Main menu

Background

ဖြူးမြို့မှ လူကြိုက်များသည့် ပဲမုန့်

Tue, 12/20/2022 - 12:11 -- journal_editor

တောင်ငူခရိုင် ဖြူးမြို့မှ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချသည့် ရွှေဥဒေါင်းမင်း ပဲမုန့်သည် ဒေသအတွင်း လူကြိုက်များသည့် မုန့်တစ်မျိုးဖြစ်သည်။ ပဲမုန့်ပြုလုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ဆား၊ ကုလားပဲတို့ဖြစ်သည်။
ပဲမုန့်ပြုလုပ်ပုံအဆင့်ဆင့်မှာ  ဂျုံ၊ သကြား၊ ဆီနှင့် ရေတို့အား ရောနယ်ရသည်။  ထို့နောက် ဂျုံနှင့်ဆီကို သတ်သတ် ထပ်နယ်ရသည်။ ပဲအစာပြုလုပ်ရန် ကုလားပဲကို ရေဆေးပြီး ပြုတ်ရသည်။ ပြီးလျှင် ဆန်ခါချကာ သကြား၊ ဆီနှင့် ဆားရောကာ ကျိုရသည်။ ဂျုံ၊ သကြားနှင့် ရေနယ်ထားသော မုန့်အနှစ်အား ပြင်ပခွံပြုလုပ်ရသည်။ ထိုအခွံထဲသို့  ဂျုံနှင့် ဆီနယ်ထားသော မုန့်အနှစ်ကိုထည့်၍ လိပ်ရသည်။ ပြီးလျှင် ပိုက်လုံးနှင့်ပြားကာ ကျိုထားသော ပဲအနှစ်အား ဌာပနာထည့်၍ လက်ဖြင့် ခေါက်ရသည်။ ထိုမုန့်များ၏အပေါ်တွင် ကြက်ဥကိုမွှေ၍သုပ်ကာ ဖုတ်ပြီးလျှင် ပဲမုန့်ကို ရရှိသည်။
ထိုမုန့်များအား တံဆိပ်ကပ်ကာ ပလတ်စတစ်အိတ်ဖြင့်ထည့်၍ တစ်ခုလျှင် ၄၀ဝ ကျပ်နှုန်းဖြင့်  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ ထုတ်လုပ်မှုအနေဖြင့် တစ်ရက်လျှင် ပဲမုန့်အခုရေ ၄၀ဝ ခန့်  ထုတ်လုပ်နိုင်ကြောင်းနှင့် ဇေယျဝတီ၊ ဖြူး၊ ညောင်ပင်သာနှင့် ကညွတ်ကွင်းမြို့များထိ ဖြန့်ဖြူးလျှက်ရှိကြောင်း မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရသည်။                              

စားသုံးသူရေးရာဦးစီးဌာန(တောင်ငူခရိုင်ဦးစီးမှူးရုံး)