Main menu

Background

Tuesday, 23 Aug 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု             မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက် တရုတ်နိုင်ငံသို့ လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ် -                                              ယခုအပတ်                           ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ   မိမိဘက်ဈေး   တစ်ဖက်နိုင်ငံဈေး   မိမိဘက်ဈေး  တစ်ဖက်နိုင်ငံဈေး         ပြောင်းလဲမှု                                        (ကျပ်)           (ယွမ်)                 (ကျပ်)            (ယွမ်)ပဲတီစိမ်း           တန်          ၆၁၁၈၉၇        ၅၅ဝဝ                ၆၁၅၆၇၄             ၆ဝဝဝပြောင်းဖူးစေ့      တန်          ၂ဝ၈၇၆၉        ၁၈၈ဝ                ၂ဝ၅၃၆၁            ၁၉ဝဝနှမ်းဖြူ              တန်          ၈၃၅၁၈၂       ၈၃ဝဝ                 ၈၇၁၈၈၈           ၈၂ဝဝ                                                                                                 စိုးနိုင်                မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ရိဒ် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ မီဇိုရမ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် -                                                ယခုအပတ်                                 ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ     မိမိဘက်ဈေး   တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး   တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                          (ကျပ်)           (ရူပီး)                   (ကျပ်)             (ရူပီး)ကွမ်းသီး         တန်              ၈၉၂၅ဝဝ          ၅၄ဝ၄ဝ              ၈၉၂၅ဝဝ            ၅၄ဝ၄ဝဆေးကြေမှုန့်    တန်               ၁၅၇ဝဝဝ          ၈၅ဝဝ              ၁၅၇ဝဝဝ              ၈၅ဝဝဝက်(အရှင်)     ကီလို              ၂ဝဝဝ               ၉၈                  ၂ဝဝဝ                  ၉၈                                                                ဆွေဆွေဝင်း

Tuesday, 9 Aug 2011

 စစ်တွေနယ်စပ်ရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု ပိုလာ               ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိ ကာလအတွင်း စစ်တွေနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ငါးသလောက် ၁ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝဝ၂ သန်း၊ ရေငန်ပုစွန် ၃ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၁၈ သန်းနှင့် ရေချိုငါး တန်ချိန် ၄ဝဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ၃၄၆သန်း၊ စုစုပေါင်းတန်ချိန် ၄၂ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃၆၆ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၉ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ တန်ချိန် ၂၃ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုလိုပိုမိုတင်ပို့နိုင်ခြင်းဟာ ယခင်အပတ်က ရေချိုငါးတန်ချိန် ၁၈ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး၊ ယခုအပတ်မှာ တန်ချိန် ၄ဝဝ ကျော် တင်ပို့နိုင်ခဲ့တဲ့အပြင် ရေငန်ငါးသလောက်ပါ တင်ပို့နိုင်ခဲ့လို့ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ေ ဈးများကတော့ ရေချိုငါး ၁ တန်ကို ကန်ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိ ဖြစ်ပြီး၊ ရေငန်ပုစွန် ၁ တန်ကို ကန်ဒေါ်လာ ၄၂ဝဝ မှ ၁ဝ၅ဝဝ ထိနှင့် ရေငန်ငါးသလောက် ၁ တန်ကို ကန်ဒေါ်လာ ၁၆ဝဝ ဈေးပေါက်လျက်ရှိပြီးယခင်အပတ်အ တိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ တင်တင်ထွန်း၊MIRT(DOBT)

Tuesday, 9 Aug 2011

မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန် တင်ပို့မှု လျော့ကျ              ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိ ကာလ အတွင်း မူဆယ် ၁ဝ၅ မိုင်မှ ရေထွက်ကုန် ကဏန်း၊ ငါးရှဉ့်၊ ရေငန်ငါးမျိုးစုံများ တင်ပို့မှု ယခင်အပတ်ကထက် သိသိ သာသာ လျော့ကျလျက် ရှိပါတယ်။ မူဆယ်မှ တင်ပို့တဲ့ရေထွက်ကုန်များ စုဆောင်းရာ မြစ်ဝကျွန်းပေါ်ဒေသများနဲ့ ရခိုင်ပြည်နယ် စစ်တွေတို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေမှု များကြောင့် စုဆောင်းရရှိမှုနည်းခြင်း၊ သယ်ယူပို့ဆောင်မှု ခက်ခဲခြင်းတို့ကြောင့် လို့သိရပါတယ်။ ဈေးနှုန်းများမှာလည်း သိသိသာ သာလျော့နည်းနေပြီး ငါးရှဉ့်၊ကဏန်းဒိုင်များ အနေ နဲ့လည်း ပစ္စည်းဝင်ရောက်မှု (ကုန်တက်) ပမာဏနဲ့ ပစ္စည်း အရည်အသွေးပေါ်မူတည်ပြီး ကြားခံဈေးများ သတ် မှတ်ပေး ရတာ ဖြစ်ပါတယ်။ မိမိဖက်နဲ့ တစ်ဖက် နိုင်ငံ မြေပြင် ပေါက် ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                                             မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု              ယခင်     ပြောင်းလဲမှု      %      ယခု       ယခင်     ပြောင်းလဲမှု     %ငါးရှဉ့်                   ၁၉၃၅ဝဝဝ  ၂၃၂၂၆ဝဝ      ၃၈၇၆ဝဝ      ၂ဝ      ၂၅ဝဝ     ၂၇၄ဝ        ၂၄ဝ         ၁ဝကဏန်း (ဂရမ်)၂၅ဝဂရမ်အထက်   ၂၁၄၃၉၈ဝ    ၃၁၆ဝဝဝဝ    ၁ဝ၁၆ဝ၂ဝ    ၄၇        ၂၇၇ဝ    ၄၁၅ဝ       ၁၃၈ဝ        ၅ဝ၂ဝဝ-၂၅ဝ ဂရမ်     ၁၉၈၉၁၈ဝ    ၃ဝဝ၂ဝဝဝ   ၁ဝ၁၂၈၂ဝ     ၅ဝ        ၂၅၇ဝ   ၃၉၅ဝ       ၁၃၈ဝ         ၅၄၁၅ဝ-၂ဝဝ ဂရမ်     ၁၈၃၄၃၈ဝ   ၂၈၄၄ဝဝဝ     ၁ဝဝ၉၆၂ဝ    ၅၅        ၂၃၇ဝ    ၃၇၅ဝ       ၁၃၈ဝ        ၅၈၁ဝဝ-၁၅ဝ ဂရမ်     ၁၇၁၈၂၈ဝ   ၂၇၂၅၅ဝဝ     ၁ဝဝ၇၂၂ဝ    ၅၉        ၂၂၂ဝ    ၃၆ဝဝ       ၁၃၈ဝ        ၆၂            ယခုအပတ် မူဆယ်နယ်စပ်မှ ရေထွက်ကုန်တင်ပို့မှုများကတော့ ကန်ဒေါ်လာ ဝ ဒသမ ၈၆၄ သန်းတန်ဖိုးရှိ ငါးရှဉ့် ၃၂၂ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၇ဝ သန်းတန်ဖိုးရှိ ကဏန်း တန် ၁၂ဝ၊ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၃ သန်းတန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၄၂ ဒသမ ၂၇၈ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၉ သန်းတန်ဖိုးရှိ ငါးဆားနယ် ၆၆ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၇၂၇ တန်၊ ကဏန်း ၃၉၅ တန်၊ ရေငန်ငါးမိုျးစုံ ၂၅ တန်လျော့ နည်းတင်ပို့ခဲ့ပြီး ယခင်အပတ်က တင်ပို့ခဲ့ခြင်း မရှိပေမဲ့ ယခုအပတ်မှာ ငါးဆားနယ် အပို့ရှိခဲ့ပါတယ်။        MIRT(DOBT)

Tuesday, 9 Aug 2011

အရှိန်ရဆဲ ချင်းရွှေဟော် အေးခဲအမဲသား တင်ပို့မှု            မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ၂၉၇ သန်း တန်ဖိုးရှိ အေးခဲအမဲသား တန် ၉ဝ ကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် ၃၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်အနေနဲ့ ယခုနှစ် ဇူလိုင်လမှာ စပြီးတင်ပို့တာဖြစ်ပါတယ်။ ဇူလိုင်လတစ်လလုံး ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၂၆၁ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ယခု အပတ်မှာ အေးခဲအမဲသား ၅၇ ဒသမ ၅ တန်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝဒသမ ၁၇၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင် အပတ်တင်ပို့မှုထက် တန် ၁၉ဝ ခန့် လျော့နည်းတင်ပို့ခဲ့တာဖြစ်ပါတယ်။       MIRT(DOBT)

Tuesday, 9 Aug 2011

နာနတ်သီးရာသီ ရောက်နေပြီ               ဇူလိုင် ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှာ တစ်ဖက်နိုင်ငံသို့ တင်ပို့နေတဲ့ ရာသီချိန်သီးနံှကတော့ နာနတ်သီးပဲဖြစ်ပါတယ်။ တစ်နေ့ကို တန် ၆ဝ ခန့်အဝင်ရှိနေပြီး ၁ တန်ကို ယွမ် ၁၃ဝဝ ဝန်းကျင်ဈေးရတယ်လို့ သိရပါတယ်။ သရက်ရာသီ ကုန်ပြီ ဖြစ်လို့ သရက်သီးအကြမ်း (ရင်ခွဲ) သီးများ ဂျပ်ဖာ ၃ဝဝ ဝန်းကျင်ခန့်သာ နေ့စဉ်အဝင်ရှိနေပါတယ်။ ဖရဲသီးကားများ လည်း တစ်ရက်ကို ၁ စီးစ ၂ စီးစ အဝင်ရှိနေပြီး သခွားမွှေး များလည်း ဝင်စပြုနေပြီလို့ သိရပါတယ်။                    ယခုအပတ် မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂၄၉ သန်းတန်ဖိုးရှိ နာနတ်သီး တန် ၅၇ဝ ၊ ဖရဲသီး တန် ၁၂ဝ၊ သခွားမွှေး ၁၅ တန်နဲ့ သရက်အကြမ်းသီး တန် ၂၅ဝ ကျော်အပို့ရှိခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှလည်း ပန်းသီးအဝင်က ကြည့်လျှင် ကန်ဒေါ်လာ ဝ ဒသမ ၁၆၈ သန်းတန်ဖိုးရှိတဲ့ ပန်းသီးတန် ၃၇ဝ ကျော်အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။      MIRT(DOBT)

Tuesday, 9 Aug 2011

ယခုအပတ်မူဆယ်မှ ပရဆေးကုန်ကြမ်း အပို့လျော့ပေမဲ့ တမူးမှ အသွင်းပို                   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်မှ တစ်ဖက်နိုင်ငံသို့ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၄ဝ၁ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်း ၂၈၇ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် တန် ၁ဝဝဝ ကျော် လျော့နည်းခဲ့ပါတယ်။                      ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မိကျောင်းကွမ်းဖတ် စေ့၊ စကားပန်းပွင့်ခြောက်၊ နေလဲစေ့၊ နနွင်းတက်၊ နနွင်းခေါင်း၊ မာလာဥ၊ ရှားစေး၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ အုံတုံခေါက်၊ တောချင်းနဲ့ တောဂျူးမြစ်တို့ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့အပတ်က မုတ်ခါး၊ ဒရင်ကောက်မြစ်၊ စမုံစပါး၊ ဖန်ခါးသီးခြောက်၊ ကျောက်ဂျင်း၊ ရွေးရွက်တို့အပို့ရှိခဲ့ပေမဲ့ ယခုအပတ်မှာ တင်ပို့မှုမရှိခဲ့တဲ့အတွက် ယခုအပတ်မှာ တင်ပို့မှုပမာဏလျော့နည်းခဲ့တာ ဖြစ်ပါတယ်။                   တမူးနယ်စပ်မှ ယခုအပတ် အိန္ဒိယဘက်မှတင်သွင်းတဲ့ ပရဆေးကုန်ကြမ်း တွေကတော့ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၅ သန်း တန်ဖိုးရှိတဲ့ မင်သော် ဝ ဒသမ ၆ တန်၊ ရှိန်းခို ၁ ဒသမ ၉၆ တန်နဲ့ ဆောင်မေခါး ဝ ဒသမ ၅ တန်ဖြစ်ပြီး ယခင် အပတ်က တောင်လုံးကျော် ၁ တန်သာ အသွင်းရှိခဲ့တာဖြစ်ပါတယ်။ MIRT(DOBT) 

Tuesday, 9 Aug 2011

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက် တရုတ်နိုင်ငံသို့ လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ် -                                             ယခုအပတ်                             ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                      (ကျပ်)          (ယွမ်)                   (ကျပ်)              (ယွမ်)ပဲတီစိမ်း            တန်          ၆၁၅၆၇၄        ၆ဝဝဝ                 ၆၂၇၉၂၉            ၆ဝဝဝပြောင်းဖူးစေ့      တန်           ၂ဝ၅၃၆၁        ၁၉ဝဝ                 ၂၁၁၁၆၅            ၁၉ဝဝနှမ်းဖြူ             တန်            ၈၇၁၈၈၈        ၈၂ဝဝ                 ၈၆ဝ၂၈ဝ            ၈၂ဝဝစိုးနိုင်                     မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ မီဇိုရမ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် -                                                 ယခုအပတ်                            ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး          ပြောင်းလဲမှု                                            (ကျပ်)         (ရူပီး)                   (ကျပ်)          (ရူပီး)ကွမ်းသီး          တန်                ၈၉၂၅ဝဝ         ၅၄ဝ၄ဝ              ၈၉၂၅ဝဝ       ၅၄ဝ၄ဝဆေးကြေမှုန့်     တန်               ၁၅၇ဝဝဝ          ၈၅ဝဝ               ၁၅၇ဝဝဝ        ၈၅ဝဝဝက်(အရှင်)      ကီလို               ၂ဝဝဝ             ၉၈                    ၂ဝဝဝ            ၉၈                                                ဆွေဆွေဝင်း               မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိ ရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္က နာဗ်ပေါက် ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-                                              ယခုအပတ်                             ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး          ပြောင်းလဲမှု                                         (ကျပ်)       (တာကာ)                  (ကျပ်)       (တာကာ)ငါးနီတူခြောက်      တန်           ၉၇၅ဝဝဝ        ၉၃၇၅ဝ               ၉၇၅ဝဝဝ       ၉၃၇၅ဝရေငန်ပုစွန်           တန်         ၄၁၇၅၉၄ဝ        ၃၈၈၄၆ဝ             ၄၁၇၅၉၄ဝ    ၃၈၈၄၆ဝငါးစုံလေးခြောက်   တန်           ၃၄၅ဝဝဝ         ၃၃၁၇၃               ၃၄၅ဝဝဝ      ၃၃၁၇၃

Sunday, 31 Jul 2011

အနိမ့်ဆုံးလုပ်ခများ တိုးမြှင့်ပေးသင့်ကြောင်း ထိုင်းလုပ်ငန်းရှင်ကြီးတစ်ဦး ထောက်ခ                လူနေမှုစရိတ်မြင့်မားခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့ လုပ်သားများရွှေ့ပြောင်းထွက်ခွာသွားနိုင်ခြင်းတို့ကြောင့် အနိမ့်ဆုံး လုပ်အားခများ တိုးမြှင့်ပေးသင့်ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်ကြီးများထဲက အကြီးဆုံးထိုင်း ဘိလပ်မြေထုတ်လုပ်ရေးအုပ်စု (Siam Cement Group -SCG) အကြီးအကဲက ပြောကြားခဲ့ပါတယ်။ လူနေမှုစရိတ် မြင့်တက်မှုကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရတဲ့အတွက် ၎င်းရဲ့ ကိုယ်ပိုင်ဆန္ဒအရ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်သင့်တယ်လို့ သူယူဆကြောင်း ပြောပြပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အခြေခံစက်မှုလုပ်ငန်းများမှာ ယှဉ်ပြိုင်ဆောင်ရွက်ရန် မသင့်ဘဲ သုတေသနခိုင်မာစွာ ပြုလုပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှုကို ယှဉ်ပြိုင်သင့်ကြောင်း၊ စက်မှုလုပ်ငန်းတွေမှာ စရိတ်သက်သာမှုကိုသာ ဦးစားပေးရင် ဗီယက် နမ်လို နိုင်ငံမျိုးကို လုပ်သားများရွှေ့ပြောင်းသွားနိုင်ကြောင်း၊ တရုတ်နိုင်ငံမှာလည်း လုပ်ခတိုးမြှင့်ပေးတဲ့အတွက် အထည်ချုပ် လုပ်ငန်းများကဲ့သို့ စက်မှုလုပ်ငန်းများမှာ ထုတ်လုပ်မှုစရိတ်တက်လာကြောင်း၊ လုပ်ခတွေမြင့်လာတဲ့အတွက် ဝယ်ယူနိုင်စွမ်းများ မြင့်တက်လာပြီး စီးပွားရေးတစ်ရပ်လုံးတိုးတက်လာရ တယ်လို့လည်း ှဃွ အကြီးအကဲခန်တရာကူဟွန်က ညွှန်ပြပြောဆို ခဲ့ပါတယ်။          Source ထိုင်းရတ် သတင်းစာ သောင်းနိုင်

Sunday, 31 Jul 2011

စစ်တွေနယ်စပ်မှ ရေထွက်ပစ္စည်း တင်ပို့မှု                   ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါး တန် ၁၈ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၅၇ သန်း၊ ရေငန်ပုစွန် ၉ တန်ကျော် တန်ဖိုး ဝ ဒသမ ဝ၅၇ သန်း၊ စုစုပေါင်းတန် ချိန် ၁၉ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၁၄ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ယခုအပတ်မှာ ရေချိုငါး တန် ၃ဝ ကျော်နဲ့ ရေငန်ပုစွန် ၆ တန်ခန့် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ရေချိုငါး ၁ တန်ရဲ့ မိမိဘက်မြေပြင်ပေါက်ဈေး ကန် ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိဖြစ်ပြီး ၊ ရေငန်ပုစွန် ၁ တန်ကို မိမိဘက်မြေပြင် ပေါက်ဈေး ကန်ဒေါ်လာ ၄၂ဝဝ မှ ၁ဝ၅ဝဝ ထိဈေးပေါက်လျက်ရှိပြီး ယခင်အပတ် အတိုင်းပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ တင်တင်ထွန်း၊MIRT(DOBT)ှု

Sunday, 31 Jul 2011

မိုးများသဖြင့် ဝက်အရှင်တင်ပို့မှု လျော့နည်းနေ                   ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ရိဒ်နယ်စပ်မှ ကျပ် ၁ ဒသမ ၆၄၅ သန်း တန်ဖိုးရှိ ဝက်အရှင် ၁၂၃၇ ကီလို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို ၂၁ဝဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ လျော့ နည်းရခြင်းအကြောင်းမှာ မိုးများသဖြင့် ဝယ်ယူစုဆောင်းရာမှာလည်းကောင်း၊ သယ် ယူရာမှာ လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး အပါအဝင် အခက်အခဲများ ရှိနေတဲ့ အတွက်ကြောင့်လို့ သိရပါတယ်။                 နယ်စပ်တွေကနေတင်ပို့တဲ့အခါ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ စစ်ဆေးပြီးကြောင်း ထောက်ခံချက်များနဲ့ တင်ပို့လျက်ရှိတာဖြစ်ပါတယ်။ ဝက်အရှင် ၁ တန်ကို ကျပ် ၁ ဒသမ ၃၇ သန်းဈေးရလျက်ရှိပြီး ဇူလိုင်လအတွင်း ဝက်အရှင် တင်ပို့မှုမှာ ၈၄၆၇ ကီလိုရှိပြီဖြစ်ပါတယ်။ MIRT(DOBT)

Pages