Background
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သုည ဒသမ ၆၃၁ သန်းတန်ဖိုးရှိ ပရဆေး ၈၄၄ တန်ကျော် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ နနွင်းတက်ရှမ်း၊ အုံတုံခေါက်၊ ဒရင်ကောက်မြစ်တို့ အပို့ပိုခဲ့ပြီး ယခင်အပတ်က အပို့မရှိခဲ့တဲ့ ကွမ်းစားဂမုန်းနဲ့ ပန်းပွင့်ခြောက်များ ယခုအပတ်မှာ တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။
နယ်စပ်မှ ယခုအပတ်မှာ ရေထွက်ကုန် ၈၈၇ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၉၅၂ သန်းဖိုး အပို့ရှိခဲ့ပါတယ်။ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၆၅၈ သန်း တန်ဖိုးရှိ ငါးရှဉ့် ၁၃၅ တန်ခန့်၊ ကန်ဒေါ် လာ သုည ဒသမ ၅၉၄ သန်းတန်ဖိုးရှိ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ဟာ အိန္ဒိယနိုင်ငံနဲ့ တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုများ ရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိတဲ့အတွက် အခွင့်အလမ်း အလွန်နည်းပါးခဲ့ပါတယ်။
လုပ်ငန်းရှင်များအနေနဲ့ ကုမ္ပဏီဖွဲ့စည်းရာတွင် လုပ်ငန်းရည်ရွယ်ချက်များ ၁၈ မျိုးအနက် ၅ မျိုးသာ ယခင်က ခွင့်ပြုခဲ့ရာမှ ယခုအခါ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုထားသလို ကုမ္ပဏီသက်တမ်းတိုးကို ယခင် ၂ နှစ်အစား ၃ နှစ်သို့ တိုးမြင့်သတ်မှတ် ပေးထားပြီးဖြစ်ပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၅၅ သန်း တန်ဖိုးရှိ ဖရဲသီး ၉၆၉၈ တန် ဒီဇင်ဘာနောက်ဆုံးအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၂၀၇ သန်းတန်ဖိုးရှိ သခွားမွှေး တန် ၉၃၀ ကျော်လည်း တင်ပို့မှုရှိတယ်လို့ သိရပါတယ်။MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ထိကာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်စခန်းကနေ ဝက်အရှင် ၂၁၆၀ ကီလို တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းဖိုး တင်ပို့ ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်က တန် ၂ သောင်း ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ဆယ်ပုံတစ်ပုံခန့်သာရှိတာ တွေ့ရပါတယ်။ MIRT(DOBT)
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းတွေကနေ ဒီဇင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၂၂၈ သန်းဖိုး အေးခဲအမဲသား၊ အမဲသားခြောက်၊ မျိုးချောင်း၊ ဝမ်းတွင်းသားနဲ့ အမြီး ၅၇၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၉၀ ခန့် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ အေးခဲအမဲသား ၂၉၀ တန်နီးပါး၊ အမဲသားခြောက် ၉၅ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၁၈၂ တန်၊ နွားမျိုးချောင်း ၃ တန်၊ ဝမ်းတွင်းသား ၄ တန်ခွဲနဲ့ အမြီး ၂ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။MIRT(DOBT)
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်စခန်း၊ မြန်မာ - ထိုင်းနယ်စပ်ရှိ မြဝတီစခန်းနဲ့ မြန်မာ - ဘင်္ဂလားဒေရှ့် နယ် စပ်ရှိ စစ်တွေနဲ့ မောင်တောစခန်းများကနေ ဒီဇင်ဘာ ၂၁ မှ ၂၇ ရက်ထိကာလအတွင်း ရေထွက်ကုန် ၇၆၉ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၄၈၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေး ဇုန်ကနေ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၆၆ သန်းတန်ဖိုး ရှိ ပရဆေး ၄၈၃ ဒသမ ၇၉ တန်ကို ဒီဇင်ဘာလ ၂၁ မှ ၂၇ ရက်အထိ ကာလအတွင်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင် အပတ်ကထက် တန် ၂၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။