Background
ဇန်နဝါရီလ တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ တတိယပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၅၅၇ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၄၆၉၉ တန်ခွဲနဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၂ သန်းဖိုးရှိ ပြောင်း ၆၃၁ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က မူဆယ်မှ ၃၀၅၄၆ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၁၂၅၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ရဲ့ပြောင်းတင်ပို့မှု လျော့နည်းခဲ့တာတွေ့ရ ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းတစ်တန်ရဲ့ မိမိဘက်ဈေးဟာ ယခင်တစ် ပတ်က ၂၉၂၄၅၆ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၂၉၂၁၇၄ ကျပ်သို့ အနည်းငယ်ကျ ဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်အနေဖြင့် ပြောင်းတစ် တန်ကို ၁၅၆၀ ယွမ် ဈေးရှိက
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလ အတွင်းကန်ဒေါ်လာ ၁၁၈၀၀၀ တန်ဖိုးရှိ ဆီးဆံတန် ၃၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆၄၀၀ တန်ဖိုးရှိ ဆီးဆံ ၁၆ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုသီတင်းပတ်မှာတော့ ၁၄ တန်ကျော် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။စစ်တွေကုန်သွယ်ရေးစခန်းကတော့ ယခုသီတင်းပတ်မှာ ဆီးဆံ တင်ပို့မှု မရှိသော်လည်း ဆီးဖတ် ၃၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃၇၉၅ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
တင်တင်ထွန်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ် ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်တာသီတင်းပတ်အတွင်း ဒေါ်လာ ၈၉၈၁၉ တန်ဖိုးရှိ ငါးစုံလေးခြောက်ကီလို ၁၁၀၄၇၈ ၊ ငါးနီတူ ခြောက် ၃၀၀၀၀ ကီလိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ထက် ယခုသီတင်းပတ်မှာ ဒေါ်လာ ၂၀၄၀၄ ဖိုးပိုမိုတင်ပို့ခဲ့ပါတယ်။မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင် ပြည်နယ်ထွက် ငါးခြောက်မျိုးစုံ အဓိကတင်ပို့ နေရပြီး ငါးစုံ လေးခြောက်နဲ့ ငါးနီတူခြောက်များမှာ အများဆုံးတင်ပို့တဲ့ ပို့ကုန်များဖြစ်ကြောင်း ငါးခြောက်တင်ပို့သူတစ်ဦး ထံမှသိရပါ တယ်။ ငါးခြောက်က မိုးတွင်းမှာ တင်ပို့မှုနည်းပါးပြီး ပွင့်လင်း ရာသီတွင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနဲ့ မြိတ် ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၂၈၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၄၄၁၇ တန် ကျော်တင် ပို့နိုင်တဲ့အတွက် ယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက၁၂၆၇ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ သုည ဒသမ ၁၁၉ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၆၂တန်ကျော်၊ ကဏန်း ၁၄ တန်ကျော်၊ ပုစွန် ၂ တန်ကျော် တင်ပို့ နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၀ တန်ကျော် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ငါးမျိုး
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်တာကာလအတွင်း တစ်ဖက်တရုတ်နိုင်ငံသို့ ကန် ဒေါ်လာ ၁၀ ဒသမ ၇၁၄ သန်းတန်ဖိုးရှိ သကြားဖြူ ၁၉၂၇၈ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ တရုတ်နိုင်ငံတွင် နှစ်ကူးရာသီချိန်နီးသဖြင့် တရုတ်ဝယ်လက်ရှိပြီး မန္တလေး ဈေးကွက်မှ သကြားများ များစွာတင်ပို့နိုင်တယ်လို့သိရပါတယ်။ လက်ရှိမူဆယ်မြို့သို့ နေ့စဉ် သကြားအိတ်ရေ ၅၀၀၀၀ ခန့် ပြည်တွင်းမှ ဝင်ရောက်နေတယ်လို့သိရပြီး လက်လီသကြားဈေးကတော့ တစ်ပိဿာလျှင် ၁၄၀၀ ကျပ်ဈေးရှိတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါတယ်။
MIRT
ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ် တာဝန်ခံက မြို့နယ်အတွင်းရှိ အသေးစား ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဇေယျာပဒေသာ ဖောင်ဒေးရှင်း တို့ချိတ်ဆက်ကာ အသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး အထောက်အပံ့ဖြစ်စေမယ့်ချေးငွေများ တောင်းခံထုတ်ချေးပေးလျက်ရှိရာ မုံရွာမြို့နယ်၊ ကျောက္ကာ (မြောက်) ကျေးရွာရှိ ယွန်းထည်လုပ်ငန်းရှင်များနဲ့ ယွန်းလုပ်သား တို့အား တတိယအကြိမ်ချေးငွေအဖြစ် လုပ်ငန်းရှင် ၂၂ ဦး အတွက် ကျပ် ၃၃၅ သိန်းနဲ့လုပ်သား ၅၈ ဦးအတွက် ကျပ် ၁၁၆ သိန်း စုစု ပေါင်း ကျပ် ၄၅၁ သိန်းထုတ်ချေးပေးနိုင်ခဲ့ပါတယ်။ယခုအခါ ချေးငွေကာလ ခြောက်လပြည့် မြေ
ဇန်နဝါရီလပထမပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆၄၂၇၅၀ တန်ဖိုးရှိ ငွေချည်-၆ ဝါဂွမ်း ၂၅၇ တန် ကျော်တင်ပို့ခဲ့ပါတယ်။ အောက်တိုဘာလက ဝါဂွမ်း ၁၅ တန် နောက်ဆုံးတင်ပို့ခဲ့ပြီး ယခု ပြန်လည်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်က ဝါဂွမ်း တစ်တန်ရဲ့ လိုင်စင်ဈေးဟာ ၂၂၀၀ဒေါ်လာဖြစ်ပြီးယခုပြန်လည်တင်ပို့တဲ့ အချိန်မှာတော့ တစ်တန်ကို ၂၅၀၀ဒေါ်လာရှိတယ် လို့သိရပါတယ်။ငွေချည်-၆ ဝါ စိုက်ပျိုးမှုကို တောင်တွင်းကြီး၊ပျော်ဘွယ်၊ ရမည်းသင်း၊ စလေ၊ ချောက်၊ အောင်လံ၊ ပေါင်းတည်နဲ့ ဝက်ထီးကန်ဒေသများမှာ အများဆုံးစိုက်ပျိုးကြပြီးတရုတ်နိုင်ငံဈေးကွက်သို့ အဓိကတင် ပို့ရောင်းချလျက်ရှိကြ
ဒီတစ်ပတ် ရှမ်းပြောင်းက အဝင်နည်းသွားပါတယ်။နယ်အစုံက ထွက်တဲ့ ပြောင်းတွေက ဈေးကွက်ကို ဝင်နေတော့ ပြောင်းဈေးကလည်းအေးလာပါတယ်။ ဒါကြောင့်ရှမ်းပြည်နယ်က တောင်သူတွေက ဈေးကွက်မှာ ထုတ်မရောင်းေ တာ့ဘဲ၊ ထိန်းပြီးရောင်းနေလို့ အဝင်လည်းနည်းသွားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီးတော့ ဈေးကတောက်လျှောက်ကျလာတယ်လို့လည်း သိရပါတယ်။ ရှမ်းတောင်က ပြောင်းကိုတော့ ရန်ကုန်၊ မန္တလေးက အဓိကဝယ်ယူပါတယ်။ အဲဒီဝယ်လက် တွေ က တိရစ္ဆာန်အစာပြုလုပ်ဖို့ဝယ်တာလို့လည်းသိရပါတယ်။ တောင်ကြီးဈေးကွက်ကိုဝင်တဲ့ပြောင်းတွေမှာတောင်တိရစ္ဆာန်အစာအတွက်သန့်စင်ပြီးထိပ်စတွေကို သာဝယ်ယူပြီးအဲဒီထိပ်စေ တွ ကိုတောင်မှအစာစပ်ကုမ္ပဏီတွေက တစ်ခုနဲ့ တစ်ခုဝယ်ယူတ
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့ သောင်းကုန်သွယ်ရေးစခန်းက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန် ကန်ဒေါ်လာ ၄ ဒသမ ၅၉၈ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၉ ဒသမ၉၅၅ သန်း၊ ကုန်သွယ်မှုပမဏ ကန်ဒေါ်လာ ၁၄ ဒသမ ၅၃၃ သန်းဆောင်ရွက်နိုင်သဖြင့် အနီးစပ်ဆုံးကာလထက် ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၀၉၇ သန်း၊သွင်းကုန်ကန်ဒေါ်လာ ၁ ဒသမ ၂၆၂ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၃၅၉ သန်းပိုမိုခဲ့ပြီးယမန်နှစ်ကာလ တူ ထက်ပို့ကုန်ကန်ဒေါ်လာသုည ဒသမ၉၂၀ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၂ ဒသမ ၇၃၁ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃ ဒသမ ၆၅၁ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ကော့သောင်း ကုန်သွယ်ရေး စခန်းရဲ့ ဒီဇင်ဘာ လ ကုန်သွယ်မှု ပမာဏဟာ အနီးစပ်ဆုံးကာလထက် ရော
မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ် ရေးကဏ္ဍ၌ ကုန်ပစ္စည်းဖလှယ်တဲ့စနစ် (Barter System) ကို၂၀၁၅ ခုနှစ် ဒီဇင် ဘာလ ၁ ရက်မှစတင်ရပ်ဆိုင်းပြီး နှစ်ဦးနှစ်ဖက်ခွင့်ပြုသည့် ငွေကြေးဖြင့် ပုံမှန် ကုန်သွယ်မှု(Normal Trade) ပြုလုပ် မည်ဖြစ်ကြောင်း အိန္ဒိယဗဟိုဘဏ်က အမိန့်ထုတ်ပြန်လိုက်သဖြင့် ကုန်သွယ်မှု များ ယာယီရပ်ဆိုင်းခဲ့ရတယ်လို့ ဇန်နဝါရီလ ၅ ရက်က ပြုလုပ်တဲ့ တမူး ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ စခန်း တာဝန်ခံကပြောကြားလိုက်ပါတယ်။လက်ရှိကုန်သွယ်မှုအရ နှစ်နိုင်ငံ ကုန် သည်များ ဆောင်ရွက်နိုင်မယ့် ဘဏ် လုပ်ငန်းပိုင်းမှာ တမူးမြန်မာ့စီးပွားရေး ဘဏ်အနေနဲ့ LC/TT စနစ်ဖြင့် ဆောင် ရွက်ရန်အဆင်သင့် မဖြစ်သေး၍