Background
မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းမျိုးစုံဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပြီး မြေပဲလုံးဆန်ဖြူပေါက်ဈေးမှာ မြင့်တက်နေသည်။ ယခုတစ်ပတ်အတွင်း နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀-၉၇၀ဝ၀၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀ ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၀၃၀ဝ၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၁၀၁၀ဝ၀ ရှိပြီး ယခုတစ်ပတ် ကာလတူနှင့် နှိုင်းယှဉ်ပါက နှမ်းဈေးများ အနည်းငယ် ကျဆင်းလာကြောင်း သိရသည်။
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ် တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ ၁၃ ရက်မှစ၍ မတ်ပဲအသစ်များ ဈေးကွက် ဝင်ရောက်လာပြီး မတ်ပဲအသစ် တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ၊ အဟောင်းတစ်တင်းလျှင် ကျပ် ၅၉၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ယခင်နှစ်ကာလတူ အချိန်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၄၂၀ဝ၀ ခန့်သာရှိခဲ့သည့်အတွက် ယခု နှစ်တွင် ကျပ် ၁၈၀ဝ၀ ခန့် ဈေးပိုရရှိပြီး တောင်သူများ ဈေးကောင်းရလျက်ရှိသည်။
ဟင်္သာတကုန်စည်ဒိုင်တွင် နေ့စဉ် မတ်ပဲ(အဟောင်း) အိတ် ၁၂၀ဝ ခန့်၊ မတ်ပဲ(အသစ်)အိတ်၂၀ဝခန့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။