Background
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ကျပ် ၂ ဒသမ ၅၃၅ သန်း တန်ဖိုး ရှိတဲ့ ဝက်အရှင် ၁၈၅၀၆ ကီလို အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၁၁၃ ကီလို ပိုမိုတင်ပို့မှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ MIRT(DOBT)
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာ ၉ ရက်မှ ၁၅ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၇၆၄ သန်းတန်ဖိုးရှိ အေးခဲ ကျွဲသား ၂၂၄ တန်ကျော်၊ အေးခဲအမဲသား ၁၀၃ တန်ခန့်နဲ့ ကျွဲနွားဝမ်း တွင်းသား ဆားနယ် ၁၆၆ တန်၊ စုစုပေါင်း ၄၉၄ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်က ၄၉၃ တန်ခန့် အပို့ရှိခဲ့တာမို့ ယခင်အပတ် တင်ပို့မှု ပမာဏအတိုင်း တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၅၀၉ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၃၉ တန်၊ ဆိတ်သား ရေခြောက် ၃ တန်ကျော်နဲ့ အမဲပြုတ်သား ၈ တန်ကျော်၊ စုစုပေါင်း တန် ၁၅၀ ခန့်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၆ တန်ခန့် တင်ပို့ မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၇၄၀ ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တင်ပို့မှုတန်ချိန် ၇၆ တန် လျော့နည်းခဲ့ပေမဲ့ တန်ဖိုးမှာတော့ ကန်ဒေါ်လာ ၁၄၄၀၀၀ ဖိုး ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် မူဆယ်မှတင်ပို့တဲ့ ရေထွက်ကုန်တွေကတော့ ငါးရှဉ့် ၁၄၇ တန်ကျော်၊ ပုစွန် ခြောက် ၇၁ တန်ကျော်၊ ကင်းမွန်ခြောက် ၂၈၅ တန်ကျော်၊ ဂဏန်း တန် ၁၀၀၊ ရေငန်ငါးမျိုးစုံ ၉၆ တန်ကျော်နဲ့ ငါး သလောက် ၄၅ တန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ ငါးရှဉ့်ရော ကဏန်းဈေးများ မိမိဘက်မှာရော တစ်ဘက်နိုင်ငံ မှာပါ ဈေးမြင့်ရလျက်ရှိတယ်လို့ သိရပါတယ်။ ငါးရှဉ့်တစ်တန် ရဲ့ မိမိဘက်မြေပြင်ပေါက်ဈေးက ကျပ် ၃ ဒသမ ၆၃၃ သန်းနဲ့ တစ်ဘက်နိုင်ငံဈေးက ဒေါ်လာ ၄၇၅၁ ပေါက်လျက် ရှိပါတယ်။ယခင်အပတ်ကထက် ၄ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပါ တယ်။ ကဏန်းဈေးကလည်း ယခင်အပတ်ဈေးထက် ၉ ရာခိုင်နှုန်းခန့် ပိုမိုဈေးမြင့်ရလျက်ရှိပါတယ်။ ယခုအပတ် ကဏန်းဈေးတွေကတော့ ၂၅၀ ဂရမ်အထက်ကို ကျပ် ၂ ဒသမ ၆၁၆ သန်း၊ ၂၀၀ မှ ၂၅၀ ဂရမ်ကို ကျပ် ၂ ဒသမ ၄၆၃ သန်း၊ ၁၅၀ မှ ၂၀၀ ဂရမ်ကို ကျပ် ၂ ဒသမ ၃၁၀ သန်း၊ ၁၀၀ မှ ၁၅၀ ဂရမ်ကို ကျပ် ၂ ဒသမ ၁၉၅ သန်း ဈေး ပေါက်လျက်ရှိပါတယ်။ MIRT(DOBT)
မိမိဘက်မှ ကဏန်းများအား တရုတ်ဘက်မှ စားသုံးမှုပိုမိုခြင်း၊ တရုတ်ပြည် ကဏန်းဈေးကွက်ရရှိမှု ပိုမို ကျယ်ပြန့်လာခြင်း၊ ဈေးပိုမိုရရှိလာခြင်းတို့ကြောင့် အောက်တိုဘာလ ကဏန်းတင်ပို့မှုဟာ ယမန်နှစ်ကာလတူ ထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အောက်တိုဘာလမှာ ကဏန်းကားဝင်ရောက်မှု ပိုမိုများပြား လာခြင်း၊ ကဏန်းလေလံဈေးပိုမိုရရှိလာခြင်းတို့ကြောင့် ကန်ဒေါ်လာ ၁ ဒသမ ၅၇ သန်း တန်ဖိုးရှိ ကဏန်း တန် ၄၉၀ ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ ယမန်နှစ်ကာလ တူ ကဏန်းလေလံဈေးမှာ ဒေါ်လာ ၁၆၀၀ မှ အမြင်ဆုံး ၂၉၅၀ ထိရှိခဲ့ပြီး ယခုနှစ် မှာတော့ အနိမ့်ဆုံး ဒေါ်လာ ၂၄၄၀ မှ အမြင့်ဆုံး ၄၈၆၀ ထိရရှိခဲ့တယ်လို့ သိရပါတယ။် Source:နကသ၊MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၁၀၁၄၀ ၅၄၀၀ ၆၁၆၂၆၄ ၅၄၀၀ပြောင်းဖူးစေ့ တန် ၂၂၁၆၁၉ ၁၈၆၀ ၂၂၄၆၈၁ ၁၈၆၀နှမ်းဖြူ တန် ၉၀၆၀၂၃ ၈၂၀၀ ၈၃၁၅၁၆ ၈၂၀၀အေးအေးမြ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ မဝတ်တီရှပ်၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ ရိဒ်ပေါက် ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)မဝတ်တီရှပ် ဒါဇင် ၈၀၀၀ ၉၃၀ ၈၀၀၀ ၉၃၀ဝက်(အရှင်) ကီလို ၂၅၀၀ ၁၈၀ ၂၅၀၀ ၁၈၀ဆွေဆွေဝင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုဇွန်၊ ငါးစုံကလေးခြောက်တို့ တင်ပို့လျက်ရှိပြီး၊ စစ်တွေနယ်စပ်စခန်းမှ ဝါးကြီးတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မောင်တော၊ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)ရေငန်ပုဇွန် တန် ၄၁၇၅၉၄၀ ၃၈၈၄၆၀ ၄၁၇၅၉၄၀ ၃၈၈၄၆၀ငါးစုံကလေးခြောက် တန် ၃၄၅၀၀၀ ၃၃၁၇၃ ၃၄၅၀၀၀ ၃၃၁၇၃အေးအေးမြ မြန်မာ-ထိုင်းနယ်စပ်တာချီလိတ် နယ်စပ်စခန်းမှ တစ်ဖက် မယ်ဆိုင် နိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်ရဲ့တာချီလိတ်ပေါက် ဈေးနဲ့ တစ်ဖက်နိုင်ငံ မယ်ဆိုင်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ဘတ်) (ကျပ်) (ဘတ်)လက်ဖက်ခြောက် တန် ၃၅၅၁၈၅ ၁၇၀၀၀ ၃၅၅၁၈၅ ၁၇၀၀၀
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကျပ် ၂၀ ဒသမ ၇၄၅ သန်းတန်ဖိုးရှိတဲ့ ကွမ်းသီၤး ၇ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ကွမ်းသီး ၂၃ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ကွမ်းသီးအစို ၁၅ တန်တင်ပို့မှု ပိုမိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံအနေနဲ့ ကွမ်းသီးလိုအပ်ချက်ရှိ သော် လည်း နယ်မြေအခြေအနေ နဲ့လုံခြုံရေးပေါ်မူတည်ပြီး တင်ပို့နေရတာဖြစ်ပါတယ်။MIRT(DOBT)
မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၈၉၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းတန် ၂၇၀ ကျော် နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် တန် ၁၀၀ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ဇီးဆံ၊ ကြောင်လျှာစေ့၊ သီဟိုဠ်စေ့ (အခွံမပါ)၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ တောချင်း၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ တောဂျူးမြစ်၊ ရွေးရွက်၊ အုံတုံခေါက်၊ ရှားစေး၊ ဒရင်ကောက် မြစ်၊ ခပေါင်းစေ့နဲ့ ဆေးမြင်းခွါတို့ ဖြစ်ပါတယ်။ ခပေါင်းစေ့နဲ့ ကြောင်လျှာစေ့များကို ယခင်အပတ်က တင်ပို့ခဲ့ခြင်း မရှိပါဘူး။ တောချင်း၊ မိကျောင်းကွမ်းဖတ်စေ့၊ ရှားစေးနဲ့ အုံတုံ ခေါက်တင်ပို့မှု ယခင်အပတ်ကထက် ပိုမိုခဲ့သော်လည်း ကျန်အမယ်များ တင်ပို့မှု သိသိသာသာလျော့နည်းခဲ့တာ တွေ့ရပါ တယ်။ တမူးနယ်စပ်မှာတော့ ယခင်အပတ်က ပရဆေးကုန် ကြမ်း အသွင်းမရှိပေမဲ့ ယခုအပတ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၀၂၃ သန်း တန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၂ တန်ကျော်နဲ့ ရှိန်းခို ၁ ဒသမ ၈ တန် အသွင်းရှိခဲ့ပါတယ်။ အောက်တိုဘာလအတွင်း မူဆယ်မှ ပရဆေးကုန်ကြမ်း တန် ၂၁၀၀ နီးပါးအပို့ရှိပြီး တမူးမှ ပရဆေးကုန်ကြမ်း ၈ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ MIRT(DOBT)
လိုင်စင်လျှောက်ထားပါက ဈေးနှုန်းဟာ အဓိကကျ ကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားလှယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကိုယ်စားလှယ်၊ ကုန်သည်အသင်းကိုယ်စားလှယ်၊ ဈေးနှုန်း လျှောက်ထားတဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ၊ OSS အဖွဲ့ဝင်ဌာနဆိုင်ရာများပါဝင် တဲ့ ဈေးနှုန်းညှိနှိုင်းရေးအဖွဲ့နဲ့ တင်ပို့တင်သွင်းမဲ့ပစ္စည်းရဲ့ ဈေးနှုန်းကို မိမိဘက်ပေါက်ဈေး၊ တစ်ဖက်နိုင်ငံပေါက်ဈေးပေါ် အခြေခံညှိနှိုင်းပေးလျက် ရှိကြောင်း၊ တရားဝင်ကုန်သွယ်မှု အပိုင်းအနေနဲ့ ကုမ္ပဏီတည်ထောင်ခြင်း၊ ပစ္စည်းတစ်ခုအား လိုင်စင်လျှောက်ထား ၍အခွန်ဆောင်ပြီးတင်သွင်းတင်ပို့ခြင်း၊ ပါမစ်ဖြင့် တင်ပို့တင်သွင်းခြင်းတို့ဖြစ်ကြောင်း၊ တရားမဝင် တင်သွင်းမှုများအား လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရေး စည်းရုံး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အောက်တိုဘာလ ၂၈ ရက်က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေး မှာ ကော့သောင်းစခန်းတာဝန်ခံ ဦးဇော်လွင်ဦးက ရှင်းလင်း ပြောကြားခဲ့ပါတယ်။ တရားဝင်တင်သွင်းမှုရှိမှသာ အစား အသောက်များအား FDA စစ်ဆေးခြင်းဖြင့် ပြည်သူအတွက် ဘေးကင်းမှုအကျိုးခံစားခွင့်ရှိနိုင်မယ်၊ ပို့ကုန်တင်ပို့မှုအပိုင်းမှာ Value Added ပစ္စည်းများတင်ပို့နိုင်ရေး၊ ရော်ဘာတင်ပို့နိုင် ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့တယ်လို့ လည်း သတင်းရရှိပါတယ်။ ဒေသထွက် ပုံမှန်ပို့ကုန်များ တင်ပို့မှုအဖြစ် အမယ် သစ်များ ရှာဖွေတင်ပို့ရန်နဲ့ ပို့ကုန်ပမာဏတိုးမြှင့် တင်ပို့နိုင် ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများနဲ့ ကုန်သည် လုပ်ငန်းရှင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ကော့သောင်း အထွေထွေအုပ်ချုပ်ရေးမှူးကလည်း ပြောကြား ခဲ့တယ်လို့သိရပါတယ်။ ဌာနဆိုင်ရာများနှင့် ကုန်သည် လုပ်ငန်းရှင်များ အခက်အခဲရှိပါက One Stop Services အဖွဲ့မှ တစ်ဆင့် တင်ပြပေးကြရန်နဲ့ ကူညီဖြေရှင်းဆောင်ရွက် ပေးသွားမယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။ စခန်းတာဝန်ခံညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက ဗုဒ္ဓဟူး နေ့တိုင်း နေပြည်တော်ရုံးချုပ်တွင် OSS အဖွဲ့ဝင် ဌာန ၆ ခုမှ ညွှန်ကြားရေးမှူးချုပ်များနဲ့ OSS အဖွဲ့ အစည်းအဝေး ပြုလုပ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပြသည့် အခက်အခဲများအား ညှိနှိုင်းဆုံးဖြတ်ပေးလျက်ရှိကြောင်း၊ အောက်တိုဘာ ၇ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတွင် လယ်ယာထွက်ကုန်နဲ့ CMP ပို့ကုန်လိုင်စင်များ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လိုင်စင်သက်တမ်းတိုးခြင်းကိုလည်း စခန်းမှ ကြေးနန်းဖြင့်ရုံးချုပ်သို့တင်ပြပြီး EICC ခွင့်ပြုချက်နဲ့ စခန်းမှပင် သက်တမ်းတိုးခွင့်ရရှိရေး ဆောင်ရွက်၍ရပြီဖြစ် ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ ပဲ၊ ပြောင်း၊ နှမ်း၊ ဆီအုန်းကြိတ်ဖတ်များတင်ပို့နိုင်ရေး ကုန်သည်လုပ်ငန်းရှင်များ ကြိုးပမ်းဆောင်ရွက် ကြရန်နဲ့ လုပ်ငန်းများ လုပ်ဆောင်ရာမှာ အခက်အခဲအကျပ်အတည်းများ ရှိပါက အချိန်မရွေးတင်ပြနိုင်ကြောင်း၊ OSS ဝန်ထမ်းများ သတ်မှတ်အခကြေးငွေထက် ပိုမိုတောင်းခံခြင်း၊ လုပ်ငန်း နှောင့်နှေးကြန့်ကြာအောင်ဆောင်ရွက်ပါက အချိန်မရွေး တင်ပြနိုင်ကြောင်း စခန်းတာဝန်ခံကပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: နကသ၊(ကော့သောင်း)MIRT(DOBT)
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၆၂ သန်း တန်ဖိုးရှိ အရိုးလွတ် အေးခဲကျွဲသားနဲ့ အမဲသား တန် ၁၇၀ ကျော်ကို နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း တရုတ်သို့ တင်ပို့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကန်ဒေါ်လာ သုည ဒသမ ၇၇၉ သန်း တန်ဖိုးရှိ အေးခဲအမဲသားနဲ့ အမဲသားခြောက် ၁၅၆ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၆၂၃ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၆၇ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၆၅၂ သန်းတန်ဖိုးရှိ အရိုးလွတ် အေးခဲကျွဲသား/အမဲသား ၁၇၀ ဒသမ ၄ တန် အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၅၈၃ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၇၇ တန်ခန့်လည်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ယခင်အပတ်က မူဆယ် နယ်စပ်မှ အပို့မရှိခဲ့တဲ့ အရိုးလွတ်(အေးခဲ/ ကျွဲသား) ကိုယခုအပတ်မှာ အပို့ရှိခဲ့ပြီး ကျန်ပို့ကုန်များမှာ လျော့နည်းလျက် ရှိပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း နယ်စပ်မှ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့နိုင်မှုကတော့ အေးခဲအမဲသား ၂၈၆၂ တန်ကျော်၊ ကျွဲသား ၄၂၇ တန်၊ သားရေတန် ၁၈၀ ၊ အမဲသားခြောက် တန် ၁၂၀ ခန့်၊ အမဲပြုတ်သား ၁၅ တန် ၊အစာရေချို/ဝမ်းတွင်းသား စသည့် ၃၄၅ နဲ့အမဲ အကြော ၄ တန် အသီးသီးဖြစ်ပါသည်။ MIRT(DOBT)
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၄၄ သန်းတန်ဖိုးရှိ ဖရဲသီး ၁၄၆၃ တန် အပို့ရှိခဲ့ပါတယ်။ ယခုနှစ် ဖရဲရာသီအဖွင့်ကို တန်ချိန် ၁၄၆၀ နဲ့ စတင် နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖရဲသီးအဖြူနဲ့ အကြားသီးများ အဝင်ရှိပြီး လားရှိုး၊ လှည်းကူး၊ ပခုက္ကူ၊ မြင်းမူ၊ မုံရွာ၊ ချောင်းဦးတို့ဘက်က ဖရဲသီး တွေ အဝင်များနေပါတယ်။ တစ်နေ့ ပျမ်းမျှတန် ၁၅၀ ကျော်ဝန်းကျင် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ဖရဲသီးတစ်တန်ကို ယွမ် ၃၈၀၀ ခန့် ဈေးပေါက်လျက်ရှိပြီး တစ်တန်ကို သယ်ယူပို့ဆောင်စရိတ် (ကားခ) ၇၅၀၀၀ ကျပ် ဝန်းကျင်ကျသင့်နေတယ်လို့ မုံရွာချောင်းဦးဒေသထွက် ဖရဲသမားအချို့ထဲက သိရပါတယ်။ MIRT(DOBT)