Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၂၇ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၂၁၇ တန်ခန့် အသွင်းရှိခဲ့ပြီး တမူးနယ်စပ်မှ ယခုအပတ်ပရဆေး ကုန်ကြမ်း အသွင်းနားခဲ့ပါတယ်။ ယခုအပတ် မူဆယ်မှ တင်ပို့ တဲ့ပရဆေးကုန်ကြမ်းတွေကတော့ဆီးဆန်၊
ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက် အထိ ကာလအတွင်း မြန်မာ - တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေး ဇုန်မှ ဖရဲသီး ၈၀၆၄ တန်ကျော် တန်ဖိုး ဒေါ်လာ ၁ ဒသမ ၂၇၂ သန်း ဖိုးကို တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်အပတ်ကထက် တန်ချိန် ၃၀၀၀ နီးပါးပိုမိုတင်ပို့ခဲ့တာပါ။ မြန်မာ- တရုတ် နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ် စခန်းနဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ကနေ ပန်းသီး ၆၂၇ တန်ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၂၈၂ သန်းဖိုး အသွင်းရှိခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၆၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၄၉၆၇၃၁ ၅၀၀၀ ၅၅၇၂၉၁ ၅၀၀၀ပြောင်းဖူးစေ့ တန် ၂၇၁၀၅၂ ၁၉၀၀ ၂၆၅၈၃၆ ၁၉၀၀နှမ်းဖြူ တန် ၉၈၆၆၄၇ ၈၀၀၀ ၉၆၅၅၅၄ ၈၀၀၀အေးအေးမြ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ဝက်အရှင်၊ မဝတ်တီရှပ်၊ မုန့်မျိုးစုံတို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅၀၀ ၅၈၀၀၀ ၈၉၂၅၀၀ ၅၈၀၀၀ ဝက်(အရှင်) ကီလို ၂၅၀၀ ၁၈၀ ၂၅၀၀ ၁၈၀ မဝတ်တီရှပ် ဒါဇင် ၈၀၀၀ ၉၃၀ ၈၀၀၀ ၉၃၀မုန့်မျိုးစုံ ကီလို ၁၃၀၀ ၁၀၀ ၁၃၀၀ ၁၀၀ဆွေဆွေဝင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုပုစွန်၊ ငါးနီတူခြောက်၊ ငါးစုံလေးခြောက်နဲ့ ငါးကုန်း ညိုခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မောင်တောပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံတက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)ရေငန်ပုစွန် တန် ၄၁၇၅၉၄၀ ၃၈၈၄၆၀ ၄၁၇၅၉၄၀ ၃၈၈၄၆၀ငါးနီတူခြောက် တန် ၁၀၇၉၀၀၀ ၁၁၀၀၀၀ ၁၀၇၉၀၀၀ ၁၁၀၀၀၀ငါးစုံလေးခြောက် တန် ၃၉၂၀၀၀ ၄၀၀၀၀ ၃၉၂၀၀၀ ၄၀၀၀၀ငါးကုန်းညိုခြောက် တန် ၁၂၃၇၅၀၀ ၁၀၈၅၅၂ ၁၂၃၇၅၀၀ ၁၀၈၅၅၂အေးအေးမြ
ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းတို့က ကန်ဒေါ်လာ ၂ ဒသမ ၉၃၃ သန်းတန်ဖိုးရှိ ဆန်နဲ့ဆန်ကွဲ ၇၂၈၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်စခန်းမှ တင်ပို့နိုင်ခြင်းမရှိပဲ ယခုအပတ်မှာ အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ မူဆယ်စခန်းက ယခင် အပတ်ကထက် တန်ချိန် ၄၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ဆန်အမျိုးအစား များကတော့ ငစိန် ၂၅ မှတ်၊ ဧည့်မထ ၂၅ မှတ်၊ ဆန်ကွဲ၊ ပဲခူးတိုင်းဒေသကြီးက ထွက်ရှိတဲ့ ငစိန် ၁၅ မှတ်နဲ့ ငစိန် ၁၀ ရာခိုင်နှုန်းတို့ဖြစ်တယ်လို့ သိရပါတယ်။MIRT(DOBT)
ဇန်နဝါရီနောက်ဆုံးပတ်အတွင်း အိမ်နီးချင်းသုံးနိုင်ငံသို့ နယ်စပ်စခန်းအသီးသီးက ရေထွက်ကုန်မျိုးစုံ တန်ချိန် ၄၅၀၀ ကျော်၊ တန်ဖိုးဒေါ်လာ ၆ ဒသမ ၅၅၃ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၂၀၀၀ နီးပါး ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်စခန်းမှ ငါးရှဉ့်၊ ကဏန်းနဲ့ ရေငန်ငါးမျိုးစုံ ၄၇၅ တန်ကျော်၊ မြန်မာ- ထိုင်းနယ်စပ်ရှိ မြဝတီစခန်းမှ ငါးမျိုးစုံ၊ ငါးရှဉ့်၊ ကဏန်း၊ ပုစွန်နဲ့ ဘီလား ၉၇ တန်ကျော်၊ မြိတ်စခန်းမှ ၂၈၃၁ တန်ကျော်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေစခန်းမှ ရေချိုငါးနဲ့ ငါးခြောက်မျိုးစုံ ၃၅၉ တန်ကျော်၊ မောင်တောနယ်စပ်စခန်းမှ ရေချိုရေငန်ပုစွန်နဲ့ ငါးခြောက်မျိုးစုံ ၁၀၈ တန်ကျော် အသီးသီး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မြန်မာ-တရုတ် နယ်စပ်မှ ၂၁၄ တန်ကျော်၊ မြန်မာ-ထိုင်းနယ်စပ်မှ ၆၆၀ တန်ကျော်နဲ့ မြန်မာ - ဘင်္ဂလားဒေရှ့်နယ်စပ်မှ ၃၂၇ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ MIRT(DOBT)
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကနေ အေးခဲအမဲသား ၅၉၂ တန်ကျော်တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၂၇၆ သန်းဖိုးကို ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၅၂၈ တန် ကျော်၊ ချင်းရွှေဟော်မှ ၆၄ တန်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၁၉၀ နီးပါး ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်မှ ၁၅၆ တန်ကျော်နဲ့ ချင်းရွှေဟော်မှ တန် ၃၀ ပိုမိုတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ MIRT(DOBT)
ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၆၈၉ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄၇၄ တန် ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂ ဆ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။
ကလေး-တမူး-ကလေး၀ နယ်စပ်ကုန်သည်အသင်း ဒုတိယဥက္ကဌ ဦးဝင်းတင်က ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကနေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ကျင်းပပြုလုပ်တဲ့ ထုတ်လုပ်မှုနှင့် ကုန် သွယ်မှု မြှင့်တင်ရေးအစည်းအဝေးကို ကုန်သည်အသင်းဥက္ကဌအပါအဝင် အမှုဆောင် ၃ ဦး တက်ရောက်ကြောင်း၊
မြန်မာ - အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်နဲ့ မြန်မာ - ဘင်္ဂလားဒေရှ့်နယ်စပ်ရှိ စစ်တွေစခန်းတို့မှ ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ကွမ်းသီး ၂၄ တန်ကျော် တန်ဖိုးဒေါ်လာ သုည ဒသမ ၀၂၈ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ထက် ၉ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)
မြန်မာ - အိန္ဒိယနယ်စပ်ရှိ ရိဒ် နယ်စပ်စခန်းကနေ ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ဝက်အရှင် ၈၀၀၀ ကီလိုဂရမ် ဒေါ်လာ သုည ဒသမ ၀၁၄ သန်းဖိုး တင်ပို့နိုင်ခဲ့ တာ တွေ့ရပါတယ်။ ယခင်အပတ်က ထက် ကီလို ၃၀၀၀ နီးပါးလျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)