Background
စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team နှစ်ဖွဲ့ကို မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းနဲ့ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းများမှာ တာဝန်ပေး ဆောင်ရွက် ထားစေသလို စခန်းအလိုက်ထုတ်နုတ်အင်အားများနဲ့ ပညာပေးကာလ၊ အရေးယူကာလများရယ်လို့ ခွဲခြားပြီးတရား မဝင် ကုန်သွယ်မှုများကိုတားဆီးလုပ်ဆောင်လျက်ရှိနေပါတယ်။
ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာန အနေနဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလား ဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နယ်စပ်များမှာ ကူးသန်းရောင်းဝယ် ရေး စခန်း (ယခင်နယ်စပ်ကုန်သွယ်ရေး စခန်း) များဖွင့်လှစ် ကာ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ တယ်။ ကုန်သွယ်မှုလုပ်ငန်းများလျင်မြ န်ချောမွေ့စေရေးအတွက် နယ် စပ် ဖြတ်ကျော်ပုံမှန်ကုန်သွယ်ရေး (Normal Trade) စနစ် အရ ဒေါ်လာ၊ ယူရိုငွေကြေးများအပြင် Border Trade စနစ်အရ "ကျပ်" ငွေကြေးနဲ့ကုန်သွယ်မှု များဆောင်ရွက် ခွင့် ပေးထားခဲ့ပါတယ်။ ကျပ်ငွေကြေးနဲ့ ကုန်သွယ်မှုပြုရာမှာ ကုန် သွယ်မှုတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ပို့ကုန်အခွန်အခဖြတ် တောက်ရန်အတွက် ဘဏ်များသို့ ပေးသွင်းရပြီး ကျန် ၉၀ ရာခိုင်နှုန်းကို ပို့ကုန်ကြောင့် ရငွေသွင်းကုန်အကျိုးခံစားခွင့် Earning အဖြစ် သတ်မှတ်ပြီး သွင်းကုန်ပစ္စည်းများပြန်လည် တင်သွင်းခွင့်ပြုစေ တာဖြစ်ပါတယ်။
မြဝတီ-ရန်ကုန် လမ်းကြောင်းပေါ်ရှိကသရ (လရ-၂) အဖွဲ့ဟာ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ နံနက် ၀၉း၁၅ ချိန်ခန့်မှာ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ အနီးရှိ ယာဉ်အမှတ် ၈ဂ/xxxx ပေါ်မှ ထိုင်းနိုင်ငံ ထုတ် ပုစွန် ၁၂၄ ကီလိုနဲ့ ကြက်မြစ်ကြက်သဲ ၂၀၀ ကီလို တရားမဝင်သယ်ဆောင်လာတဲ့အတွက် Mobile Team အဖွဲ့-၂ အဖွဲ့ဝင်များမှ ဟန့်တားထိန်းသိမ်းရပြီး အများပြည်သူ စားသုံးဖို့ အန္တရာယ်ရှိတဲ့အတွက်ကြောင့် မီးရှို့ဖျက်ဆီးဖို့ဆုံးဖြတ်ကြပါတယ်။ တားဆီးထားတဲ့အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းကို အကောက်ခွန် ဦးစီးဌာနသို့ အမှုတွဲအမှတ် ၁၁-လရ-၂/၂၀၁၃ (၅၁၅) ဖြင့်အမှုဖွင့်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ခန့်မှန်းကာလတန်ဖိုးဟာ ပုစွန် ၁၂၄ ကီလို (၂၇၂၈၀၀ ကျပ်)၊ ကြက်မြစ်ကြက်သဲ ၂၀၀ ကီလိုအတွက် (၂၄၀၀၀၀ ကျပ်) စုစုပေါင်း (၅၁၂၈၀၀ ကျပ်) ရှိကြောင်း အဖွဲ့စုံရဲ့ရှေ့မှောက်မှာမီးရှို့ဖျက်ဆီးပြီးဖြစ်ကြောင်း သတင်းရရှိပါ တယ်။ Source:ကသရ (လရ-၂)ဒသက
ယခုအခါ စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေသြဇာနဲ့ပိုးသတ်ဆေး များ အရည်အသွေးမပြည့်မီမှု၊ အတုအပ ပြုလုပ်မှု၊ သက်တမ်းလွန်မှု များကြောင့် တောင်သူများအခက်အခဲနဲ့ ကြုံတွေ့နေရခြင်းနဲ့ စပ်လျဉ်းပြီး အရောင်းဆိုင်တွေအနေနဲ့ အမျိုးသားရေးအမြင်နဲ့ လာ ရောက်ချပေးတဲ့ပစ္စည်းတွေဟာ မှတ်ပုံတင်ထားခြင်းရှိမရှိ၊ Life ရှိမရှိ အားExpirary Date များကိုစစ်ဆေးပြီးမှ လက်ခံရောင်းပေးသင့် ပါတယ်။ တောင်သူတွေကို လျင်လျင်မြန်မြန် စီးပွားဖြစ်စေ၊ အောင်မြင် စေရန် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူ၊ သုံးစွဲသူများ အားလုံး စည်းနဲ့ကမ်းနဲ့လိုက်နာ လုပ်ဆောင်ကြဖို့လိုတယ်လို့ အသိပေးလိုပါ တယ်။
စားသုံးသူ အကာအကွယ်ပေး ရေးနဲ့ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းကျဆင်းစေရေးအတွက် မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Mobile Team အဖွဲ့-၂ ဟာ မတ်လ ၃၀ ရက်နေ့ ၀၂း၅၅ အချိန်မှာ ဒိုင်နာ အမျိုးအစားယာဉ်အမှတ် ၂ခ/xxxx ဟာ ရေခဲငါးပုံးများတင်ဆောင်ပြီး သြဘငူန ွှနော စစ်ဆေးမှုကိုခံယူခဲ့ပါတယ်။ ထိုယာဉ်အားစစ်ဆေးရာမှာ ယာဉ်ပေါ် မှာပါရှိလာတဲ့ ရေခဲပုံးများအတွင်းမှာ ထိုင်းနိုင်ငံမှကြက်သဲ၊ ကြက်မြစ်၊ ကြက်သားများကို ရေခဲငါး၊ ပုစွန်တို့နဲ့ ရောနှောဖုံးအုပ်ထားတာကို စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ သြဘငူန ွှနော အဖွဲ့အနေနဲ့ ယာဉ်ပေါ်မှာတွေ့ရှိရတဲ့ ပုစွန်များမှာ မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါး လုပ်ငန်းဦးစီးဌာနရဲ့ မျှောစာပါရှိတဲ့ အတွက် ပုစွန်များကိုတော့သိမ်းဆည်း ခြင်းမပြုဘဲ ခန့်မှန်းကျပ် ၈၁၃၀၀၀ တန်ဖိုးရှိ ကြက်သဲကြက်မြစ် ၅၄၀ ကီလိုဂရမ်နဲ့ ကြက်သားကီလို ၁၁၀ ကို သိမ်းဆည်းခဲ့ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလ အတွင်း စင်္ကာပူနိုင်ငံသို့ ဒေါ်လာ ၂၀၁၀၀ တန်ဖိုးရှိ ပြောင်း ၆၇ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၅ တန်ကျော်သာတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာတန် ၆၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်ပြောင်း FOB ပေါက်ဈေး တစ်တန်လျှင် ဒေါ်လာ ၃၀၀ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းမှ တင်ပို့တဲ့ပြောင်းပမာဏ နည်း သော်လည်း ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ယခုအပတ်မှာ တန်ချိန် ၁၆၇၀၀ ကျော်တင်ပို့မှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ယဉ်ယဉ်အေး၊MIRT (DOBT)
မတ်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၂၁၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၀၄၇ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၂၃ တန်ကျော် တင်ပို့မှုလျော့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကြောင်ပန်းစေ့၊ ကြက်ဆူစေ့နဲ့တောဂျင်း တို့တင်ပို့မှုပိုမို ခဲ့သော်လည်း ဝဥခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ကြောင်လျာစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ နေ လဲစေ့နဲ့ ဆီးဆံတို့တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ယခင်အပတ်ကတင်ပို့မှုမ ရှိတဲ့ တောဂျူးမြစ် နဲ့စကားပန်းပွင့်ခြောက်တို့ကိုတော့ ယခု အပတ်မှာ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ဝဥခြောက်ဟာသွေးကြောထဲရှိ ကိုလက်စထရောများကိုလျော့ကျစေနိုင်တဲ့ ဆေးဘက် ဝင် ကုန်ကြမ်းပစ္စည်း တစ်မျိုးဖြစ်တာကြောင့် ဈေးကွက် ခိုင်မာ လျက်ရှိပါတယ်။ ယခုအပတ်မှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်း ဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၁ တန် ကို တင်သွင်းခဲ့ တယ်လို့သိရပါတယ်။ခင်ကလျာဦး၊ MIRT (DOBT)
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းမှာ စားသုံးသူအကာအကွယ်ပေးရေး နဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးရေးအဖွဲ့ (၂) ဟာ ညောင်ခါးရှည်လမ်းဆုံမှာ တာဝန်ထမ်းဆောင်နေစဉ် မတ်လ ၂၂ ရက် ၂၃း၂၀ ချိန်မှာ မန်းရွှေမြို့တော် မှန်လုံယာဉ် ၇ဂ/xxxx ပေါ်မှ မုန်လာဥနီ (၃၄) ဖာနဲ့ မတ်လ ၂၃ ရက် ၁၅း၅၅ ချိန် မှာ မန္တလာမင်း ယာဉ်လိုင်းမှန်လုံယာဉ် ၇ဂ/xxxx ပေါ်မှ ၂၂၇ ကီလိုဂရမ် အလေးချိန်ရှိတဲ့ သစ်ခွပန်း (၅) ဖာကို စစ်ဆေးဆွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါ တယ်။ ပုပ်သိုးပျက်စီးလွယ်တဲ့မုန်လာဥနီနဲ့ သစ်ခွပန်းတို့အား မတ်လ ၂၅ ရက်နေ့ မှာ လေလံပစ်ဆောင်ရွက်မှုပြုလုပ်မယ်လို့ သိရှိရပါတယ်။ Source:လရ-၂၊MTN
တမူးနယ်စပ်တွင်ကုန်သွယ်မှုပြုနေသော ကုမ္ပဏီအချို့နဲ့ ITC ကတ်အသုံးပြု ပြီး စားသောက်ကုန် တင်သွင်းသူများအနေနဲ့FDA ထောက်ခံချက်ရရှိရေးအတွက် အခက်အခဲများရှိနေကြတဲ့အတွက် FDA ထောက်ခံ ချက်နဲ့တင်သွင်းခွင့်ရရှိပြီးဖြစ်တဲ့ ကုန်ပစ္စည်းတူများအား တင်သွင်းခွင့်ရရှိရေးနဲ့ တမူးနယ်စပ်ကုန်သည် အသင်း အနေနဲ့FDA ရရှိပြီးကုမ္ပဏီများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကူညီပံ့ပိုးပေးရန် မတ်လ ၂၁ ရက်နေ့က တမူးကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူအကာအကွယ် ပေးရေးဌာနမှာ ပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးမှာ တင်ပြလာ ကြပါတယ်။ တမူးနယ်စပ်ကုန်သည်များအသွင်းများပြီး FDA ထောက်ခံချက်အခက် အခဲရှိနေတဲ့ စားသောက်ကုန်ပစ္စည်းများမှာ စပျစ်သီးခြောက်၊ စွန်ပလွန်ယို၊ ပါပလာ တို့ဖြစ်တယ်လို့သိရပါတယ်။
တရုတ်နိုင်ငံလုပ်စားသောက်ကုန်များ ဖြစ်တဲ့ ကြက်အူချောင်း၊ ပဲနို့၊ ပဲပုပ်၊ ကြာစွယ်၊ အချိုရည်၊ အရက်၊ တို့ဟူး၊ မှိုခြောက်၊ ကြက်သွန်ဖြူ၊ မာလာခေါက် ဆွဲ (အစိမ်း/အဖြူ)၊ ကျောက်ပွင့်၊ မှိုမဲ၊ မဆလာ၊ တို့ဟူးခြောက်၊ ခေါက် ဆွဲ ခြောက် စတဲ့ စားသောက်ကုန်များဟာ တရားမဝင်လမ်းကြောင်းများမှ ကွတ် ခိုင်သို့ရောက်ရှိလာတဲ့အတွက် FDA စစ်ဆေးခွင့်ပြုချက်များ မပါရှိပါဘူး။ ဒါပေမဲ့အထက်ပါတရားမဝင်အကောက် ခွန်မဲ့ဝင်လာတဲ့ စားသောက်ကုန်ပစ္စည်း များကို သိန္နီမြို့နယ် ပြည်တွင်းအခွန်ဦး စီးဌာနမှာ ကုန်သွယ်ခွန်နဲ့ ဝင်ငွေခွန် များ ပေးဆောင်ထားပြီး ပြည်မသို့ သယ် ဆောင်လာခြင်းကို မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် စား သုံးသူ အကာအကွယ်ပေးရေးနဲ့ တရား မဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ (၁) က နောင်ချိုမြို့ Asia World Toll Gate အနီး ယာယီအခြေပြုစစ် ဆေးရာမှာ ယာဉ်နှစ်စီးပေါ်မှ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။