Main menu

Background

Monday, 5 Mar 2012

    ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း လွယ်ဂျယ်နယ်စပ်မှ ကြိမ် ၄ တန်၊ စစ်တွေ နယ်စပ်မှ ဝါးကြီး အလုံး ၂၀၀၀၀ နဲ့ သစ်ခေါက် ၅ တန်၊ မောင်တောနယ်စပ်မှ ဝါးကြီးအလုံး ၄၁၀၀၀နဲ့ ဓနိ ၁၈၀၀၀ ချပ်၊ စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၀၆၈၀၉ ဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က စစ်တွေနယ်စပ်မှ သစ်ခေါက် ၈ တန်၊ ဝါးကြီး အလုံး ၁၀၀၀၀နဲ့ လွယ်ဂျယ်နယ်စပ်မှ ကြိမ် ၄ တန် အပို့ရှိ ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးနဲ့ စစ်တွေ နယ်စပ်များမှ ကြိမ်တင်ပို့နိုင်ခြင်းမရှိခဲ့ပါဘူး။MIRT(DOBT)

Monday, 5 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၈ သန်းတန်ဖိုးရှိ  ပရဆေး ကုန်ကြမ်း ၁၂၃၅ တန်ကျော်ကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မူဆယ်မှ တင်ပို့သော ပရဆေးကုန်ကြမ်းများမှာ ဆီးဆန်၊ မန်ကျည်းမှည့် (အစေ့ပါ)၄၈၄ တန်ခန့်၊ မိကျောင်းကွမ်းဖတ်စေ့ ၁၉၃ တန်၊ ကွမ်းစားဂမုန်း ၅၉ တန်၊ ဝဥခြောက် ၁၅၂ တန်ကျော်၊ ကြောင်လျှာစေ့ ၂၄ တန်ခန့်၊ နေလဲစေ့ ၁၃၇ တန်ကျော်၊

Monday, 5 Mar 2012

    ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ  ၄၈၇ သန်းတန်ဖိုးရှိ ဖရဲသီး ၈၁၃၂ တန်၊ သခွားမွှေး ၂၅၆၆ တန်ကျော်၊ ဆီးသီး ၈၉ တန်ခွဲနဲ့ စပျစ်သီး ၁၃ တန်ခွဲ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ဖရဲသီး ၁၀၂၀ တန်နဲ့ သခွားမွှေး တန် ၁၄၀၀ ကျော် တင်ပို့မှုပိုမိုခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော်မှလည်း ပြည်ပ ပို့ကုန်တိုးမြှင့်ရေးကို အားပေးတဲ့အနေနဲ့ သစ်သီးဝလံ အမျိုးမျိုးအပါအဝင် ဥယျာဉ်ခြံထွက်သီးနှံနဲ့ ပစ္စည်းများရဲ့ ပြည်ပပို့ကုန်ရောင်းရငွေအပေါ် စည်းကြပ်ကောက်ခံမယ့် ကုန် သွယ်လုပ်ငန်းခွန်ကို မတ် ၁ ရက်မှ သြဂုတ် ၁၄ ရက်ကာလ အထိ ကင်းလွတ်ခွင့်ကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီ ဌာနမှ ဖေဖော်ဝါရီလ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ ၆၈/၂၀၁၂ နဲ့ ထုတ်ပြန်ထားပြီးဖြစ်တာကလဲ သစ်သီးဝလံတင်ပို့မှုကို အား ပေးရာ ရောက်စေခဲ့ပါတယ်။MIRT(DOBT)

Monday, 5 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ထိကာလမှာ ဆန်တန် ၁၇၉၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဆန်တင်ပို့မှုတွေကတော့ မူဆယ်မှ ဧည့်မထ ၁၃၇၃၂ တန်၊ ငစိန် ၂၉၄၉ တန်၊ ချင်းရွှေဟော်မှ ဧည့်မထ ၁၁၀၅ တန်၊ ငစိန် ၁၁၉ တန် အသီးသီး ဖြစ်ပါတယ်။ယခုအပတ်မူဆယ်မှဧည့်မထ ၁၀ မှတ် ၂၄၆၅ တန်ကျော်၊ ၁၅ မှတ်  ၇၀၇၀ တန်ကျော်၊ ၂၅ မှတ် ၄၁၉၅ တန်ကျော်၊ငစိန် ၁၀ မှတ် ၁၅၇၉ တန်ခန့်နှင့် ၂၅ မှတ် ၁၃၇၀ တန်ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

Monday, 27 Feb 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ၁ ဒသမ ၃၉ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၂၆၇ တန်ခန့်ကို မူဆယ်မှလည်းကောင်း၊ ကန်ဒေါ်လာ သုည ဒသမ ၃၅၀ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၉၂ တန်ခန့် ကို ချင်းရွှေဟော်မှ လည်းကောင်း အပို့ရှိခဲ့တဲ့ အပြင် ကန်ဒေါ်လာ သုည ဒသမ ၃၇ သန်းတန်ဖိုးရှိ နွားဘေးထွက် ၂ တန်နဲ့ အမဲပြုတ်သား ၉ တန် အပို့ရှိခဲ့ ပါတယ်။ ယခင်အပတ်ကထက် နယ်စပ် နှစ်ခုမှ  တိရစ္ဆာန်နဲ့  တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှု  လျော့နည်းခဲ့ပါ တယ်။  MIRT(DOBT)

Monday, 27 Feb 2012

    မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
                                                 ယခုအပတ်                               ယခင်အပတ်
ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု
                                         (ကျပ်)                (ယွမ်)                 (ကျပ်)             (ယွမ်)
ပဲတီစိမ်း               တန်        ၅၉၉၅၇၇               ၅၂၀၀              ၅၇၀၈၁၅               ၅၁၀၀
ပြောင်းဖူးစေ့         တန်        ၂၇၂၄၆၁                ၁၉၈၀               ၂၆၉၁၃၂             ၁၉၄၀
နှမ်းဖြူ                တန်         ၉၉၉၈၀၀                ၈၁၀၀              ၉၇၆၇၈၈              ၈၁၀၀

Monday, 27 Feb 2012

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တော နယ်စပ်များမှ ကန်ဒေါ်လာ သုည ဒသမ ၄၂၄ သန်း တန်ဖိုး ရှိ ရေထွက်ကုန် ၇၉၁ တန်ကျော် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါ တယ်။ စစ်တွေနယ်စပ်မှ ရေချိုငါး ၅၈၄ တန်ကျော်၊ ငါးစုံလေး ခြောက် ၂၃ တန်ကျော်နဲ့ ငါနီတူခြောက် ၁ တန်၊ မောင်တော နယ်စပ်မှ ရေငန်ပုစွန် ၃ ဒသမ ၃၇၈ တန်၊ ငါနီတူခြောက် ၁၂၇ တန်ကျော်နဲ့ ငါးစုံလေးခြောက် ၅၂ တန်ခန့် တင်ပို့နိုင် ခဲ့ပါတယ်။ MIRT (DOBT)

Monday, 27 Feb 2012

မြန်မာ - ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်း တန်ဖိုးရှိ ငါးရှဉ့် ၂ တန်ခွဲကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက် ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။မြဝတီနယ်စပ်အပြင် မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၄၄ သန်း တန်ဖိုးရှိ ငါးရှဉ့် ၁၇၃ တန်ခန့်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်း တန်ဖိုးရှိ ငါးရှဉ့် ၁၉၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။MIRT (DOBT)

Monday, 27 Feb 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီလ ၁၅ မှ ၂၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၆ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ ဆန်တန် ၁၅၃၆၃ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၃၇၀၀ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ဧည့်မထ ၁၀၃၅၂ တန်နဲ့ ငစိန် ၃၈၈၇ တန်၊ ချင်းရွှေဟော်မှ ဧည့်မထ ၆၅၈ တန်ကျော်၊ ငစိန် ၁၆၅ တန်နဲ့ ကန်ပိုက်တီးမှ ဧည့်မထ တန် ၃၀၀ ဖြစ်ပါတယ်။

Monday, 27 Feb 2012

    မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၇၃ သန်းတန်ဖိုးရှိ ဖရဲသီး ၈၅၇၅ တန် ခန့်၊ သခွားမွှေး ၁၁၄၉ တန်၊ ဆီးသီး ၂၅၈ တန်ကျော်နဲ့ စပျစ်သီး ၂၁ တန်ကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁  ရက် ထိကာလအတွင်း တစ်ဖက် တရုတ်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဖရဲသီး တန် ၈၀၀ ကျော်၊ သခွားမွှေး ၂၉၅ တန်နဲ့ ဆီးသီး ၁၀ တန် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါတယ်။

Pages