Main menu

Background

Tuesday, 5 Jul 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                 မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                                       ယခုအပတ်                                ယခင်အပတ်ပစ္စည်းအမည်   ရေတွက်ပုံ            မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                               (ကျပ်)          (ယွမ်)                        (ကျပ်)       (ယွမ်)ပဲတီစိမ်း          တန်                     ၇၉၃၅၁ဝ        ၇၆ဝဝ                    ၇၆၇၇၆၃        ၇၆ဝဝပြောင်းဖူးစေ့    တန်                    ၂၂ဝ၅၅၄         ၁၉ဝဝ                    ၂၁၉ဝ၂၁        ၁၉ဝဝနှမ်းဖြူ           တန်                     ၉၉၁၉၃၉         ၈၉ဝဝ                    ၉၈၅၁၇၅        ၈၉ဝဝစိုးနိုင်            မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                     ယခုအပတ်                           ယခင်အပတ်ပစ္စည်းအမည်     ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                          (ကျပ်)          (ရူပီး)                      (ကျပ်)         (ရူပီး)ကွမ်းသီး             တန်            ၈၉၂၅ဝဝ       ၅၄ဝ၄ဝ                   ၈၉၂၅ဝဝ       ၅၄ဝ၄ဝမုန့်မျိုးစုံ             ကီလို           ၁၃ဝဝ            ၂၉                         ၁၃ဝဝ            ၂၉ဝက်(အရှင်)       ကီလို           ၂ဝဝဝ             ၉၈                        ၂ဝဝဝ             ၉၈              မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-                                                    ယခုအပတ်                                  ယခင်အပတ်ပစ္စည်းအမည်      ရေတွက်ပုံ       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး       မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                              (ကျပ်)          (တာကာ)                (ကျပ်)         (တာကာ)သရက်သီး          တန်               ၁၈၁၅ဝဝ         ၁၅၉၂၁                ၁၈၁၅ဝဝ        ၁၅၉၂၁ငါးနီတူခြောက်     တန်               ၁၉၃၂ဝဝဝ       ၁၆၈ဝဝဝ              ၁၉၃၂ဝဝဝ      ၁၆၈ဝဝဝရေငန်ပုစွန်         တန်               ၅ဝ၆၅၂ဝဝ       ၄၄ဝ၄၅၂               ၅ဝ၆၅၂ဝဝ     ၄၄ဝ၄၅၂ငါးစုံလေးခြောက် တန်                ၅ဝ၄ဝဝဝ         ၄၃၈၂၆                  ၅ဝ၄ဝဝဝ       ၄၃၈၂၆

Monday, 27 Jun 2011

တမူးနယ်စပ်မှ ပရဆေး တင်သွင်းမှုပိုမို                    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၄၉၇ သန်းတန်ဖိုးရှိ ဇီယာ ၁၂ တန်၊ လေးညှင်း ဝ ဒသမ ၆ တန်၊ ချဉ်ပေါင်ဖာလာ ဝ ဒသမ ၆၅ တန်၊ ဇာတိပ္ဖိုလ်သီး ၁ ဒသမ ၈ တန်နဲ့ တောင်လုံးကျော် ၃ တန် တင်သွင်းခဲ့ပါတယ်။                    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၃၃ သန်း တန်ဖိုးရှိ နနွင်းတက် ၂၆ ဒသမ ၇ တန်၊ နနွင်းခေါင်း ၃၂ တန်ခန့်၊ ကွမ်းစားဂမုန်း ၅၄ ဒသမ ၈ တန်၊ မိချောင်းကွမ်းဖတ်စေ့ ၂၆ တန်၊ တောဂျင်း ၉ ဒသမ ၆ တန်၊ ကြောင်ပန်းစေ့ ၆ ဒသမ ၅ တန်၊ ကြောင်လျှာစေ့ ၂ တန်၊ တောင်လုံးကျော် ၅ ဒသမ ၈ တန်၊ ရွေးရွက် ၈ ဒသမ ၆တန်၊ စကားပန်းပွင့်ခြောက် ၁ဝ ဒသမ ၂ တန်၊ ကျောက်ဂျင်း ဝ ဒသမ ၆ တန်၊ ဆေးမြင်းခွာ ၁ ဒသမ ၄ တန်၊ ဒရင်ကောက်မြစ် ၁၆ ဒသမ ၂ တန်၊ မာလာဥ ၁၇ ဒသမ ၆ တန်၊ ရှားစေး ၁၆ ဒသမ ၃ တန်နဲ့ အုံတုံခေါက်တန် ၄ဝ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် နနွင်းခေါင်း၊ ကွမ်းစားဂမုန်း၊ တောင်လုံးကျော်၊ ဒရင်ကောက်မြစ်၊ မာလာဥနဲ့ အုံတုံခေါက် များ ပိုမိုတင်ပို့ခဲ့ပြီး ယခုအပတ်မှာ ယခင်အပတ်ကတင်ပို့ခဲ့ခြင်းမရှိတဲ့ ဆေးမြင်းခွာ နဲ့ ရှားစေးများ တင်ပို့မှု ရှိခဲ့ပါတယ်။ မိချောင်းကွမ်းဖတ်စေ့၊ တောဂျင်း၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ နနွင်းတက်၊ ရွေးရွက်၊ စကားပန်းပွင့်ခြောက်နဲ့ ကျောက်ဂျင်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။  MIRT (DOBT)

Monday, 27 Jun 2011

ပထမ ၅ လကာလတွင် ယူနန်ပြည်နယ်ရဲ့ ပြည်ပကုန်သွယ်မှု တိုးတက်လာ               ကူမင်းခရိုင် အကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်အရ ယခုနှစ်ပထမ ၅ လတာကာလမှာ ယူနန် ပြည်နယ်ရဲ့ ပြည်ပကုန်သွယ်မှုဟာ ဒေါ်လာ ၅၉ ဒသမ ၅ ဘီလီယံ ရှိပြီး တရုတ်နိုင်ငံတွင် အဆင့် ၂၃ နေရာမှာ ရှိခဲ့တယ်လို့ သိရပါ တယ်။ ယမန်နှစ်အလားတူကာလထက် ၃၁ ရာခိုင်နှုန်း ကျော်တိုး မြှင့်လာခဲ့ပြီး ပို့ကုန်ပိုင်းမှာ ၄၄ ရာခိုင်နှုန်းနဲ့ သွင်း ကုန် ပိုင်းမှာ ၁၇ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။                 ယူနန်ပြည်နယ်မှ ပြည်ပသို့ တင်ပို့တဲ့ထုတ်ကုန် ၆ မျိုးအနက် လျှပ်စစ်ပစ္စည်းကိရိယာမှာ ပထမနေရာ ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံ၊ လယ်ယာထွက်ကုန်ပစ္စည်း ဒုတိယ နေရာဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ၊ ဓါတ် မြေသြဇာ တတိ ယနေရာ ဒေါ်လာ ၃ ဘီလီယံ၊ အထည်အလိပ် စတုတ္ထ နေရာ ၂ ဒသမ ၈ ဘီလီယံ အသီးသီး ရှိတယ်လို့ သိရပါတယ်။ Source: ယူနန်တူးဆိပေါင့် (မြို့ပြ) တင်လတ်

Monday, 27 Jun 2011

ဘင်္ဂလားဒေ့ရှ်မှာ ရင်းနှီးမြှုပ်နံှရန် ခြေစလှမ်းတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ             ဇွန်လလယ်ပိုင်းမှာ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နံှမှုဘုတ်အဖွဲ့ (Board of Investment -B.O.Iနဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒက္ကာမြို့တော်နဲ့ စစ်တကောင်းမြို့တို့သို့ သွားရောက်ပြီး ထိုင်း-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရင်းနှီးမြှုပ်နံှမှု လုပ်ရာမှာ ကောင်းမွန်တဲ့ အဓိကအချက်မှာ အလုပ်သမားပေါများပြီး လုပ်အားခ ဈေးသက်သာခြင်းအပြင် လူဦးရေ သန်း ၁၆ဝ ခန့် ရှိတဲ့အတွက် ပြည်တွင်းဈေးကွက် ကြီးမားတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဥရောပအဖွဲ့ဝင်နိုင်ငံများ အမေရိကန် နိုင်ငံနဲ့ ကူးသန်းရောင်းဝယ်မှု အထူးအခွင့်အရေး ရရှိထားတဲ့နိုင်ငံတစ်ခု လည်းဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရင်းနှီးမြှုပ်နံှရန် စိတ်ဝင်စားနေတာလို့ သိရပါတယ်။ Source: ထိုင်းရတ်သတင်းစာ သောင်းနိုင်

Monday, 27 Jun 2011

မောင်တောနယ်စပ်မှ ရေထွက်ကုန်တင်ပို့မှု ကန်ဒေါ်လာ ၈ သောင်းနီးပါးရှိ                ဇွန်လ ၁၅ ရက်မှ ၂၁ရက်ထိကာလအတွင်း မောင်တော နယ်စပ်မှ ကန်ဒေါ်လာ ၅၉၈၈ဝ တန်ဖိုးရှိ ရေငန်ပုစွန် ၁ဝ ဒသမ ၃၂ဝ တန်၊ ကန်ဒေါ်လာ ၁၆၉၅၉ ဒသမ ၆ဝ တန်ဖိုးရှိ ငါးစုံလေးခြောက် ၂၈ ဒသမ ၂၆၆တန်၊ ကန်ဒေါ်လာ ၃ဝဝဝ တန်ဖိုးရှိ ငါးကုန်းညိုခြောက် ၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် ရေထွက်ပစ္စည်းတင်ပို့မှုများ ကို နှိုင်းယှဉ်ကြည့်တဲ့အခါ ရေငန်ပုစွန် ၇ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိတဲ့ ငါးစုံ လေးခြောက် ၂၈ တန်ကျော်နဲ့ ငါးကုန်းညိုခြောက် ၂ တန်ကို ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ မြင့်မြင့်မာ(MIRT)

Monday, 27 Jun 2011

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                  မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                                     ယခုအပတ်                         ယခင်အပတ်ပစ္စည်းအမည်     ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                          (ကျပ်)           (ယွမ်)                    (ကျပ်)          (ယွမ်)ပဲတီစိမ်း                တန်          ၇၆၇၇၆၃      ၇၆ဝဝ                    ၈၇၈၄၇၃        ၈၂၅ဝပြောင်းဖူးစေ့          တန်           ၂၁၉ဝ၂၁      ၁၉ဝဝ                   ၂၂၂၉၁၂        ၁၉ဝဝနှမ်းဖြူ                  တန်           ၉၈၅၁၇၅       ၈၉ဝဝ               ၁ဝဝ၃၇ဝ၆        ၈၅၈ဝစိုးနိုင်                မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင် တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                  ယခုအပတ်                            ယခင်အပတ်ပစ္စည်းအမည်     ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                           (ကျပ်)          (ရူပီး)                   (ကျပ်)         (ရူပီး)ကွမ်းသီး             တန်             ၈၉၂၅ဝဝ       ၅၄ဝ၄ဝ               ၈၉၂၅ဝဝ        ၅၄ဝ၄ဝမုန့်မိုျးစုံ             ကီလို             ၁၃ဝဝ            ၂၉                    ၁၃ဝဝ              ၂၉ဝက်(အရှင်)        ကီလို             ၂ဝဝဝ            ၉၈                    ၂ဝဝဝ              ၉၈                မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-                                                 ယခုအပတ်                            ယခင်အပတ်ပစ္စည်းအမည်       ရေတွက်ပုံ   မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                             (ကျပ်)        (တာကာ)                (ကျပ်)     (တာကာ)သရက်သီး               တန်          ၁၈၁၅ဝဝ     ၁၅၉၂၁                ၁၈၁၅ဝဝ      ၁၅၉၂၁ငါးနီတူခြောက်          တန်          ၁၉၃၂ဝဝဝ   ၁၆၈ဝဝဝ              ၁၉၃၂ဝဝဝ    ၁၆၈ဝဝဝရေငန်ပုစွန်              တန်          ၅ဝ၆၅၂ဝဝ    ၄၄ဝ၄၅၂             ၅ဝ၆၅၂ဝဝ    ၄၄ဝ၄၅၂ငါးစုံလေးခြောက်        တန်          ၅ဝ၄ဝဝဝ     ၄၃၈၂၆               ၅ဝ၄ဝဝဝ      ၄၃၈၂၆                                                                                                မြတ်မြတ်ထွန်း  

Sunday, 19 Jun 2011

ထိုင်းနိုင်ငံမှ သကြားတင်ပို့မှု စံချိန်ချိုးရန် မျှော်မှန်း                   ကြံနဲ့ သကြားဘုတ်အဖွဲ့ရုံး (Office of the Crane & Sugar Board - OCSB) က ယခုနှစ်မှာ သကြားတန် ချိန် ၇ ဒသမ ၁၅ သန်းတင်ပို့ပြီး စံချိန် တင်နိုင်မယ်လို့ မျှော်မှန်းလျက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းမှာ မိုးသည်း ထန်စွာရွာသွန်းမှုဟာ ကြံထုတ်လုပ်မှုကို အင်အားတစ်ရပ် ဖြစ်စေခဲ့တယ်လို့ အထွေထွေ အတွင်းရေးမှူးချုပ် ပရာ ဆပ်ကိုပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ကမ္ဘာ့သကြားဈေးဟာ တစ်ပေါင်ကို ၃၅ဆင့်နဲ့ နှစ် ၃ဝ အတွင်း အမြင့်ဆုံးဈေးကို ရောက်ရှိခဲ့ခြင်းဟာ ကြံစိုက်ပျိုးသူများအတွက် တွန်းအား တစ်ရပ်လည်း ဖြစ်စေခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ဘဏ္ဍာနှစ်မှာ အစိုးရ  က ကြံတစ်တန်အပေါ် ထောက်ပံ့ငွေ ဘတ် ၁ဝဝ ကျော် ထုတ်ပေးခဲ့ခြင်းကလည်း ဆွဲဆောင်မှုတစ်ရပ် ဖြစ်စေ ခဲ့ပါတယ်။ ဒီနှစ်ကြံရာသီမှာ ကြံတစ်တန်အတွက် အခြေခံဈေး ၉၄၅ ဘတ် သတ်မှတ်ပေးထားသော်လည်း ထုတ်လုပ်မှုစရိတ် မြင့်မားတဲ့အတွက် ကြံစိုက်ပျိုးသူများက ဘတ် ၁ဝဝဝ ကျော်သတ် မှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ကြံတန်ချိန် ၉၅ ဒသမ ၅ သန်းခန့် ကြိတ်ဝါးနိုင်ပြီး ၂ဝဝ၉- ၂ဝ၁ဝ မှ ၆၈ ဒသမ ၅ သန်းသာ ကြိတ် ဝါးနိုင်ခဲ့ပါတယ်။ ယခင်နှစ်က ကြံ တန်ချိန် ၉ ဒသမ ၆၅ သန်းထုတ်လုပ်ပြီး သကြားတန် ၄ ဒသမ ၆၃ သန်း တင်ပို့ နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ ၇ ဒသမ ၁၅ သန်းထိ တိုးတင်ပို့ရန် မျှော်မှန်းထားပါတယ်။ OCSB က ယခုနှစ် အစောပိုင်း မှာ ပြည်တွင်းစားသုံးမှု မပြတ်လပ်စေ ရေး အရန်အဖြစ် သကြားတန် ၃ သိန်း ထားရှိရန် သတ်မှတ်ထားပါတယ်။ လတ်တလောမှာ ကမ္ဘာ့သကြား ဈေးဟာ ၁ ပေါင်ကို ၂၂ ဒသမ ၅ဝ ဆင့်ဖြစ်ပြီးဈေးကွက်အတွင်း သကြားစီး ဝင်မှုများလာတဲ့အတွက် ဈေးအနည်း ငယ်ကျသွားတယ်လို့ သိရပါတယ်။ အဓိက သကြားထုတ်လုပ်တဲ့ ဘရာဇီး၊ သြစတြေးလျတို့မှာ သဘာဝ ဘေးဒဏ်ကြောင့် ထုတ်လုပ်မှုကျဆင်း နေတဲ့အပြင် ဘရားဇီးအပါအဝင် နိုင်ငံ အချို့မှာ လောင်စာဆီဈေး မြင့်တက်မှုကို တုံ့ပြန်ရန်သကြားမှ အီသနော ထုတ်လုပ်ရေး ကြိုးပမ်းလာတဲ့အတွက် သကြားသုံးစွဲမှု တိုးတက်လာမယ်လို့ သိရပါတယ်။ Source; Bkk Post သောင်းနိုင်၊(တာချီလိတ်)

Sunday, 19 Jun 2011

နယ်စပ်ပရဆေး ကုန်ကြမ်းကုန်သွယ်မှု             မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာ ဝဒသမ ဝဝ၁ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၄ ဒသမ ၃ တန်တင်သွင်းမှုရှိခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂၈၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၃၃ တန်ကျော် ယခုအပတ်မှာ တင်ပို့မှု ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် တင်ပို့ခဲ့ တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ နနွင်းတက် တန် ၄ဝကျော်၊ နနွင်းခေါင်း ၁ဝ တန်ခန့်၊ ကွမ်းစားဂမုန်း ၄၃ တန်၊ မိချောင်းကွမ်းဖတ်စေ့ ၂၆ တန်၊ မာလာဥခေါင်း ၁၅ တန်ခန့်နဲ့ မာလာဥ ၂၁ တန်ကျော်၊ တောချင်း တန် ၂ဝ ကျော်၊ ဒရင်ကောက်မြစ် ၁၄ တန်ကျော်၊ အုံတုံခေါက် ၁၈ တန်ခွဲ၊ ကြောင်ပန်းစေ့ ၂၄တန်၊ ကြောင်လျာစေ့ ၈ တန်ကျော်၊ တောင်လုံးကျော် ၄တန်ကျော်၊ ရွေးရွက် ၁ဝ တန်ခန့်၊ စကားပန်းပွင့်ခြောက် ၁၉တန်ခန့်၊ ဖန်းခါးသီးခြောက် ၄၆ တန် ခန့်၊ စမုံနက် ၃ တန်ခန့်၊ ကျောက်ဂျင်း ၂ တန်ကျော်၊ ဆေးမြင်းခွာ ဝ ဒသမ ၉ တန်နဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ) ၉ တန်ကျော် စုစုပေါင်း ၃၃၃ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၈၃ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ၂၄ တန်ခန့် ပရဆေး ကုန်ကြမ်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ကွမ်းစားဂမုန်း၊ မိချောင်း ကွမ်းဖတ်စေ့၊ မာလာဥနဲ့ မာလာဥ ခေါင်း၊ တောချင်း၊ ဒရင်ကောက်မြစ်၊ တောင်လုံးကျော်၊ စကားပန်းပွင့် ခြောက်နဲ့ ဖန်ခါးသီးခြောက်များ ယခင် အပတ်တင်ပို့မှုထက် ပိုမိုခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်း၊ နနွင်း ခေါင်း၊ အုံတုံခေါက်၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့နဲ့ ရွေးရွက်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။MIRT (DOBT)

Sunday, 19 Jun 2011

နယ်စပ်စခန်းများရဲ့ သစ်သီးဝလံ ကုန်သွယ်မှု                ရာသီသီးနံှသရက်သီးများ နယ်စပ်စခန်းများမှ ဆက်လက်တင်ပို့လျက်ရှိရာ ကန်ဒေါ်လာ ၁ ဒသမ ၃၇၈ သန်း တန်ဖိုးရှိ သရက်သီးများ မူဆယ်မှ ၄၂၂၈ တန်ကျော်၊ မောင်တော မှ တန် ၉ဝ ကျော်နဲ့ တမူးမှ ၁၈ တန် အသီးသီးတင်ပို့ခဲ့ ပါတယ်။ မူဆယ်က ယခင်အပတ်ကတင်ပို့မှုထက် တန် ၈၃ဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပြီး နယ်စပ်စခန်းအားလုံးတင်ပို့မှု အနေနဲ့ တန် ၇၅ဝ ကျော် လျော့နည်းခဲ့ပါတယ်။ ယခု အပတ်မှာ သရက်ပြားခြောက် တန် ၂ဝဝ ကျော်ကန်ဒေါ်လာ ဝ ဒသမ ၁၈၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် တင်ပို့မှုထက် ၃၆ တန် လျော့နည်းတင်ပို့နိုင်ခဲ့ပါတယ်။ ကန်ပိုက်တီးနယ်စပ်မှ တစ်သျှုးငှက်ပျော ၇၄၅ တန် ကျပ် ၇၄ ဒသမ ၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်က ထက် တန် ၃၃၃ဝ ကျော် လျော့နည်းခဲ့ပါတယ်။ မိုးတွင်းကာလ ရောက်ပြီဖြစ်၍ မတ်စောက်သော တောင်တက်လမ်း များကို ဖြတ်သန်းသယ်ဆောင်နေရတဲ့အတွက် တင်ပို့မှုကျခဲ့ရ တာ ဖြစ်ပါတယ်။                  မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၂ သန်း တန်ဖိုးရှိ ပန်းသီး ၈၈ တန်နီးပါး တင်သွင်းမှုရှိ ခဲ့ပြီးတမူးနယ်စပ် မှ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၁ သန်းတန်ဖိုးရှိ ချင်းတောင် ပန်းသီး ၄ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ တမူးနယ်စပ်မှ ပန်းသီးအပြင် ကန်ဒေါ်လာ ဝ ဒသမ ဝဝ၂ သန်း တန်ဖိုးရှိ ခရမ်းချဉ်သီး ၇ တန်လည်း ယခုအပတ် မှာ တင်ပို့မှုရှိခဲ့ပါ တယ်။ MIRT (DOBT)

Sunday, 19 Jun 2011

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                  မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                             ယခုအပတ်                                    ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                         (ကျပ်)         (ယွမ်)                      (ကျပ်)          (ယွမ်)ပဲတီစိမ်း              တန်        ၈၇၈၄၇၃       ၈၂၅ဝ                   ၁ဝ၂၆၂၂၃      ၈၂၅ဝပြောင်းဖူးစေ့        တန်         ၂၂၂၉၁၂       ၁၉ဝဝ                 ၂၂၆၁၁၁         ၁၈၈ဝနှမ်းဖြူ                တန်         ၁ဝဝ၃၇ဝ၆    ၈၅၈ဝ                  ၁ဝ၄၇ဝ၉၉       ၈၅၃ဝ                                                                                                          စိုးနိုင်                     မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                ယခုအပတ်                                ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                            (ကျပ်)           (ရူပီး)                     (ကျပ်)           (ရူပီး)ကွမ်းသီး            တန်            ၈၉၂၅ဝဝ      ၅၄ဝ၄ဝ                   ၈၉၂၅ဝဝ          ၅၄ဝ၄ဝမုန့်မျိုးစုံ            ကီလို                ၁၃ဝဝ         ၂၉                           ၁၃ဝဝ          ၂၉ဝက်(အရှင်)       ကီလို               ၂ဝဝဝ           ၉၈                          ၂ဝဝဝ          ၉၈                            မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-                                              ယခုအပတ်                                     ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                            (ကျပ်)           (တာကာ)                 (ကျပ်)        (တာကာ)သရက်သီး            တန်         ၁၈၁၅ဝဝ        ၁၅၉၂၁                 ၁၈၁၅ဝဝ          ၁၅၉၂၁ငါးနီတူခြောက်      တန်        ၁၉၃၂ဝဝဝ       ၁၆၈ဝဝဝ              ၁၉၃၂ဝဝဝ        ၁၆၈ဝဝဝရေငန်ပုစွန်          တန်         ၅ဝ၆၅၂ဝဝ        ၄၄ဝ၄၅၂             ၅ဝ၆၅၂ဝဝ        ၄၄ဝ၄၅၂ငါးစုံလေးခြောက်   တန်          ၅ဝ၄ဝဝဝ        ၄၃၈၂၆                ၅ဝ၄ဝဝဝ          ၄၃၈၂၆                                                                                                            မြတ်မြတ်ထွန်း

Pages