Background
ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီ လဒုတိယအပတ်အတွင်းမှာ စားအုန်းဆီ ဆီကြမ်းကြိတ်တဲ့ စက်အပိုပစ္စည်းများ ဆီအုန်းပျိုးခင်းများကို မြေသြဇာ ကျွေး ရာမှာ အသုံးပြုတဲ့ပက်ဖြန်းစက် (Fertilizer Spreader) တို့ ကို ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီက တင်သွင်း ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ Mobile Team အဖွဲ့-၂ မှ ကျပ် ၁၁၆၈ သမ ၆၇၁ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများကို စစ်ဆေးတွေ့ရှိ ခဲ့ရတဲ့အတွက် အကောက်ခွန်အမှုတွဲများဖွင့်လှစ်ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနဲ့အညီဆောင်ရွက်ထားတယ်လို့ သတင်းရရှိပါတယ်။
စစ်ဆေးတွေ့ရှိရတဲ့ပစ္စည်းတွေကတော့ စားဖိုချောင်သုံး စတီးပစ္စည်းများ၊ စတီးအိုးခွက်များ၊ ရေခဲဘူး၊ ပဲပုပ်စေ့အချဉ် ပုလင်း၊ အိမ်သုံးဆေးဝါးများ၊ ပီလောပီနံမှုန့်၊ ပိုးသတ်ဆေး၊ အသီးပွင့်အားဆေး၊ ဆေးဖျန်းပိုက်၊ ကွမ်းစားဆေး၊ Chang Beer, Singha Beer, Spy Wine, Diablo Beer, ဝီစကီ၊ Volka အရက်၊ကော်ဖီ၊စားဆီ၊ ဘီစကစ်၊ ဝေဖာ၊ မုန့်ဖာ၊ မုန့် သေတ္တာပုံး၊ ပဲနို့ရည်၊ ပူရှိန်းတောင့်၊ အချိုရည်မျိုးစုံ၊ ခေါက်ဆွဲ ခြောက်၊ ငါးသေတ္တာ၊ ကော်ဖီကရင်မ်မာ၊ ငံပြာရည်၊ ခရုဆီ၊ Nivea တံဆိပ်အလှကုန်များ၊ ကျား/မ ကလေးဝတ် ဂျင်း အထည်များ၊အနွေးထည်များ၊ ကလေးခေါင်းအုံး၊ ပလတ်စတစ် ဖျာ၊ ခေါင်းလိမ်းဆီ၊ အဝတ်အထည် (တီရှပ် ကလေး/မဝတ်)၊ ကားကူရှင်စွပ်၊ ကားဘီးစွပ်၊ ဆပ်ပြာ၊ ခလေးနို့ဘူး၊ ကားပစ္စည်း မျိုးစုံတို့ဖြစ်ကြပါတယ်။ စစ်ဆေးတွေ့ရှိရမှုကိုကြည့်လျှင် စာရွက်စာတမ်းပြည့်စုံမှု မရှိသလို ID ထက်ပိုမိုတာ၊ Manifest မှာ မပါတဲ့ပစ္စည်း၊ မည်သည့် စာရွက်စာတမ်းအထောက်အထားမပါတာလည်း ရှိနေပါတယ်။ တရားမဝင်ပစ္စည်းများကို ရှောင်ကွင်းလမ်းမှ သယ်ယူနေသလို ကားအမိုးပေါ်မှာ ဖြန့်တင်တာမျိုး၊ ယာဉ် မောင်းခေါင်းခန်းမှာ သယ်လာတာမျိုး၊ အံဝှက်များ၊ နောက်ဆုံးတန်းထိုင်ခုံအောက်များ၊ Gas အိုးအကန့်များ၊ ရေတိုင်ကီခန်းတို့မှာ ဝှက်သယ်လာ တာမျိုး၊ တောင်ထန်း အောက်၊ထုံးအိတ်များအောက်မှာ ဝှက်သယ်လာတာမျိုး နည်း မျိုးစုံနဲ့တရားမဝင် သယ်ဆောင် နေကြတာကို တွေ့ရှိနေရပါ တယ်။ အရက်နဲ့ဘီယာ၊ ဝိုင်ကလွဲလျှင် ကျန်သိမ်းဆည်းရတဲ့ ပစ္စည်းတွေဟာ တရားဝင်ကုန်သွယ်ခွင့်ပေးထားတဲ့ပစ္စည်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ထုတ်ကုန်သွင်းကုန်မှတ်ပုံတင် လုပ်မထားလျှင်တောင် ITC (Individual Trading Card) နဲ့ သွင်းလို့ရတဲ့ပစ္စည်းများလည်း ပါရှိနေတာတွေ့နေ ရပြန်ပါ တယ်။ အစိုးရသစ်အနေနဲ့ ဖြေလျော့မှုအဆင့်ဆင့်ဆောင်ရွက် ပေးနေသော်လည်း အခွန်ရှောင်ပြီး တရားမဝင် ကုန်သွယ်မှု တွေ များပြားနေတဲ့အတွက် တရားဝင်လုပ်ဆောင်သူများနဲ့ ပြည်တွင်း SMEs များကို အကာအကွယ် ပေးရန် တရားမဝင် ကုန်သွယ်မှုများကို တားဆီးထိန်းချုပ်နေရခြင်းကို မလွဲမသွေ လုပ်ရန်လိုအပ် တယ်ဆိုတာ ယခုလိုသိမ်းဆည်းရမိမှုတွေက သက်သေပြလျက်ရှိနေကြောင်းပါ။ Source: လရ-၂၊MTN
စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီး ထိန်း ချုပ်ရေးအဖွဲ့ Mobile Team အဖွဲ့-၁ ဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် ၁၉း၀၀ ချိန်မှာ နောင်ချိုမြို့ Asia World ဂိတ်အနီး ကုန်တင်ယာဉ်များကိုစစ်ဆေး စဉ် အကောက်ခွန်မဲ့ ကြက်ဆီဘူးများကို Light Truck ယာဉ်တစ်စီးပေါ်မှ တွေ့ ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ညောင်ခါးရှည်လမ်းခွဲအလွန် သံလမ်းကူးအနီး ရှောင်ကွင်းလမ်းကို Light Truck ယာဉ် ၂ စီးဝင်ရောက်သွားကြောင်း ညောင်ခါး ရှည်ရဲစခန်းမှူးရဲ့သတင်းအရ စခန်းထုတ်နုတ်အင်အား၊ လရ-၂ ထုတ်နုတ်အင်အား နဲ့ ပူးပေါင်းဖမ်းဆီးမှုကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၂၁း၄၀ အချိန်မှာ ပြုလုပ်ခဲ့ရ တယ်လို့ သတင်းရရှိပါတယ်။ အဝေးပြေးလမ်းမကြီးပေါ်မှာ ပူးပေါင်းပိတ်ဆို့နိုင်ခဲ့ပြီး Light Truck ယာဉ် ၅ဂ/xxxx နဲ့ ၈ဇ/xxxx ၂ စီးအား လရ-၂ အခြေပြုနေရာသို့ ခေါ်ဆောင်ခဲ့ပြီး ယာဉ်ပေါ်ပါကုန်များအား အသေးစိတ်ဖွင့်ဖောက်စစ်ဆေးရာမှာ ကျပ်သိန်း ၆၃ ဒသမ ၀၅၀ တန်ဖိုးရှိ ကားပစ္စည်း ၃၂ မျိုးနဲ့ ကျပ်သိန်း ၅၀ ဒသမ ၈၆၂ တန်ဖိုးရှိ PVC ဖျာ၊ ကော်ဖီခွက်၊ ခေါင်းလိမ်းဆီ၊ ဆပ်ပြာ၊ ကလေးနို့ဘူး၊ ကလေးဝတ်တီရှပ်၊ မဝတ် အဝတ်အထည်များနဲ့ ကားကူရှင်စွပ်များကို တွေ့ရှိခဲ့ရတဲ့ အတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့်ဆောင်ရွက် ထားပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဖောက်လုပ်နေသော ဘူးသီး တောင်-မောင်တော ဥမင်လိုဏ်ခေါင်းလမ်းကို လမ်းလွှဲလမ်း ဖောက်လုပ်ရေး လုပ်ငန်းမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်ပိုင်းမတ်လ မှာပြီးစီးမယ်လို့ခန့်မှန်းနေ ကြပါတယ်။ လက်ရှိလမ်းပိုင်းမှာ ၁၉၁၈ ခုနှစ်က ဖောက်လုပ် ထားခဲ့ခြင်းဖြစ် ရာ နှစ်ပေါင်းရာကျော် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ ဥမင်လိုဏ်ခေါင်းလမ်းလွှဲဟာ အရှည်ပေ ၁၈၀၀၊ အကျယ် ၅၀ ပေနဲ့ အမြင့် ၁၈ ပေရှိပြီး လမ်းဖောက်လုပ်မှုကို ပွင့်လင်းရာသီမှသာ လုပ်ဆောင်နိုင်ပါတယ်။ မိုးရာသီ မှာတောင်ပြို/မြေပြိုခြင်း များကြောင့် လမ်းများပျက်စီးမှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ သဘာ၀ ဘေး အန္တရာယ်များကို ကာကွယ်ရန်အတွက် ဥမင်လိုဏ်ခေါင်းကို လွှဲပြီး ပတ်လမ်း ဖောက်လုပ်နေတယ်လို့သိရပါတယ်။ ပျက်စီးနေသောလမ်းပိုင်းများကို ယာဉ်ယန္တရား ကြီးများအသုံးပြု ပြင်ဆင်နေပြီး မတ်လကုန်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားခြင်း ဖြစ်ပါတယ်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူးရဲ့ကြီးကြပ်မှုဖြင့် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဦးမောင်မောင် အေး (ဦးစီးမှူး) ဦးစီးတဲ့ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းမီဒီယာ၊ နယ်စပ် ကုန်သွယ်ရေးကုန်သည် အသင်းတို့မှ ကိုယ်စားလှယ်များပါဝင်တဲ့ Mobile Team အဖွဲ့ဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တမူး-ကလေး ကားလမ်းမပေါ်ရှိ နန့်မွန်တားရွာအနီးတွင် စားသုံးသူအကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်ရေးတို့အတွက် မော်တော်ယာဉ်များ အား စစ်ဆေးရှာဖွေမှုများပြုလုပ် လျက်ရှိပါတယ်။ ယင်းကဲ့သို့ရှာဖွေစစ်ဆေးရာမှာ အများပြည်သူများ စားသုံးရန် မသင့်သော ကွမ်းငုံဆေးများနဲ့ အကောက် ခွန်မဲ့ သယ်ဆောင်လာတဲ့ အိန္ဒိယနိုင်ငံလုပ် သွားတိုက်ဆေး၊ ဓါတ်မီး၊ အမွှေးတိုင်နဲ့ Hair Removal Cream (အမွှေး ချွတ်ဆေး)တို့ကို သိမ်းဆည်းရမိခဲ့ပြီး ခန့်မှန်းတန်ဖိုးစုစုပေါင်း ၁၄၃၂၆၀၀ ကျပ်ခန့်ရှိတယ်လို့ သိရပါတယ်။ သိမ်းဆည်း ရမိတဲ့ အကောက်ခွန်မဲ့ကုန်ပစ္စည်းများဟာ တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှာ တစ်နိုင်တစ်ဆွဲပိုင် ရောင်းဝယ်ကြသော ဒေသခံပြည်သူများအတွက် ITC ကတ်များ ထုတ်ပေးပြီး သွင်းကုန်လိုင်စင်ခွင့်ပြု ထုတ်ပေးနေသော ကုန်ပစ္စည်းများ ဖြစ်တယ်လို့ သိရပါတယ်။ တရားဝင် အခွန်ပေးဆောင်ကာ ကူးသန်းရောင်းဝယ် ကြရန်လိုအပ်ကြောင်း အသိပေးလိုက်ရ ပါတယ်။လှဌေး (တမူး)
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းဟာ တရား မဝင်မှောင်ခိုကုန်သွယ်မှုပြုလုပ်လိုသူများအတွက် ကျင်လည် ကျက်စားရာ လမ်းကြောင်းတစ်ခုဖြစ်သလို အောက်လမ်း နည်းများကိုအသုံးချပြီး တရားမဝင် ကုန်သွယ်မှု ပြုလုပ်နေ ကြတဲ့အတွက်စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးအဖွဲ့ Mobile Team အနေနဲ့ လမ်းကြောင်းပေါ်ရောက်အောင် စည်းရုံးပညာပေးခြင်းအပြင် သိမ်းဆည်း အရေးယူမှုများ ပြုလုပ်လျက်ရှိပါတယ်။ မှောင်ခို ကုန်သည်များဟာ ပိုးဖလံကဲ့သို့ မိမိကိုယ်ကို အလောင်ကျွမ်းခံပြီး သိလျက်နဲ့မီးရှိရာတိုးဝင်နေသလို Mobile Team အဖွဲ့ရဲ့ ပင်ပန်းအဆင်းရဲ ခံဆောင်ရွက်နေခြင်းကို အလစ်အငိုက်ကို အခွင့် ကောင်းယူအသုံးချပြီး လစ်ရင်လစ် သလို ကျော် လွှားပြီး မြက်မြက်ကလေးဖော်စားနိုင်အောင် ဝင်တိုးနေကြတာကို အရေးယူခဲ့ရတဲ့ဖြစ်စဉ်များအရ သုံးသပ်ရပါ တယ်။
နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန တမူးရှိ အစည်းအဝေးခန်းမမှာ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွက် ကုန် သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲအား ဇန်နဝါရီ ၂၄ ရက် နံနက်က ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ ၁၃ ဦး၊ လုပ်ငန်းရှင် ၅၀ ဦး၊ စုစုပေါင်း ၆၃ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်အိန္ဒိယ နိုင်ငံသို့ ဒေသထွက် ပန်းသီး ၉ တန်နီးပါးနဲ့ ထောပတ်သီး ၁၅ တန်၊ တန်ဖိုးကန် ဒေါ်လာသုည ဒသမ ၀၀၇ သန်းဖိုးကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလ အတွင်းမှာတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ပန်းသီး ၅ တန်နဲ့ ထောပတ်သီး ၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတစ်လလုံးမှာ ပန်းသီး ၄၆ တန်နီးပါးနဲ့ ထောပတ်သီးတန် ၃၀ တင်ပို့ခဲ့တယ်လို့သိရှိရပါတယ်။ ဒီဇင်ဘာလမှာ တော့ သစ်သီးဝလံအပို့မရှိခဲ့ဘဲ ဇန်နဝါရီလမှသာ စတင် တင်ပို့နိုင်တာ ဖြစ်ပါတယ်။MIRT (DOBT)
ရခိုင်ပြည်နယ်စစ်တွေဒေသမှာ မေလမှအောက်တိုဘာလအထိ ရေငန်ပုစွန် ကျားများထွက်ရှိပြီး တစ်ဖက် နိုင်ငံေ ကာ့ဘဇားသို့ တင်ပို့လျက်ရှိတယ်လို့သိရပါတယ်။ ပုစွန်တင်ပို့ရောင်းချရာမှာလည်း တစ်ဖက်နိုင်ငံတက္ကနဖ် ချောင်းဝမှ တစ်ဆင့် ကော့ဘဇားကို (၃) နာရီလောက်ကားဖြင့်မောင်းပြီး တင်ပို့လျက်ရှိခြင်း၊ ကော့ဘဇား မှာအအေးခန်း စက်ရုံများရှိနေခြင်းတို့ကြောင့် မိမိနိုင်ငံဒေသထွက်ရေငန်ပုစွန်ကျား ထွက်နှုန်းပေါ်မူတည်ပြီး နည်းလမ်းမျိုးစုံဖြင့် အသာစီးယူကာ ဈေးကစားဝယ်ယူမှုများ ရှိနေကြောင်း စစ်တွေငါးပုစွန်ကုန်စည်ဒိုင်မှ အတွင်းရေးမှူးဦးအောင်ထိုက် က၂၀၁၃ ခုနှစ် ဇန်နဝါရီလကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ရှင်းလင်းတင်ပြချက်အရ သိရှိရပါတယ်။ လာမဲ့ ရာသီမှာပုစွန်ကျားများ ပိုမိုတင်ပို့နိုင်ရေးအတွက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်းနဲ့ အခြေအနေအရ ပုစွန် သား ပေါက်များရှားပါးလာနေပြီဖြစ်လို့ မွေးမြူရေးနဲ့ရေလုပ်ငန်းဦးစီးဌာနအနေနဲ့ ပုစွန်သားပေါက်များရရှိရေးေ ဆာင် ရွက်ပေးရန်လည်း ကုန်သည်လုပ်ငန်းရှင်များက တင်ပြသွားတယ်လို့သတင်းရရှိပါ တယ်။ Source: နကသ (စစ်တွေ)၊အေးအေးမြ