Main menu

Background

Sunday, 6 Jan 2013

မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဒီဇင် ဘာလအတွင်း ကျင်းပတဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးမှာ ချင်းအစိုနဲ့ Carnation ပန်းတင်သွင်းမှု၊ ငရုတ်သီး ခြောက်တင်ပို့မှုများနဲ့စပ်လျဉ်းပြီး ကုန်သည် လုပ်ငန်းရှင်များရဲ့ မေးမြန်းချက်အပေါ် စခန်းတာဝန်ခံရဲ့ ပြန်လည်ဖြေကြားချက် စာ ကိုဖော်ပြပေးလိုက်ရပါတယ်။

ချင်းအစိုနဲ့ Carnation ပန်းအစို  တင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မောချယ်ရီမြေ ကုမ္ပဏီကိုယ်စားလှယ် ဦးဖြိုး အောင်ထိန်က ချင်းအစို တင်သွင်းခွင့်ရမရ၊ စိုက်ပျိုးရေး ထောက်ခံချက်လိုမလိုသိလိုကြောင်း၊ ယခင်က ကာနေရှင်း ပန်းအစိုအား နယ်စပ်စခန်း လိုင်စင်ခွင့်ပြုပေးခဲ့သော်လည်း ယခု Auto လိုင်စင်ခွင့်ပြု စာရင်းအမယ်တွင် မပါသဖြင့် ရုံးချုပ် သို့ ကြေးနန်းတင်နေရတဲ့အတွက် Auto လိုင်စင်ခွင့်ပြုစာရင်း တွင် ထည့်သွင်းပေးစေလိုကြောင်း  Junction River Co., မှ ငရုတ်သီးခြောက် တင်ပို့ခွင့်နဲ့  စပ်လျဉ်းပြီး ဒါရိုက်တာ ဦးဝင်းနိုင်ကတော့ ငရုတ်သီးခြောက် တင်ပို့ရန် စားဖိုဆောင် အသင်းထောက်ခံချက်ရနိုင်ခြင်း ရှိ မရှိကို မေးမြန်းခဲ့တာ ဖြစ် ပါတယ်။ ချင်းကို မျိုးအဖြစ် တင်သွင်းမယ်ဆိုပါက မြန်မာ စိုက် ပျိုးရေးမှ ထောက်ခံချက်ရယူရမှာဖြစ်ပြီး စားသုံးရန်အတွက် ဆိုမူ စားဖိုဆောင်အသင်း ထောက်ခံချက်ရယူရန်  လိုအပ် ကြောင်း၊ ငရုတ်သီးခြောက် တင်ပို့လိုပါက ကုမ္ပဏီမှ တင်ပြ လျှောက်ထားရန်နဲ့ မြဝတီနယ်စပ်မှာ လည်းခွင့်ပြုပေး ထားပြီး ဖြစ်လို့ မူဆယ် နယ်စပ်မှာလည်း ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ကာနေရှင်းပန်းအစိုတင်သွင်းမှုနဲ့စပ်လျဉ်းပြီး ယခင်စခန်း လိုင်စင် ခွင့်ပြုထားခဲ့ပြီးဖြစ်တဲ့အတွက် Auto လိုင်စင်ခွင့်ပြု အမယ်မှာပါရှိရေး အတွက်ရုံးချုပ် သို့တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းပေးခဲ့ကြောင်း သိရပါတယ်။Source:နကသ(မဆ)၊ပန်းချယ်ရီ
 
Sunday, 6 Jan 2013

လှုပ်ရှား ရှာဖွေ တားဆီးရေးအဖွဲ့  Mobile Team နဲ့ စခန်းထုတ်နုတ် အင်အားဖြင့် ရှာဖွေတားဆီးရေးအဖွဲ့ များနဲ့ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာ လ ၃၁ ရက်အထိ ပညာပေး ကာလ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး တရား မဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ သယ်ဆောင်မှု ကိုတွေ့ရှိပါက ဖမ်းဆီး အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကုန်ပစ္စည်းကို နိုင်ငံ တော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ ယာဉ် မောင်းယာဉ်နောက်လိုက်များကို အရေး ယူခြင်း၊ ပစ္စည်းပိုင်ရှင် ဖော်ထုတ် အရေး ယူခြင်းအပြင် သိမ်းဆည်းတန်ဖိုးဟာ ယာဉ်တန်ဖိုးထက်ဝက်ထက်ကျော်ပါက ယာဉ်သိမ်းဆည်းခြင်းကို ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ ဒေသခံပြည်သူ များ နစ်နာမှုမရှိစေရေး လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ မော်တော်ယာဉ် ဂိတ်မှူး များကို ဖိတ်ကြားပြီး ချင်းရွှေဟော် နယ် စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ဒီဇင် ဘာလအတွက် ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ချပြရှင်း လင်းခဲ့တာ ဖြစ်ပါတယ်။

Monday, 31 Dec 2012

ဒီဇင်ဘာလ ၁၁ရက်နေ့မှာ ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေ ဟာ ယခင်သီတင်းပတ်ဈေးနှုန်းထက် အနည်းငယ် ဈေးမြင့် လာတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံမှာ နိုဝင်ဘာလအတွင်း လက်လီအရောင်းနှုန်းနဲ့ စက်ရုံ၊ အလုပ်ရုံ တွေရဲ့ ကုန်ထုတ်လုပ်မှုတိုးတက်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ရော်ဘာဝယ်လိုအားကောင်းမွန်လာမယ်ခန့်မှန်းကြတဲ့အတွက် ဈေးမြင့်လာခြင်း ဖြစ်တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့က ထိုင်း ရော်ဘာဈေးကွက်မှာ မှိုင်းခံရော်ဘာအဆင့်-၅(RSS-5) က တစ်တန်ကို ၃၀၀၃ ဒေါ်လာသာ ရှိသော်လည်း ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ တစ်တန်ကို ၃၀၁၁ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိလာတယ်။ မလေးရှားရော်ဘာ (တာယာထုတ်လုပ် သော) SMR-20 ကလည်း ၎င်း ကာလအတွင်း တစ်တန်ကို ၁၈ ဒေါ်လာဈေးမြင့်လာပြီး တစ်တန်ကို ၂၈၄၆ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။

Monday, 31 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၀၆၆ သန်းတန်ဖိုးရှိ  Brand New  ဆိုင်ကယ်အစီး ၈၇၀၀ ကျော် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် တင်သွင်းမှုထက် ကန်ဒေါ်လာ သုည ဒသမ ၅၈၀ သန်းကျော်ပိုမို တင်သွင်း လာ နိုင်တာ တွေ့ရပါတယ်။Brand New  ဆိုင်ကယ်အပြင်သုံးဘီးဆိုင်ကယ် ၁၂၆ စီး ကန်ဒေါ်လာသုည ဒသမ ၁၆၁သန်းဖိုးနဲ့ စက်ဘီး ၃၅၁၈ စီး ကန်ဒေါ်လာ သုည ဒသမ ၀၉၅ သန်းဖိုးကိုလည်းတင်သွင်းနိုင်ခဲ့တယ်လို့ မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ သိရပါတယ်။                                                 MIRT (DOBT)

Monday, 31 Dec 2012

ရှမ်းလိမ္မော် ဒီဇင်ဘာလမှစတင်ပို့နိုင်ဖို့ တာချီလိတ်မြို့ရှိ ဖြောင့်ဖြူး ပျော်ရွှင် ကုမ္ပဏီက ကန်ဒေါ်လာ ၄၃၈၇၁ ဒသမ ၀၄၃ တန်ဖိုးရှိလိမ္မော်သီး ၁၈၉ တန်ခန့် ကို တာချီလိတ်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်သို့ စတင် တင်ပို့တော့မယ်လို့ သိရပါတယ်။

Monday, 31 Dec 2012

မြန်မာ-အိန္ဒိယနယ်စပ်မှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၃၂ သန်း တန်ဖိုးရှိ ဂျုံစေ့ ၁၁၆ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်း တန်ဖိုးရှိ ဂျုံမှုန့် ၂၆ တန်ခန့်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ ဂျုံမှုန့်ရောဂျုံစေ့များကိုပါ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ တင်သွင်း နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ဂျုံစေ့တန် ၁၀၀ ကျော်နဲ့ ဂျုံမှုန့်တန် ၂၀ နီးပါးခန့် ပိုမိုတင်သွင်းလာနိုင်ခဲ့တယ်လို့ တမူးနယ်စပ်ကုန်သွယ်ရေးမှ သိရပါတယ်။MIRT (DOBT)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သီဟိုဠ်စေ့ ၅၉ တန် ကန်ဒေါ်လာသုည ဒသမ ၄၄၈ သန်းဖိုးကို ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလမှာ တင်ပို့ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၇၈ သန်းဖိုး သီဟိုဠ်စေ့ ၁၀ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကမြဝတီမှ ၅ တန်သာ တင်ပို့ခဲ့တာမို့ ယခုအပတ်သီဟိုဠ်စေ့ ပိုမို တင်ပို့လာတာ တွေ့ရပါတယ်။                                             MIRT (DOBT)

Monday, 31 Dec 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၅ သန်းတန်ဖိုးရှိ ရှားစေး ၂၆ တန်နီးပါးကို ဒီဇင်ဘာလပထမအပတ် အတွင်းမှာ တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန် ဒေါ်လာ သုည ဒသမ ၇၄၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းတန်ချိန် ၄၃၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့မှုရှိခဲ့တဲ့ နေလဲစေ့၊ ခပေါင်းစေ့၊ စမုံနက်နဲ့ ဆေးမြင်းခွာတို့ တင်ပို့ခဲ့ပြီးမိချောင်းကွမ်းဖတ်စေ့၊ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့နဲ့ ရွေးရွက်၊ တောင်လုံး ကျော်စတဲ့ ပရဆေးကုန်ကြမ်းများ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ကတ္တရာ သင်္ချေနဲ့ ဟင်းရိုင်းဖြူ ၁ တန်နီးပါး တင်သွင်းနိုင်ခဲ့ပါတယ်။                                                            MIRT(DOBT)

Pages