Main menu

Background

Monday, 14 Nov 2011

                    မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ရိဒ်နယ်စပ်မှ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း ကျပ် ၂၃ ဒသမ ၈၃ သန်းတန်ဖိုးရှိ ဝက် အရှင် ၁၇၃၉၃ ကီလိုဂရမ် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလိုဂရမ် ၃၆၀၀ လျော့နည်းတင်ပို့ခဲ့ပါတယ်။ သြဂုတ်လနှင့် စက်တင်ဘာလများမှာ ဝက်နားရွက်ပြာရောဂါ ကျရောက် မည်စိုး၍ ဝက်အသွင်း ကို တားမြစ်ထားခဲ့ရာမှ အောက်တိုဘာလဆန်းပိုင်းမှာ တစ်ဖက်နိုင်ငံ က တောင်းဆိုချက်အရ ရောဂါကင်းစင်ကြောင်း ဆေးလက်မှတ်များ ပါရှိပါက ပြန်လည်တင်ပို့ပေးရန် မီဇိုရမ်ပြည်နယ် ခိုတလန်းကျေးရွာ နေ ဝက်အရှင် တင်သွင်းသူတစ်ဦးရဲ့ တောင်းဆိုချက်အရ ဝက်များကို စက်တင်ဘာလ ၂၈ ရက်ကစပြီး ပြန်လည်တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။ အောက်တိုဘာလအတွင်း ဝက်အရှင် ၁၇၅၉၅ ကီလို တင်ပို့ခဲ့ပြီး ယခု နိုဝင်ဘာလဆန်းမှာ တစ်ခါထပ်မံတင်ပို့ လာတာ ဖြစ်ပါတယ်။ MIRT(DOBT)

Monday, 14 Nov 2011

                  မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                          ယခုအပတ်                                   ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                      (ကျပ်)              (ယွမ်)               (ကျပ်)           (ယွမ်)ပဲတီစိမ်း           တန်         ၆၁၆၂၆၄           ၅၄၀၀              ၅၆၉၆၅၄       ၅၄၀၀ပြောင်းဖူးစေ့     တန်         ၂၂၄၆၈၁           ၁၈၆၀              ၂၂၄၆၈၁       ၁၉၀၀နှမ်းဖြူ             တန်          ၈၃၁၅၁၆          ၈၂၀၀                ၉၅၀၉၃၃      ၈၂၀၀                                                                                             အေးအေးမြ              မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                      (ကျပ်)                 (ရူပီး)             (ကျပ်)             (ရူပီး)ကွမ်းသီး           တန်          ၈၉၂၅၀၀        ၅၈၀၀၀             ၈၉၂၅၀၀        ၅၈၀၀၀မုန့်မျိုးစုံ            ကီလို          ၁၃၀၀            ၁၀၀                  ၁၃၀၀             ၁၀၀ဝက်(အရှင်)      ကီလို          ၂၅၀၀            ၁၈၀                 ၂၅၀၀               ၁၈၀ဆွေဆွေဝင်း                      မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန် တင်ပို့လျက်ရှိပြီး၊ စစ်တွေနယ်စပ်စခန်းမှ ဝါးကြီးတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မောင်တော။ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး  မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                          (ကျပ်)           (တာကာ)          (ကျပ်)            (တာကာ)ရေငန်ပုစွန်        တန်          ၄၁၇၅၉၄၀      ၃၈၈၄၆၀          ၄၁၇၅၉၄၀    ၃၈၈၄၆၀ဝါးကြီး               လုံး             ၈၀                  ၈ .၉၆               ၈၀              ၈ .၃၃အေးအေးမြ

Tuesday, 8 Nov 2011

             တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ပြည်နယ်အစိုးရမှ ထောက်ပံ့သောဆန်ကို အိန္ဒိယပြည်တွင်းမှ ဝယ်ယူရသည့် ကုန်ကျစရိတ်များသဖြင့် မြန်မာအိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်မှ ဝယ်ယူနိုင်ရေး စုံစမ်းမှုများ ရှိနေတယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့က ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ကုမ္ပဏီဒါရိုက်တာ တစ်ဦးက ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၤဥြ (ရိဒ်)ဆန်တစ်အိတ်လျှင် ရူပီး ၁၂၀၀ မှ ၁၅၀၀ ကြား ဈေး နှုန်းနဲ့ တန် ၅၀၀ခန့်၊ အိုက်ဇောမှာ မုန့်လုပ်သူအချို့ ကလည်း တစ်လလျှင် ဂျုံအိတ် ၂၀၀ ခန့် ဝယ်ယူလိုတယ်လို့ စုံစမ်းမှု တွေရှိနေတဲ့အတွက် နယ်စပ်ဖြတ်ကျော်ပုံမှန် ကုန်သွယ်မှု နည်းလမ်းနဲ့တင်ပို့ခွင့်ရလျှင် တင်ပို့လိုကြောင်း ဆွေးနွေး တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ရိဒ်နယ်စပ်အနေနဲ့ ပို့ကုန်ပိုင်းမှာ ဝက်အရှင်၊ ကွမ်းသီး၊ ကုန်မျိုးစုံများ တင်ပို့မှုရှိပြီး သွင်းကုန် အနေနဲ့ ယူရီးယား၊ ပိုတက်ရှ် ဓာတ်မြေသြဇာနဲ့ ဆံပင်တို့ တင်သွင်းလျက်ရှိပါတယ်။Source: နကသ၊ MIRT(DOT)

Tuesday, 8 Nov 2011

                  မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၅၄၅ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၇၅ တန် အပို့ရှိခဲပါတယ်။ ယခင်အပတ်ကထက် ၂၄၈ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ တင်ပို့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ ကွမ်းစားဂမုန်း၊ သီဟိုဠ်စေ့ (အခွံမပါ)၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ တောဂျင်း၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်း ပွင့်ခြောက်၊ တောဂျူးမြစ်၊ ရွေးရွက်၊ အုံတုံခေါက်၊ ရှားစေး၊ ဒရင်ကောက်မြစ်နဲ့ ဆေးမြင်းခွာတို့ ဖြစ်ကြပါတယ်။                   ကွမ်းစားဂမုန်းနဲ့ ဆေးမြင်းခွာကို ယခင်အပတ်က အပို့ မရှိခဲ့ပါဘူး။ သီဟိုဠ်စေ့ (အခွံမပါ)၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာ(အခွံမပါ)၊ ရွေးရွက်နဲ့ ရှားစေးအပို့ပိုခဲ့ပြီး ချဉ်ပေါင် ဖာလာ(အခွံပါ)၊ တောဂျင်း၊ မိကျောင်း ကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ တောဂျူးမြစ်၊ အုံတုံခေါက်၊ ဒရင်ကောက်မြစ် တို့ အပို့လျော့ခဲ့ ပါတယ်။ ယခင်အပတ်နည်းတူ တမူးနယ်စပ် မှ ပရဆေးကုန်ကြမ်း အသွင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ တစ်ဖက်နိုင်ငံ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်မမှ အင်ဖာသို့ လည်းကောင်း၊ အင်ဖာမှ မိုးရေးသို့ လည်းကောင်း မော်တော် ယာဉ်များ ဝင်ရောက်လာနိုင်မှု မရှိသေးကြောင်း၊ ပရဆေး ကုန်ကြမ်း တင်သွင်းတဲ့ အင်းဝကုမ္ပဏီ ဒါရိုက်တာ ဦးတင်ရွှေ က ပြောကြားခဲ့ပါတယ်။ MIRT(DOBT)

Tuesday, 8 Nov 2011

                   အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိကာလအတွင်း မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်မှ ကန်ဒေါ်လာ ၇၆၅၀ တန်ဖိုးရှိ ဝါးကြီး ၁၅၀၀၀ လုံးနဲ့ ဝါးသေး ၂၄၆၀၀၀ လုံး အပို့ရှိခဲ့ပြီး စစ်တွေမှ ကြိမ်တင်ပို့မှုတော့ မရှိခဲ့ပါဘူး။ ယခင်အပတ်ကထက် ဝါးကြီးတင်ပို့မှုမှာ ၁၀၇၆၀၀ လုံးလျော့နည်းခဲ့ သော်လည်း ဝါးသေး ၁၈၄၀၀၀ လုံးအပို့ပိုခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)

Tuesday, 8 Nov 2011

              မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၀၅ သန်း တန်ဖိုးရှိ ကွမ်းသီးအစို ၇ ဒသမ ၆၀ တန်ကို အောက်တိုဘာလ ၂၆ ရက်မှ နိုဝင် ဘာလ ၁ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၀ ဒသမ ၈၀ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဝယ်ယူစုဆောင်းရရှိသမျှနဲ့ ဝယ်လက် အမှာပေါ် မူတည်ပို့နေရတယ်လို့ သိရပါတယ်။MIRT(DOBT)

Tuesday, 8 Nov 2011

                  မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                  ယခုအပတ်                                  ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                        (ကျပ်)         (ယွမ်)                       (ကျပ်)            (ယွမ်)ပဲတီစိမ်း           တန်          ၅၆၉၆၅၄        ၅၄၀၀                    ၅၆၆၄၅၆        ၅၅၀၀ပြောင်းဖူးစေ့   တန်          ၂၂၄၆၈၁         ၁၉၀၀                    ၂၁၉၉၄၀        ၁၉၀၀နှမ်းဖြူ            တန်           ၉၅၀၉၃၃         ၈၂၀၀                    ၉၇၆၆၅၁        ၈၂၀၀                                                                                          အေးအေးမြ                    မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-                                            ယခုအပတ်                                    ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                        (ကျပ်)            (ရူပီး)                         (ကျပ်)            (ရူပီး)ကွမ်းသီး              တန်         ၈၉၂၅၀၀       ၅၈၀၀၀                     ၈၉၂၅၀၀      ၅၈၀၀၀မုန့်မျိုးစုံ              ကီလို          ၁၃၀၀           ၁၀၀                           ၁၃၀၀          ၁၀၀ဝက်အရှင်           ကီလို         ၂၅၀၀            ၁၈၀                          ၂၅၀၀           ၁၈၀                                                                                                                     မြင့်ဆွေ             မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ဝါးကြီး၊ ဝါးသေးတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မောင်တောပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေး တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -                                                ယခုအပတ်                                    ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                            (ကျပ်)        (တာကာ)                      (ကျပ်)        (တာကာ)ရေငန်ပုစွန်       တန်            ၄၁၇၅၉၄၀       ၃၈၈၄၆၀                  ၄၁၇၅၉၄၀     ၃၈၈၄၆၀ဝါးကြီး             လုံး                    ၈၀             ၈ .၃၃                          ၈၀              ၈ .၃၃ဝါးသေး           လုံး                   ၂၀              ၂ .၀၈                          ၂၀             ၂ .၀၈အေးအေးမြ

Sunday, 30 Oct 2011

                    အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ RSS-5 အမျိုးအစား တန် ၂၇၀၊တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၁၃၄ သန်းကို မလေးရှားနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ယခင် ရက်သတ္တပတ်ကတန် ၄၀၀ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုထက်ဝက် ကျဆင်းခဲ့ပါတယ်။ ရော်ဘာ စတင်ထွက်ရှိတဲ့ ရာသီဖြစ်ပေမယ့် ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ကျဆင်းနေဆဲဖြစ်ပြီး တင်ပို့သူများက ဈေးနှုန်းကို စောင့်ကြည့်နေခြင်းကြောင့် တင်ပို့မှုခေတ္တတန့်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။                    FOB  (ရန်ကုန်) ဈေးနှုန်းကတော့ RSS-3 ၊ MSR-20  တစ်တန်ကို ကန်ဒေါ်လာ ၃၈၀၀ နဲ့ RSS-5 တစ်တန်ကို ကန်ဒေါ်လာ ၃၇၀၀ အသီးသီး ဈေးပေါက်ကြောင်း သိရပါတယ်၊ KZW

Sunday, 30 Oct 2011

                 အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း ရိဒ်နယ်စပ်မှ တစ်ဘက် ဇိုခေါဒါရ်သို့ ကျပ် ၂၉ ဒသမ ၃၁၀ သန်းတန်ဖိုးရှိ ဝက်အရှင် ၂၁၃၉၅ ကီလိုဂရမ်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၇၃၆၀ ကီလိုဂရမ် တင်ပို့မှု ပိုမိုခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာလ တစ်လလုံး ဝက်အရှင်တင်ပို့မှုမှာ ၃၈၉၉၀ ကီလိုဂရမ်ရှိပြီ ဖြစ်ပါတယ်။ MIRT(DOBT)

Sunday, 30 Oct 2011

          အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိ ရက်သတ္တပတ်မှာ မန္တလေး-မူဆယ် ကုန်သယ်ယူစရိတ်များ ယခင်အပတ်ကထက် ၁ ပိဿာလျှင် ၅ ကျပ်စီ ကျသွားတယ်လို့ သိရပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်းနဲ့ ပြောင်းဖူးစေ့ ၁ ပိဿာလျှင် သယ်ယူစရိတ် ၇၃ိ/-နှုန်းနဲ့ နှမ်းနဲ့ ရော်ဘာ ၁ ပိဿာလျှင် သယ်ယူစရိတ် ၇၅ိ/- နှုန်းရှိနေပါတယ်။ ယခင်အပတ်က ပဲတီစိမ်းနဲ့ ပြောင်းဖူးစေ့ ၁ ပိဿာ ၇၈ိ/- နှုန်းနဲ့ နှမ်းနဲ့ ရော်ဘာ ၁ ပိဿာ ကို ၈၅ိ/- နှုန်းသင့်ခဲ့တာမို့ ယခုအပတ်မှာ ၁ ပိဿာကို ၅ိ/- စီလျော့နည်းခဲ့တာတွေ့ရပါတယ်။ အောက်တိုဘာလ ပထမပတ်၊ ဒုတိယပတ်နဲ့ တတိယပတ် သယ်ယူခ နှုန်းထားများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                     ပထမပတ်                  ဒုတိယပတ်               တတိယပတ်ပဲတီစိမ်း             ၆၈                             ၇၈                       ၇၃ပြောင်းဖူးစေ့       ၆၈                            ၇၈                        ၇၃နှမ်း                   ၇၀                            ၈၀                        ၇၅ရော်ဘာ             ၇၀                            ၈၀                        ၇၈                ကုန်သယ်ယူစရိတ်အတက်အကျဟာ ကုန်စည်စီးဆင်းမှု အနည်းအများ၊ ကုန်တက်အခြေအနေနဲ့ လမ်း တံတား တန်ပိုသတ်မှတ်ချက် ကျင့်သုံးမှုအခြေအနေတို့ပေါ်မူတည်ပြီး ပြောင်းလဲမှုဖြစ်နေတယ်လို့ ကုန်စည်ပို့ဆောင်သူများက သုံးသပ်လျက်ရှိပါတယ်။ MIRT(DOT)

Pages