Background
ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဈေးကွက်သည် ဒေသထွက်သီးနှံများ ကို မြန်မာနိုင်ငံ အနှံ့အပြားသို့ အများဆုံး တင်ပို့ရောင်းချနေသော ဈေးကွက်တစ်ခု ဖြစ်သည်။ မေလ တတိယပတ်အတွင်းတွင် ဒေသထွက်သီးနှံများဖြစ်သော အာလူး ဈေးနှုန်းမှာ ှ၂ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ မှ ၁၉၅၀ ထိ၊ ကြက်သွန်ဖြူ ထူး-၅ ကျပ် ၆၆၀ဝ၊ ထူး-၄ ကျပ် ၅၂၀ဝ၊ ထူး-၃ ကျပ် ၄၀ဝ၀၊ ထူး-၂ ကျပ် ၃၅၀ဝ၊ ထူး-၁ ကျပ် ၃၀ဝ၀၊ ချင်း အဆင့်(၁) ကျပ် ၄၂၀ဝ အဆင့် (၂) ကျပ် ၂၅၀ဝ၊ နနွင်း (ဆင်တောင်) ကျပ် ၃၈၀ဝ၊ မုန်ညင်း(သေး) ကျပ် ၉၅၀ ၊ မုန်ညင်း(ကြီး) ကျပ် ၁၁၅၀၊ ခရမ်းချဉ် သီး(မှည့်) ကျပ် ၇၀ဝ အစိမ်း ကျပ် ၈၅၀၊ ဂေါ်ဖီထုပ် ကျပ် ၁၆၀ဝ၊ ဂေါ်ဖီပန်း (ပန်းမုန်လာ) က
မတ် ၁၃ ရက်မှ ၁၇ ရက်အတွင်း မကွေးမြို့ မြို့မဈေးတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၅၀ဝ၀ ၊ မြောင်းမြပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၃၅၀ဝ၊ ကုန်းဇောင်း (ဧရာပဒေသာ) တစ်ပြည်လျှင် ကျပ် ၂၈၀ဝ၊ မြောင်းမြ(ဧရာပဒေသာ) တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
ဖေဖော်ဝါရီလ တတိယပတ်အတွင်း မန္တလေးကုန်စည် ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ကုလားပဲအုပ်စုအနေဖြင့် ပြည်တွင်းသုံးစွဲမှု မြင့်မားလာကာ၊ ပြည်ပပို့ကုန်သမားများ ဝယ်ယူနေခြင်း၊ ပြည်တွင်းပဲခွဲစက်များ အဝယ်လိုက်နေခြင်း၊ ပို့ကုန်ပဲများကို တရုတ်နှင့် အိန္ဒိယမှ ဝယ်ယူနေသောကြောင့် ဈေးမြင့်လာခြင်းနှင့်အတူ ပြည်တွင်း သုံးပဲများလည်း ဈေးကောင်းရရှိနေကြောင်း မန္တလေးကုန်စည် ဒိုင် ဈေးကွက်မှသိရသည်။