Background
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၉၆ သန်းတန်ဖိုးရှိ Brand New ဆိုင်ကယ် ၁၄၇ စီးနဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၈၃၈ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၈၂၆၅ စီးကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်ဝါရီလ ၁ ရက်ထိကာလအတွင်းမှာ တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင် အပတ်က မူဆယ် ၁၀၅ မိုင်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ၆၉၇၁ စီးသာ တင်သွင်း ခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၄၄၁ စီး ပိုမိုတင်သွင်း လာတာတွေ့ရပါ တယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပိုမို တင်သွင်းလာနိုင်တဲ့အတွက် တင်သွင်းမှု ပိုမိုလာခြင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတစ်လ လုံးမှာတော့ ၁၅၃၈၃ စီး၊ တန်ဖိုး ကန်ဒေါ်လာ ၁၄ ဒသမ ၁၆၈ သန်းဖိုးတင်သွင်းတယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းများရဲ့ စာရင်း များ အရသိရပါတယ်။ခင်မိုးသူ၊ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန် သွယ်ရေးစခန်းမှ ကန်ဒေါ်လာသုည ဒသမ ၆၃၃ သန်း တန်ဖိုး ရှိ ရေထွက်ကုန် ၁၀၉ တန်ကျော်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထိ ကာလ အတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ၈၅ တန် ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၂၄ တန်ကျော် ပိုမိုတင်ပု့ိခဲ့ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ ငါးရှဉ့် ၉၉ တန်ကျော်နဲ့ ကဏန်း ၁၀ တန်ခန့်ဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ရှိ သစ်သီးဝလံကုန်စည်ဒိုင်ကို ဖရဲသီးကားများ တစ်နေ့ ပျမ်းမျှ ၁၁၅ စီးဝန်းကျင်အဝင်ရှိနေပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၅၇ သန်းတန်ဖိုးရှိ ဖရဲ သီး ၁၁၅၈၂ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၃၆၀ လျော့နည်းခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ငါးမျိုးစုံ ၅၈ တန်ကျော်၊ ပုစွန် ၆ တန်ကျော်၊ ကဏန်း ၆ တန်ကျော်၊ ငါး ရှဉ့် ၇ တန်နီးပါး၊ ကဏန်း အသေး (အသေ) ၁၅ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စုစုပေါင်းရေထွက်ကုန် ၉၃ တန်ကျော် အပို့ရှိရာ ယခင်အပတ်ကထက် ၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကအပို့မရှိတဲ့ ငါးရှဉ့်၊ ကဏန်းအသေး (အသေ) ကို ယခုအပတ်မှာ တင်ပို့ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီဇင်ဘာ တစ်လလုံးအနေနဲ့လည်း ကန်ဒေါ်လာ ၁ ဒသမ ၂၂၆ သန်း တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလ နိုဝင်ဘာလနှင့် နှိုင်းယှဉ်လျှင် လည်း ကန်ဒေါ်လာ သုည ဒသမ ၅၁၃ သန်းပိုမိုခဲ့ပါတယ်။
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၃ ခုအနက် တတိယအကြီးဆုံး စခန်းတစ်ခုဖြစ်ပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းဟာ အခြားစခန်းများထက် အခွင့်အရေး ကောင်း များရှိနေပြီး မိမိနိုင်ငံဘက်ချင်းရွှေဟော်မှာ ဈေးကွက်ဖြစ်ပေါ်နေ၍ တစ်ဖက် တရုတ်နိုင်ငံမှ ဝယ်လက်များက မိမိဘက်မှာလာရောက်ဝယ်ယူနေကြရခြင်း ဖြစ်တယ်။
တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွက်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို ၂၈-၁၂-၂၀၁၂ ရက်နေ့ ၁၃း၀၀ ချိန်တွင် တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာန အစည်း အဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ကုန်သွယ်မှုတိုးတက်အောင် တရားမဝင်မှောင်ခိုလျော့နည်း ပပျောက်အောင်၊ ကုန်သည်များ၊ လုပ်ငန်းရှင်များ တစ်ဖက်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ် ရာမှာ အသာစီးရရှိအောင် ဆောင်ရွက် ကြရန် ပြောကြားခဲ့ ပါသည်။
တရားမဝင် ကုန်သွယ်မှုပြုသူများအား အကာအကွယ် ပေးနိုင်ရေးအတွက် Mobile Teamအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Mobile Team အဖွဲ့များ စတင်ဆောင်ရွက်တဲ့ နိုဝင်ဘာလနဲ့ အောက်တိုဘာလ ကုန် သွယ်မှုပမာဏများကို နှိုင်းယှဉ်လျင် ဒေါ်လာ ၂၆ သန်းခန့် ပိုမိုတိုးတက်လာကြောင်း၊ ပို့ကုန်ပိုင်းမှာ ဒေါ်လာ ၆ သန်းခန့် ပိုမိုမှုဟာ Mobile Team ဆောင်ရွက်မှုကြောင့်လို့မဆိုသာ ပေမဲ့ သွင်းကုန်ပိုင်းမှာ ဒေါ်လာ သန်း ၂၀ ခန့် ပိုမိုလာခြင်း ကတော့ Mobile Team ကြောင့် ဆိုတာ သိသာပါကြောင်း၊ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးဦးဟန်က မူဆယ်မှာ ဒီဇင်ဘာလအတွက် ကျင်းပတဲ့ ကုန် သွယ်မှု မြှင့်တင်ရေးအစည်းအဝေးမှာ ချပြဆွေးနွေးခဲ့တာ ဖြစ် ပါတယ်။
မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဒီဇင် ဘာလအတွင်း ကျင်းပတဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးမှာ ချင်းအစိုနဲ့ Carnation ပန်းတင်သွင်းမှု၊ ငရုတ်သီး ခြောက်တင်ပို့မှုများနဲ့စပ်လျဉ်းပြီး ကုန်သည် လုပ်ငန်းရှင်များရဲ့ မေးမြန်းချက်အပေါ် စခန်းတာဝန်ခံရဲ့ ပြန်လည်ဖြေကြားချက် စာ ကိုဖော်ပြပေးလိုက်ရပါတယ်။
ချင်းအစိုနဲ့ Carnation ပန်းအစို တင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မောချယ်ရီမြေ ကုမ္ပဏီကိုယ်စားလှယ် ဦးဖြိုး အောင်ထိန်က ချင်းအစို တင်သွင်းခွင့်ရမရ၊ စိုက်ပျိုးရေး ထောက်ခံချက်လိုမလိုသိလိုကြောင်း၊ ယခင်က ကာနေရှင်း ပန်းအစိုအား နယ်စပ်စခန်း လိုင်စင်ခွင့်ပြုပေးခဲ့သော်လည်း ယခု Auto လိုင်စင်ခွင့်ပြု စာရင်းအမယ်တွင် မပါသဖြင့် ရုံးချုပ် သို့ ကြေးနန်းတင်နေရတဲ့အတွက် Auto လိုင်စင်ခွင့်ပြုစာရင်း တွင် ထည့်သွင်းပေးစေလိုကြောင်း Junction River Co., မှ ငရုတ်သီးခြောက် တင်ပို့ခွင့်နဲ့ စပ်လျဉ်းပြီး ဒါရိုက်တာ ဦးဝင်းနိုင်ကတော့ ငရုတ်သီးခြောက် တင်ပို့ရန် စားဖိုဆောင် အသင်းထောက်ခံချက်ရနိုင်ခြင်း ရှိ မရှိကို မေးမြန်းခဲ့တာ ဖြစ် ပါတယ်။ ချင်းကို မျိုးအဖြစ် တင်သွင်းမယ်ဆိုပါက မြန်မာ စိုက် ပျိုးရေးမှ ထောက်ခံချက်ရယူရမှာဖြစ်ပြီး စားသုံးရန်အတွက် ဆိုမူ စားဖိုဆောင်အသင်း ထောက်ခံချက်ရယူရန် လိုအပ် ကြောင်း၊ ငရုတ်သီးခြောက် တင်ပို့လိုပါက ကုမ္ပဏီမှ တင်ပြ လျှောက်ထားရန်နဲ့ မြဝတီနယ်စပ်မှာ လည်းခွင့်ပြုပေး ထားပြီး ဖြစ်လို့ မူဆယ် နယ်စပ်မှာလည်း ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ကာနေရှင်းပန်းအစိုတင်သွင်းမှုနဲ့စပ်လျဉ်းပြီး ယခင်စခန်း လိုင်စင် ခွင့်ပြုထားခဲ့ပြီးဖြစ်တဲ့အတွက် Auto လိုင်စင်ခွင့်ပြု အမယ်မှာပါရှိရေး အတွက်ရုံးချုပ် သို့တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းပေးခဲ့ကြောင်း သိရပါတယ်။Source:နကသ(မဆ)၊ပန်းချယ်ရီ
လှုပ်ရှား ရှာဖွေ တားဆီးရေးအဖွဲ့ Mobile Team နဲ့ စခန်းထုတ်နုတ် အင်အားဖြင့် ရှာဖွေတားဆီးရေးအဖွဲ့ များနဲ့ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာ လ ၃၁ ရက်အထိ ပညာပေး ကာလ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး တရား မဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ သယ်ဆောင်မှု ကိုတွေ့ရှိပါက ဖမ်းဆီး အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကုန်ပစ္စည်းကို နိုင်ငံ တော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ ယာဉ် မောင်းယာဉ်နောက်လိုက်များကို အရေး ယူခြင်း၊ ပစ္စည်းပိုင်ရှင် ဖော်ထုတ် အရေး ယူခြင်းအပြင် သိမ်းဆည်းတန်ဖိုးဟာ ယာဉ်တန်ဖိုးထက်ဝက်ထက်ကျော်ပါက ယာဉ်သိမ်းဆည်းခြင်းကို ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ ဒေသခံပြည်သူ များ နစ်နာမှုမရှိစေရေး လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ မော်တော်ယာဉ် ဂိတ်မှူး များကို ဖိတ်ကြားပြီး ချင်းရွှေဟော် နယ် စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ဒီဇင် ဘာလအတွက် ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ချပြရှင်း လင်းခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၁ရက်နေ့မှာ ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေ ဟာ ယခင်သီတင်းပတ်ဈေးနှုန်းထက် အနည်းငယ် ဈေးမြင့် လာတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံမှာ နိုဝင်ဘာလအတွင်း လက်လီအရောင်းနှုန်းနဲ့ စက်ရုံ၊ အလုပ်ရုံ တွေရဲ့ ကုန်ထုတ်လုပ်မှုတိုးတက်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ရော်ဘာဝယ်လိုအားကောင်းမွန်လာမယ်ခန့်မှန်းကြတဲ့အတွက် ဈေးမြင့်လာခြင်း ဖြစ်တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့က ထိုင်း ရော်ဘာဈေးကွက်မှာ မှိုင်းခံရော်ဘာအဆင့်-၅(RSS-5) က တစ်တန်ကို ၃၀၀၃ ဒေါ်လာသာ ရှိသော်လည်း ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ တစ်တန်ကို ၃၀၁၁ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိလာတယ်။ မလေးရှားရော်ဘာ (တာယာထုတ်လုပ် သော) SMR-20 ကလည်း ၎င်း ကာလအတွင်း တစ်တန်ကို ၁၈ ဒေါ်လာဈေးမြင့်လာပြီး တစ်တန်ကို ၂၈၄၆ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။