Main menu

Background

Tuesday, 6 Aug 2013

ယခုအပတ် ဇူလိုင်လ ၂၄ ရက်မှ ၃၀ ရက်ထိတာ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးဇုန်နဲ့ ချင်း ရွှေဟော် ကူးသန်းရောင်းဝယ်ရေး စခန်း မှ ကန်ဒေါ်လာ ၂ ဒသမ ၃၀၄ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၉၅၉ တန်ခန့် တင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။

Tuesday, 6 Aug 2013

မူဆယ် ၁၀၅မိုင်ကူးသန်းရောင်း ဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ၃၀ ရက်ကာလအတွင်း ကန် ဒေါ်လာ သုည ဒသမ ၃၂၇ သန်း တန် ဖိုးရှိ ကြက်သွန်နီ ၈၂၃ တန်တင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါ က ၅၉၇ တန်နီးပါး လျော့နည်း တင်ပို့ခဲ့ပါ တယ်။

Wednesday, 31 Jul 2013

ယခုနှစ်မှာစင်ကာပူနဲ့ ဟောင် ကောင် နိုင်ငံသို့ စိန်တလုံး သရက်သီး တန်ချိန် ၁၁၀ တန် တင်ပို့ခဲ့ပါတယ်။ ယခင်နှစ်က တန် ၂၀ သာတင်ပို့နိုင်ပြီး၊ စံချိန်တင် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ Myanmar  Golden  Produce ကုမ္ပဏီမှ အန်တီလဲ့မှ “အန်တီတို့ အခု လည်း ရင်ကွဲသရက်သီး ကို တင်ပို့နေပါ တယ်။ အရင်နှစ်တွေထက် တန် ၁၀၀ ကျော်လောက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အရင်နှစ်က ပို့တဲ့နိုင်ငံတွေကိုပဲ တင်ပို့ နေတာပါ။

Wednesday, 31 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက် အတွင်း ကန်ဒေါ်လာ ၂၂၂၇၀ တန်ဖိုးရှိ ရာသီ စာ နာနတ်သီး ၂၀၃ တန်ကို တစ်ဖက် နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် က  ၁၁၈ တန်ခွဲသာ တင်ပို့ခဲ့တာမို့ ယခုအပတ် ၈၄ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နာနတ်သီး ရာသီဖြစ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီ၊ သီပေါက ထွက်တဲ့ နာနတ်တွေကို လား ရှိုးမှတစ်ဆင့် မူဆယ် သစ်သီးဝလံကုန် စည်ဒိုင်ကို နေ့စဉ်ပုံမှန်ကား ၃-၄ စီးနဲ့ အဝင် ရှိနေတယ်လို့ သိရပါတယ်။ နာနတ်သီးနဲ့အတူ သရက်သီး ၆၅ တန် ခွဲနဲ့ သခွားမွှေး ၁၃ တန်တို့ကိုလည်း ယခုအပတ်မှာ တင်ပို့ခဲ့ပါတယ်။မော်မော်အောင် MIRT (DCCA)

Wednesday, 31 Jul 2013

ကန်ပိုက်တီး ကူးသန်းရောင်းဝယ် ရေးစခန်းမှာ ဇူလိုင်လ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှှင့်တင်ရေး အစည်းအဝေးမှာ ကန်ပိုက်တီး ကုန် သည်အသင်း ဒုတိယဥက္ကဋ္ဌဦးဝင်းနိုင်မှ ယခုရက်ပိုင်းအတွင်း တရုတ်ငွေ ဈေး တက်မှုနဲ့ ရာသီဥတုအခြေအနေကြောင့် သွင်းကုန် တင်သွင်းမှုလျော့နည်း လျက် ရှိခြင်း၊ ငွေဈေးတက်၍ ကုန်ပစ္စည်း ရှား ပါးပြီး ဈေးနှုန်းတွက်ချေကိုက်မှုမရှိခြင်း၊ မိုးရွာပြီးတောင်ပြိုကာ ကားလမ်းပိတ် ဆို့မှုများကြောင့် လမ်းခရီး စရိတ်ကုန် ကျမှုများပြီး အချိန်ကြန့်ကြာမှုများ ရှိ နေတယ်၊ တရုတ်ငွေဈေးတည်ငြိမ်ပြီး ရာသီဥတု ကောင်းမွန်ကာ ဖားကန့် လမ်းပိုင်းလည်း ပြန်ဖွင့်တော့မယ်ဆိုလျှင် ကုန်သွယ်မှုတိုးတက်လာနိုင်မယ်လို့ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါ တယ်။ကသရ (ကန်ပိုက်တီး)

Wednesday, 31 Jul 2013

မေလ ၈ ရက်နေ့က စတင်ဖွင့် လှစ်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မော တောင် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ဇူလိုင်လ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်းမှာ  ITC(Individual Trading Card ) အသုံးပြုပြီးသင်္ဘော သီးမှည့် ၄၇၀၀၀ ကီလိုဂရမ် တန်ဖိုး အားဖြင့် ကျပ်သိန်း ၇၀ ဒသမ ၅၀၀ ဖိုးကို တင်ပို့မှုရှိတယ်လို့ မောတောင် စခန်းမှ သတင်းပေး လာပါတယ်။ သင်္ဘောသီး ၁တန်ကို ကျပ်တစ်သိန်းခွဲ ဈေး ဝန်းကျင်ရတယ်လို့သိရပါတယ်။

Wednesday, 31 Jul 2013

အိန္ဒိယနိုင်ငံမှ ထုတ်လုပ်တဲ့ အမျိုးသားစီး YAMAHA (153CC) ဆိုင်ကယ်များကို တမူးကူးသန်း ရောင်း ဝယ်ရေးစခန်းမှ တင်သွင်းလျက် ရှိပါ တယ်။ ဘဏ္ဍာနှစ်စမှ ဇူလိုင်လ ယခု အပတ်အထိ ၁၉၀ စီး၊ တန်ဖိုး သုည ဒသမ ၁၅၄ ဒေါ်လာသန်းဖိုး တင်သွင်း ပြီးဖြစ်ပါတယ်။ မန္တလေးမြို့ အခြေစိုက် ဆိုင်ကယ်တင် သွင်း ရောင်းချသူရဲ့ ပြော ပြချက်အရ အိန္ဒိယ ဆိုင်ကယ်များဟာ ပုံစံ ဒီဇိုင်းများ ယခင်ထက် ဆန်းသစ် လာခြင်း၊ အကြမ်းခံခြင်း၊ ရေရှည်စီးနင်း အသုံးပြုနိုင်ခြင်းတို့ကြောင့် ဈေးကွက်မှ လက်ခံလာကြကြောင်း၊ ယခုကျောင်း ဖွင့်ရာသီများမှာ အရောင်းအဝယ် ပို လိုက်လျက်ရှိကြောင်း သိရှိရပါတယ်။ကသရ (တမူး)

Wednesday, 31 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင် လ ၁၇ ရက်မှ ၂၃ ရက်ထိကာလမှာ ကန်ဒေါ်လာ ၁၂၅၁၅ တန်ဖိုးရှိ ပြောင်းကြိတ် ဖတ်တန်ချိန် ၁၂၃ တန်နီးပါးကိုတင်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လကလည်း ၆၈ တန်ခွဲ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ပြောင်းကြိတ်ဖတ်ကိုတရုတ်နိုင်ငံမှာ တိရစ္ဆာန် အစာ အတွက် အသုံးပြုကြတာဖြစ်ပါတယ်။မော်မော်အောင် MIRT (DCCA)

Wednesday, 31 Jul 2013

ရှမ်းပြည်နယ်တောင်ပိုင်း (အောင် ပန်း) ဒေသထွက် ချင်းအသစ်များ တမူးကူးသန်းရောင်းဝယ်ရေး စခန်း သို့ ပြန်လည်ဝင်ရောက်လျက်ရှိပါတယ်။ ယခင်နှစ်များက တမူးကူးသန်း ရောင်း ဝယ်ရေး စခန်းမှ ချင်းခြောက်ကိုသာ တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ် ကစတင် ပြီး ချင်းအစိုကိုတင်ပို့နိုင်ခဲ့တာ ဖြစ်ပါ တယ်။

Wednesday, 31 Jul 2013

၂၀၁၃ ခုနှစ် ဇူလိုင်လ တတိယ ပတ် အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ် ရေးဇုန်မှကန်ဒေါ်လာသုညဒသမ ၂၄၉ သန်းတန်ဖိုးရှိ ပန်းသီး၊ သစ်တော်သီးနဲ့ လိမ္မော်သီး တန်ချိန်ပေါင်း ၄၉၂ တန် ကျော်ကို တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်က ၃၇၅ တန်တင်သွင်းခဲ့တာမို့ ယခုအပတ် ၁၁၇ တန်တင်ပို့မှုပိုမိုခဲ့ပါ တယ်။ လိမ္မော်သီးနဲ့သစ်တော်သီးကို မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင် သွင်းလျက်ရှိပြီး ပန်းသီးကိုတော့ ကန် ပိုက်တီးစခန်းမှလည်း ယခုအပတ်မှာ ၉ တန်တင်သွင်းခဲ့တာတွေ့ရပါတယ်။    မော်မော်အောင် MIRT (DCCA)

Pages