Main menu

Background

Tuesday, 21 Jun 2022

ပြည်ဈေးကွက်အတွင်း ဇွန်လပထမပတ်မှစ၍ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ကြက်သွန်နီ (အလတ်စ)တစ်ပိဿာလျှင် ယခင် ကျပ် ၁၂၀ဝ ရှိခဲ့ရာ ယခု ကျပ် ၂၀ဝ၀ ခန့်ရှိ၍ ကျပ် ၈၀ဝ ခန့် မြင့်တက်သွားကြောင်း သိရသည်။ ပြည်ဈေးကွက်သို့တောင်တွင်းဘက်မှပိဿာ ၃၀ဝင်အိတ်၂၀ဝ ကျော်၊ရေနံချောင်းဘက်မှအိတ်၁၅၀ခန့်နှင့် မကွေးဘက်မှအိတ်၁၂၀ခန့်ကိုရက်ခြားအဝင်ရှိနေသည်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းဝယ်မှုရှိနေပြီး ဒေသတွင်စီးဆင်း မှုအနေနှင့် သာယာဝတီခရိုင်ဖြင့်ပန်းတောင်း(ဥသျှစ်ပင်)သို့လည်းကောင်း၊နယ်ကျော်၊တိုင်းကျော်စီးဆင်းမှုအနေဖြင့် ဧရာဝတီ(ပုသိမ်၊ ကြံခင်း)ဘက်သို့လည်းကောင်းစီးဆင်းမှုများရှိနေသည်။ဈေးနှုန်းပွဲရုံလ

Tuesday, 21 Jun 2022

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လတတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀ဝ၀၊ မန္တလေး သို့ အိတ်ရေ ၃၈၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၉၁၀ဝ၀၊ တန်အားဖြင့် ၄၅၅၀တန် စီးထွက် ခဲ့သည်။ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး များသို့ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၅၀ဝ၊ မန္တလေး သို့ အိတ်ရေ ၃၉၀ဝ၀၊ နေပြည်တော်သို့

Friday, 10 Jun 2022

ရခိုင်ပြည်နယ်နယ်စပ်ဂိတ်မှ ဘင်္ဂလားဒေ့ရှ်သို့   တစ်လလျှင် ရေထွက်ကုန်တန်ချိန် ၈၀ဝ မှ ၁၀ဝ၀ကျော်အထိ  တင်ပို့လျက်ရှိကြောင်း ရခိုင်ပြည်နယ်ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI)မှ သိရသည်။ဧပြီ လတွင် ဘင်္ဂလားဒေ့ရှ်၌ ရာမန်ဒါ ဥပုသ်ကာလဖြစ်ခြင်းကြောင့်တင်သွင်းမှု လျော့နည်းခဲ့သော်လည်း မေလတွင် ရန်ကုန် တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ   ငါးမြစ်ချင်းမွေးမြူ သူများထံမှ ရေလမ်း၊ ကုန်းလမ်းဖြင့် နယ်စပ် ကုန်သွယ်မှု   ပြန်လည်များပြားလာခဲ့ခြင်း ဖြစ်သည်။ရေထွက်ကုန်တိုက်ရိုက်တင်ပို့နိုင်သော ရခိုင်ပြည်နယ်၊ စစ်တွေနှင့်မောင်တောမြို့တို့ သို့ ရန်ကုန်မြို့မှငါးမြစ်ချင်း

Friday, 10 Jun 2022

တရုတ်နိုင်ငံ၏သွင်းကုန်ပစ္စည်းများတွင်  ကွမ်းသီးနုနှင့် ကွမ်းသီး ခြောက် တင်သွင်းခြင်းလုပ်ငန်းသည် အကြီးဆုံးပြင်ပသွင်းကုန်လုပ်ငန်းများ တွင်  တစ်ခုအပါအဝင် ဖြစ်လာသည်။ တရုတ်လူမျိုးများသည် ကွမ်းသီးများကို အရသာ ပို ကောင်းအောင်ပေါင်းစပ်ဖော်ထုတ်ပြီး အဆာပြေသရေစာအဖြစ် စားသုံးကြသည်။ တရုတ်နိုင်ငံသည် ကွမ်းသီးထုတ်လုပ်မှုလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် တစ်နှစ်လျှင်ယွမ်ဘီလီယံ ၃၀ အထိရရှိနေသည်ဟုသိရသည်။ တရုတ် ကွမ်း သီး အဆာပြေစာသည်တရုတ်နိုင်ငံတွင်သာမကဘဲ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံများတွင်ပါ ရေပန်းစားနေပြီး ဈေးကွက် ထိုးဖောက် ဝင်ရောက်နေပြီဖြစ်သည်။ယခု တရုတ်

Thursday, 9 Jun 2022

မြန်မာ-ထိုင်း နယ်စပ်ရှိ  တာချီလိတ်ကုန်သွယ်ရေးစခန်း မှ မေ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းတစ်ပတ်အတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉၀ သန်းဖိုး တင်ပို့၍ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၈၆ သန်းဖိုး တင် သွင်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၇၆ သန်းဖိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အနီးစပ်ဆုံး ယခင်တစ်ပတ်ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၂၉၆သန်း လျော့ နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာသုည ဒသမ ၁၅၃သန်း ပိုမိုခြင်းကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသုည ဒသမ ၁၄၃ သန်းလျော့နည်းခဲ့သည်။ ပို့ကုန်တင်ပို့မှု လျော့နည်းရခြင်းမှာ ကော်ဖီစေ့၊ ရော်ဘာစေး၊ လက်ဖ

Friday, 20 May 2022

ပြည်တွင်းပြောင်းထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်ပဈေးကွက်တိုင်အောင်  ထိုက်ထိုက်တန်တန်အခြေချမိစေရေး၊ပြည်တွင်းပြည်ပစားသုံးသူများ ယုံကြည်စိတ်ချစွာပိုမိုအလေးထားဝယ်ယူလာစေရေး၊ပြောင်းစိုက်တောင်သူများ၏ ကြုံတွေ့နေရသောအခက်အခဲများကိုအသင်း၏ဦးဆောင်မှုဖြင့် အမြန်ဆုံးဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်မေ ၅ ရက် နံနက် ၉နာရီတွင် မြစ်ကြီးနားမြို့၊မြို့သစ်ရပ်ကွက်၊တရုတ်ယူနန်ဘုံကျောင်းကြီး၌  ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ  ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှတာဝန်ရှ

Friday, 20 May 2022

ယခုနှစ် ဧပြီလကုန် ကင်းမွန်ရာသီပိတ်သိမ်းချိန်တွင် ကင်းမွန်ဈေး ကောင်းရရှိ၍ လုပ်ငန်းများ အဆင်ပြေခဲ့ကြောင်း မြိတ်ခရိုင်  ကင်းမွန်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခု ၂၀၂၂ ခုနှစ်အတွက် ငါးသားပေါက် ရာသီကို ဧပြီ၊ မေနှင့် ဇွန်လအဖြစ် သတ်မှတ်ခဲ့ပြီး ကင်းမွန်လှေများကိုမူ ဧပြီ လတစ်လ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ရာ အဆိုပါလအတွင်း ကမ်းဝေးငါးဖမ်း လှေအားလုံး ငါးဖမ်းဆီးခွင့်ပိတ်ထားပြီး ကင်းမွန်လှေလုပ်ငန်း   အမျိုးအစား တစ်ခုတည်းသာ လုပ်ကိုင်ခွင့်ရခဲ့သည့်အတွက် လုပ်ငန်းအဆင်ပြေမှုရှိခဲ့ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးမင်းထွန်းက မေ ၄ ရက်တွင် ပြောသည်။ ''ရာသီအပိတ်မှာ ဈေးကောင်းရ

Monday, 2 May 2022

ငရုတ်
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင်   ဧပြီ ၁၈ ရက်မှ ၂၁ ရက်အတွင်း ဖြစ်ပေါ်ခဲ့သော ငရုတ်သီး(တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ( ငရုတ်ရှည် )သစ် ကျပ်၄၂၀ဝ၊ မြှားနီ (ဟင်္သာတ)သစ် ကျပ် ၅၀ဝ၀၊ မိုးထောင်(ဟင်္သာတ) ကျပ် ၅၂၀ဝ၊ မိုးထောင်(မြစ်ဝ)သစ် ကျပ် ၅၀ဝ၀၊ ဆင်ဖြူကျွန်း(ပု) သစ် ကျပ် ၇၅၀ဝ နှင့် မြစ်ဝ (ပု) ကျပ် ၈၀ဝ၀ အသီးသီး ဖြစ်ခဲ့သည်။
တစ်ပတ်အတွင်း ဆင်ဖြူကျွန်း(ပု)သစ် ကျပ် ၁၀ဝ၀နှင့် မြစ်ဝ (ပု) ကျပ် ၅၀ဝ ဈေးမြင့်တက်ခဲ့သည်။ ကျန်ငရုတ်များ ဈေးငြိမ်လျက် ရှိသည်။တစ်ပတ်အတွင်း ငရုတ်ရှည်အိတ်ပေါင်း ၆၅၅၂ (၁၃၀၅၀ဝ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၉၅၀ (၁၄၂၅၀ ပိဿာ)  အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

Thursday, 28 Apr 2022

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ကုန်းဇင်းကျေးရွာအုပ်စု ဇီးတောကျေးရွာတွင် သံပရာစိုက်ဧက ၂၀ ကျော်ရှိသည်။ သံပရာပင်သည် နှစ် ၄၀ ကျော်ကြာ အပွင့်ပွင့်၍ အသီးသီးနိုင်သော နှစ်ရှည်ပင်မျိုးဖြစ်သော်လည်း ၁၀-၁၅ နှစ်လောက်သာ စိုက်ပျိုးကြကြောင်း သိရသည်။ အပင်စိုက်ပျိုးပြီး ၄-၅ နှစ်မှစတင်၍ အသီးသီးသည်။ တစ်ဧကလျှင် သံပရာပင် ၃၀ဝ ကျော်ခန့် စိုက်ပျိုးနိုင်ပြီး အပင်ပျိုး၍ အသီးအားကောင်းသောနှစ်များတွင် တစ်ပင်လျှင် အသီး ၂၀ဝ-၂၅၀ ခန့်သီးနိုင်ကြောင်း သိရသည်။သံပရာသီးသည် မိုးရာသီတွင်  အသီးနှုန်းကောင်း၍ အသီးလုံးချောပြီး ရာသီဥတုပူပြင်းသော နွေရာသီမှာတော့ အသီးနှုန်း ကျဆင်း၍ အသီးမှာလည်း အလုံးသေးသွားကြောင်းသိရသည်။ ယခုနှစ

Monday, 21 Mar 2022

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုးသည့်ဒေသဖြစ်သည်။   ဒေသအတွင်း စပါးကို အဓိကထား စိုက်ပျိုးသော်လည်း နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ ငရုတ် စသည့် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြသည်။  ၎င်းသီးနှံ များအနက် ငရုတ်သီးနှံကို ကျောက်ဆည်မြို့နယ်တွင်   ဧက  ၂၀၂၀၊ စဉ့်ကိုင်မြို့နယ်တွင်   ၁၈၉၇ ဧက၊   မြစ်သားမြို့နယ်တွင် ၉၆၈၆ ဧက၊ တံတားဦးမြို့နယ်တွင် ၁၀၃၇ ဧက၊ စုစုပေါင်း  ဧက  ၁၄၆၄၀  စိုက်ပျိုးပြီး ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ငရုတ်သီးနှံကို နိုဝင်ဘာနှင့်  ဒီဇင်ဘာလများတွင်   စတင် စိုက် ပျိုးပြီး မတ်နှင့် ဧပြီလများတွင်  စတင်ခူးဆွတ်ကြ

Pages