Main menu

Background

Monday, 31 Dec 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန် သွယ်ရေးမှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလ အတွင်း မှာ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၀၂၀ သန်း တန်ဖိုးရှိ နေလှန်းဆား ၅၈၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။

Wednesday, 12 Dec 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ စစ်တွေနဲ့မောင်တောနယ်စပ် ကုန် သွယ်ရေးစခန်းများမှ  နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်ထိကာလအတွင်း  ရေထွက်ကုန် ၁၃၉ တန်ခန့်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုးရှိ တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၁၀၀ ကျော်လျော့နည်းတင်ပို့ခဲ့ပေမယ့် စစ်တွေနယ်စပ်မှ တန်ဖိုး သုည ဒသမ ၀၈၆ ဒေါ်လာသန်းဖိုးရှိ ရေချိုငါး ၈၄ တန်နဲ့ မောင်တောနယ်စပ်မှ ဒေါ်လာ သန်း သုည ဒသမ ၀၃၀ ဖိုးရှိ ငါးကုန်းညို ခြောက် တန် ၂၀ နဲ့ ငါးစုံလေးခြောက် ၃၅ တန်ခန့်ကိုတင်ပို့နိုင်ခဲ့တဲ့ အတွက် ရေထွက်ကုန်အဆက်မပြတ်တင်ပို့နိုင်တယ်လို့ဆိုရပါမယ်။ ယခုနှစ်နိုဝင် ဘာလအတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၈၃၉ သန်းဖိုးရှိ ရေထွက် ကုန် ၇၆၇ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။ယဉ်ယဉ်အေး၊MIRT (DOBT)

Wednesday, 12 Dec 2012

မီဇိုရမ်လူမျိုးများအကြိုက်ဖြစ်တဲ့ ဝက်အရှင်များကို ရိဒ်နယ်စပ်ကုန်သွယ်ရေး မှတစ်ဆင့် ဒီဇင်ဘာလ ပထမပတ်မှာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်းဖိုးရှိ ၁၀၁၆၂  ကီလို ဝက်အရှင်တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလနောက် ဆုံးပတ်မှာတော့ တင်ပို့မှုမရှိခဲ့ပါဘူး။ ရိဒ်နယ်စပ်မှ နိုဝင်ဘာလတစ်လလုံးမှာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၃၄ သန်းဖိုးရှိ ဝက်အရှင်၂၀၈၀၂ ကီလိုကို တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဝက်သားပေါက်များရဲ့ မိမိဘက်ဈေး၊ တစ်ဖက်နိုင်ငံဈေးများ ကို ဖော်ပြပေးလိုက်ရပါတယ်။

Wednesday, 12 Dec 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်း သည် ၂၀၁၂ နိုဝင်ဘာလတွင် ပို့ကုန်ကန်ဒေါ်လာ ၁၁ ဒသမ ၂၅၇ သန်း၊သွင်းကုန်ကန်ဒေါ်လာ ၃ ဒသမ ၆၆၅သန်း၊ ကုန် သွယ်မှုပမာဏ       ၁၄ ဒသမ ၉၂၂ သန်း ဆောင်ရွက်နိုင်ခဲ့ ပြီး လျာထားချက်ထက် ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါ တယ်။

Wednesday, 12 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ပို့ကုန် ကန်ဒေါ် လာ ၁၇ ဒသမ ၅၁၈ သန်းနဲ့သွင်းကုန်ကန်ဒေါ်လာ ၁ ဒသမ ၉၄၄ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေနှင့် ကန်ဒေါ်လာ ၁၉ ဒသမ ၄၆၂ သန်းဖိုး ဆောင် ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာနဲ့နှိုင်းယှဉ်ပါက ပို့ကုန် ကန် ဒေါ်လာ ၆ ဒသမ ၇၈၉ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၇၁၄ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ၈ ဒသမ ၅၀၃ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သလို ယမန်နှစ်အလားတူ ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလနဲ့နှိုင်းယှဉ်ပါကလည်း ပို့ ကုန်ပိုင်းတွင် ဒေါ်လာသန်းပေါင်း ၉ ဒသမ ၉၇၆ ၊ သွင်း ကုန်ပိုင်းတွင် ဒေါ်လာသန်းပေါင်း ၁ ဒသမ ၉၃၆  ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်း ၁၁ ဒသမ ၉၁၂  ပိုမိုဆောင်ရွက်နိုင်ခဲ့ ပါတယ်။

Wednesday, 12 Dec 2012

ကာလအတန်ကြာဈေးကွက်ပျောက်ဆုံးနေတဲ့ နေလှန်း ဆားများပြန်လည်တင်ပု့ိနိုင်ရေးအတွက် ပြည်နယ်အစိုးရမှ တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ခံဆောင်ရွက်ပေးခဲ့သလို မိမိ တို့ ကုန်သည်လုပ်ငန်းရှင ်များ၊ ဆားတောင်သူများအနေနဲ့ ဈေး ကွက်ပြန်လည်ရရှိချိန်မှာ အရည်အသွေးကောင်းမွန်ပြီး တန် ချိန်နှင့် ဈေးနှုန်းမှန်ကန် တိကျစွာဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်း၊ ဒါမှသာ မိမိတို့ရခိုင်ပြည်နယ်ရဲ့ နေလှန်းဆားဈေး ကွက်တည်တံ့ နိုင်မှာဖြစ်ကြောင်း၊ စစ်တွေနယ်စပ် ကုန်သွယ် ရေးစခန်းရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ကုန်သွယ်မှုမြှင့်တင် ရေး အစည်းအဝေးမှာ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရွှေထွန်း အောင်က ပြောကြားခဲ့ပါတယ်။ မကြာမီက ဆားလုပ်ငန်း ဌာနမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်၊ ရခိုင်ပြည်နယ်တို့မှ ကိုယ်စားလှယ်များနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံမှ ဆားတန်ချိန် ၅၀၀၀၀ ဝယ်ယူရန် သဘောတူ ထားသော်လည်း စာချုပ် မချုပ်ရသေး ကြောင်း သိရှိရပါတယ်။

Wednesday, 12 Dec 2012

စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ် ရေးအဖွဲ့ Mobile Team သည် မူဆယ်-ကွတ်ခိုင်လမ်းတလျှောက် လှုပ်ရှား ရှာဖွေ စစ်ဆေးခဲ့ရာ လားရှိုးအေးရှားဝေါလ်ဂိတ်အလွန်တွင် စုပုံထားသောကန်ဒေါ်လာ ၆၂၈ ကျော်တန်ဖိုးရှိ လိုင်စင်မဲ့ကဏန်းဖော့ဘူး (၁၀)ဘူး၊ အလေးချိန် ၂၇၈ ကီလို အား တားဆီးနိုင်ခဲ့ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်လိုင်စင်ပြုလုပ် ပေးနိုင်ခဲ့ကြောင်း သတင်း ရရှိပါတယ်။  Source: နကသ(လရ-၁)၊အေးအေးမြ

Wednesday, 12 Dec 2012

မြန်မာ-တရုတ်နယ်စပ်တစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလပထမပတ်အတွင်းမှာ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၇၄ သန်းဖိုးရှိ လိမ္မော်သီး ၁၃၆၂ တန်၊ တင်သွင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ယခုအပတ်မှာ လိမ္မော်သီးနဲ့အတူ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၂၄ သန်းဖိုးရှိ ပန်းသီး ၁၀၈၆ တန်ကျော်ကိုပါ တင်သွင်းနိုင်ခဲ့ပါတယ်။ တရုတ်ဘက်မှ ရာသီသီးနှံများ အထွက်များချိန်ဖြစ်တဲ့အတွက် လိမ္မော်သီး၊ ပန်းသီးများ အများ အပြား တင်သွင်းလျက်ရှိတာ တွေ့ရပါတယ်။                     ခင်မိုးသူ

Wednesday, 12 Dec 2012

နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်ထိ ကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကွမ်းသီးခြောက် ၃၂၇ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၂၉၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်မှ တန် ၃၀၀ ကျော်တင်ပို့နိုင်ပြီး မြန်မာ-ထိုင်းနယ်စပ်မှ ၁၀ တန်ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးမှာ နယ်စပ်စခန်းများမှ ၉၇၇ တန်ကျော် တန်ဖိုး ဒေါ်လာ ၁ ဒသမ ၀၆၂ သန်းဖိုးတင်ပို့ နိုင်ခဲ့တယ် လို့သိရပါတယ်။ ခင်မိုးသူ

Wednesday, 12 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ယခု အပတ် နိုဝင်ဘာလ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်ထိကာလ အတွင်း တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၁၈၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၉၁၇ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က ၇၉၈ တန်ခန့် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခု အပတ်မှာတန် ၁၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ မူဆယ်နယ်စပ်မှ တန်ဖိုးကန် ဒေါ်လာ ၂ ဒသမ ၃၁၆ သန်းဖိုးရှိ ငါးရှဉ့် ၃၅ တန်ခန့်၊ ကဏန်းတန် ၅၀ ကျော်၊ ပုစွန်ခြောက် ၁၆ တန်နီးပါး၊ ရေခဲငါး ၂၀၉ တန်၊ငါးစည်ဖောင်း သုညဒသမ ၉၇၀ တန်ကျော်၊ ငါး လေးခြောက် ၅၈ တန်ခန့်၊ ငါးဆားနယ် ၆၃ တန်ကျော်၊ ငါး အသားလွှာ ၇၉ တန်နဲ့ ပုစွန်ခြောက် ၁၈၂ တန်ခန့်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ငါးရှဉ့်၊ ငါးအသားလွှာနဲ့ ကင်းမွန်ခြောက်များကို ယခုအပတ်မှာ တင်ပို့ နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ထက်တန် ၂၀၀ ကျော်ပိုမို တင် ပို့နိုင်တာတွေ့ရပါတယ်။ ချင်းရွှေဟော်စခန်းမှ တန်ဖိုးကန် ဒေါ်လာသုညဒသမ ၈၇၃ သန်းဖိုးရှိ ငါးရှဉ့် ၁၃၆ တန်ခန့်နဲ့ ကဏန်း ၈၈ တန်ကျော်တင်ပို့နိုင်ခဲ့ပေမဲ့ ယခင်အပတ်ကထက် တန် ၁၀၀ ကျော် လျော့နည်းတင် ပို့ခဲ့ပါတယ်။ ယခုနှစ် နိုဝင် ဘာလအတွင်းမူဆယ်နဲ့ ချင်းရွှေဟော်မှကန်ဒေါ်လာ ၈ ဒသမ ၄၀၃ သန်းဖိုးရှိ ရေထွက်ကုန် ၂၈၇၅ တန်ကျော် တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ယခုအပတ်ကဏန်းလေလံ ဈေးများ ကိုကြည့်လျှင် ယခင်အပတ်ထက်သိသိသာသာဈေးပိုရလျက်ရှိတာကို တွေ့ရ ပါတယ်။ ယခုအပတ် နဲ့ယခင်အပတ်ေ လလံဈေးများကို နှိုင်း ယှဉ် ဖော်ပြပေးလိုက်ရပါတယ် -

Pages