Background
နယ်စပ်မှ ပရဆေးကုန်ကြမ်း တန် ၄ဝဝ ကျော် တင်ပို့ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၄၇၉ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄ဝ၆ တန်ကျော်ကို မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပရဆေးကုန်ကြမ်း ၃၉၅ တန်ကျော် တင်ပို့ခဲ့တာမို့ သိသိသာသာ ပိုမိုတင်ပို့ခြင်း မရှိသော်လည်း ၁၁ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ယခုအပတ် မူဆယ်မှ တင်ပို့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ ကွမ်းစားဂမုန်း ၁၂၅ တန်ခန့်၊ မိကျောင်းကွမ်းဖတ်စေ့ ၅၆ တန်ကျော်၊ နေလဲစေ့ ၁၆ တန်၊ မာလာဥ တန် ၇ဝ ၊ မာလာဥခေါင်း ၁၈ တန်ကျော်၊ တောဂျင်း ၂ တန်၊ ဒရင်ကောက်မြစ် ၉တန်၊ စမုံစပါး ၁ဝ တန်၊ စမုံနက် ၂ တန်ခန့်၊ ကြောင်ပန်းစေ့ ၁၃ တန်၊ ဖန်းခါးသီးခြောက် ၁၈ တန်ခန့်၊ မုတ်ခါး ၇ တန်ကျော်၊ မျောက်ဥခြောက် ၁၇ တန်၊ တောဂျုးမြစ် ၂၆ တန်ကျော်နဲ့ စကားပန်းပွင့်ခြောက် ၁၆ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုရန်အတွက် မြန်မာပရဆေးများ တရုတ်ဈေးကွက်မှာ နေရာရနေတာဖြစ်ပါတယ်။ MIRT (DOBT)
ရာသီကုန်ဆုံး ရှောင်ဖယ်ပုန်းတော့မယ့် ဖရဲသီး လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်နှစ် တစ်ကြိမ် လှိုင်လှိုင်တင်ပို့တဲ့ ဖရဲသီးဟာ မေလဆန်းလောက် ကစပြီး ပျောက်ကွယ်စပြုလာပါတယ်။ ဒီနှစ် မတ်လမှာ ဖရဲသီး တန်ချိန် ၁၂၉၃ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ် မတ်လမှာ တန်ချိန် ၂၇၆၈ ခန့် တင်ပို့နိုင်ခဲ့ပေမဲ့ ဒီနှစ်မှာ ရာသီဥတု အခြေအနေ အပြောင်းအလဲတွေကြောင့် ဖရဲသီး အထွက်နောက်ကျခဲ့ပြီး မတ်လအတွင်း တန်ချိန် ၁၄၇၅ ခန့် တင်ပို့မှုလျော့နည်းခဲ့တာတွေ့ရှိရပါတယ်။ ဧပြီလမှ တန်ချိန် ၆၃၈၅ ခန့်တင်ပို့ခဲ့ပြီး ယခင်နှစ် ဧပြီလမှာ တန်ချိန် ၄၈၈၆ ခန့်ပဲ တင်ပို့နိုင်ခဲ့တာ တွေ့ရှိရပါတယ်။ မေလဆန်းပိုင်းမှာ တန်ချိန် ၁၆၅ ခန့်တင်ပို့နိုင်ခဲ့ တာတွေ့ရှိရပေမဲ့ ယခင်နှစ် မေလမှာတော့ တင်ပို့မှု မရှိခဲ့တာတွေ့ရှိရပါတယ်။ ယခင် နှစ်က တန်ချိန် ၇၆၅၄ ခန့်တင်ပို့နိုင်ခဲ့တဲ့ ဖရဲသီးဟာ ဒီနှစ်မှာ တော့ တန်ချိန် ၇၈၄၃ ခန့် တင်ပို့နိုင်ခဲ့တာကြောင့် တန်ချိန် ၁၉ဝ နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှစ်စဉ် ဧပြီလ ဝန်းကျင်မှာ ဗန်းမော်ခရိုင် စင်းခန်းဒေသ ရွှေကူမြို့နယ်နဲ့ ကသာခရိုင် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိတဲ့ ဒေသထွက် ဖရဲသီးတွေကို ဗန်းမော်-မိုးမောက်၊ လွယ်ဂျယ် လမ်းကြောင်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံ ယူနန်ပြည်နယ်အတွင်းပိုင်း မြို့များ အထိ ပစ္စည်းအရည် အသွေးကိုကြည့်၍ ဖရဲကားတစ်စီးကို ယွမ် (၄၅ဝဝဝ) မှ ယွမ် (၅၈ဝဝဝ) ခန့်ထိပေး ဝယ်ယူကြပါတယ်။ ကားတစ်စီးမှာ ဖရဲသီး ၁၈ တန်ဝန်းကျင်တင်ဆောင် တယ်လို့သိရပါတယ်။ နကသ (လဂ)၊MIRT
၂ဝ၁၁ ခုနှစ်အတွင်း မဲဆောက်၌ အထူးစီးပွားရေးနယ်မြေအပြီး တည်ဆောက်သွားရန် အတည်ပြု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အထူးစီးပွားရေးနယ်မြေတည်ထောင်ရန် ဝန်ကြီးအဖွဲ့အစည်းအဝေးက အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း စက်မှုဝန်ကြီးနိုင်းချိုင်းယဂွတ်ဘန်နဝပ်က မေလ ၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ မဲဆောက်မြို့နယ်ထဆိုင် လွတ်ရပ်ကွက်၊ မဲ့ပလဲရပ်ကွက်နယ်မြေအတွင်း တည်ထောင်မှာဖြစ်ပြီး သစ်တောဌာနမှ မြေဧက ၅၆ဝဝ ခန့်ကို ငှားရမ်း တည်ထောင်သွားမှာ ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ဝန်ကြီးဌာနများ ပူးပေါင်းဆွေးနွေးဆုံးဖြတ်လုပ်ဆောင်သွား ကြမှာလို့သိရပါတယ်။ အထူးစီးပွားရေးနယ်မြေအတွင်း ကျင့်သုံးမဲ့ စည်းမျဉ်းအား ရေးဆွဲနေဆဲဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ဒေသ ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ တပ်ခရိုင်အုပ်ချုပ်ရေးမှူး နိုင်းဆာမတ်လွယ်ဖားကဆိုပါတယ်။ ထိုင်း-မြန်မာ ဆက်သွယ်မှုကတစ်ဆင့် ဘင်္ဂလားဒေ့ရှ် အိန္ဒိယ-မြန်မာ-သီရိလင်္ကာ-ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဒေသတွင်းအဖွဲ့ (BIMST-EC)နဲ့ ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ မဲဆောက်မြို့နယ်အထူးစီးပွားရေးနယ်မြေမှာ One Stop Services ထုတ်ကုန် သွင်းကုန်၊ အပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်း၊ Logistic Park ပစ္စည်းသိုလှောင်ရုံ၊ အကောက်ခွန်ဂိတ်၊ လူဝင်မှု စစ်ဆေးရေးဂိတ်၊ နေအိမ်ပန်းခြံများပါ ထည့်သွင်းဆောက်လုပ်သွားမှာဖြစ်ပြီး ၂ဝ၁၁ ခုနှစ်အတွင်း အပြီး တည်ထောင်မယ်လို့သိရပါတယ်။ Source: ဘန်ကောက်၊သောင်းနိုင်
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၈ဝ၄၁၁ဝ ၆၅၈ဝ ၈၅၆၉၇၅ ၇၁၈ဝပြောင်းဖူးစေ့ တန် ၂၃၄၁၉ဝ ၁၈၃ဝ ၂၃၈၈၅ဝ ၁၇၈ဝနှမ်းဖြူ တန် ၁ဝဝ၇၁၄ဝ ၈၇၅ဝ ၁၁၈၅၈၂ဝ ၈၉ဝဝ စိုးနိုင် မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင် တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝမုန့်မျိုးစုံ ကီလို ၁၃ဝဝ ၂၉ ၁၃ဝဝ ၂၉ဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)သရက်သီး တန် ၁၈၁၅ဝဝ ၁၅၉၂၁ ၁၈၁၅ဝဝ ၁၅၉၂၁ငါးနီတူခြောက် တန် ၁၉၃၂ဝဝဝ ၁၆၈ဝဝဝ ၁၉၃၂ဝဝဝ ၁၆၈ဝဝဝရေငန်ပုစွန် တန် ၅ဝ၆၅၂ဝဝ ၄၄ဝ၄၅၂ ၅ဝ၆၅၂ဝဝ ၄၄ဝ၄၅၂ငါးစုံလေးခြောက် တန် ၅ဝ၄ဝဝဝ ၄၃၈၂၆ ၅ဝ၄ဝဝဝ ၄၃၈၂၆ မြတ်မြတ်ထွန်း
နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု ယခုအချိန်ဟာ သရက်သီး ရာသီချိန်ဖြစ်တာနဲ့အညီ မူဆယ်နယ်စပ်မှသာမက မောင်တော နယ်စပ်မှလည်း တစ်ဘက်အိမ်နီးချင်းနိုင်ငံများသို့ သရက်သီးများတင်ပို့လျက် ရှိပါတယ်။ မေလ ၄ ၇က်မှ ၁ဝ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ဝ ဒသမ ၆၈၃ သန်း တန်ဖိုးရှိ စိန်တစ်လုံးသရက် ၁၂၇၄ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၃၅၇ သန်းတန်ဖိုးရှိ ရွှေဟင်္သာသရက်တန် ၁ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောနယ်စပ်မှ ဒေသထွက်သရက်သီးအကြမ်း ၂၁ တန်၊တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ဝဝ ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ သရက်သီးအပြင် သရက်ပြား ခြောက်လည်း တန် ၂ဝဝ ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင် အပတ်က မူဆယ်မှ သရက်သီးတင်ပို့မှုထက် ယခုအပတ်မှာ တန် ၁၄၁ နီးပါး တင်ပို့မှု လျော့နည်းခဲ့သော်လည်း မောင်တောနယ်စပ်မှ ယခုအပတ်မှာ ၁၆ တန် ယခင်အပတ်က ထက် ပိုတင်ပို့နိုင်ခဲ့ပါ တယ်။ မူဆယ်နယ်စပ်မှာ သရက်သီးများကို ၁၅ ကီလိုပါ ဂျပ်ဘူးများနဲ့ တင်ပို့နေတာဖြစ်ပြီး ၁ ဖာကို ယွမ် ၆ဝ မှ ၇ဝ ဈေးပေါက်လျက်ရှိပြီး အရိုင်းသီး ၁ ဖာကို ၁၅ ယွမ်ဈေးပေါက်လျက်ရှိတယ်လို့သိရပါတယ်။ တန်ချိန်ဈေးကတော့ တစ်တန်ကို ၅၅၇၅၁ဝ ကျပ်ဝန်းကျင် ဈေးပေါက်လျက်ရှိပါတယ်။ ဖရဲသီးရာသီချိန် မဟုတ်တော့ပေမဲ့ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၅၉၈ သန်း တန်ဖိုးရှိ ဖရဲသီးတန် ၃၈၆ဝ မူဆယ်နယ်စပ်မှ တင်ပို့နိုင် ခဲ့ပါ တယ်။ မိမိဘက်က သစ်သီးဝလံတင်ပို့မှု ရှိသလို တစ်ဖက် နိုင်ငံမှ လည်း ကန်ဒေါ်လာ ၃၂ဝဝဝ တန်ဖိုးရှိ ပန်းသီးတန် ၁ဝဝ ကိုတရုတ်နယ်စပ်မှ ယခုအပတ်မှ တင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT )
တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ကုန်များ နယ်စပ်မှတင်ပို့ မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၆၅၇ သန်းတန်ဖိုးရှိ အေးခဲ အမဲသား ၂၂၆ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ဝဝ၈ သန်းတန်ဖိုးရှိ ကွဲျနွားသားရေ ၁၅ တန် တစ်ဖက် နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး ရိဒ်နယ်စပ်မှ ကျပ် ၆ ဒသမ ၆၉ သန်းတန်ဖိုးရှိ ဝက်အရှင် ၄၈၈၈ ကီလိုကို တစ်ဖက်နိုင်ငံ အိန္ဒိယသို့ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ရေထွက်ကုန်ငါးရှဉ့် ၁၂၇ တန်ကျော်၊ ကဏန်းအရှင် ၈၄ တန်ကျော်နဲ့ ရေငံငါးမိုျးစုံ ၆၃ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၉၂ သန်းဖိုးတင်ပို့မှုရှိခဲ့ပါတယ်။ MIRT(DOBT)
ဒေသထွက်ကုန် ရွှေဖရုံ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အင်အား တစ်ခုဖြစ်တဲ့ ရွှေဖရုံသီးတင်ပို့မှုကတော့ အံသြစရာ လို့ဆိုနိုင်ပါတယ်။ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ကွမ်းလုံမြို့နယ်နှင့် ချင်းရွှေဟော်မြို့နယ်ခွဲကြားရှိ နမ့်တိန် ချောင်းနံဘေးကားလမ်းမပေါ်မှာတည်ရှိတဲ့ သာယာ လှပသော စခန်း တစ်ခုဖြစ်ပါတယ်။ ကွမ်းလုံမြို့နယ်ရှိ ကောင်းခါး၊ ကုန်းညောင်၊ ကောင်းကဲျ၊ နမ့်ဟူးစသော ရွာများမှာ ရွှေဖရုံသီး အထွက်များသော ရွာများဖြစ်ပြီး ဟိုပန်မြို့နယ်မှ မန့်မိုင်၊ နမ့်လံျှ၊ ဟေးနား၊ မော်ဟွေ့၊ နောင်ဟီး၊ မိန်ပန်းစသည့်ရွာများဟာလည်း ရွှေဖရုံသီး ထွက်အား အကောင်းဆုံးရွာများဖြစ်ပါတယ်။ နေ့စဉ် နံနက် (ဝ၄းဝဝ) နာရီ (ဝ၅းဝဝ) အချိန် ၎င်းရွာများက ကုမ္ပဏီသို့ လာရောက် ပေးပို့နေသော ရွှေဖရုံသီးကားတန်း ကြီးမှာ တာဝန်သိ၊ လယ်သမား၊ ကိုင်းသမားတို့ရဲ့ နိုင်ငံတော် အခွန်ဘဏ္ဍာတိုးပွားမှု အတွက် အားရကျေနပ်ဖွယ် ကောင်းသော မြင်ကွင်းတစ်ရပ် ဖြစ်ပါတယ်။ ယခင်နှစ်က ရွှေဖရုံသီးတင်ပို့မှုမှာ တန် ၄ဝဝ ဖြစ်ပြီး၊ ယခု နှစ်ဦးပိုင်းပထမလမှာ တင်ပို့မှုက တန် ၂၅ဝ ရှိတဲ့အတွက် ယခင်နှစ် တစ်နှစ်လုံးတင်ပို့မှုအပေါ် ရာခိုင်နှုန်း ၆ဝ ကျော် ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ ရွှေဖရုံသီး တင်ပို့မှုတိုးတက်လာခြင်းဟာ ဒေသထွက် တင်ပို့မှု အား ကောင်းလာတဲ့ လက္ခဏာဖြစ်ပါတယ်။ ဆိုင်ဆိုင်
ကန်ပိုက်တီးမှ တစ်သျှူးငှက်ပျော တင်ပို့အားကောင်း မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း ကန်ပိုက်တီးနယ်စပ်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကျပ်သန်း ၂ဝဝ ကျော်တန်ဖိုးရှိ တစ်သျှူးငှက်ပျော တန် ၂ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလ တစ်လလုံးမှာ တစ်သျှူးငှက်ပျော တန် ၄၇၆ဝ ကျော် တန်ဖိုးအားဖြင့် ၄၇၆ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလအတွင်းမှာ ကန်ပိုက်တီးနယ်စပ်မှ တစ်သျှူးငှက်ပျောအပြင် ဖရဲသီး တန် ၆ဝ နဲ့ ပီလောပီနံ ၁၄၄ တန်လည်းတင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source:နကသ MIRT (DOBT)
နယ်စပ်မှ ပရဆေး တန် ၅ဝဝ နီးပါးတင်ပို့ မေလ ၄ ရက်မှ ၁ဝ ရက်ထိ ကာလ အတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် နိုင်ငံ သို့ကွမ်းစားဂမုန်း၊ မိကျောင်းကွမ်း ဖတ်စေ့၊ နေလဲစေ့၊ မာလာဥ၊ မာလာဥ ခေါင်း၊ တောင်လုံးကျော်၊ တောဂျင်း၊ ဒရင် ကောက်မြစ်၊ စမုံနက်၊ ကြောင်ပန်းစေ့၊ ဖန်ခါးသီးခြောက်၊ ရှားစေး၊ ရှိန်းခို၊ တောဂျူးမြစ်နဲ့ စကားပန်းပွင့် ခြောက်များကို ၃၉၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၃ သန်းဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ MIRT (DOBT)
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၈၅၆၉၇၅ ၇၁၈ဝ ၈၇၄၇၇၄ ၇၁၈ဝပြောင်းဖူးစေ့ တန် ၂၃၈၈၅ဝ ၁၇၈ဝ ၂၄၂၅၃၆ ၁၈၂ဝနှမ်းဖြူ တန် ၁၁၈၅၈၂ဝ ၈၉ဝဝ ၁၁၉၁၂၈ဝ ၈၉ဝဝ စိုင်းနိုင် မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချိုကရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝမုန့်မိုျးစုံ ကီလို ၁၃ဝဝ ၂၉ ၁၃ဝဝ ၂၉ဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သရက်သီး၊ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံတက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)သရက်သီး တန် ၁၈၁၅ဝဝ ၁၅၉၂၁ ၁၈၁၅ဝဝ ၁၅၉၂၁ငါးနီတူခြောက် တန် ၁၉၃၂ဝဝဝ ၁၆၈ဝဝဝ ၁၉၃၂ဝဝဝ ၁၆၈ဝဝဝရေငန်ပုစွန် တန် ၅ဝ၆၅၂ဝဝ ၄၄ဝ၄၅၂ ၅ဝ၆၅၂ဝဝ ၄၄ဝ၄၅၂ငါးစုံလေးခြောက် တန် ၅ဝ၄ဝဝဝ ၄၃၈၂၆ ၅ဝ၄ဝဝဝ ၄၃၈၂၆ မြတ်မြတ်ထွန်း