Main menu

Background

Tuesday, 14 Mar 2023

ဖေဖော်ဝါရီ ၁ ရက်မှ  ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၆၈၃ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၇၀၈၃၀ ကျော် တင်ပို့ခဲ့ သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၅၈၃၀ ကျော်နှင့်  အီးယူအဖွဲ့ဝင်  နိုင်ငံများသို့ ဆန်တန်ချိန် ၃၅၀ဝ၀ ခန့် တင်ပို့ခဲ့သည်။ 
ဆန်တင်ပို့သောနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ဆန်တန် ချိန် ၂၀ဝ၂၀ ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၈၃၀ ခန့်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၃၂၀ဝ ခန့်၊ ထိုင်ဝမ်သို့ ဆန် တန်ချိန် ၅၀ဝ နှင့် ဟောင်ကောင်နှင့် ဗီယက်နမ်သို့လည်း တန် ချိန်အနည်းငယ် တင်ပို့ခဲ့သည်။

Friday, 3 Mar 2023

မြဝတီကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၁ ရက် မှ ၁၇ ရက်ထိ ကာလအတွင်း  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ဝ၁၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၆၁ သန်း၊ ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၃၇ ဒသမ ၅၇၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင် တစ်ပတ် ဆောင်ရွက်မှုအခြေအနေနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၃ သန်း လျော့နည်းခဲ့ပြီး ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၄၄ သန်း လျော့နည်းခဲ့ ကြောင်းသိရသည်။

Tuesday, 21 Feb 2023

ဇန်နဝါရီ ၁  ရက် မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၆ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၅၅၀ ကျော်  စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီ တန်ချိန် ၈၀ဝ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။ 

Monday, 13 Feb 2023

ဝဥစက်ရုံများအနေဖြင့် ဝဥထွက်ပေါ်ချိန် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ပုံမှန်လည်ပတ်လျက်ရှိသည်။ ဝဥရာသီ ကုန်ဆုံးချိန်တွင် ဝဥစက်ရုံများ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်းမဖြစ်စေရန် ပီလောပီနံ အခြောက်(အကွင်း)အမှုန့်များ ဆက်လက်ထုတ်လုပ် လျက်ရှိကြောင်း သိရှိရသည်။
ပီလောပီနံဥများကို မွန်ပြည်နယ် မုဒုံ၊ တောင်ကလေး၊ ကျွန်းရွာ၊ သံဖြူဇရပ်၊ ဘုရားသုံးဆူမြို့များနှင့် ကရင်ပြည်နယ်တို့မှ ဝယ်ယူရရှိပြီး စက်ရုံအရောက်ဈေးနှုန်း ပီလောပီနံအစို တစ်ပိဿာလျှင် ကျပ် ၃၇၀ ဖြင့် ဝယ်ယူရရှိကြောင်းသိရှိရသည်။

Monday, 13 Feb 2023

ရော်ဘာ
ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၃၃ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၃၈၀ဝ ခန့် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၉၂၂၀ ကျော်၊ မလေးရှားနိုင်ငံသို့  ရော်ဘာ ၃၃၇၇ တန်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၉၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၈၀ နှင့် သီရိလင်္ကာနိုင်ငံသို့ ရော်ဘာတန်ချိန် အနည်းငယ် တင်ပို့ခဲ့သည်။

Saturday, 4 Feb 2023

ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၁၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၉၇ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃၁၂  သန်းဖြစ်သည်။ ယခင်တစ်ပတ်ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၈ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၁၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၅၂ သန်း ပိုမိုခဲ့ကြောင်းသိရသည်။ 

Monday, 30 Jan 2023

ဆန်
ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၈၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၂၄၃၀ ခန့်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၇၂၅၀ ကျော် နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၅၁၈၀ ကျော် တင်ပို့ခဲ့သည်။ 

Thursday, 19 Jan 2023

ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၀၅ သန်းတန်ဖိုးရှိ နို့ဆီတန်ချိန် ၁၃၀ဝ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း မလေးရှားနိုင်ငံမှ တန်ချိန် ၅၀ဝခန့်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၆၀ဝ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ် ပါက နို့ဆီတန်ချိန် ၃၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။   

Thursday, 19 Jan 2023

ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၇၄၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၉၉၅၅၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၆၁၉၀ခန့်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၃၃၆၀ ခန့် တင်ပို့ခဲ့သည်။ 

Thursday, 19 Jan 2023

ရော်ဘာ
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃၇၇ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၇၆၀ဝကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၁၂၃၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၄၈၀ ကျော်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၉၄၀ ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးနိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ကျပ် ၁၀ဝ၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။

Pages