Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး စခန်းလေးခုမှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၈၅ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၄၈၇၉ တန် ကျော် တင်ပို့နိုင်ခဲ့ပါ တယ်။ စခန်းအလိုက် တင်ပို့ခဲ့တာကတော့ မူဆယ်မှ ၁၂၇၄၂ တန်ခွဲ၊ လွယ်ဂျယ်မှ ၁၃၅၀ တန်၊ ချင်းရွှေဟော်မှ ၆၅၉ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ၁၂၈ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ထိုစခန်းလေး ခုပေါင်းမှ တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန် ၁၀၅၄၉ တန်ဖြစ်လို့ ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးထောင်ကျော် ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ စက်တင်ဘာ ၉ ရက်က ပြောင်းတစ်တန်ကို ၂
မုံရွာကုန်စည်ဒိုင်ရဲ့ စက်တင်ဘာ တတိယပတ် ဆီထွက်သီးနှံဈေးကွက် မှာ မြေပဲဆန်မျိုးစုံနဲ့ နှမ်းမျိုးစုံပါ ကျဈေး ဖြစ်ပေါ်ခဲ့ပေမယ့် နယ်ဝယ်လက်နဲ့ ဒေသတွင်းဝယ်လိုအား မြင့်လာလို့ အရောင်းအဝယ် အနည်းငယ်သွက်လာ တယ်လို့ ဈေးကွက်ကဆိုပါတယ်။ယခုတစ်ပတ် မြေပဲဆန်ဈေး ကွက်မှာ မြေပဲလုံးဆန်နီ(တစ်ပိဿ ) ၂၀၇၅ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပြီး ဆီဆန်အသန့်ကို ရန်ကုန်ဝယ်လက် များက အဝယ်လိုက်လာတဲ့အတွက် အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ လုံးဆန်(ဖြူ) ကတော့ တစ်ပိဿာ ၂၀၂၅ ကျပ်အထိ ကျဆင်းသွားပြီး ဒေသတွင်း ဆားလှော်သမားတွေ ဝယ် လိုအားမြင့်လို့ တစ်ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ပါ တယ်။ မြေပဲ ဆီဆန်အနေနဲ့ တစ
မိုးတွင်းကာလ ဖြစ်တာကြောင့် အင်းတော်မြို့နယ်အတွင်းမှာ ငါးရှဉ့် ထောင်ဖမ်းသူတွေ များပြားလာပါ တယ်။ အင်းတော်မြို့နယ်ဟာ သစ် တော၊ လျှိုမြောင်တွေ၊ လယ်ကန်သင်း တွေ၊ ရေမြောင်းတွေ ပေါများတာ ကြောင့် ငါးရှဉ့်ဖမ်းသူတွေ ပိုမိုများပြား လာတာ ဖြစ်ပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၃၄၅၆ တန်ဖိုး ရှိ နှမ်းနက် ၃၁ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ ဇူလိုင်လကုန်ပိုင်းက နှမ်းနက် ၃၁ တန်ကျော် တင်ပို့ခဲ့ပြီး ယခုတစ်ပတ် အတွင်းတွင်မှ ပြန်လည်တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။ တာချီလိတ် ကုန်သွယ်ရေး စခန်းကတော့ ယခင်တစ်ပတ်က နှမ်း ဖြူ တန် ၁၀၀ တင်ပို့ခဲ့ပြီး ယခု ရက်သတ္တ ပတ်မှာတော့ နှမ်းတင်ပို့မှု မရှိခဲ့ပါဘူး။ ပုံမှန် တင်ပို့နေကျ ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းကတော့ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၉၅ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၂၈၂၄ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ မ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ဒုတိယပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၁ သန်း တန်ဖိုးရှိ နန်းတော် အရက် ၁၀၀၀ လီတာနဲ့ အဆင့်မြင့်ဝီစကီ ၅၀၀ လီတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်က တင်ပို့ခဲ့ခြင်းမရှိဘဲ ယခုတစ်ပတ်မှသာ ပြန်လည် တင်ပို့တာ တွေ့ရပါတယ်။သြဂုတ်လအတွင်းက နန်းတော် အရက်လီတာ ၂၀၀၀ နဲ့ အဆင့်မြင့် ဝီစကီ လီတာ ၁၀၀၀ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့နိုင်ခဲ့တယ်လို့ ကုန်သွယ်ရေး စခန်းမှ သိရပါတယ်။
ခင်မိုးသူ
စက်တင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၁၃၅၀၇ တန်ဖိုးရှိ ဖရဲသီး ၈၉၈ တန်ခွဲနဲ့ အုန်းသီး ၁၀၂ တန်ကိုလည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၀၃ တန်ဖိုးရှိ ဖရဲသီး ၁၄ တန်ခွဲနဲ့ နာနတ်သီး သုံးတန်ခွဲကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၇၄၇၀၆ တန်ဖိုးရှိ နာနတ်သီးတန် ၂၀၀ နဲ့ ထောပတ်သီးတန် ၁၀၀ ကိုလည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၀၀၉၄ တန်ဖိုးရှိ ပန်းသီး ၁၆ တန်၊ အုန်းသီး ၁၁ တန်နဲ့ သရက်သီးငါးတန်တို့ကိုလည်းကောင်း အသီးသီး တင်ပို့နိုင်ခဲ့ ပါ
စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကာလအတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၇ သန်းတန်ဖိုးရှိ ဆန် ၁၀၂၀၇ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှငစိန်ဆန် ၅၁၇၃ တန် ကျော်နဲ့ ဧည့်မထဆန် တန် ၁၁၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၀၂ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၆၃၂ တန်ခန့် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ် တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၁၉၁၄ တန် လျော့နည်းခဲ့ပါ တယ်။ဆန်ကွဲတင်ပို့မှုမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၁၄၅၀ တန်နဲ့ လွယ်ဂျယ်မှ ၃၁၄ တန်ခန့်တင်ပို့ခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၃ သန်း တန်ဖိုးရှိ ဆန်ကွဲ၁၇၆၄တန်ခန့်တင်ပို့ခဲ့ပါတယ်။
စက်တင်ဘာ၄ရက်မှ ၁၀ ရက် သီတင်းပတ်အတွင်း မန်ကျည်း ၉၁ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ စင်ကာပူ နိုင်ငံသို့ ၁၆ တန်နဲ့ ဘင်္ဂလားဒေ့ရှ်သို့ ၇၅ တန်တင်ပို့ခဲ့ပါ တယ်။
ဒီတစ်ပတ်မှာ ဘင်္ဂလားဒေရှ့်သို့ အများဆုံးတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က ၃၈ တန် ကျော်တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်ရင် ၅၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မန်ကျည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၁၆၅၇၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၃ ရက်မှ ၉ ရက် သီတင်းပတ်တွင် အမေရိကန်ဒေါ်လာ ၆၉၉၉၇ တန်ဖိုးရှိ နနွင်း တက်(ရှမ်းစ) ၉၂ တန် တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်က မူဆယ် မှ ၆၄ တန်၊ မောင်တောမှ ၃၂ တန်ကျော်နဲ့ စစ်တွေမှ ခုနစ်တန် တင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန် စည်ဒိုင်မှာ နနွင်းတက်တစ်တန်ရဲ့ မိမိဘက်ပေါက်ဈေးမှာငွေလဲနှုန်းအရ ၉၂၆၃၈၅-၉၃၈၆၅၅ ကျပ်ရှိတယ်လို့ သိရပါတယ်။ တစ်ဖက်တရုတ်နိုင်ငံမှာ နနွင်းကို ဆေးဝါး ကုန်ကြမ်းအဖြစ် အသုံးပြုကြတာလို့ သိရပါတယ်။
မော်မော်အောင်
သြဂုတ်လ ၂၇ ရက်မှ စက်တင် ဘာလ ၂ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဦသ ဒေါ်လာ ၃ ဒသမ ၈၉၅ သန်းတန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်း တန်ချိန် ၂၅၀၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။ရေထွက်ကုန်ပစ္စည်းများကို မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိ ကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်၊ ငါးရှဉ့်နဲ့အခြားရေထွက် ကုန် တန်ချိန် ၉၀ ကျော် ကိုလည်းကောင်း၊ ကော့ သောင်းကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၅၅၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်၊ ကင်းမွန်နဲ့ အခြား ရေထွက်ကုန် တန်ချိန် ၆၀၀ ကျော်၊ မြိတ် ကုန်သွယ် ရေးစခန်းမှ အမေရိ ကန် ဒေါ်လာ