Main menu

Background

Tuesday, 12 Jul 2011

ပရဆေးကုန်သွယ်မှု ပုံမှန်                  မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၂၉၆ သန်း တန်ဖိုးရှိ ပရဆေး ၁၈၉ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်ကထက် ၁၂၆ တန်ကျော် တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ ယခုအပတ်မှာ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်း ၉ မျိုးရှိပြီး ၎င်းတို့မှာ မာလာဥခေါင်း ၁ဝ တန်ကျော်၊ ဒရင် ကောက်မြစ် ၄ တန်၊ အုံတုံခေါက် ၁၂ တန်ကျော်၊ ကွမ်းစား ဂမုန်း ၄၈ တန်ကျော်၊ စကားပန်းပွင့်ခြောက် ၁ တန်ခွဲခန့်၊ ရှမ်းစနနွင်းတက် တန် ၇ဝ ကျော်၊ မိချောင်းကွမ်းဖတ်စေ့ ၃၁ တန်ကျော်၊ တောင်လုံးကျော် ၆ တန်နီးပါးနဲ့ ရွေးရွက် ၄ ဒသမ ၈ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခုအပတ်မှာ ယခင်အပတ်က တင်ပို့နိုင်ခဲ့တဲ့ မုတ်ခါး၊ မာလာဥ၊ ရှားစေး၊ ချဉ်ပေါင်ဖာလာ၊ ငရုတ်ကောင်း၊ တောဂျူးမြစ်၊ ကျောက်ဂျင်း၊ တောဂျင်း၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ ဖန်ခါးသီး ခြောက်နဲ့ တောဂျူးမြစ်တင်ပို့မှု မရှိခဲ့ပါဘူး။ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်စခန်းမှ ကန်ဒေါ်လာ ၂၇ဝဝ တန်ဖိုးရှိ တောင်လုံးကျော် ၂ ဒသမ ၇ တန်နဲ့ ဖာလာ ဝ ဒသမ ၃ တန် တင်ပို့မှုရှိခဲ့ပါတယ်။ MIRT (DOBT)

Tuesday, 12 Jul 2011

စစ်တွေနယ်စပ်ရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု ပိုလာ                ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိ ကာလအတွင်း စစ်တွေနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၃ဝ၇ သန်းတန်ဖိုးရှိ ရေခိုျငါးတန် ၃ဝဝ ကျော်၊ ကန်ဒေါ်လာ ၂၂၂ဝ တန်ဖိုးရှိ ရေငန်ငါးသလောက် ၂ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၄ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၇ တန်၊ ရေထွက်ကုန် စုစုပေါင်းတန် ၃ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၇ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာတော့ တန် ၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ရေခိုျငါးတင်ပို့မှုဟာ ယခင် အပတ်ကထက် တန် ၂ဝဝ နီးပါး ပိုမိုတင်ပို့နိုင်တဲ့အတွက် ဖြစ်ပါတယ်။               မိမိဘက်မြေပြင်ပေါက်ဈေးများကတော့ ရေချိုငါး ၁ တန်ကို ကန်ဒေါ်လာ ၇၆ဝ မှ ၁၄ဝဝ ထိဖြစ်ပြီး ရေငန်ငါးသလောက် ၁ တန်ကို ကန်ဒေါ်လာ ၁၈၅ဝ နှင့် ရေငန်ပုစွန် ၁ တန်ကို ကန်ဒေါ်လာ ၄၉၅ဝ မှ ၁ဝ၄ဝဝထိဈေးပေါက်လျက်ရှိပြီး ယခင် အပတ်အတိုင်း ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။     တင်တင်ထွန်း၊MIRT

Tuesday, 12 Jul 2011

ပုစွန်ထွက်ရာသီမှ ပိုမိုတင်ပို့နိုင်ရေး ကုမ္ပဏီလုပ်ငန်းရှင်များ ကြိုးပမ်းဆောင်ရွက်ရန်လို                   မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ရေငန်ပုစွန်နဲ့ ငါးခြောက်တို့ကို အဓိကထားတင်ပို့လျက် ရှိရာ ဇွန်လ အတွင်းမှာကန်ဒေါ်လာ ဝ ဒသမ ၂၉၉ သန်းတန်ဖိုးရှိ ရေငန် ပုစွန် တန် ၅ဝ ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၉ သန်း တန်ဖိုးရှိ ငါးခြောက်မိုျးစုံ ၅၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မိုးတွင်းကာလမှာတော့ ငါးခြောက်ပို့ကုန်အနည်းငယ်သာရှိပြီး ရာသီကုန်ဖြစ်တဲ့ ရေငန်ပုစွန်မှာလည်း ရာသီဥတု၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေပေါ် မူတည်ပြီး စစ်တွေမှ လာမှ သာ အပို့ရှိတာဖြစ်ပါတယ်။ လာမဲ့ ဇူလိုင်လ ပုစွန်ထွက်ရာသီ မှာ ကုမ္ပဏီလုပ်ငန်းရှင်များ ပုစွန်ပိုမိုတင်ပို့နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် မောင်တော ငါးလုပ်ငန်းဦးစီးဌာန စစ်ဆေးရေးအရာရှိက မောင်တောနယ်စပ်ကုန်သည် အသင်း မှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ရေလုပ်ငန်းရှင်များကို တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါ တယ်။                ခရိုင်ငါးဦးစီး မန်နေဂျာကလည်း မောင်တောဒေသဟာ ရေငန်ပုစွန်အများဆုံးထွက်သောဒေသ ဖြစ်ကြောင်း၊ မောင် တော မြောက်ပိုင်းဒေသမှာ ဧပြီ၊မေ၊ ဇွန်လများမှာ ရေငန်ပုစွန် ထွက်ရှိတဲ့ကာလဖြစ်ပြီး တောင်ပိုင်းဒေသဟာ ဇူလိုင်လ နောက်ပိုင်းမှာ ရေငန်ပုစွန်ထွက်ရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဇွန်လမှာ တင်ပို့ခဲ့တဲ့ ရေငန်ပုစွန်တန် ၅ဝ ကျော်မှာ ခရိုင်ပြင်ပမှ ပုစွန် ၄၇ တန်ကျော်ပါဝင်ပြီး မောင်တောမှ တင်ပို့မှုမှာ ၄ တန်သာရှိတဲ့အတွက် ငါးခူရဒေသမှ ထွက်ရှိတဲ့ ရေငန်ပုစွန်များ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်ရန်နဲ့ ငါးလုပ်ငန်း ဦးစီးဌာနကလည်း လိုအပ်သည်များကို အချိန်မရွေး ကူညီ ပေးမယ်လို့ ခရိုင်ငါးဦးစီး မန်နေဂျာကလည်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။         Source: မောင်တောMIRT(DOBT)

Tuesday, 12 Jul 2011

တရုတ်နယ်စပ် တစ်သျှူးငှက်ပျောနဲ့ သရက်သီးပို့                  ချင်းရွှေဟော်နယ်စပ်မှ တစ်ဖက်နိုင်ငံသို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိ ကာလအတွင်း ကျပ် ၃၉ ဒသမ ၆ သန်းတန်ဖိုးရှိ တစ်သျှူးငှက်ပျော တန် ၃ဝဝ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၉ဝ လျော့နည်း တင်ပို့ခဲ့ပါတယ်။ သရက်သီး တင်ပို့မှုမှာတော့ မူဆယ်နယ်စပ် မှ ကန်ဒေါ်လာ ဝ ဒသမ ၃၈၄ သန်းတန်ဖိုးရှိ သရက်သီး ၁၅၉၆ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၁ဝ သန်းတန်ဖိုးရှိ သရက်သီး ၄၅ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ် နယ်စပ်မှ သရက်သီးအပြင် သရက်ပြားခြောက် ၁၂၂ တန် ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၆ သန်းဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT) 

Tuesday, 12 Jul 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                            ယခုအပတ်                            ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                    (ကျပ်)         (ယွမ်)                  (ကျပ်)          (ယွမ်)ပဲတီစိမ်း          တန်        ၇၄၂၆၈၇          ၇၂ဝဝ              ၇၉၃၅၁ဝ         ၇၆ဝဝပြောင်းဖူးစေ့    တန်         ၂၁၇၁၄၇         ၁၉ဝဝ              ၂၂ဝ၅၅၄         ၁၉ဝဝနှမ်းဖြူ           တန်         ၈၇၅ဝ၃၄          ၈၈ဝဝ              ၉၉၁၉၃၉         ၈၉ဝဝ                                                                                                      စိုးနိုင်                မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                            ယခုအပတ်                                ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                           (ကျပ်)         (ရူပီး)                      (ကျပ်)        (ရူပီး)ကွမ်းသီး          တန်             ၈၉၂၅ဝဝ         ၅၄ဝ၄ဝ                  ၈၉၂၅ဝဝ      ၅၄ဝ၄ဝမုန့်မျိုးစုံ          ကီလို             ၁၃ဝဝ              ၂၉                      ၁၃ဝဝ           ၂၉ဝက်(အရှင်)     ကီလို            ၂ဝဝဝ                ၉၈                    ၂ဝဝဝ            ၉၈                   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-                                            ယခုအပတ်                            ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                        (ကျပ်)         (တာကာ)                (ကျပ်)       (တာကာ)သရက်သီး          တန်         ၁၈၁၅ဝဝ     ၁၅၉၂၁                  ၁၈၁၅ဝဝ      ၁၅၉၂၁ငါးနီတူခြောက်     တန်         ၁၉၃၂ဝဝဝ   ၁၆၈ဝဝဝ                ၁၉၃၂ဝဝဝ    ၁၆၈ဝဝဝရေငန်ပုစွန်         တန်          ၅ဝ၆၅၂ဝဝ  ၄၄ဝ၄၅၂                ၅ဝ၆၅၂ဝဝ     ၄၄ဝ၄၅၂ငါးစုံလေးခြောက် တန်           ၅ဝ၄ဝဝဝ    ၄၃၈၂၆                  ၅ဝ၄ဝဝဝ       ၄၃၈၂၆မြတ်မြတ်ထွန်း

Tuesday, 5 Jul 2011

နယ်စပ်မှပရဆေး တင်ပို့/တင်သွင်းမှု               မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်ကနေ ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း ပရဆေး (၂ဝ)မျိုး၊ ကန်ဒေါ်လာ ဝ ဒသမ ၈၂၄သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ အမယ်များကတော့မုတ်ခါး ၄ ဒသမ ၃ တန်၊ မာလာဥ ၁ဝ ဒသမ ၄ တန်၊ရှားစေး ၁၃ တန်၊ ဒရင်ကောက်မြစ် ၂၅ တန်၊ အုံတုံခေါက် ၂ဝ တန်၊ ကွမ်းစား ဂမုန်း ၉၇ တန်၊ ချဉ်ပေါင်ဖာလာ (အခွံမပါ) ၅ တန်၊ ငရုတ်ကောင်း ၄ ဒသမ ၅ တန်၊ စကားပန်းပွင့်ခြောက် ၉ တန်၊ တောဂျူးမြစ် ၂ ဒသမ ၇ တန်၊ နနွင်းခေါင်း ၂၂ တန်၊ နနွင်းတက် ၂ဝ၆ တန်၊ ဖန်ခါးသီးခြောက် ၄ တန်၊ မိချောင်းကွမ်းဖတ်စေ့ ၂၂ တန်ကျော်၊ ကျောက်ဂျင်း ၁ဝ တန် ကျော်၊ ကြောင်ပန်းစေ့ ၁၁ တန်၊ ကြောင်လျှာစေ့ ၂ တန်၊ တောဂျင်း ၉ တန်၊ တောင်လုံးကျော် ၇ တန်နီးပါးနဲ့ ရွေးရွက် ၃၄ တန်တို့ဖြစ်ပါတယ်။               ဒါ့အပြင် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးစခန်းရဲ့ ယခုအပတ် ပရဆေးတင်သွင်းမှုတွေကတော့ တောင် လုံး ကျော် ၆ ဒသမ ၈ တန်၊ ဇီယာ ၁ ဒသမ ၆ တန်၊ရှိန်းခိုသုည ဒသမ ၇၅ တန်နဲ့ ဖာလာ ဝ ဒသမ ၃ တန်၊ စုစုပေါင်း ဒေါ် လာ ဝ ဒသမ ဝ၁၁၆ သန်းဖိုး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)

Tuesday, 5 Jul 2011

ပီလောပီနံမှုန့်နှင့် ပို့ကုန်တိုးမြှင့်ကြီးထွားနိုင်မှု                ထိုင်းပီလောပီနံထုတ်လုပ်မှုလုပ်ငန်းမှ လာမည့် (၅) နှစ်ကာလအတွင်း အာရှဈေးကွက်သို့ ပီလောပီနံအမှုန့်နဲ့ ပီလောပီနံ ထုတ်ကုန် တင်ပို့မှုတန်ဖိုး ဘတ်သန်း ၁ဝဝ သို့ ရောက်ရှိလာ မယ်လို့ ခန့်မှန်း ထားပါတယ်။ စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ ၂ဝ၁၆ ခုနှစ်ထိ စီမံကိန်းမှာ ပီလောပီနံမြစ်မှ အိသနောထုတ်လုပ်ရန် ပြည်တွင်းသုံးစွဲမှု တန်ချိန် ၁၃ သန်း၊ ပြည်ပတင်ပို့ရန် တန်ချိန် ၂၂ ဒသမ ၅ သန်း၊ စုစုပေါင်းထုတ်လုပ်မှုတန်ချိန် ၃၅ ဒသမ ၅ သန်းလျာထားပြီး လက်ရှိထုတ်လုပ်မှုပမာဏထက် ၄၂ ရာခိုင်နှုန်းတိုးမြှင့်ရန် လျာထားခဲ့ပါတယ်။ ကမ္ဘာ့ပီလောပီနံ ကွန်ဖရင့် ၂ဝ၁၁၌ ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ယန်ယွန်ဖူအန်ရာ့ချ်မှ ထိုင်းနိုင်ငံအနေနဲ့ ပီလောပီနံခြောက် အပြားများ (Chip & Pallets )တင်ပို့မှုအစား ပီလောပီနံမှုန့်ကို တိုးခဲျ့တင်ပို့သွားမှာဖြစ်ပါ တယ်။လက်ရှိပီလောပီနံထွက်ကုန်တင်ပို့မှုမှာ အမှုန့် ၅၁ ရာခိုင်နှုန်းပါဝင်ရာမှ ၆၅ ရာခိုင်နှုန်းထိ တိုးမြှင့်ရန် ခန့်မှန်းထားပြီး၊ ထိုင်းနိုင်ငံအနေနဲ့ ပြည်ပမှ ပီလောပီနံဝယ်ယူတင်သွင်းသူများနဲ့ ပြည်တွင်း သုံးစွဲသူများအား ပီလောပီနံထွက်ကုန်နဲ့ ပတ်သက်ပြီး အရည်အသွေးအပေါ် ယုံကြည်မှုရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းတင်ပို့သူများအနေနဲ့တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားစတဲ့ အာရှနိုင်ငံများသို့ ဈေးကွက်ခဲျ့ထွင်နိုင်ရေး အာမခံရန်နဲ့ ပီလောပီနံမှုန့် အရည်အသွေးအာမခံခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အာမခံစရိတ်သက်သာ ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအရှေ့မြောက်ဒေသ ပီလောပီနံကုန်သွယ်မှုအဖွဲ့ ဥက္ကဌ ပရာမို့ကွန်သုန်မှ ပီလောပီနံမှုန့်မှ အစားအစာ၊ စွမ်းအင်နှင့် အခြားစက်မှု လုပ်ငန်းများ၌ သုံးစွဲမှု တိုးတက်မည့် အလားအလာကောင်းများရှိပြီး ၅ နှစ်အတွင်း တင်ပို့မှုတန်ဖိုး ဘတ်သန်း ၁ဝဝ ရောက်ရှိမည်ဟု ယုံကြည်ကြောင်း၊ လတ်တလော၌ တရုတ်နှင့် အိန္ဒိယ ဝက်လက်များအတွက် ပီလောပီနံ မှုန့်စက်ရုံများတွင် ပိုမိုရင်းနှီးမြှုပ်နံှ လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပီလောပီနံမှာ ထိုင်းနိုင်ငံအတွက် အဓိကစီးပွားဖြစ်သီးနံှဖြစ်ပြီး၊ မိသားစု ငါးသိန်းအတွက် ဝင်ငွေနှင့် အလုပ်အကိုင်ရရှိစေပြီး စိုက်ဧက ၆ ဒသမ ၅ သန်းမှ ၇ သန်းထိ ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်စဉ်ပီလောပီနံဥတန်ချိန် ၂ဝ သန်းမှ ၂၅ သန်းထွက်ရှိနိုင်ပြီး ၇၅ ရာခိုင်နှုန်းမှာ ပြည်ပတင်ပို့နိုင်မယ်လို့ ပြောကြားပါတယ်။ ထိုင်းနိုင်ငံ ပီလောပီနံကုန်သည်များအသင်း ဥက္ကဌဆီရိဒင်ဂိုရာ လပ်မှ ယခုနှစ် ပီလောပီနံထွက်ကုန် တင်ပို့မှု တန်ဖိုးဘတ် ၇၃ သန်းလျာထားပြီး ၄၄ သန်းမှာ ပီလောပီနံမှုန့် တင်ပို့ရန်နဲ့ စက်တင်ဘာလ၌ ပီလောပီနံထုတ်လုပ်မှု သုတေသနပြီးပါက လျာထားမှုတန်ဖိုး အပြောင်းအလဲဖြစ်နိုင်ကြောင်း ပြောကြား ပါတယ်။ Source:  ကမ္ဘာ့ပီလောပီနံ Conference 2011၊သောင်းနိုင်

Tuesday, 5 Jul 2011

နယ်စပ်ဒေသ ကူးသန်းရောင်းဝယ်ရေးနှင့် SMEs ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း                 ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ကူးသန်းရောင်းဝယ်ရေးဌာန၊ ချင်းမိုင်ခရိုင်ကူးသန်းရောင်းဝယ်ရေးဌာနတို့မှ အသေးစားနှင့် အလယ်အလတ်စက်မှုလုပ်ငန်းများ SMEs  ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးရေးရုံးတို့ ပူးပေါင်းပြီး " ACE လက် အောက်ရှိ ချင်းရိုင်းခရိုင်နယ်စပ်ဒေသကူးသန်း ရောင်းဝယ်ရေး SMEs  ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား ဆောင်ရွက်ကြမယ် လို့ သိရပါတယ်။ နယ်စပ်ဒေသ၌ SMEs  စီးပွားရေးလုပ်ငန်း ရှင်များအနေနဲ့စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ၊Logisitics ဆိုင်ရာ နည်းပညာစနစ်များကို ကျယ်ပြန့်စွာ သိရှိစေရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ချင်းရှန်မြို့နယ် စယမ်ထိုင်းအန်ဂါကျောင်းမှာ နယ်စပ်ဒေသ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ကြိုတင်ပြင်ဆင်ဖို့ အတွက် လုပ်ငန်းရှင်များကို အသိပညာပေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း များ ဆောင်ရွက်ပေးသွားမယ်လို့ ချင်းရိုင်းခရိုင်ကူးသန်း ရောင်းဝယ်ရေး ဥက္ကဌ နိုင်းချာလစ်ဆုတမ်ဝုန်းက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Source: ထိုင်းရတ်သတင်းစာ သောင်းနိုင်

Tuesday, 5 Jul 2011

သစ်သီးဝလံ ကုန်သွယ်မှု                ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် စခန်းများကနေ ကန်ဒေါ်လာ ဝ ဒသမ ၆၆၄ သန်းဖိုးရှိ သရက်သီး ၂၂၂ဝ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၈၆၅ တန် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ဆီးဆံ ၅၆ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃၅၃ သန်းဖိုးနဲ့ ဇီးသီး ခြောက် ၁၉၁၂ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ၂၇၆ သန်းဖိုး တင်ပို့ခဲ့တာ တွေ့ရပါတယ်။                 ကန်ပိုက်တီးနယ်စပ်မှ ယခုအပတ်မှာ ကျပ် ၆၉ သန်း တန်ဖိုးရှိ တစ်သျှူးငှက်ပျောတန်၆၉ဝ ကျော်တင်ပို့မှု ရှိခဲ့ပြီး၊ ယခင်အပတ်ထက် တန် ၅ဝဝ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်ရဲ့ သရက်သီး ပေါက်ဈေးများကတော့ မိမိ ဘက် တစ်တန်ကို ၃၂၉၆၄၄ ကျပ်နဲ့ တစ်ဖက်နိုင်ငံပေါက်ဈေး ၄၉၅ ဒေါ်လာ ဖြစ်ကြောင်းသိရပါတယ်။               ဒါ့အပြင် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ခရမ်းချဉ်သီး ၅ တန်၊ သရက်သီး ၅၅ တန်၊ အုန်းသီး ၁၁၂၉၆ လုံးနဲ့ ပန်းသီး ၁၁ ဒသမ ၉၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၂၃ သန်းဖိုးကို တစ်ဖက်အိန္ဒိယနိုင်ငံကို တင်ပို့နိုင် ခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT)

Tuesday, 5 Jul 2011

ဝက်တင်ပို့မှု လျော့ပေမယ့် အမဲသားတင်ပို့မှုပိုမို                 ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း ရိဒ်နယ်စပ်မှ ကျပ် ၃ ဒသမ ၁၈၃သန်း တန်ဖိုးရှိ ဝက်အရှင် ၂ ဒသမ ၃၂ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် ကထက် ၃ ဒသမ ၃၇ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်ကနေတော့ အေးခဲကွဲျသားနဲ့ အမဲသား ၂၅၂ တန် တန်ဖိုးကန် ဒေါ်လာ ဝ ဒသမ ၆၅ သန်းဖိုး တင်ပို့ခဲ့တာကြောင့် ယခင်အပတ်ကထက် ၁၇၈ တန်ပိုမိုတင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။   MIRT (DOBT)

Pages