Main menu

Background

Monday, 8 Jul 2013

တစ်ဖက်နိုင်ငံမှ သစ်သီးဝလံများ ကို ဒေသတွင်း ထွက်ရှိချိန် မဟုတ်တဲ့ ကာလများမှာ ပြည်တွင်းသို့ တင်သွင်း ခွင့် ပြုထားပြီးဖြစ်ပါတယ်။ တင်သွင်းခွင့် ကာလတိုးမြှင့်လိုပါကသစ်သီးဝလံအသင်း ရဲ့ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံ ချက်လိုအပ်တယ်လို့လည်းသိရပါတယ်။ ယခုအခါ ကြက်မောက်သီးကို တင် သွင်းခွင့်ပြု ကာလအား ယခင်ကဇွန်လ ၁၅ ရက်အထိသာ ခွင့်ပြုရာမှ ယခု သြဂုတ်လကုန်အထိ ပြောင်းလဲတင် သွင်း ခွင့်ပြုပေးပြီးဖြစ်သလို ဒူးရင်းသီး ကိုလည်း နိုဝင်ဘာလမှ ဧပြီလအတွင်း တင်သွင်းခွင့် ပြုထားပြီးဖြစ်ပါတယ်။

Monday, 8 Jul 2013

၂၀၁၃ ခုနှစ် ဇွန်လမှာ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းတန်ဖိုးရှိတဲ့ သရက်ပြားခြောက် ၁၃၆ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မေလကလည်း ကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းဖိုးရှိ သရက်ပြားခြောက် ၁၅၈ တန်ကိုတင်ပို့ခဲ့ပါတယ်။ သရက်သီးရာသီမှာ သရက်သီး တွေ တင်ပို့မှုရှိသလို သရက်သီးရာသီကုန်ပေမဲ့လည်း တရုတ်နိုင်ငံရဲ့ မုန့်ပဲသရေစာလုပ်ငန်းတွေ မှာအသုံးပြုတဲ့ ကုန်ကြမ်း ပစ္စည်းဖြစ်တာကြောင့် သရက်ပြားခြောက်ကတော့ ပုံမှန်တင်ပို့နေပါတယ်။ သရက်ပြားခြောက်တစ်တန်ရဲ့ မိမိဘက်ပေါက်ဈေးကတော့ ငွေလဲနှုန်းအရ ၆၉၅၀၀၀-၇၀၀၀၀၀ ကျပ်ကြားဈေးပေါက်တယ်လို့ သိရပါတယ်။မော်မော်အောင်၊(DCCA)

Monday, 8 Jul 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် ကူးသန်း ရောင်းဝယ်ရေးစခန်းက ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်မှဇူလိုင်လ ၂ ရက်နေ့ အတွင်း ရေထွက်ကုန် ကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ ငါးမျိုးစုံ ၁၃၄၇ တန်ကျော်၊ ရေငန်ပုဇွန် ၅၂ တန်ကျော်၊ ကင်းမွန် ၂ တန်ကျော်၊ ကဏန်း ၂၅ တန်နီးပါး၊ ငါးမှုန့်၆၇ တန်နီးပါး၊ ကင်း မွန်ပြုတ်ခြောက် ၂ တန်ကျော်၊ ပုဇွန် ခြောက် ၃ တန်၊ ကဏန်းပျော့ ၁၇ တန် နီးပါး၊ ငါးခြောက် ၁၅ တန်နီးပါးနဲ့ သဲကဏန်း အနည်းငယ် တင်ပို့နိုင်ခဲ့ ပါ တယ်။

Monday, 1 Jul 2013

မိုးဦးကျလာပြီဆိုရင် ကိုသာအေး တစ်ယောက် ပေါက်ပြား တစ်လက်ကိုင် ပြီးထွန်တုံးမဝင်ခင်ကန်သင်းပြင်ဖို့ လယ် ဆင်းရတာမရိုးနိုင်တဲ့နှစ်စဉ်အလုပ် တစ်ခုပါ။ဒီလိုမှမလုပ်ရင်လည်းသာအေး တို့လယ်ကကုန်းဆန်ပြီးနံဘေး ကချောင်း ချောက် ၂ ခုခံနေတဲ့ "ကန်သင်းမပြင်-ရေမတင်"ဒေသအခေါ် "လိပ်ကုန်း" လိုလယ်မျိုးဖြစ်ပြီး မိုးများလို့ အောက် ရေထောက်လာပြန်ရင်လည်းချောင်းရေ လျှံ ရေမြှုပ်တတ်တာကြောင့် အထူးဂရု ပြုပြီး ရေ အဝင်၊ ရေအထွက်နဲ့ကန်သင်း လုံအောင်ပြင်ရတာကိုက စပါးအောင်နိုင် ရေးရဲ့လုပ်ငန်းအစဖြစ် သလိုကိုသာအေး တို့ မိသားစုဘဝဆိုရင်လည်းမမှားပါဘူး။

Monday, 1 Jul 2013

ဇွန်လ ၁၀ ရက်နေ့ ၁၃း၂၀ ချိန် ခန့်မှာ မူဆယ်မှမန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှာသွားလာနေတဲ့ယာဉ်များ ကို လရ-၁ အဖွဲ့က နောင်ချို Asia World Gate အနီး စစ်ဆေးမှုပြုလုပ်နေ စဉ် ယာဉ်အမှတ် ၄က/xxxx  အားရပ် တန့်စစ်ဆေးမှုပြုခဲ့ရာမှာ တရုတ်နိုင်ငံ လုပ် အကောက်ခွန်မဲ့တင်သွင်းလာတဲ့ ပိုးသတ်ဆေး (ဘူးသေး) ၁၀ ဖာနဲ့ ရွက်ဖြန်းအားတိုးဆေး (ဘူးကြီး) ၁၀ ဖာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါ တယ်။

Thursday, 27 Jun 2013

နောင်ချိုမြို့ Asia World   ဂိတ် အနီး အခြေပြု လှုပ်ရှားလျက် ရှိတဲ့ လရ-၁အဖွဲ့ဟာဇွန်လ ၁၅ ရက် ဝရး၀၀ ချိန်မှာ ပို့သွင်းယာဉ်များအား တားဆီး စစ်ဆေးစဉ် မူဆယ်မှ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ယာဉ်အမှတ်၁ဃ/xxxx အားရပ်တန့်စစ်ဆေးရာမှာ စားတော်ပဲ အိတ်များနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ အကောက်ခွန်မဲ့ ဂျုံအိတ် ၂၃၇ အိတ် အားစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ယာဉ်မောင်းဟာ တစ်အိတ် ကို သယ်ယူခ ၁၀၀၀ ကျပ်နှုန်းနဲ့သယ် ဆောင်လာကြောင်း သိရှိရပြီး နောက် နောင်ထိုသို့အကောက်ခွန်မဲ့ ပစ္စည်းများ အား သယ်ဆောင်ခြင်းမပြုရန်နဲ့ ထပ်မံ ကျူးလွန်ပါက ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ခံရမှာကို သိရှိကြောင်း ခံဝန် ချက်ပေးရန်လရ - ၁အဖွဲ့ဝင်များ ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။  Source: လရ (၁)၊MTN

Thursday, 27 Jun 2013

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အတွင်းရှိ ကန်ပိုက်တီးကူးသန်း ရောင်း ဝယ်ရေးစခန်းဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၉၀ ခန့်အကွာ၊ တစ်ဖက်တရုတ်နိုင်ငံ ခူရုန်းကျေးရွာမှ ၆ မိုင်ကျော်အကွာမှာ တည်ရှိတဲ့ မြန်မာ-တရုတ် ကူးသန်း ရောင်းဝယ်ရေးစခန်းတစ်ခုဖြစ်ပါတယ်။

Thursday, 27 Jun 2013

မောင်တောကူးသန်းရောင်းဝယ်ရေးစခန်းမှ ၂၀၁၂ ခုနှစ်အတွင်း တင်ပို့နိုင်ခဲ့ ခြင်းမရှိတဲ့ လဲမှို့ကို ၂၀၁၃ ခုနှစ်မေလမှာ  ကန်ဒေါ်လာ ၂၅၅၀ တန်ဖိုး၊ တန်ချိန် အားဖြင့် ၃ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ၁၅၃၃ ဒေါ်လာတန်ဖိုးရှိ လဲမှို့ ၂ တန်ကျော်ကို တင်ပို့ခဲ့ပြီးနောက်ပိုင်း တင်ပို့မှုမရှိခဲ့ရာမှ ယခုအခါပျောက်နေ တဲ့ အမယ်ကို ပြန်လည်တင်ပို့လာနိုင်တာဖြစ်ပါတယ်။

ယခုတင်ပို့နေတဲ့ လဲမှို့တွေဟာ မောင်တောခရိုင်မှထွက်ရှိတာဖြစ်ပါတယ်။ ဘူးသီးတောင်ဒေသမှ လည်းကောင်း၊ မောင်တောဒေသမှလည်းကောင်း ထွက်ရှိတဲ့ လဲမှို့တွေကို ဝယ်ယူစုဆောင်းပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့တာဖြစ်ပါတယ်။ ဒီ လဲမှို့ တွေဟာ အိမ်ခြံမှထွက်တဲ့ လဲမှို့တွေဖြစ်ပြီး စိုက်ခင်းနဲ့စနစ်တကျစိုက်ပျိုးတာ မဟုတ် ဘူးလို့ သိရပါတယ်။ တစ်ဖက်နိုင်ငံမှလည်း ဝယ်လိုအားရှိသဖြင့် ကုန်သည်များမှ လဲမှို့များ ဝယ်ယူ စုဆောင်းလျက်ရှိပြီး ဆက်လက်တင်ပို့သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ကသရ (မတ)
 

Thursday, 27 Jun 2013

နောင်ချိုမြို့ Asia World Gate အနီးအခြေပြုလှုပ်ရှားလျက်ရှိတဲ့ လရ-၁ အဖွဲ့ဟာ ဇွန်လ ၇ ရက်၀၈း၃၀ ချိန် မှာ ပို့သွင်းယာဉ်များအား တားဆီးစစ် ဆေးနေစဉ်မန္တလေးမှမူဆယ်သို့ မောင်း နှင်လာတဲ့ ယာဉ် ၁ခ^ထထထထ  အား ရပ် တန့် စစ်ဆေးရာမှာ တစ်အိတ်လျှင် ၂၄ ပိသာခွဲပါ အမဲသားခြောက်အိတ် ၂၅ အိတ်ကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

Thursday, 27 Jun 2013

နောင်ချိုမြို့Asia World  ဂိတ် အနီး အခြေပြုလှုပ်ရှားလျက်ရှိတဲ့ လရ-၁ အဖွဲ့ဟာ ဇွန်လ ၁၂ ရက်  ၂၃း၀၀ ချိန်မှာ  ပို့သွင်းယာဉ်များအား တားဆီး စစ်ဆေးနေစဉ် မန္တလေးမှမူဆယ်ဘက် သို့ သွားတဲ့  Light Truck   ယာဉ်အမှတ် ၈ဇ/xxxx အားတားဆီးစစ်ဆေးရာမှာ ဒေသသုံးပစ္စည်းများနဲ့ ရောနှောဖုံးအုပ် သယ်ဆောင်ထားတဲ့ စကျင်ကျောက်လို့ ယူဆရတဲ့ ကျောက်နဲ့ပြုလုပ်ထားတဲ့ ၁၇ လက်မ ၄၆ လက်မအရွယ်ကြားရှိ မယ်တော် နဂါးရုပ်များ၊ ဦးတီပွားနဂါးစီး ရုပ်၊ ဦးတီပွားနဂါးရစ်ရုပ်၊ မယ်တော် နဂါး လိပ်၊ မယ်တော်ငါးဘီလူးအရုပ် ၉ ရုပ်နဲ့ ၈"x ၇" x ၄" တမလန်းသစ် ၄ တုံးအား ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Pages