Background
နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို ဇူလိုင်လ ၂ဝရက်မှ ၂၆ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၉၂၆ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၃ဝ၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁၁၆ တန်ခန့် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၁၈၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်မှ တင်ပို့မှု ၉ တန်ခန့် လျော့နည်းခဲ့သော်လည်း မူဆယ်မှ ၁၉၈ တန်တင်ပို့မှု ပိုမိုခဲ့တာဖြစ်ပါတယ်။ တနင်္သာရီ၊ မွန်၊ ကရင်ဒေသထွက် အေးခဲ အမဲသားများကို တင်ပို့နေတာဖြစ်ပြီး မိမိဘက်ပေါက်ဈေးကျပ် ၂ ဒသမ ၆၅၄ သန်းရှိပြီး တစ်ဖက်နိုင်ငံပေါက်ဈေးက ယွမ် ၂၂ဝဝဝ(၃၄ဝဝ ဒေါ်လာ)ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ချင်းရွှေဟော် နယ်စပ်အနေနဲ့ ယခုနှစ် ဇူလိုင်လမှာမှ စတင် စမ်းသပ်တင်ပို့နေတာဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၁၇၁ ဒသမ ၃ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT(DOBT)
နယ်စပ်မှ ကန်ဒေါ်လာ ၇ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်းများ တင်ပို့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၇ ဒသမ ၄၄၂ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၃၅၅ တန်ကို ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁ဝ၅၇ တန် တင်ပို့မှုပိုမိုခဲ့တာ ဖြစ်ပါ တယ်။ ယခုအပတ်တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မုတ်ခါး၊ မာလာဥ၊ မာလာဥခေါင်း၊ ရှားစေး၊ ဒရင်ကောက်မြစ်၊ အုံတုံခေါက်၊ ကွမ်းစားဂမုန်း၊ စကားပန်းပွင့်ခြောက်၊ စမုံစပါး၊ တောဂျူးမြစ်၊ နနွင်းခေါင်း၊ နနွင်းတက်(ရှမ်းစ)၊ ဖန်ခါးသီးခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကျောက်ဂျင်း၊ ကြောင်ပန်း စေ့၊ တောဂျင်း၊ တောင်လုံးကျော်နဲ့ ရွေးရွက်တို့ ပဲဖြစ်ပါတယ်။ ယခုအပတ်မှာ မာလာဥ၊ ရှားစေး၊ ကွမ်းစားဂမုန်း၊ စကား ပန်းပွင့်ခြောက်၊ တောဂျူးမြစ်၊ နနွင်းခေါင်း၊ နနွင်းတက်၊ မိချောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ တောဂျင်း၊ တောင်လုံး ကျော်နဲ့ ရွေးရွက်များ ယခင်အပတ်ကထက် ပိုမိုတင်ပို့ နိုင်ခဲ့သလို ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိတဲ့ မုတ်ခါး၊ ဒရင် ကောက်မြစ်၊ အုံတုံခေါက်၊ မာလာဥခေါင်းနဲ့ ကျောက်ဂျင်းများ ကိုယခုအပတ်မှာ တင်ပို့နိုင်ခြင်းကြောင့်လည်း ယခင်အပတ် ကထက် တင်ပို့မှု တန် ၁ဝဝဝ ကျော် ခဲ့တာဖြစ်ပါတယ်။ ပရဆေးကုန်ကြမ်းတင်သွင်းမှုအပိုင်းမှာတော့ တမူးနယ် စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝဝဝ၃ သန်း တန်ဖိုးရှိ တောင် လုံးကျော် ၁ တန်သာအသွင်းရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
သစ်သီးဝလံ ကုန်သွယ်မှု ယခုအပတ် မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ရာသီချိန်ကုန်နေပြီဖြစ်ပေမဲ့ သရက်သီးနဲ့ နာနတ်သီးများ တင်ပို့မှု ရှိနေသေးတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၉၃ သန်းတန်ဖိုးရှိ သရက်သီး ၂၉၇၄ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၄၁၄ သန်းတန်ဖိုးရှိတဲ့ သရက်ပြားခြောက် ၄၆၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ဖရဲသီး များလည်း ပြန်လည်တင်ပို့လာပြီဖြစ်ရာ ယခုအပတ်မှာ ကျပ် ၆၆ ဒသမ ၂၉ သန်းတန်ဖိုးရှိ ဖရဲသီး ၁၁၅ တန်နဲ့ ကျပ် ၁ ဒသမ ၅၃ သန်းတန်ဖိုးရှိ သခွားမွှေး ၈ ဒသမ ၅ တန်လည်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် သရက်သီး ၂၁၆၆ တန်၊ နာနတ်သီး တန် ၁ဝဝခန့်၊ ဖရဲသီး ၇၇ တန်နဲ့ သခွား မွှေး ၁ တန်ခွဲခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်မှလည်း သရက်သီး ၂၃ တန်နဲ့ ပန်းသီး ၁၁၉ သေတ္တာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝဝ၇ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ MIRT(DOBT)
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက် တရုတ်နိုင်ငံသို့ လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၂၇၉၂၉ ၆ဝဝဝ ၆၂၉၂ဝ၇ ၅၇ဝဝပြောင်းဖူးစေ တန် ၂၁၁၁၆၅ ၁၉ဝဝ ၂၁၁၂၂၄ ၁၉ဝဝနှမ်းဖြူ တန် ၈၆ဝ၂၈၁ ၈၂ဝဝ ၈၆၈၃၁၄ ၈ဝဝဝ ဆွေဆွေဝင်း မြန်မာ-အိန္ဒိယ နယ်စပ်ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ မီဇိုရမ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝဆေးကြေမှုန့် တန် ၁၅၇ဝဝဝ ၈၅ဝဝ ၁၅၇ဝဝဝ ၈၅ဝဝဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈ ဆွေဆွေဝင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိ ရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)ငါးနီတူခြောက် တန် ၉၇၅ဝဝဝ ၉၃၇၅ဝ ၁ဝ၂၇ဝဝဝ ၉၅၅၃၅ရေငန်ပုစွန် တန် ၄၁၇၅၉၄ဝ ၃၈၈၄၆ဝ ၄၁၇၅၉၄ဝ ၃၈၈၄၆ဝငါးစုံလေးခြောက် တန် ၃၄၅ဝဝဝ ၃၃၁၇၃ ၃၆၃၄ဝဝ ၃၃၈ဝ၅ ဆွေဆွေဝင်း
စီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးနည်းလမ်း သင်တန်းပို့ချ ဇူလိုင် ၁၃ ရက်က တပ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ကူးသန်းရောင်းဝယ်ရေး အစည်းအဝေးခန်းမမှာASEAN Economic Commuity AEC လက်အောက်ရှိ East West Economic Corridor (EWEC) အရ ထိုင်း-မြန်မာ နယ်စပ်ဒေသ စီးပွားရေးကူးသန်းရောင်းဝယ်မှု နိုင်ငံတကာ အဆင့်မီစေရန် စီးပွားရေးလုပ်ငန်းရှင်များအား '' စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးနည်းလမ်း'' သင်တန်း ပို့ချခဲ့ပြီး သင်တန်းသို့ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍမှစီးပွားရေး လုပ်ငန်းရှင် ၁ဝဝ ကျော်ခန့်တက်ရောက်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ Source: မတ်တိချွန်းသတင်းစာ၊သောင်းနိုင်
အနိမ့်ဆုံးတစ်ရက်လုပ်ခ ဘတ် ၃ဝဝ သတ်မှတ်ပါက ထိုင်းနိုင်ငံရှိ ပြည်ပရင်းနှီးမြှုပ်နံှမှုများ အခြားအာရှနိုင်ငံများ သို့ ရွှေ့ပြောင်းဖွယ်ရှိဟု ပြောကြားနေ ထိုင်းနိုင်ငံ အနိုင်ရဖြူထိုင်းပါတီက တစ်နိုင်ငံလုံးမှာ အနိမ့်ဆုံးလုပ်ခ တစ်ရက်ဘတ် ၃ဝဝ ရရှိရန် ကတိပြုမှုဟာ နိုင်ငံခြားရင်းနှီးမြှုပ်နံှသူများအား စရိတ်မြင့်မားစေနိုင်တဲ့ အတွက်အခြားဒေသများသို့ ရွှေ့ပြောင်းလုပ်ဆောင်ဖို့ စဉ်းစား ဖွယ် ဖြစ်စေတယ်လို့ ထိုင်းသတင်းစာများမှာ ရေးသား ဖော်ပြလျက်ရှိပါတယ်။ လုပ်အားခ အနိမ့်ဆုံးတစ်ရက် ဘတ် ၃ဝဝ သတ်မှတ် ရေး တွန်းအားပေးလာပါက လုပ်ငန်းထပ်မံ တိုးခဲျ့မည့်ကိစ္စများကို အခြားနိုင်ငံများသို့ ရွှေ့ပြောင်းရန် စဉ်း စားရတော့မယ်လို့လည်း ဘန်ကောက်ရှိ ဂျပန်ကုန်သည်များ အသင်း အမှုဆောင်တစ်ဦးက ပြောကြားတယ်လို့ သိရပါ တယ်။ လတ်တလော လုပ်သား အင်အား လျော့နည်းပြုန်းတီး မှုဟာ ဂျပန်လုပ်ငန်းရှင်များအား စိုးရိမ်မှု ဖြစ်ပေါ်စေပြီး နိုင်ငံခြားသားလုပ်သား ရှာဖွေရတော့မယ်လို့ ထပ်လောင်း ပြောကြားပါတယ်။ ထိုင်းရင်းနှီးမြှုပ်နံှမှု ဘုတ်အဖွဲ့(B.O.I ) ကလည်း ပြည်ပလုပ်ငန်းရှင်များအား ရွှေ့ပြောင်းလုပ်သားများ ငှာမ်းရမ်း သုံးစွဲခြင်းကို ၆ လအတွင်း ဖြတ်တောက်ရန် အသိပေးထား ကြောင်းနဲ့ ဒီကိစ္စကြောင့်လည်း ဂျပန်လုပ်ငန်းရှင်များအား အခြားအာရှနိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ အိန္ဒိယတို့ ရွှေ့ ပြောင်းရင်းနှီးမြှုပ်နံှလာစေနိုင်တယ်လို့ ဂျပန်ကုန်သည်များ အသင်း အမှုဆောင်ကပဲ ပြောကြားခဲ့ပါတယ်။ဘန်ကောက်ရှိ ဂျပန်နိုင်ငံခြားကုန်သွယ်ရေးအဖွဲ့ ဥက္ကဌဟောင်း မူနီနိုရီယာမဒါက ''လုပ်ငန်းအမျိုးအစားနဲ့ ကဏ္ဍ အလိုက် လုပ်ခနှုန်းထားပေါ်မူတည်ပြီး အခြားနိုင်ငံများ သို့ ရွှေ့ပြောင်းရင်းနှီးနိုင်စေတယ်'' လို့ ပြောပါတယ်။ Srithai Superware Co. ဥက္ကဌ စနန်အန်ဂူဘိုဂူလ် ကလည်း ပါတနာဂျပန်အချို့ လုပ်အားခ သက်သာမဲ့ အင်ဒို နီးရှားသို့ရွှေ့ပြောင်းသွားနိုင်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ မယ်လမင်းကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းမှာ လုပ်သား ၄၈ဝဝ ရှိပြီး မြန်မာ ၈ဝဝ နဲ့ ကမ္ဘောဒီးယားလုပ်သားများကို ပြည်တွင်း လုပ်သားများနဲ့အတူ လုပ်အားခ တစ်ပြေးညီ ပေးထားပြီး၊ လုပ်အားခ တစ်ရက်ဘတ် ၃ဝဝသို့ တိုးမြှင့်သတ်မှတ်ပါက ထုတ်လုပ်မှုစရိတ် ၁ဝ ရာခိုင်နှုန်း မြင့်တက်သွားမယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလက စပြီး လုပ်ခတိုးမြှင့်မှု အသက်ဝင်ပါက လာမဲ့နှစ်မှာ ပြည်ပရင်းနှီးမြှုပ်နံှမှုများလျော့ကျသွားမည် ဖြစ် ကြောင်းနဲ့ လုပ်အားခကို တဖြည်းဖြည်းတိုးမြှင့်ပေးသင့်ပြီး ပြည်နယ်/ ခရိုင်ဒေသအလိုက် နှုန်းထားခွဲခြားသင့်တယ်လို့ အစိုးရကို တောင်းဆိုလိုကြောင်း ထပ်လောင်းပြောကြားပါတယ်။ နိုင်ငံခြားဖက်စပ်လုပ်ငန်းကုန်သည်များအသင်း ဒုတိယ ဥက္ကဌ မတ်စပိုင်ဂျယ်မှလည်း လုပ်ခများ အချိန်ယူပြီး ပြင်ဆင် သင့်ကြောင်း အဆိုကို သဘောတူကြောင်း၊ အနိမ့်ဆုံးလုပ်ခ ဘတ် ၃ဝဝ၊ ဘွဲ့ရလုပ်သားတစ်ဦး အနိမ့်ဆုံးလစာ ဘတ် ၁၅ဝဝဝ သည် လုပ်ငန်းလုပ်ဆောင်ရန် အဆင်မပြေနိုင်ဘူးလို့ နိုင်ငံခြားကုန်သည်များက ထိုင်းကုန်သွယ်ရေးဘုတ်အဖွဲ့ကိုပြောကြားတယ်လို့ သတင်းရရှိပါတယ်။ Source: ဘန်ကောက်ပို့စ်၊သောင်းနိုင်
နို့ထွက်ပစ္စည်းများ တင်သွင်းမှုအပေါ်အကောက်ခွန်သက်သာခွင့်ပေးရတော့မည်ဖြစ်၍ ပြည်တွင်းနို့ထွက်ကုန် ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရန် တွန်းအားပေးလျက်ရှိ အစိုးရ၏ ရာခိုင်နှုန်းပြည့်သန့်စင်သော နို့ထွက်ပစ္စည်းရောင်းချမှု တိုးတက်ရေးအစီအစဉ်မှာ ပူးပေါင်းပါဝင်ကြရန် နို့စား နွားမွေးမြူသူများအား တိုက်တွန်းလျက်ရှိပါတယ်။ နိုင်ငံခြား ကုန်သွယ်မှုဌာန (Foreign Trade Department) အနေ နဲ့၂ဝ၁၅ ခုနှစ်မှာနို့မှုန့်တင်သွင်းခြင်းအပေါ် အကောက် ခွန် ကင်းလွတ်ခွင့်ပြုရမဲ့ FTA အစီအစဉ်အရပြည်တွင်း လုပ်ငန်းရှင်များအား ယှဉ်ပြိုင်နိုင်စွမ်းရည်ရှိတဲ့ ဒေသတွင်း နို့ထွက်လုပ်ငန်းစက်ရုံအင်အား တောင့်တင်းစေရန် ရည်ရွယ် တယ်လို့ သိရပါတယ်။ ဌာနအနေနဲ့ FTA ရဲ့ ထောက်ပံ့ရန်ပုံငွေနဲ့ Chula Unisearch မှဈေးကွက်သုတေသနပြုချက်အရ ဒေသတွင်း နို့ထွက်လုပ်ငန်းစက်ရုံများအနေနဲ့ သဘာဝစစ်စစ်ကုန်ကြမ်း ရာခိုင်နှုန်းပြည့်သန့်စင်သောနို့ဖြစ် ကြောင်းအရည်အသွေး အာမခံချက် ဖော်ပြရန်လိုအပ်တယ်လို့ သုတေသနအဖွဲ့ခေါင်း ဆောင်က ပြောကြားခဲ့ပါတယ်။ သုတေသနအဖွဲ့အနေနဲ့ ကုန်သွယ်မှုအမှတ်အသား နှစ်ခု တီတွင်ပေးခဲ့ကြောင်း၊ တစ်ခု မှာ ရွှေရောင်ဖဲပြား Golden Ribbon ဖြစ်ပြီးသဘာဝနို့ စစ်စစ်မှ ထုတ်လုပ်ခြင်းကိုညွှန်းကြောင်း၊ ကျန်တစ်ခုမှာ Smile Milk Logo ဖြစ်ပြီး ရေခဲမုန့်၊ နို့ဖျော်ရည်ထုတ်လုပ်မှုများ အတွက်သဘာဝ မှရရှိသောပစ္စည်းများသာ ပါရှိသည်ကို ညွှန်း ကြောင်း၊ ယခုအမှတ်အသားနှစ်ခုလုံးကို မူပိုင်ခွင့် မှတ်ပုံ တင်ထားပြီးဖြစ် တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံရှိ အိမ်ထောင်စု ၂၃ဝဝဝ ရှိသော မွေးမြူရေး သမားများသည် နှစ်စဉ် ထုတ်လုပ်မှု တန်ဖိုးဘတ် ၆ဝ ဘီလီယံ အတွက် အာမခံပေးနိုင်မယ်လို့ မျှော်လင့်လျက်ရှိပါတယ်။ နို့စားနွားမွေးမြူရေးလုပ်ငန်းမှ ၂ဝ၁ဝ ပြည့်နှစ်မှာ နို့်ကုန်ကြမ်း ၈၆၂၄၉၅ တန်ထုတ်ပေးနိုင်ခဲ့ပြီး ဝယ်လိုအားမှာ ၉၃၇၆၇၂ တန်ဖြစ်သည့်အတွက် လိုအပ်ချက်ကို ပြည့်မီမှုမရှိခဲ့ပါဘူး။ အကျိုးဆက်အဖြစ် နို့မှုန့် ၊ ချီးစ်၊ ထောပတ်စတဲ့ နို့ထွက် ပစ္စည်းများတင်သွင်းနေရကြောင်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်သူ များအနေနဲ့ ချီးစ်၊ ထောပတ်များပါ ထုတ်လုပ်ရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ သြစတြေးလျ၊ နယူးဇီးလန်နိုင်ငံတို့နဲ့ အကောက်ခွန်ကင်းလွတ်ခွင့်သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး၁ဝနှစ်အတွင်းသွင်းကုန် နို့ထွက်ပစ္စည်းများအပေါ် ကင်းလွတ်ခွင့်ပြုရမှာဖြစ်ကြောင်းနဲ့ သွင်းကုန်ခွန် ကင်းလွတ်ခွင့် ပေးခြင်းအပေါ် နို့ထွက်ပစ္စည်းတင်သွင်းသော ကုမ္ပဏီများကို တွန်းအားပေးလျက် ရှိတယ်လို့ သတင်းမှာဖော်ပြထား ပါ တယ်။Source:ဘန်ကောက်ပို့စ်၊သောင်းနိုင်
ထိုင်း-တရုတ်-မဲခေါင်မြစ်ဝှမ်းဒေသ ဆက်သွယ်ရေးရထားလမ်း ပြန်လည်အသက်သွင်း မီးရထားလုပ်ငန်းဌာနမှ အင်ဂျင်နီယာ နိုင်းကျရေးရုန်ထာနီက ဖယောင်းခရိုင်၊ လမ်းပန်းခရိုင် တို့ကို ဖြတ်ပြီး ချင်းရိုင်းခရိုင် ချင်းခေါင်မြို့နယ် မှာ ဆုံးမဲ့ ဖဲ့ရိုင်ခရိုင်ဒင် ချိုင်-မီးရထားလမ်း တည်ဆောက်ရေးစီမံကိန်းကို လေ့လာရန် မီးရထားလုပ်ငန်းက ကုမ္ပဏီ ၃ ခုအား တာဝန်ပေးအပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ တာဝန်ပေးအပ်ထားတဲ့ ကုမ္ပဏီတွေကတော့ MAA ကုမ္ပဏီ၊ အက်(ဖ်)စီလွန်ကုမ္ပဏီနဲ့ အန်ရစ်ခွန်ဆာကန် ကုမ္ပဏီတို့ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ မီးရထားလမ်း ဟာ ပေအရှည် ၃၂၆ ကီလိုမီတာရှိမှာဖြစ်ပြီး ထိုင်း-တရုတ်နဲ့ မဲခေါင် မြစ်ဝှမ်း ဒေသများဖြစ်တဲ့ မြန်မာ၊ လာအိုတို့နဲ့ ဆက်သွယ်မယ် လို့သိရပါတယ်။ မီးရထားစီမံကိန်းကို ၁၉၆ဝ ခုနှစ်က တာဝန်ယူခဲ့တာဖြစ်ပြီး ၁၉၉၄-၉၅ တွင် စီမံကိန်းကို အတည်ပြု ပေးခဲ့ကြောင်း၊ ရထားလမ်းဖောက်လုပ်မှုအတွက် ဘတ်သန်း ၁၇ဝဝဝဝ ကုန်ကျမှာဖြစ်ပြီး မီးရထားလမ်းဖောက် လုပ်ချိန်ကာလမှာ ၆ နှစ်အချိန် ယူရမယ်လို့ မီးရထားလုပ်ငန်းဌာနမှ အင်ဂျင်နီယာကပြောကြားပါတယ်။ စီမံကိန်း အကောင်အထည်ဖော်နိုင်ရန်နဲ့ အသက်ပြန်သွင်းရန် အစိုးရအဖွဲ့သစ်သို့တင်ပြ သွားမည်ဖြစ်ပြီး ထိုင်းမြောက်ပိုင်း ခရိုင် (၈)ခုအတွင်းရှိ ပြည်သူများအတွက် အကျိုး ကျေးဇူးရရှိစေမဲ့ စီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။ Source: မတ်ကီချွန်သတင်းစာ သောင်းနိုင်
ကန်ပိုက်တီးမှ ကြိမ်အပို့ရှိ မြန်မာ တရုတ် နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းမှ ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း ကျပ် ၁၆ ဒသမ ၅ သန်းတန်ဖိုးရှိ ကြိမ် တန် ၃ဝ အပို့ရှိခဲ့ပါတယ်။ကန်ပိုက်တီးနယ်စပ်အနေနဲ့ ပထမဆုံးအကြိမ် တင်ပို့မှု ဖြစ်ပြီး ကန်ပိုက်တီးနယ်စပ်မှ ပုံမှန်တင်ပို့နေတဲ့ ပို့ကုန်အမယ် တစ်သျှူး ငှက်ပျောတော့ ယခုအပတ်မှာ တင်ပို့နိုင်ခြင်း မရှိပါဘူး။MIRT (DOBT)
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက် တရုတ်နိုင်ငံသို့ လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၂၉၂ဝ၇ ၅၇ဝဝ ၆၇၆၇၃၆ ၆၅ဝဝပြောင်းဖူးစေ့ တန် ၂၁၁၂၂၄ ၁၉ဝဝ ၂၁၄၅၉၉ ၁၉ဝဝနှမ်းဖြူ တန် ၈၆၈၃၁၄ ၈ဝဝဝ ၇၉၁၂၈၁ ၈၅ဝဝစိုးနိုင် မြန်မာ-အိန္ဒိယ နယ်စပ်ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ မီဇိုရမ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝမုန့်မျိုးစုံ ကီလို ၁၃ဝဝ ၂၉ ၁၃ဝဝ ၂၉ဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈ဆွေဆွေဝင်း