Main menu

Background

Thursday, 2 Jan 2020

ဆောင်းနှင်းတို့ဝေသီလျက်ရှိသော   ဒီဇင်ဘာလ၏ နံနက်ခင်းတစ်ခုတွင်   မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အတွင်း   တရုတ်နိုင်ငံသို့ မြန်မာ့ပျားရည်များ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတဲ့  Golden Myanmar Apiary Co. Ltd.

Thursday, 2 Jan 2020

   ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း  မြန်မာ-တရုတ် နယ်စပ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ  ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန်ကိုးထောင်ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၅၅၀ဝ ကျော်၊  ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ တန်ချိန် ၄၀ဝ နီးပါး၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  တန်ချိန် ၁၃၀ဝ ကျော်နှင့်   မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၂၀ဝ၀ တင်ပို့ခဲ့ပါ သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက  တန်ချိန် ၈၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်းသိရသည်။

Thursday, 2 Jan 2020

     ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်များ လျှောက်ထားနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းမရှိသည့်  သမဝါယမအသင်းလီမိတက်များအား ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊  တစ်ဦးချင်း  ကုန် သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်(ITC)၊ တစ်ဦးချင်း ကုန်သွယ်ခွင့်ပါမစ် မှတ်ပုံတင်များအား Code နံပါတ်များဖြင့် မှတ်ပုံတင်များခွင့်ပြု ထုတ်ပေးလျက်ရှိပါသည်။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်  ထုတ်ပေးသည့်စနစ်အား Myanmar Tradenet 2.0 စနစ်အဖြစ် အဆင့်မြှင့်တင်အကောင်ထည်ဖေ

Tuesday, 24 Dec 2019

       ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက် သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်နှင့်မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာနှစ်သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန်တစ်သောင်းကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၄၈၀ဝ နီးပါး၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၆၀ဝ နီးပါး၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ   တန်ချိန် ၄၀ ၊ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ   တန်ချိန် ၃၁၀ဝ ကျော်နှင့်   မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ   တန်ချိန် ၁၅၀ဝ တင်ပို့ခဲ့သည်။ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ် ပါက တန်ချိန် ၆၀ဝ နီးပါးပိုမိ

Tuesday, 24 Dec 2019

     Myanmar Tradenet 2.0 အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအား စနစ်အသုံးပြုပုံနှင့်ပတ်သက်၍ Awareness ပြုလုပ်သည့် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)၊ ညီလာခံခန်းမ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

Wednesday, 18 Dec 2019

    ပင်လယ်ရေကြောင်းမှ တရားမဝင် ကုန်စည် ဝင်ရောက်မှုများကို ရေကြောင်းရဲများဖြင့် ထိရောက် စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။ ဒီဇင်ဘာ ၈ ရက်က ကုန်သည်စက်မှုအသင်း ချုပ်တွင် ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်း ရှင်များ လစဉ်ပုံမှန် တွေ့ဆုံပွဲ (၃၁) ကြိမ်မြောက်တွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စရပ်ကို ယခင်က နယ်မြေအခြေ အနေ၊ နိုင်ငံရေး အခြေအနေအရ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါ အမှန်တကယ် စည်းကမ်းချိုးဖောက်သည့်အဖွဲ့များကို ထိထိရောက် ရောက် အရေးယူရန်

Wednesday, 18 Dec 2019

     (၁၄) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှု  ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို  ဒီဇင်ဘာ ၁၀  ရက်တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကျင့်ချိန် သိဟိုင်ဟိုတယ်၌ တရုတ်စံတော်ချိန် နေ့လယ် ၁၄ါ်၃၀ နာရီအချိန်မှ ၁၉ါ်ဝ၀ နာရီအထိ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ဦးဆောင်ပါဝင်သော ကိုယ်စားလှယ် ၄၉ ဦးနှင့်  တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကုန်သွယ်ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.

Friday, 13 Dec 2019

     ၂၀၁၉ ခုနှစ် နိုဝင်ဘာ၂၃ရက်မှ၂၉ရက်အထိ ရခိုင်ပြည်နယ်  စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီ ၃၆၆ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တွင် ကြက်သွန်နီ ၇၁၀ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ကြက်သွန်နီ အရေအတွက်တင်ပို့နိုင်မှု လျော့နည်းသွားကြောင်း သိရသည်။ ယခုတစ်ပတ် ကြက်သွန်နီတင်ပို့နိုင်မှု ငွေပမာဏမှာ၂၆၂၄၀ဝ ဒေါ်လာတင်ပို့မှုရှိခဲ့သည်။ နိုဝင်ဘာ၂၃ရက်မှ၂၉ရက်အထိရခိုင်ပြည်နယ်၊စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးမြစ်ချင်း ၂၁၀ ဒသမ ၄၅၅ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်မှာ ငါးမြစ်ချင်း ၁၃၈ ဒသမ ၂  တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ငါးမြစ်ချင်း အရေအတွက် ပိုမိုတင်ပို့န

Thursday, 5 Dec 2019

       အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဦးဆောင်၍ လာအိုနိုင်ငံမှ  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များသည် လာအို နိုင်ငံအတွက် လိုအပ်သော  မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း များ တင်ပို့နိုင်ရေးအတွက် နိုဝင်ဘာ ၁၄ ရက်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့နှင့် လည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်သောအဖွဲ့နှင့်လည်းကောင်း  လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။

Thursday, 5 Dec 2019

       “မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ”အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်  မင်္ဂလာခန်းမ၌  ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအောင်ထူး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မူပိုင်ခွင့်ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် လုပ်ငန်းရှင်များအား Awareness ရရှိစေရန်နှင့် ကုန်အ

Pages