Background
ယခုနှစ် Close Season အစီအစဉ်တွင် ငါးဖမ်းလှေအားလုံး မပိတ်ဘဲ ၇၅ ရာခိုင်နှုန်းခွင့်ပြုပေးသွားမယ်လို့ မြိတ်ကူးသန်း ရောင်း ဝယ်ရေးကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ မြိတ်ခရိုင်ငါး လုပ်ငန်း ဦးစီးမှူး ဦးမြင့်ရွှေ က ပြောကြားခဲ့ပါတယ်။ ယခင်နှစ်က Close Season ငါးဖမ်းရာသီပိတ်တဲ့အစီအစဉ်အရ ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံး ငါးဖမ်းဆီးခွင့်ပိတ်ပင်ခဲ့တဲ့ အပြင် မေလ ၃၁ ရက်နေ့တွင် ငါးဖမ်းလှေအားလုံး ပင်လယ်ပြင်မှ ပြန်လည် ဝင်ရောက်ခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ်မှာ ပင်လယ်ပြင်ငါး ဖမ်းရက် ၉၀ မပြည့်သေးသော ငါးဖမ်းလှေများအား ရက် ၉၀ ပြည့် သည်အထိ ခွင့်ပြုပေးထားပါတယ်။ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ကြိုးပမ်းဆောင်ရွက်မှုကြောင့် ငါးဖမ်း ရာသီ ၄၅ ရက်ပိတ်ရာမှာ ငါးဖမ်းလှေ အားလုံးမပိတ်ဘဲ ၇၅ ရာခိုင် နှုန်း ထွက်ခွင့်ရအောင်ဖြေလျော့ပေးခြင်းကြောင့် ယခုနှစ်တွင်လည်း ယခင်နှစ်ကဲ့သို့ပင် လျာထားချက်ပြည့်မီကျော်လွန်အောင် တင်ပို့ သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ယခုနှစ်မြိတ်စခန်းရဲ့ လျာ ထားချက်မှာ ဒေါ်လာသန်းတစ်ရာဖြစ်ပြီး ဆောင်ရွက်နိုင်မှုမှာ ဒေါ်လာ ၁၁၂ သန်းရှိကြောင်း၊ စခန်း ၉ ခု အနက် ယခင်နှစ်က လျာထားချက်ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ခဲ့တဲ့စခန်းနှစ်ခုမှာ မြိတ်နဲ့ကော့သောင်း စခန်းတို့ဖြစ်တယ်လို့ သိရပါတယ်။ ခင်မြနွယ် ( MIRT )
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းမှ တရားမဝင် ကုန် စည် စီးဆင်းနေမှုများအား Mobile Team အဖွဲ-၂ မှ တာဝန်ယူ စစ်ဆေးလျက်ရှိနေပါတယ်။ မေ ၁၅ ရက်မှ ၂၁ ရက်ထိကာလ အတွင်းမှာ ကျပ် ၁၈ ဒဿမ ၉၈၀ သိန်း တန်ဖိုးရှိစားဆီ ၁၈ လီ တာ စားဆီ ၂၄၃ ဖာ၊ ၅ လီတာပါ ၄ ပုံးပါ ၄ ဖာကို စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။ စားသုံးဆီများကို တရားဝင်တင်သွင်းခွင့်ပြုထားပါလျက် FDA ရဲ့ထောက်ခံချက်တောင်းခံရန် အရည်အသွေး ပြည့်မီမှု၊ စားသုံးရန် သင့်/မသင့် စစ်ဆေးခံနိုင်မှုမရှိခြင်းကြောင့်ဖြစ်နိုင်သလို အခွန်တိမ်းရှောင်ရန် အလို့ငှာ တရားမဝင် အကောက်ခွန်မဲ့သယ် ဆောင် နေကြခြင်းဟာ စားသုံးသူမျက်နှာကို မထောက်၊ ဥပဒေကို မကြောက်သူများရဲ့ လုပ်ရပ် ဆိုးများသာဖြစ်ပါတယ်။Source: လရ-၂ MTN
တမူးနယ်စပ် ကုန်သွယ်ရေးစခန်းအနေနဲ့ အဓိကအများဆုံး တင်ပို့နိုင်တဲ့ ပို့ကုန်ပစ္စည်းတွေကတော့ စက်မှု ကုန်ချောဖြစ်တဲ့ ပြည် တွင်း ထုတ်စီးကရက်များတင်ပို့ခြင်းဖြစ်ပါတယ်။ Jet, Paris, Peacockm, Golden Elephant, Ruili River အမည်တံဆိပ်နဲ့ နန့်ဖာလုံဈေးတွင်လက်ကားရောင်းချတယ်လို့သိရပါတယ်။ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်ယခုမေလ ၁ ရက်မှ ၂၀ ရက်နေ့အတွင်း စီးကရက် မျိုးစုံ ၆၀၆၉ ပါကင်၊ ၉၇ တန်၊ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင် ၃၈၇ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဧပြီလမှာ ၂၉၂၅ ပါကင် ၄၇ တန်၊ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၈၈ သန်း ဆောင်ရွက်နိုင်ခဲ့၍ ယခင်လထက်နှစ်ဆကျော်ပိုမိုခဲ့ပါတယ်။ ပြည်တွင်းထုတ်စီးကရက် များရဲ့ အနံ့၊ အရသာကို တစ်ဖက်နိုင်ငံမှ နှစ်သက်၍ တိုးမြှင့် တင်ပို့ နိုင်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။စံဖြိုးေ၀ ၊ ကသရ (တမူး)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ယောဒေသမှာ အလေ့ကျ ပေါက်တဲ့ဝဥကို နိုင်ငံခြားဝင်ငွေရရှိတာကြောင့် စနစ်တကျစိုက်ပျိုးလာ ကြပါတယ်။ မေလတတိယပတ်မှာ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်း ဝယ်ရေးဇုန်ကနေကန်ဒေါ် လာ သုည ဒသမ ၁၃၃ သန်းဖိုးရှိတဲ့ ဝဥ ခြောက် ၇၂ တန်နီးပါးကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဝဥပင်ဟာ တောထဲမှာအလေ့ကျပေါက်တဲ့အပင်ဖြစ်ကာ ဇွန်လမှာဝဥကိုစိုက်ပျိုး ပြီး နိုဝင်ဘာနဲ့ဒီဇင်ဘာလ မှာ ဖော်ကြပါတယ်။ ဝဥအစိုဈေး တစ် ပိသာကျပ် ၅၀၀ ထိရှိပြီး၊ ဝဥအစိုကိုသေသေချာချာလှီးကာ နေပူ နှစ်ရက် လှန်း၍သော်လည်းကောင်း၊ ပေါင်းခံပြီးအခြောက်ပြုလုပ်၍ သော်လည်းကောင်း ဈေးကွက်မှာရောင်းချကြပါတယ်။ တရုတ်နိုင်ငံ ကတော့ ဝဥဆို ရသလောက်ဝယ်ပေမဲ့ ဂျပန်နိုင်ငံကတော့ သန့်ရှင်းပြီး အရည်အသွေးမီမှ ဝယ်ကြတယ်လို့သိရပါတယ်။မော်မော်အောင် MIRT (DCCA)
မြဝတီမှ ပဲခူးသို့မောင်းနှင်နေတဲ့ Light Truck ယာဉ် ၈ဆ/xxxx အား မေ ၁၆ ရက်နေ့ ၂၃၀၀ ချိန်မှာစားသုံး သူအကာအကွယ်ပေးရေးနဲ့တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး အဖွဲ့ လရ-၂ အခြေပြု နေရာသို့ရောက်ရှိ လာပြီး စစ်ဆေးမှုကိုခံယူခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။အ သင့် စုဖွဲ့အင်အားနဲ့လရ-၂မှ လိုက်လံ တားဆီးခဲ့ရာ ရန်ကုန်-မြဝတီ ဝေါမြို့ အနီး မိုင်တိုင် ၇၅/၆ နဲ့ ၇၅/၇ ကြား အဗျားဗိုလ်တဲ တိုက်ငါးလုံးကွေ့မှာ တား ဆီး နိုင်ခဲ့ပါတယ်။ တားဆီးတဲ့နေရာမှာ အကြမ်းဖျင်း စစ်ဆေး တွေ့ရှိချက်အရ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ထားတာကိုတွေ့ရှိတဲ့အတွက် အခြေပြုနေရာသို့ ပြန်လည်ထိန်းသိမ်း ခေါ်ဆောင်ပြီး အဖွဲ့စုံနဲ့ ဖွင့်ဖောက်စစ် ဆေးခဲ့ရပါတယ်။ စစ်ဆေးတွေ့ရှိခဲ့ရတဲ့ ပစ္စည်းတွေကတော့ ကျပ် ၆၈ သိန်း တန်ဖိုးရှိ အလှကုန်ပစ္စည်းများနဲ့ ကျပ် ၁၁၇ သိန်းတန်ဖိုးရှိ စက်ခေါင်း၊ ရေစုပ် စက်၊ ဆပ်ပြာမှုန့်တို့ဖြစ်ကြပြီး စုစုပေါင်း အကောက်ခွန်မဲ့ပစ္စည်းတန်ဖိုးမှာ ကျပ် ၁၈၅သိန်းရှိပါတယ်။ အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီအမှုတွဲဖွင့်လှစ် အရေးယူထားပြီးဖြစ်တယ်လို့ သိရပါ တယ်။Source: လရ-၂ MTN
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ် ရေးဇုန်မှ မေလ ၁၅ ရက်မှ ၂၁ ရက်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်းဖိုးရှိတဲ့ စိန်တစ်လုံးနဲ့ ရွှေဟင်္သာသရက်သီးတန်ချိန် ၄၂၁၀ နဲ့ ချင်းရွှေဟော်မှ စိန်တစ်လုံးသီး ၁၈ တန်ခွဲကို ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၃၇၃၇ တန်နဲ့ ချင်းရွှေဟော်မှ ၇ တန် တင်ပို့ခဲ့တာမို့ ယခုအပတ် သရက်သီး တင်ပို့မှု ၄၈၄ တန်ပိုမိုခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ စဉ့်ကိုင်၊ ပုသိမ်ကြီးမြို့နယ်တွေက ထွက်ရှိတဲ့သရက် သီးတွေကို ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မှတစ်ဆင့် တရုတ်ပြည် သို့ တင်ပို့ ရောင်းချလျက်ရှိရာ နေ့စဉ်ကားအစီး ၁၀၀ နီးပါးအတက် ရှိနေတယ် လို့သိရှိရပါတယ်။ မန္တလေးမှ တင်ပို့တဲ့ သရက်သီးများကို မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးပွဲရုံ များမှ တရုတ်ကုန်သည်တွေ အဝယ် သွက်နေပါတယ်။ အနံ့ အရသာနဲ့ပြည့်စုံတဲ့ သရက်သီးမျိုး များ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်ရာမှာ အောင်မြင်ဖြစ်ထွန်းလာခြင်း အတွက် ပြည်တွင်းရှိ သရက်သီးစားသုံးမှုကို ဖူလုံတဲ့အပြင် အရည်အသွေး ပြည့်မီတဲ့ သရက်သီးများကို ပြည်ပကို တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိလာပြီး မြန်မာနိုင်ငံ အနှံ့အပြားရှိ သရက်စိုက် တောင်သူတွေလည်း ဝမ်းသာနေကြရပါတယ်။မော်မော်အောင် MIRT (DCCA)
မြဝတီ-ရန်ကုန်ကုန်သွယ် မှုလမ်းကြောင်းရှိ Mobile Team (လရ-၂)အဖွဲ့သည် စစ် တောင်းတံတားအသစ်တံတား အဟောင်း လမ်းဆုံအနီးတွင် ယာယီအခြေပြုပြီး တားဆီး ဆောင်ရွက်လျက် ရှိစဉ် မေလ ၈ရက် ၀၁း၃၀နာရီအချိန်တွင် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် PE ယာဉ်အ မှတ်၇ဃ/xxxx အားစစ်ဆေး ရာတွင်ပီပါခွံများနှင့်ရာဘာထုပ် များအောက်တွင် သိုဝှက်သယ် ဆောင် လာသည့် ငရုတ်ဆီ၊ အိုဗာတင်းအပါ အဝင်စုစုပေါင်း စားသောက်ကုန် ပစ္စည်း ၅ မျိုး (ခန့်မှန်း တန်ဖိုး ၁၅၈၀၀၀၀ ကျပ်) ကို စစ်ဆေးတွေ့ရှိလို့ အကောက်ခွန်အမှုတွဲ ဖွင့်လှစ် ပြီးမလွဲမရှောင်သာသိမ်းဆည်း ခဲ့ရပါတယ်။
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းပေါ်မှာ မေလ ၉ ရက်မှ ၁၅ ရက်ထိ ၇ ရက် တာကာလ အတွင်းမှာ တော့ ကျပ် ၄၈၀၀၀၀တန်ဖိုးရှိ ပုစွန် နှစ်ကောင် တံဆိပ်စားဆီတစ် လီတာ၊ နှစ်လီတာပုံးများ ပါတဲ့ဆီဖာ ၄၀ကိုသိမ်း ဆည်းရမိခဲ့တယ် လို့ Mobile Team ထံကသိရှိရပါတယ်။ သိမ်းဆည်းရမိ ပစ္စည်းများဟာ ပိုင်ရှင်မဲ့များဖြစ် နေပါ တယ်။ စားဆီများကိုယခင်က တင်သွင်း ခွင့်မပြုသော်လည်းယခုအခါ ဖြေလျော့ ပြီးတင်သွင်းခွင့်ပေး ထားပြီးဖြစ်ပါတယ်။ ကျန်းမာရေးဦးစီးဌာန၊အစားအ သောက်နဲ့ဆေးဝါးကွပ်ကဲ ရေးဌာနရဲ့ စားသုံးရန်သင့်ကြောင်း (Fit for Human Consumption) ထောက်ခံချက် ရရှိကတင်သွင်းခွင့်ပြုထား ပြီးဖြစ်သော် လည်းအခွန်ရှောင်ရန် အလို့ငှာအ ကောက်ခွန်မဲ့သယ်ယူ စီးပွားရှာနေမှု များရပ်တန့်သင့်ပြီဖြစ်ကြောင်း အသိ ပေးပြောကြားလိုပါတယ်။လရ-၂ MTN
ကုန်သွယ်မှုပမာဏတိုးတက် ရေးနဲ့ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေ ရေးတို့အတွက် ကုန်ပစ္စည်းလျှောက် ထားမှုများအားအဆင့်ဆင့် ဖြေလျော့ ခွင့်ပြုပေးခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့် ကြေညာစာအမှတ် ၁၆/၂၀၁၃ နဲ့ကုန် ပစ္စည်း၁၆၆မျိုးအားတင်သွင်းခွင့်လိုင် စင် လျှောက်ထားရန်မလိုအပ် တဲ့ ကုန် ပစ္စည်းများအဖြစ် ခွင့်ပြုသတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကူးသန်း ရောင်းဝယ်ရေး စခန်းမှ မေလ ၁ ရက်မှ ၇ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၀၄သန်း တန်ဖိုးရှိတဲ့ စိန်တစ်လုံးသရက်သီး ၁၈ တန်ကို စတင် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးဇုန် ကလည်း ယခုအပတ်မှာကန်ဒေါ်လာသုည ဒသမ ၇၁၇သန်း တန်ဖိုး ရှိတဲ့ ရွှေဟင်္သာ၊ စိန်တစ်လုံးနဲ့ သရက်သီးအကြမ်းသီးတွေကို ၂၁၄၉ တန်ကျော်တင်ပို့ခဲ့ပါတယ်။ သရက်သီး ရာသီချိန်ဖြစ်တာကြောင့် ယခုအပတ် ၁၁၂ တန်ကျော် ယခင်အပတ်ထက် ပိုမိုတင်ပို့လာနိုင် တာ တွေ့ရပါတယ်။သရက်သီးအကြမ်းသီး ၁ ကီလိုကို မူဆယ် ၁၀၅ မိုင်သစ် သီးဝလံကုန်စည်ဒိုင်မှာ ၂ ဒသမ ၆ ယွမ် - ၆ ယွမ် ဈေးပေါက် နေတယ်လို့သိရပါတယ်။ မော်မော်အောင် MIRT (DCCA)