Background
ဟင်္သာတကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ မတ်ပဲ ၁ ပိဿာ ၁၁၅ဝ ၁ဝ၈၅၂ ပဲလွန်းဖြူ ၁ ပိဿာ ၁၂ဝဝ ၁၁၁၅၃ ပဲပုပ် ၁ ပိဿာ ၇၇၅ ၇၇ဝဆက်သွယ်ရန် ဖုန်း-ဝ၄၄-၂၁၇၂၁ ဟင်္သာတမှာ မတ်ပဲ(သစ်)တွေ ဈေးကွက်ထဲပိုမိုဝင်လာ မတ်ပဲ(သစ်) တွေ ဈေးကွက်သို့ ဇန်နဝါရီလလယ်က စတင်ဝင်ခဲ့ရာမှ ယခုဆိုအဝင်များလာပြီး ရန်ကုန်ဝယ်လက်က တစ်ပိဿာ ကို ၁ဝ၈၅ ကျပ်(တစ်တန်ကို ၆၆၄၄၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲမှာ မတ်ပဲ(ဟောင်း)က ပစ္စည်း လက်ကျန်ပြတ်သွားပေမယ့် ဟင်္သာတအနီးတဝိုက်မှ မတ်ပဲ(သစ်) တွေ အဝင်တစ်ရက်ပြီး တစ်ရက်အဝင်များလာလို့ အရောင်းအဝယ် ကတော့ ပုံမှန်ရှိနေဆဲလို့ မြို့ခံပဲကုန်သည်များက ဆိုပါတယ်။
မန္တလေးကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ (ပြည်ပရောင်း) (ပြည်တွင်းရောင်း) ပြောင်းလဲမှု ယခင် ယခု ယခင် ယခု ၁ ပဲတီစိမ်းကြီး(အညာ) ၁တန် ၁ဝ၁၂၂၈ဝ-၉၉ဝ၈၄၇ - -၂ ပဲတီစိမ်း(ခရမ်း) ၁ တန် ၁၂၂၄၇၈ဝ-၁၂၆၈၂၅၉၃ ကုလားပဲဖြူလုံးကြီး ၁ ပိဿာ - ၁၂၂၃-၁ဝ၃၁၄ ပဲစင်းငုံနီ ၁ ပိဿာ - ၁၁၅ဝ-၁၁ဝ၈၅ မတ်ပဲ ၁ ပိဿာ - ၁၁ဝဝ-၁ဝ၆၇ ဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃မန ္တလေးမှာ ပဲတီစိမ်း မတ်ပဲနဲ့ ပဲစင်းငုံနီအရောင်းအဝယ်ပုံမှန်ဖြစ် ပဲတီစိမ်း(အညာ)က မန ္တလေးဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးအလိုက်ဝယ်အားပုံမှန်ရှိနေ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီး(ထိပ်စ)တစ်ပိဿာ ၁၆၁၈ ကျပ် (တစ်တန်ကို ၉၉ဝ၈၄၇ ကျပ်)၊ လတ်စ တစ်ပိဿာ ၁၃၃၃ ကျပ် (တစ်တန်ကို ၈၁၆၃၁၅ ကျပ်)အောက်စတစ်ပိဿာ ၁၁ဝဝ ကျပ် (တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ။် ရန်ကုန်တိုင်းဒေသကြီး ခရမ်း၊သုံးခွဘက်မှ ပဲတီစိမ်း(ခရမ်း ရွှေဝါ)ကို တရုတ်ဝယ်လက်တွေက အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးစွာလာပြီး တစ်ပိဿာကို ၂ဝ၇၁ ကျပ်(တစ်တန်ကို ၁၂၆၈၂၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်များက အဆွဲအထိုက်အ လျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ဆိုပါတယ။် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ရန်ကုန် ဈေးကွက်မှာ ပဲစင်းငုံနီဈေးကျနေတာကို အကြောင်းပြပြီး ဈေးချ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁ဝ၈ ကျပ် (တစ်တန်ကို ၆၇၈၅၂ဝ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၅ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည် များကဆိုပါတယ်။
မုံရွာကုန်စည်ဒိုင် စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး ၁ ပိဿာ ၁၁၈၄ ၉၈၉၂ ပဲစင်းငုံနီ ၁ ပိဿာ ၁၁၄ဝ ၁ဝ၈ဝ၃ ပဲတီစိမ်းကြီး ၁ ပိဿာ ၁၅၇၉ ၁၃၁၆၄ မတ်ပဲ(သစ်) ၁ ပိဿာ ၁၁၁ဝ ၁ဝ၇၅၅ ပဲတီစိမ်းသေး ၁ ပိဿာ ၁၂၃၇ ၁၂၃၇ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းသေးနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်သွက် ဒီတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာ ပဲတီစိမ်းကြီးထက်စာရင် ပဲတီစိမ်းသေးက ပစ္စည်းအဝင်ပိုသလို အရောင်းအဝယ်လည်း ပိုသွက်ခဲ့ တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီးတစ်ပိဿာ ၁၃၁၆ ကျပ်(တစ်တန်ကို ၈ဝ၅၉ဝ၅ ကျပ်) ပဲတီစိမ်းသေးတစ်ပိဿာ ၁၂၃၇ ကျပ်(တစ်တန်ကို ၇၅၇၅၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကီ ဈေးကွက်သို့အဝင်သွက် လာပေမယ့် ရန်ကုန်-မန္တလေးဝယ်လက်က ရန်ကုန်မှာ ပဲစင်းငုံနီဈေး ကျဆင်းနေတာကို အကြောင်းပြပြီး ဈေးချဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁ဝ၈ဝ ကျပ် (တစ်တန်ကို ၆၆၁၃၈၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြား သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။
မူဆယ်ကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင် ယခု၁ ပြောင်း ၁ တန် ၂၆၄၄၂၈ ၂၈၇၉၉၃၂ ရော်ဘာ RSS-5 ၁ တန် ၃၈၉၄ဝဝဝ ၃၈၉၄ဝဝဝ၃ ရော်ဘာ RSS-3 ၁ တန် ၄ဝ၂၆ဝဝဝ ၄ဝ၂၆ဝဝဝမူဆယ်မှာ ပြောင်းဈေးမြင့်ပြီး ရော်ဘာဈေးငြိမ် ပြောင်း ကို တရုတ်ဝယ်လက်က တရုတ်နှစ်ကူးပွဲတော်အပြီးမှာ အဆွဲပုံမှန်ပြန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ တယ်လို့သိရပါတယ်။ ရော်ဘာကို တရုတ်ဘက်က ဒီတစ်ပတ်မှာ အဝယ်ပြန်အေးနေသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက် အခြေအနေကို စောင့်ကြည့်နေတာကြောင့် အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ (ပြည်ပရောင်း) (ပြည်တွင်းရောင်း) ပြောင်းလဲမှု ယခင် ယခု ယခင် ယခု ၁ မတ်ပဲ(RC) ၁ တန် ၇၂၅ဝဝဝ-၆၉၆ဝဝဝ - -၂ မတ်ပဲ(SQRC) ၁ တန် ၈၁၅ဝဝဝ-၇၆၈ဝဝဝ - -၃ မတ်ပဲ(ကုန်ကြမ်း) ၁ ပိဿာ - ၁၁၈၅-၁၁၂၅၄ ကုလားပဲဖြူလုံးကြီး ၁ပိဿာ - ၁၃ဝဝ-၁ဝဝဝ၅ ပဲစင်းငုံနီ (RC) ၁ တန် - ၇၄ဝဝဝဝ-၇၂၅ဝဝဝ၆ ပဲတီစိမ်း (ခရမ်း) ၁ ပိဿာ - ၁၉၅ဝ -ဘုရင့်နောင်မှာမတ်ပဲနဲ့ ပဲစင်းငုံနီဈေးကျပြီး ပဲတီစိမ်း(ခရမ်း)ဈေးစွာလာ ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)နဲ့ ပဲစင်းငုံနီ (RC) ဈေးကျလာပေမယ့် အရောင်းအဝယ်တော့ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည် ကြီးများက အစပိုင်းရက်တွေမှာ ဈေးပေးအဝယ်ရှိခဲ့တာကြောင့် ၇- ၂-၂ဝ၁၁ နေ့မှာ တစ်တန်ကို ၇၂၅ဝဝဝ ကျပ်ရှိရာက နောက်ပိုင်းမှာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကျနေတဲ့အပေါ်မူတည် ပြီး ဈေးချအဝယ်ရှိတာကြောင့် ၈-၂-၂ဝ၁၁ နေ့မှာ ၇၁၇ဝဝဝ ကျပ် သို့ဈေးကျခဲ့ပြီး ၉-၂-၂ဝ၁၁ နေ့မှာ ၇၁၅ဝဝဝ ကျပ်သို့ထပ်မံဈေးဆင်း ခဲ့ကာ ၁၁-၂-၂ဝ၁၁ နေ့မှာတော့ ၆၉၆ဝဝဝ ကျပ်သာရှိပါတော့တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း တန် ၁၆၁ဝခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာအရောင်းအဝယ်ရက်ဆက် သွက်နေတဲ့ ပဲစင်းငုံနီကီ ဒီတစ်ပတ်မှာ အိတ်စပို့ဝယ်လက်တွေက ဈေးနှိမ်ပြီး ဝယ်ယူမှုတွေရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၇၂၅ဝဝဝ ကျပ်နဲ့ တန် ၁၃၅ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ပြီး ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၁၅ဝဝဝ ကျပ်ခန့်ဈေးဆင်းသွား တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒါ့အပြင် အိတ်စပို့ဝယ်လက် တေက ပဲတီစိမ်း(ခရမ်းရွှေဝါ) ကို အစပိုင်းရက်တွေမှာ တစ်ပိဿာ ကို ၁၉၁ဝ ကျပ်(တစ်တန်ကို ၁၁၆၉၆၆၄ ကျပ်) ဖြင့် စတင်ဈေးဖွင့် အဝယ်ရှိခဲ့ရာမှ နောက်ပိုင်းရက်တွေမှာ ဈေးပေး အဝယ်ရှိလာ တာကြောင့် ၁၁-၂-၂ဝ၁၁နေ့မှာတစ်ပိဿာကို ၁၉၅ဝကျပ် (တစ်တန် က ို ၁၁၉၄၁၆ဝ ကျပ်အထိ)ဈေးစွာလာပြီး တစ်ပတ်အတွင်း တန် ၆၅ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။
ကုန်စည်ဒိုင်သုံးသပ်ချက် မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ပို့ကုန်ဝင်ငွေ ဒေါ်လာ တန်ဖိုး အေးနေတာရယ်၊ ပြည်တွင်းဈေးကွက်အတွင်းကို မကြာမီ ပဲအသစ်တွေ အဝင်လှိုင်နိုင်တာရယ်ကြောင့် တွက်ချက်ဝယ်ယူမှု တွေရှိနေလို့ ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ မုံရွာနဲ့ ဟင်္သာတမှာ ဈေးအနည်းငယ်ကျနေကြောင်း သိရ ပါတယ်။ ပဲစင်းငုံနီကို အိန္ဒိယဘက်မှာ ဈေးလှုပ်လာတဲ့အပေါ် မူတည်ပြီး အိတ်စပို့ဝယ်လက်တွေနဲ့ လှောင်လက်ကုန်သည်အချို့က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ မုံရွာ၊ မကွေး၊ မြင်းခြံ၊ ပခုက္ကူနဲ့ အောင်လံမှာ ဈေးမြင့်ေ့ နကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ယ်လက်က တရုတ်နှစ်ကူးပွဲတော်နှင့် တိုက်ဆိုင်နေလို့ ဝယ်အား ပြန်အေးသွား တာကြောင့် မန္တလေးမှ ဈေးအနည်းငယ်ကျနေပြီး မုံရွာ၊ ပြည်နဲ့ မကွေးမှာ ဈေးအနည်းငယ်မြင့်နေကြောင်း တွေ့ရပါတယ်။ ကုလားဖြူလုံးကြီးကတော့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင် များက အဝယ်ပြန်အေးသွားသလို ရောင်းသူကုန်သည်တွေထဲမှာ လည်းပစ္စည်းပြတ်လပ်နေတာကြောင့် မန္တလေး နဲ့မုံရွာဈေးကျနေ ပြီး ဘုရင့်နောင်မှာ ဈေးအနည်းငယ်မြင့်နေကြောင်းတွေ့ရပါသည်။ ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက တရုတ်နှစ်ကူးပွဲတော်ရှိနေလို့ အဝယ်ပါးသွားတာကြောင့် မူဆယ်မှာ ဈေးကျနေပြီး လားရှိုးတွင် ဈေးတန့် နေကာ တောင် ကြီးမှာ ဈေးမဆိုသိသလောက်မြင့်နေတာ တွေ့ရပါတယ်။
မကွေးကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ ကုလားပဲ(တိုင်ပေ) ၁ ပိဿာ ၁၂၈၉ ၁၃၁၅၂ ပဲတီစိမ်းကြီး ၁ ပိဿာ ၁၂၆၃ ၁၃၁၅၃ နှမ်းဖြူ ၁ ပိဿာ ၁၆၂၂ ၁၇ဝဝ၄ ပဲစင်းငုံနီ(သစ်) ၁ ပိဿာ ၁၁၅ဝ ၁၁၇၅၅ ပဲစင်းငုံကြား ၁ ပိဿာ ၉ဝဝ ၉၂၅ဆက်သွယ်ရန် ဖုန်း-ဝ၆၃-၂၃၆၅၅ မကွေးမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ် ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၁၅ ကျပ်(တစ်တန်ကို ၈ဝ၅၂၉၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲစင်းငုံနီက ဈေးကွက်သို့ အဝင်များလာသလို အိတ်စပို့ဝယ်လက်တွေကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာတယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၇၅ ကျပ်(တစ်တန် ကို ၇၁၉၅၅၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားဖြစ်ခဲ့တယ် လို့သိရပါတယ်။
ပခုက္ကူကုန်စည်ဒိုင် စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ ပဲစင်းငုံနီ ၁ ပိဿာ ၁၁၅ဝ ၁၁၆ဝ၂ ပြောင်း ၁ ပိဿာ ၂၃၃ ၂၁ဝဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ပခုက္ကူမှာ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ် ပဲစင်းငုံနီက ပခုက္ကူဈေးကွက်သို့ အဝင်ရှိသလောက် ရန်ကုန် ဝယ်လက်ကလည်း အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၆ဝ ကျပ်(တစ်တန်ကို ၇၁ဝ၃၇၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။
အောင်လံကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ် -၁ ကုလားပဲ ၁ ပိဿာ ၁၃၂၅ ၁၃ဝဝ၂ ပဲတီစိမ်း ၁ ပိဿာ ၁၅ဝဝ ၁၆ဝဝ၃ စမုံနက်နှမ်း ၁ ပိဿာ ၂၅၅၆ ၂၄၉ဝ၄ ပဲစင်းငုံနီ ၁ ပိဿာ ၁၁၂၅ ၁၁၅ဝအောင်လံမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးမာ ပဲတီစိမ်းကြီးကို အရည်အသွေးပေါ်မူတည်ပြီး မန္တလေး-ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၆ဝဝ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ မှ ၅ဝဝ ကြားအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံနီက ဈေးကွက်သို့ အဝင်များနေသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငြယ်မင့့်် လာပြီး တစ်ပိဿာက ို ၁၁၅ဝ ကျပ်(တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝဝ နဲ့အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။
မြင်းခြံကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ ပဲစင်းငုံနီ(သစ်) ၁ ပိဿာ ၁၁၂၅ ၁၁၄ဝ၂ ထောပတ် ၁ ပိဿာ ၁ဝဝဝ ၁ဝဝဝ၃ ပဲစင်းငုံကြား ၁ ပိဿာ ၁ဝ၂၅ ၄ဝဝမြင်းခြံမှာ ပဲစင်းငုံနီဈေး အနည်းငယ်မြင့်ပြီး အရောင်းအဝယ်ပုံမှန်ရှိနေ ပဲစင်းငုံနီက ဈေးကွက်သို့ အဝင်များသလို အိတ်စပို့ဝယ်လက် တွေကလည်း အဝယ်သွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၄ဝ ကျပ်(တစ်တန်ကို ၆၉၈၁၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။