒေသခံကုန်သည်များက ဆိုပါတယ်။

Friday, 28 Jan 2011

မူဆယ်ကုန်စည်ဒိုင်စဉ် အမျိုးအမည်        ရေတွက်ပုံ         ဈေးနှုန်း(ကျပ်)                 ပြောင်းလဲမှု                                         ယခင်အပတ်       ယခုအပတ်၁ ပြောင်း                ၁ တန်       ၂၂၁၅၁၉         ၂၄၆၅၂ဝ၂ ရော်ဘာ RSS-5     ၁ တန်    ၃၅ဝဝဝဝဝ         ၃၅၇၄ဝဝဝ၃ ရော်ဘာ RSS-3    ၁ တန်      ၃၆ဝဝဝဝဝ        ၃၆၉၅၆၅ဝဆက်သွယ်ရန် ဖုန်း-ဝ၈၂-၅၅ဝ၉၃ မူဆယ်မှာ ပြောင်းနဲ့ ရော်ဘာဈေးစွာလာ             ပြောင်း ကိုတရုတ်ဝယ်လက်က တရုတ်နှစ်ကူးပွဲတော်နီးကပ် လာတာနဲ့အမျှ ဝယ်အားသွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးစွာလာပြီး အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့သိရပါတယ်။ ရော်ဘာကိုလည်း တရုတ်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ် အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ် လို့ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

Friday, 28 Jan 2011

မြင်းခြံကုန်စည်ဒိုင် စဉ် အမျိုးအမည်            ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)               ပြောင်းလဲမှု                                                      ယခင်အပတ်    ယခုအပတ်၁ ပဲစင်းငုံနီ(သစ်)            ၁ ပိဿာ               ၁ဝဝဝ         ၁ဝ၈၅၂ ထောပတ်                   ၁ ပိဿာ               ၉ဝဝ             ၉၆ဝ၃ ပဲစင်းငုံကြား                ၁ ပိဿာ                ၉ဝဝ           ၉၈၅မြင်းခြံမှာ ပဲစင်းငုံနီနဲ့ ထောပတ်ပဲ ပုံမှန်အရောင်းအဝယ်ဖြစ်                ဒီတစ်ပတ် မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ထောပတ်ပဲဈေးအနည်းငယ်မြင့်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံနီက ဈေးကွက်သို့အဝင်အားကောင်းနေသလို ရန်ကုန်ဝယ်လက်ကလည်း လက်ရှိပေါက်ဈေးထက် ဈေးပိုပေးပြီးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝ၈၅ ကျပ်(တစ်တန်ကို ၆၆၄၄၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြားအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထောပတ်ပဲ ကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင ် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၆ဝ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားအရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။

Friday, 28 Jan 2011

ပခုက္ကူကုန်စည်ဒိုင်  စဉ် အမျိုးအမည်        ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)               ပြောင်းလဲမှု                                            ယခင်အပတ်         ယခုအပတ်၁ ပဲစင်းငုံနီ               ၁ ပိဿာ        ၁ဝ၄ဝ              ၁၁၁ဝ၂ ပြောင်း                 ၁ ပိဿာ          ၂၃၃             ၂၃၃ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ပခုက္ကူမှာ ပဲစင်းငုံနီဈေးစွာပြီး ပြောင်းဈေးတန့်နေ               ပဲစင်းငုံနီကီ တော့ ပခုက္ကူဈေးကွက်သို့အဝင်များလာသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၁ဝ ကျပ်(တစ်တန်ကို ၆၇၉၇၅၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပြောင်းကိုမြို့ပေါ်အစာစပ်လုပ်ငန်းရှင်တွေ ကတစ်ပိဿာ ၂၃၃ ကျပ်(တစ်တန်ကို ၁၄၂၆၈၆ ကျပ်)နဲ့နေ့စဉ်အိတ် ၅ဝ ခန့်အဝယ်ပုံမှန်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Friday, 28 Jan 2011

အောင်ပန်းကုန်စည်ဒိုင် စဉ် အမျိုးအမည်         ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု                                               ယခင်အပတ်       ယခုအပတ်၁ အာလူး                ၁ ပိဿာ           ၆၃ဝ                 ၇ဝဝ၂ ချင်း(သစ်)           ၁ ပိဿာ            ၆၃ဝ                 ၅၅ဝ၃ နနွင်း(သစ်)          ၁ ပိဿာ          ၂ဝဝဝ               ၂၈ဝဝ၄ ပြောင်း                ၁ ပိဿာ            ၂၁၇               ၂ဝဝဆက်သွယ်ရန် ဖုန်း-ဝ၈၁-၆ဝဝ၁၁အောင်ပန်းမှာ အာလူးနဲ့ နနွင်းဈေးစွာ                  ဒေသထွက်အာလူးက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန် နှင့်နယ်စုံဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇ဝဝ ကျပ်နှင့် တစ်ပတ်အတွင်း ပိဿာချိန် ၇၁၄၀၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့သိရပါတယ်။နနွင်း ကဈေးကွက်သို့ အဝင်မလှိုင်သေးပေမယ့် ရန်ကုန်-မန္တလေးနှင့် နယ် ဝယ်လက်အချို့က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသိသာစွာာမြင့့််လာပြီး တစ်ပိဿာကို ၂၈ဝဝ ကျပ်နဲ့တစ်ပတ်အတွင်း ပိဿာချိန် ၆၃ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်များကဆိုပါတယ်။

Friday, 28 Jan 2011

ဟင်္သာတကုန်စည်ဒိုင်စဉ် အမျိုးအမည်      ရေတွက်ပုံ                ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု                                            ယခင်အပတ်         ယခုအပတ်၁ မတ်ပဲ               ၁ ပိဿာ           ၁ဝ၇၅              ၁၁၄ဝ၂ ပဲလွန်းဖြူ(သစ်)   ၁ ပိဿာ           ၁ဝ၁ဝ              ၁၁၁၅၃ ပဲပုပ်                 ၁ ပိဿာ             ၇၇၅              ၇၈၅ဆက်သွယ်ရန် ဖုန်း-ဝ၄၄-၂၁၇၂၁ ဟင်္သာတမှာမတ်ပဲနဲ့ ပဲလွန်းဖြူဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်                မတ်ပဲကုန်ကြမ်းကို ရန်ကုန်ဝယ်လက်က ပုံမှန်အဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၄ဝ ကျပ်(တစ်တန်ကို ၆၉၈၁၂၄ ကျပ်)နှင့်နေ့စဉ်အိတ် ၅ဝဝ မှ ၈ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ပဲလွန်းဖြူကိုလည်း ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၁၁၅ ကျပ်(တစ် တန်ကို ၆၈၂၈၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အဝယ်ရှိခဲ့ပြီး ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာတယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။ 

Friday, 28 Jan 2011

ပြည်ကုန်စည်ဒိုင် စဉ် အမျိုးအမည်               ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု                                                   ယခင်အပတ်            ယခုအပတ်၁ မတ်ပဲ                          ၁ ပိဿာ        ၁ဝ၇၅                ၁၁၅ဝ၂ ပဲတီစိမ်း                       ၁ ပိဿာ        ၁၃၂၅                ၁၄ဝဝ၃ ကုလားပဲ                      ၁ ပိဿာ        ၁၃၂၅                ၁၃၂၅၄ ပဲစင်းငုံနီ(သစ်)              ၁ ပိဿာ         ၁ဝ၅ဝ                ၁ဝ၉ဝပြည်ဈေးကွက်မှာ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်               မတ်ပဲ(ကုန်ကြမ်း)ကို မြို့ခံခွဲစက်သမားတွေနဲ့ ရန်ကုန်ဝယ်လက် ကအရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၁၅ဝ ကျပ် (တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်)နဲ့ တစ်ပတ်အတွင်းအိတ် ၁၄ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့သိရပါတယ်။ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၄ဝဝ ကျပ်(တစ် တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ တစ်ပတ်အတွင်းအိတ် ၁၇ဝဝ ခန့်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။ပဲစင်းငုံနီက ဈေးကွက်သို့အဝင်လှိုင်နေသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားသွက်နေတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝ၉ဝ ကျပ် (တစ်တန်ကို ၆၆၇၅ဝ၅ ကျပ်)နဲ့ တစ်ပတ်အတွင်းအိတ် ၁၆ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ မြို့ခံကုန်သည်များကဆိုပါတယ်။

Pages