Main menu

Background

Monday, 16 Mar 2020

        တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖရဲ၊ သခွားရောင်းဝယ်မှုများ ပြန်လည် ကောင်းမွန်စပြုလာပြီဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့် အထိ ဈေးနှုန်းမြင့်တက်လာကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည် ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က မတ် ၆ ရက်တွင် ပြောသည်။ လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွား နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် ရောဂါကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်လုနီးပါးဖြစ်နေသည် မှာ ရက်ပေါင်း ၂၀ ကျော်ထိ ရှိလာပြီ ဖြစ်သည်။

Monday, 16 Mar 2020

         မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ဈေးများ ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၈-၅-၂၀၁၂ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး  ပထမအကြိမ် မြန်မာ-အိန္ဒိယ နယ်စပ် ဈေးပူးတွဲကော်မတီအစည်းအဝေးကို ၁၈-၁၀-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်၌ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသော  စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ  ငါးနေရာနှင့် ချင်းပြည်နယ်အတွင်းရှိ ငါးနေရာ စုစုပေါင်း ၁၀ နေရာအား  နယ်စပ်ဈေးများ ဖွင့်လှစ် သွားရန်မူအားဖြင့် သဘောတူခဲ့ကြသည်။ နယ်စပ်ဈေး (Border Haats) ဆိုသည့်  ဝေါဟာရနှင့် လုပ်ငန်းစဉ်များကို မိမိတို့အနေဖြင့်  ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ နယ်စပ်ဈေးဖွင့်လှ

Wednesday, 4 Mar 2020

     အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် နှစ်သိန်းကို သတ်မှတ် ကာလထက်ပို၍ ရက်အပိုပေးတင်သွင်းရန်ရှိနေကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။ ယင်းနိုင်ငံသို့ မတ်ပဲတင်သွင်းမှုကို ယခင်ဘဏ္ဍာနှစ် အတိုင်း အချိန်အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သော် လည်း အိန္ဒိယကုမ္ပဏီများက အချိန်ကို ထပ်မံ ပေးရန် တောင်း ဆိုခဲ့သောကြောင့် သတ်မှတ်ကာလအတွင်း တင်သွင်းခြင်း မပြုနိုင်သည့်ပဲများကို ဒေသန္တရအစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ဆက် လက်တင်သွင်းခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

Wednesday, 26 Feb 2020

              ပြည်ပမှ လုပ်ငန်းသုံးယာဉ်အုပ်စုနှင့် ယန္တရားအုပ်စုဝင်မော်တော်ယာဉ်များအား တင်သွင်းခွင့် လိုင်စင်လျှောက်ထားမှုများတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအနေဖြင့် HS Code 8701 မှ 8705 အထိ အကျုံးဝင်သော လုပ်ငန်းသုံးယာဉ်များ တင်သွင်းရာတွင် အတိုင်းအတာ သတ်မှတ်ချက်မှာ Right Vehicle အတွက် OAL (အလျား)-12200 MM, OAW (အနံ)–2500 MM နှင့် OAH (အမြင့်) သာမန်ယာဉ်အတွက်–3.66 M, Container Carrier အတွက် 4.2 M အား သတ်မှတ်ထားကြောင်း၊ Articulated Vehicle (ခေါင်းတွဲ+ ချိတ်ဆွဲထားသည့် နောက်တွဲများ) ၏ စုစုပေါင်း အလျား OAL မှာ 16000 MM နှင့် GVW (Gross + Vehicle We

Friday, 21 Feb 2020

       ထိုင်းနိုင်ငံမှ ၂၂ ဘီးနောက်တွဲပါ ကုန်တင်ယာဉ် နှစ်စီးသည် ဖေဖော်ဝါရီ ၇ ရက်က အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်၍ မြဝတီကုန်သွယ်ရေးဇုန်တွင် အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ကာ မြဝတီ-ကော့ကရိတ်လမ်း ကြောင်းအတိုင်း မောင်းနှင်ပြီးရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက်ကုန်သွယ်မှု စတင်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာမဲခေါင်ခြောက်နိုင်ငံက အတည် ပြုထားသည့် Cross-broder Transport Agreement သဘောတူညီချက် တစ်စိတ် တစ်ပိုင်းဖြစ်သော မဟာမဲခေါင်ဒေသခွဲ၏ ထောက်ပံ့ခြင်း (logistics) တိုးတက်ရေးကို အထောက်အကူပြုမည့် IICBTA( Initial Implementation of a Crossbro

Friday, 21 Feb 2020

     မကွေးတိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်တွင် နှမ်း မျိုးစုံ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  မိုးနှမ်း များ အရည်အသွေးနှင့်ဝယ်လိုအားကြောင့် နှမ်းဈေးကျသွား သည်။ ယခုတစ်ပတ် ဖေဖော်ဝါရီ ၁၁ရက်တွင်  မကွေးကုန်စည် ဒိုင်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၁၉၀ဝ၀ဝ၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်း ဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၁၄၅၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ထိပ်စ ကျပ် ၁၃၃၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စကျပ် ၁၂၈၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ် လျှင် ထိပ်စ ကျပ် ၁၂၅၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံး တင်းဝင် တစ်အိတ်လျှင် အေ

Friday, 21 Feb 2020

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပ ဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းအားဖြင့် ထုတ်လုပ်နိုင် စွမ်းကို မြှင့်တင်ရန်အတွက်လည်းကောင်း၊   ပြည်ပဈေးကွက် ပိုမိုရရှိရန်အတွက်လည်းကောင်း၊  ထုတ်လုပ်သူများ၏ ရောင်း ဈေးပိုမိုရရှိရန်အတွက်လည်းကောင်း  ရည်ရွယ်၍  နိုင်ငံခြား ကုမ္ပဏီများနှင့်နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ကုန်ပစ္စည်း အုပ်စုခုနစ်မျိုးကို   လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များဖြင့် ထုတ်လုပ်သူများထံမှတစ်ဆင့် ဝယ်ယူ၍ ပြည်ပသို့တင်ပို့ခွင့် ပြုကြောင်းကို အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၉ ဖြင့် အသိပေးထုတ်ပြန်ခဲ့သည်။

Friday, 14 Feb 2020

     ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် စတင်ပြီး တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ ထိုင်းနိုင်ငံ၏မူဝါဒအရ ဖေဖော်ဝါရီ၁ ရက်မှ သြဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းဆန်များ ပြန်လည် တင်ပို့ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလမှ ဇန်နဝါရီလကုန်အထိ ငါးလတာခန့် ဝယ်ယူမှု ရပ်ဆိုင်းလေ့ရှိကြောင်း အဆိုပါအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောသည်။

Friday, 14 Feb 2020

     ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်နီအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လို အားများနေသည့်အတွက် ကြက်သွန်နီဈေးများ မြင့်တက်လျက်ရှိကြောင်း သိရ သည်။ ယင်းကဲ့သို့ ဝယ်လိုအားများနေသည့်အတွက် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းအပြောင်း အလဲ ဖြစ်ပေါ်နိုင်သော်လည်း ယင်းအပြောင်းအလဲမှာ အိန္ဒိယ နိုင်ငံမှထုတ်ပြန်မည့် ကြက်သွန် နီနှင့် ပတ်သက်သော ကြေညာချက်ပေါ်မူတည် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

Thursday, 13 Feb 2020

     နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက မောင်းနှင်အားများထဲတွင်  တစ်ခုဖြစ်သည့် ကုန် သွယ်မှုကဏ္ဍကို    ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  တစ်ခု တည်းသာမက  စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သော ဌာနများ၊ အသင်းအဖွဲ့များအားလုံး ပါဝင်ဆောင်ရွက်ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်  ကုန်သွယ်မှုဆောင်ရွက်ရာမှာ ကုန်သွယ်ဖက်နိုင်ငံများစွာရှိသည့်အနက်  တရုတ်နိုင်ငံသည် အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ပင်လယ်ရေကြောင်း သာမက  နယ်စပ်ကုန်သွယ်မှုကိုပါ အများဆုံးဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့်

Pages