Main menu

Background

Friday, 29 Jul 2016

ရွှေလီမြစ်ကြောင်းတစ်လျှောက်ရှိ  ကုန်ပစ္စည်း သယ်ယူရာ   ဇက်ဆိပ်များတွင် ရေကြီးခြင်းကြောင့်  မော်တော်ယာဉ်များ  သွားလာ၍မရသဖြင့် တင်ပို့မရခဲ့တာ ကြောင့် ပြောင်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။  ဇူလိုင်ဒုတိယပတ်တွင် တရုတ်နယ်စပ် စခန်းများမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၈၀၃၃ တန်တင်ပို့ခဲ့ရာ  မူဆယ်မှ ၄၉၉၈ တန်ခွဲ၊ လွယ်ဂျယ်မှ ၂၇၇၅ တန် ကျော်နဲ့ချင်းရွှေဟော်မှ  တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က  မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်နဲ့  ကန်ပိုက်တီးစခန်းစုံမှ ပြောင်းဖူးစေ့ ၁၃၇၂၁ တန်ခွဲတင်ပို့ခဲ့တဲ့အတွက်  ယခုတစ်ပတ်ပြောင်းတင်ပို့မှု ၅၆၈၇ တန်ကျော် လျော့ နည်းသွားခဲ့ ပါ

Friday, 29 Jul 2016

မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့  ကုန်သွယ်ရေးစခန်းများမှ  ဇူလိုင် ဒုတိယပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၉၃ သန်းတန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်းမျိုးစုံ ၂၀၁၅ တန်ခန့်ကိုတင်ပို့ခဲ့ပါတယ်။တစ်ဖက်နိုင်ငံ ရဲ့ဝယ်လိုအားရှိတဲ့  ရေထွက်ကုန်ပစ္စည်းများကို  မြဝတီကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၅၉ သန်း တန်ဖိုးရှိငါးမျိုးစုံ ၅၁ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၂၄သန်းတန်ဖိုးရှိ ကဏန်း ၁၃ တန်၊ အမေ ရိကန်ဒေါ်လာ သုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ  ပုစွန်နှစ်တန်ကိုလည်းကောင်း၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၇ သန်းတန်ဖိုးရှိငါးမျိုးစုံ ၁၂၁ တန်၊  အမေရိကန်ဒေါ်လာ  သုညဒသမ ၀၀၇ သန်း တန်ဖိုး ရှိ ပုစွ

Friday, 29 Jul 2016

မြန်မာ-တရုတ်  နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဇူလိုင်   ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၄၇၁၇၅၀ တန်ဖိုးရှိ  ကြက်သွန်နီတန်ချိန် ၁၈၅၀ နဲ့ မြန်မာ- ထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ် လာ ၆၆၃၈၇ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၂၀၀ ကျော် တင်ပို့ ခဲ့သလို  တာချီလိတ်   ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၁၄၈၀၀၀ တန်ဖိုးရှိ ကြက်သွန်ဖြူတန်ချိန် ၁၀၀ ကို တင်ပို့ခဲ့ပါတယ်။

Thursday, 28 Jul 2016

ယခုဘဏ္ဍာနှစ်  ဇူလိုင် ၉ရက်မှ ၁၅ရက်အထိ  ရက်သတ္တပတ်အတွင်း ပို့ကုန်၊သွင်းကုန် အခြေအနေမှာ ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၇ဒသမ ၀၉၂သန်း၊ သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၀၉ဒသမ ၀၄ သန်း ဆောင်ရွကေ်နိုင်ခဲ့တဲ့အတွက် ကုန်သွယ် မှုပမာဏ အမေရိကန် ဒေါ်လာ ၅၈၆ ဒသမ၁၃၂သန်း ရရှိခဲ့ပါတယ်။ ကုန် သွယ်မှု လိုငွေမှာ ၃၁ ဒသမ ၉၄၈ သန်း ဖြစ်ပြီး ဆန်နဲ့ မတ်ပဲတင်ပို့မှုလျော့နည်း ခဲ့ခြင်းကြောင့် ဖြစ်ပါ တယ်။ယခု ရက်သတ္တပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ ကုန် ၁၄၆ဒသမ ၅၀၂သန်းနဲ့ ကုန်သွယ် ရေးစခန်းများမှ ကုန်သွယ်မှုမှာ ၁၃၀ ဒသမ ၅၉သန်း ဆောင်ရွက်နိုင်ခဲ့ပြီး၊ ပို့ကုန်စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၀၉၂သန်း၊ သွင်းကုန်မှာ

Thursday, 28 Jul 2016

ဒီတစ်ပတ် နနွင်းဈေးကွက် အရောင်းအေးနေသလို ပစ္စည်း အဝင်လည်းနည်း နေပြီလို့ သိရှိရပါတယ်။ ပစ္စည်းအဝင်နည်းသွားပေမယ့် လှောင် လက်တွေက အဝင် လှိုင်ချိန်မှာ ပစ္စည်းတွေဝယ်စုထားကြပြီး အခုချိန်မှာဝယ်လက် မရှိလို့ ကုန်သည်များမှာ ပစ္စည်းရှိပြီး ဝယ်လက်ထိုင်စောင့်နေရတယ်လို့လည်း သိရှိရပါ တယ်။ နနွင်းဈေးက တော့ တစ်ပိဿာကို ကျပ် ၁၃၀၀ မှ ကျပ် ၁၇၀၀ ထိဈေးရှိနေပါတယ်။ဒီတစ်ပတ် မှာတော့ ချင်းရော နနွင်းပါအရောင်းအေးေ နတယ်လို့ သိရှိရပါ တယ်။ ဆင်တောင်နနွင်းကတော့ တစ်ပိဿာကျပ် ၂၆၀၀ ဈေးရှိတယ်လို့ သိရှိရပါ တယ်။ အရောင်းအဝယ်ကတော့ တစ်ပတ်အတွင်း အမှုန့်ကြိတ်သမားလောက်သာ အဝယ်ရှိလို့ ပိဿာချိန်သုံးသောင်းခန့်လောက်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သ

Thursday, 28 Jul 2016

ငွေချည်-၆   ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုကို တောင်တွင်းကြီး၊ ပျော် ဘွယ်၊ ရမည်းသင်း၊  စလေ၊ ချောက်၊ အောင်လံ၊ ပေါင်းတည်နဲ့ ဝက်ထီးကန် ဒေသတွေမှာ အများဆုံးစိုက်ပျိုးကြပြီး တရုတ်နိုင်ငံဈေးကွက်သို့ အဓိကတင် ပို့ ရောင်းချလျက်ရှိပါတယ်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်  ကုန်သွယ်ရေးဇုန်မှ ဇူလိုင် ဒုတိယပတ်တွင်  အမေရိကန်ဒေါ်လာ ၁၀၅၆၀၀ တန်ဖိုးရှိ   ဝါဂွမ်း ၄၈ တန် တင်ပို့ခဲ့ပါတယ်။   ငွေချည် -၆ ဝါကို ၂၀၁၄ ခုနှစ် မတ်လမှ စတင်တင်ပို့ခွင့် ပြုခဲ့ရာ  လိုင်စင်ဈေးမှာ   တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၂၀၀ ရှိတယ်လို့ သိရပါတယ်။
မော်မော်အောင်

Thursday, 28 Jul 2016

ဇူလိုင် ၁၀ ရက်မှ ၁၆ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေ သြဇာ၁၄၄၈၄တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်မှာ  ၁၅၇၃၅ တန် ဝင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန်၁၂၅၀ကျော်အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ်မြေသြဇာအဝင်မှာ ၂၄၄၅၈ တန်ကျော်ရှိခဲ့ပြီး၊  ယခင် တစ်ပတ်အဝင်မှာ ၃၇၄၆၄ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၀၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မန္တလေး၊ မော်လမြိုင်၊ မကွေးနဲ့ တောင်ကြီးမှာ ဈေးနည်းနည်းကျ လာတယ်လို့သိရပါတယ်။

Thursday, 28 Jul 2016

ဇူလိုင် ၁၀  ရက်မှ ၁၆  ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၂၉၉၆၇၆၂ တန်ဖိုးရှိ ဘိလပ်မြေ ၃၅၈၈၂ ဒသမ ၈၅၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၄  တန်နဲ့  ထိုင်းနိုင်ငံမှ ၃၅၈၇၈ ဒသမ ၈၅၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  တင် သွင်းခဲ့တဲ့ တံဆိပ် များမှာ စိန်၊ ဆင်နဲ့ အင်စီးတို့ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ တင်သွင်းမှုမှာ တန်ချိန် ၃၉၄၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၃၅၃၀ ကျော် တင် သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။

သီတာဝင်း( DOT)

Thursday, 28 Jul 2016

ဇူလိုင်  ဒုတိယပတ် အတွင်း တရုတ်၊  ထိုင်းနဲ့  အိန္ဒိယ နယ်စပ်များမှ အမေရိကန်ဒေါ်လာ  ၆ ဒသမ ၄၈၅ သန်းတန်ဖိုးရှိ  ဆိုင်ကယ်မျိုးစုံ ၁၃၅၈၄ စီး တင်သွင်းခဲ့ပါတယ်။  ယခင်တစ်ပတ် ထက် ထိုင်းနယ်စပ်နဲ့  အိန္ဒိယ နယ်စပ် တို့မှပိုမိုတင်သွင်းခဲ့သော်လည်း တရုတ် နယ်စပ်မှ  ဆိုင်ကယ် တင်သွင်းမှုလျော့ ကျခဲ့သဖြင့် နယ်စပ်သုံးခုမှ  ဆိုင်ကယ် ဝင်ရောက်မှု  ၁၄၁၁ စီး   လျော့နည်းခဲ့ တယ်လို့ ကုန်သွယ်ရေးဇုန်နဲ့   ကုန်သွယ် ရေး စခန်းများမှ  သိရပါတယ်။

Pages