Main menu

Background

Sunday, 6 Jan 2013

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တမူးနဲ့ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်း များမှယခုအပတ်မှာ ကန်ဒေါ်လာသုညဒသမ ၂၂၉ သန်းတန်ဖိုး ရှိ ကွမ်းသီးခြောက် ၂၁၇ တန်ခန့်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၂၆၄ တန်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၄၇ တန် လျော့ကျတင်ပို့ခဲ့ပေမဲ့ ကွမ်းသီး တင်ပို့မှု ပုံမှန် ဖြစ်နေပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ ကွမ်းသီး ၂၅၅၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၃၅ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကွမ်းသီး ခြောက်များဟာ မုံရွာဒေသမှထွက်ရှိတဲ့ ကွမ်းသီးခြောက်များ အပြင် ရေး၊ မြိတ်၊ ထားဝယ်ဘက်မှလာတဲ့ ကွမ်းသီးခြောက်များကိုပါ တစ်ဘက်နိုင်င ံမိုရေးမှတစ်ဆင့် အိန္ဒိယသို့တင်ပို့နေတာ ဖြစ်ပါတယ်။ ကွမ်းသီးခြောက်များကို မိမိဘက်မှာ ၁ ကီလို ကို ၉၀၀ ကျပ်ဈေးပေါက်ပြီး တစ်ဖက်နိုင်ငံမှာတော့ ၁ ကီလို ၆၅ ရူပီးနဲ့ ၇၀ ရူပီး (၁ ဒသမ ၁၈ - ၁ ဒသမ ၂၇ ဒေါ်လာ) ကြားဈေးရှိတယ်လို့လည်း တမူးနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် သိရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိမှာတော့ ၁၀၄၂၅ တန် တန်ဖိုး ကန်ဒေါ်လာ ၁၃ ဒသမ ၄၂၄ သန်းဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                       ခင်မိုးသူ၊ MIRT (DOBT)

Sunday, 6 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် ထိကာလအတွင်းမှာ ကန် ဒေါ်လာ သုည ဒသမ ၇၂၂ သန်းတန်ဖိုးရှိ လိမ္မော်သီး ၂၀၆၁ တန်ကျော်တင်သွင်း နိုင်ခဲ့ပါတယ်။ လိမ္မော်သီးရာသီဖြစ်တဲ့အတွက် ယခင်အပတ်ထက် ၂၈၂ တန်ကျော် အသွင်း ပိုမိုခဲ့ပါတယ်။ လိမ္မော်သီးနဲ့အတူ ကန်ဒေါ်လာ ၁ ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ပန်းသီး၊ သစ်တော်သီးများကိုလည်း ၂၆၁၅ တန်ကျော်တင်သွင်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မြင့်မြင့်မာ၊ MIRT (DOBT)

Sunday, 6 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ဒီဇင် ဘာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၇၉၈ သန်းတန်ဖိုးရှိ  ကောက်ညှင်းဆန် ၁၇၇၅ တန်ကျော်တင်ပို့ထားပြီးဖြစ်ပါတယ်။ ဒီဇင်ဘာလ အတွင်းအပို့ရှိခဲ့တဲ့ ကောက်ညှင်းဆန်တွေကတော့ ပထမပတ်မှာ တန်ချိန် ၁၁၄ တန်ခန့်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၅၁ သန်း၊ ဒုတိယပတ်မှာတန်ချိန် ၃၈၇ တန်ခန့်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၇၄ သန်း၊တတိယပတ်မှာတန်ချိန် ၄၄၇ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်း၊ စတုတ္ထပတ်မှာတန်ချိန် ၄၂၁ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၉၀ သန်းနဲ့နောက်ဆုံးပတ်မှာ တန်ချိန် ၄၀၅ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။မြင့်မြင့်မာ၊ MIRT (DOBT)

Sunday, 6 Jan 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၉၆ သန်းတန်ဖိုးရှိ Brand New ဆိုင်ကယ် ၁၄၇ စီးနဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၈၃၈ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၈၂၆၅ စီးကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်ဝါရီလ ၁ ရက်ထိကာလအတွင်းမှာ တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင် အပတ်က မူဆယ် ၁၀၅ မိုင်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ၆၉၇၁ စီးသာ တင်သွင်း ခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၄၄၁ စီး ပိုမိုတင်သွင်း လာတာတွေ့ရပါ တယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပိုမို တင်သွင်းလာနိုင်တဲ့အတွက် တင်သွင်းမှု ပိုမိုလာခြင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတစ်လ လုံးမှာတော့ ၁၅၃၈၃ စီး၊ တန်ဖိုး ကန်ဒေါ်လာ ၁၄ ဒသမ ၁၆၈ သန်းဖိုးတင်သွင်းတယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းများရဲ့ စာရင်း များ အရသိရပါတယ်။ခင်မိုးသူ၊ MIRT (DOBT)

Sunday, 6 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန် သွယ်ရေးစခန်းမှ ကန်ဒေါ်လာသုည ဒသမ ၆၃၃ သန်း တန်ဖိုး ရှိ ရေထွက်ကုန် ၁၀၉ တန်ကျော်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထိ ကာလ အတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ၈၅ တန် ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၂၄ တန်ကျော် ပိုမိုတင်ပု့ိခဲ့ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ ငါးရှဉ့် ၉၉ တန်ကျော်နဲ့ ကဏန်း ၁၀ တန်ခန့်ဖြစ်ပါတယ်။

Sunday, 6 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ရှိ သစ်သီးဝလံကုန်စည်ဒိုင်ကို ဖရဲသီးကားများ တစ်နေ့ ပျမ်းမျှ ၁၁၅ စီးဝန်းကျင်အဝင်ရှိနေပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၅၇ သန်းတန်ဖိုးရှိ ဖရဲ သီး ၁၁၅၈၂ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၃၆၀ လျော့နည်းခဲ့ပါတယ်။

Sunday, 6 Jan 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ငါးမျိုးစုံ ၅၈ တန်ကျော်၊ ပုစွန် ၆ တန်ကျော်၊ ကဏန်း ၆ တန်ကျော်၊ ငါး ရှဉ့် ၇ တန်နီးပါး၊ ကဏန်း အသေး (အသေ) ၁၅ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စုစုပေါင်းရေထွက်ကုန် ၉၃ တန်ကျော် အပို့ရှိရာ ယခင်အပတ်ကထက်  ၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကအပို့မရှိတဲ့ ငါးရှဉ့်၊ ကဏန်းအသေး (အသေ) ကို ယခုအပတ်မှာ တင်ပို့ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီဇင်ဘာ တစ်လလုံးအနေနဲ့လည်း ကန်ဒေါ်လာ ၁ ဒသမ ၂၂၆ သန်း တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလ နိုဝင်ဘာလနှင့် နှိုင်းယှဉ်လျှင် လည်း ကန်ဒေါ်လာ သုည ဒသမ ၅၁၃ သန်းပိုမိုခဲ့ပါတယ်။

Sunday, 6 Jan 2013

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၃ ခုအနက် တတိယအကြီးဆုံး စခန်းတစ်ခုဖြစ်ပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းဟာ အခြားစခန်းများထက် အခွင့်အရေး ကောင်း များရှိနေပြီး မိမိနိုင်ငံဘက်ချင်းရွှေဟော်မှာ ဈေးကွက်ဖြစ်ပေါ်နေ၍ တစ်ဖက် တရုတ်နိုင်ငံမှ ဝယ်လက်များက မိမိဘက်မှာလာရောက်ဝယ်ယူနေကြရခြင်း ဖြစ်တယ်။

Sunday, 6 Jan 2013

တာချီလိတ်  နယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၂ ခုနှစ်၊  ဒီဇင်ဘာလ အတွက်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို ၂၈-၁၂-၂၀၁၂ ရက်နေ့ ၁၃း၀၀ ချိန်တွင် တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာန အစည်း အဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ကုန်သွယ်မှုတိုးတက်အောင် တရားမဝင်မှောင်ခိုလျော့နည်း ပပျောက်အောင်၊ ကုန်သည်များ၊ လုပ်ငန်းရှင်များ တစ်ဖက်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ် ရာမှာ အသာစီးရရှိအောင် ဆောင်ရွက် ကြရန် ပြောကြားခဲ့ ပါသည်။

Sunday, 6 Jan 2013

တရားမဝင် ကုန်သွယ်မှုပြုသူများအား အကာအကွယ် ပေးနိုင်ရေးအတွက် Mobile Teamအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Mobile Team အဖွဲ့များ စတင်ဆောင်ရွက်တဲ့ နိုဝင်ဘာလနဲ့ အောက်တိုဘာလ ကုန် သွယ်မှုပမာဏများကို နှိုင်းယှဉ်လျင် ဒေါ်လာ ၂၆ သန်းခန့် ပိုမိုတိုးတက်လာကြောင်း၊ ပို့ကုန်ပိုင်းမှာ ဒေါ်လာ ၆ သန်းခန့် ပိုမိုမှုဟာ Mobile Team ဆောင်ရွက်မှုကြောင့်လို့မဆိုသာ ပေမဲ့ သွင်းကုန်ပိုင်းမှာ ဒေါ်လာ သန်း ၂၀ ခန့် ပိုမိုလာခြင်း ကတော့ Mobile Team ကြောင့် ဆိုတာ သိသာပါကြောင်း၊ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးဦးဟန်က မူဆယ်မှာ ဒီဇင်ဘာလအတွက် ကျင်းပတဲ့ ကုန် သွယ်မှု မြှင့်တင်ရေးအစည်းအဝေးမှာ ချပြဆွေးနွေးခဲ့တာ ဖြစ် ပါတယ်။

Pages