Background
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်အဝယ်ပြန်လိုက် လာလို့ တစ်ပိဿာကို ၈၂၀ ကျပ်(တစ်တန်ကို ၅၀၂၁၅၉ ကျပ်)ဈေး နဲ့တစ်ပတ်အတွင်း အိတ် ၁၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲကို မြို့ခံခွဲစက်တွေနဲ့ ရန်ကုန်အဝယ်ဆုံလို့ တစ်ပိဿာကို ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ တစ် ပတ်အတွင်း အိတ် ၃၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းဈေးကွက်သို့ ဝင် ရောက်မှုပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း ဝယ်အား ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၄၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်မိုးကင်းပြီး ရာသီဥတုကောင်း လာလို့ ပြောင်းအဝင်က တစ်ရက်ကို ပိဿာချိန် ၁၅၀၀၀ ခန့်ဝင် ရောက်ခဲ့ကြောင်း၊ အဝင်ရှိသလောက် တရုတ်အဆွဲပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ ဒီနှစ်ပြောင်းအထွက်နှုန်းကောင်းတယ်။ အရည်အသွေး လည်းကောင်းတယ်။ တချို့ကုန်သည်တွေဆို ပစ္စည်းလှောင်ဖို့တောင် လုပ်နေပြီ၊ ဒီရက်ပိုင်းမှာ ပြောင်းအဝင်လှိုင်အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၄၁၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀၀၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။
အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းရှိခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၂၆၇ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲအနေနဲ့ ဒေသတွင်းခွဲစက်တွေသာ ဝယ်အားအနည်းငယ်ရှိ ပြီး ရန်ကုန်အဝယ်ပါးနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေ နဲ့ တစ်ပိဿာ ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ နေ့ စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မုံရွာဈေးကွက် ဒီတစ်ပတ်ပဲတီစိမ်းအနေနဲ့ ရောင်းသူကုန် သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို တရုတ်အတွက်ဝယ် ယူနေတဲ့ မန္တလေးဝယ်လက်ကလည်း လက်လီစုပြီး ဝယ်ယူနေရတယ် လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့တစ်ပိဿာ ၁၄၂၁ ကျပ်(တစ်တန်ကို ၈၇၀၂၀၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းသေးက ဈေးကွက် ထဲအနည်းငယ်ဝင်ရောက်လာပြီး တစ်ပိဿာကို ၁၃၂၅ ကျပ်(တစ် တန်ကို ၈၁၁၄၁၆ ကျပ်)ဈေးနဲ့ ဈေးဖွင့်အရောင်းရှိသလို အိန္ဒိယတင် ပို့မယ့် ရန်ကုန်ဝယ်လက်ကလည်း အရည်အသွေးအပေါ်မူတည်ပြီး အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကိုတော့ ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲအနည်းငယ်ရှိလို့ တစ်ပိဿာ ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့သိရပါ တယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်အဆွဲအေး တာကြောင့် အရောင်းအဝယ်နေ့စဉ်မရှိဘဲ ရက်ခြားသာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှအိတ် ၄၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေနဲ့ ရန်ကုန်- မန္တလေးဝယ်လက်က ယခင်အပတ်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ဒီတစ်ပတ်မှာ အရည်အသွေးလိုနေတာကို အကြောင်းပြပြီးဝယ်အား လျော့ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၁၀ ကျပ်(တစ်တန်ကို ၇၄၀၉၉၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းရောင်စုံအနေနဲ့ ဈေးကွက် သို့ဝင်ရောက်မှုအားကောင်းနေသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေကလည်း ဝင်သလောက်ဝယ်အားရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းနီတစ်ပိဿာ ၂၇၆၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၃၁၆၀ ကျပ်၊ နှမ်းနက်စမုံ ၃၃၆၀ ကျပ်၊ နှမ်းနက်ရိုးရိုးတစ်ပိဿာ ၃၀၄၅ ကျပ်၊ နှမ်းညိုကြား တစ်ပိဿာ ၂၃၈၀ ကျပ်ဈေးနဲ့ နှမ်းရောင်စုံတစ်ရက်ကို အိတ် ၆၀၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ကို အိန္ဒိယဝယ်လက်က ကဒီတစ်ပတ်မှာ ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကတော့ တန့်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) ကလည်း ဈေးငြိမ်ပြီး အ ရောင်းအဝယ်ရက်ခြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ (RC) ကို အိန္ဒိယအဆွဲပုံမှန်ရှိနေတယ်။ အိန္ဒိယဘက်မှာ ဒီရက်ပိုင်းဝင်နေတဲ့ မတ်ပဲတွေက မြန်မာမတ်ပဲရဲ့ အရည်အသွေးကို မမီဘူးလေ၊ ဒါကြောင့် မြန်မာ့မတ်ပဲကို အိန္ဒိယက အရည်အသွေးပေါ်မူတည်ပြီး ပုံမှန်အဝယ် ရှိခဲ့တယ်လို့ ဘုရင့်နောင်အခြေစိုက်ပဲကုန်သည်တစ်ဦးကဆိုတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၅၂၃၅၀၀ ကျပ်မှ အ မြင့်ဆုံး ၅၃၀၀၀၀ ကျပ်အတွင်းတန်ချိန် ၅၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ (RC) အနေနဲ့ ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းလာပေမယ့် ဒီရက်ပိုင်းမှာ အိန္ဒိယဝယ်လက်က အဝယ်အနည်းငယ်ပြန်လိုက်လာလို့ ဈေးကွက်မှာ အရောင်းအဝယ် ပြန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန် ကိုအနိမ့်ဆုံး ၅၄၉၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၅၂၀၀၀ ကျပ်အတွင်း တန် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ရေကြီးလို့ သီးပင်စားပင်ဖြစ်တဲ့ ခရမ်းတို့၊ ကြက်သွန်တို့ ရေမြုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရေပြန်ကျ ခဲ့ပါတယ်။ ဒါပေမယ့် သီးပင်စားပင်ကတော့ မြေဆီကြောင့် ပိုမို အောင်မြင်နိုင်တယ်လို့ မြို့ခံကုန်သည်တချို့က ဆိုပါတယ်။ ပဲစင်း ငုံနီ(အဟောင်း)အနေနဲ့ လက်ကျန်နည်းနေသလို ရန်ကုန်အော်ဒါ လည်းနည်းတော့ အရောင်းအဝယ်အေးတယ်လို့ ပြောရမှာပါ။
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် လက်ကျန်ပြောင်းတွေမရှိ သလောက် ဖြစ်သွားပေမယ့် မိုးပြောင်းသစ်တွေကတော့ တောင်ကြီး ဒေသအနီးတစ်ဝိုက်မှ ဝင်ရောက်မှုတွေပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ မိုးပြောင်းသစ်တွေကတော့ ဈေးကွက်ထဲဝင်ရောက်ပေမယ့် အဝင် တော့မလှိုင်သေးကြောင်း၊ လက်ရှိပေါက်ဈေးကတော့ တစ်ပိဿာ ၃၅၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာချိန် ၅၀၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို အိတ်စပို့အတွက်ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်အဝယ်အေးတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာ ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကိုလည်း ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၃၂၅ ကျပ်(တစ်တန်ကို ၈၁၁၄၁၆ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
