ဘုရားမတင် နတ်မဝင် လူတွင်ပန်းဆယ်မျိုးဟူ၍ မြန်မာ့ယဉ် ကျေးမှုနယ်ပယ်တွင် ပန်းပညာဆယ်မျိုးကို ရှေးဘိုးဘွားများက မှတ်တမ်းတင်ထားခဲ့ကြသည်။ ပန်းပညာဆယ်မျိုးမှာ ပန်းပဲ၊ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းပု၊ ပန်းရန်၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်းတို့ဖြစ်ကြသည်။
ပန်းဆယ်မျိုးအနက် ယွန်းထည်ပညာကို ၁၅၅၅-၁၅၆၂ခုနှစ် အတွင်း ဘုရင့်နောင်မင်းကြီးသည် မဏိပူရ၊ ဗန်းမော်၊ ဇင်းမယ် (ယခု ချင်းမိုင်)နှင့်လင်းဇင်း(ယခုLan Xang) တို့ကို အောင်မြင်စွာ သိမ်း သွင်းခဲ့ပြီး ရွှေလီမြစ်တစ်လျှောက် ယူနန်ပြည်နယ်သို့ ဆန်တက်စဉ် ကျွမ်းကျင်သော လက်မှုပညာရှင် အများအပြားကို ဗမာပြည်သို့ ခေါ် ဆောင်လာခဲ့သည်။ ထိုစဉ်က ချင်းမိုင်ဒေသရှိ ယွန်း သို့မဟုတ် လာအို ရှမ်း Laos Shan)လူမျိုးစုများ၏လက်မှုပညာများကို မြန်မာနိုင်ငံတွင်း တင်သွင်းခဲ့ချိန်မှစကာ မြန်မာနိုင်ငံတွင် လက်ရာ ပြောင်မြောက်သည့် ယွန်းထည်ပစ္စည်းများ စတင်ထွန်းကားလာသည်ဟု ယူဆကြသည်။ ယွန်းလူမျိုးများကို အစွဲပြု၍ ယွန်းထည်ဟု ခေါ်တွင်လာခဲ့သည်။
ယွန်းထည်ပစ္စည်းများထုတ်လုပ်သည့်လက်မှုပညာကိုပန်းယွန်း ဟုခေါ်သည်။ ယွန်းသည် မြန်မာ့သစ်တောများမှ သဘာဝပေါက်သစ် စေးပင် (Melanorrhoeausaitatissima)ာ) မီလာနိုဟိုရီးယား ယူဆီတတ် တီစီမမှ ခြစ်ထုတ်ထားသောအစေးဖြစ်သည်။ ၎င်းသည် အဝါဖျော့ ရောင်ရှိပြီး လေနှင့်ထိတွေ့ပါက အမည်းရောင်အဖြစ် ပြောင်းသွား သည်။ စုတ်တံဖြင့်သုတ်သောအခါ သို့မဟုတ် အပေါ်မှ အုပ်သော အခါ မာကျောပြောင်လက်ကာ ချောမွတ်သည့်မျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာသည်။ သစ်စေးသုတ်ထားသော ယွန်းထည်ပစ္စည်းများ သည် အပူနှင့်စိုထိုင်းမှုဒဏ်ကို ခံနိုင်စွမ်းရှိသည်။
ယွန်းထည်လုပ်ငန်းသည် ရှေးနှစ်ပေါင်းများစွာကတည်းက ပုဂံ၊ မန္တလေး၊ အင်းဝ၊ ဝက်သဲ (ရေဦးနယ်)၊ ကျောက္ကာ(မုံရွာမြို့နယ်)နေရာများသည် မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်းများ လုပ်ကိုင်ကြ ကြောင်း လေ့လာသိရှိရသည်။ ယင်းတို့အနက် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာမှ ယွန်းထည်လုပ်ငန်းအကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
ကျောက္ကာကျေးရွာသည် မုံရွာမြို့အရှေ့ဘက် ၉မိုင်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၈၀ဝခန့်ရှိကာ ကျောက္ကာတောင်ရွာနှင့် ကျောက္ကာ မြောက်ရွာဟူ၍ နှစ်ရွာရှိသည့်အနက် ကျောက္ကာမြောက်ရွာသည် တစ်ရွာလုံးနီးပါး ယွန်းလက်မှုရိုးရာလုပ်ငန်းဖြင့် အသက်မွေးလုပ် ကိုင်လာသည်မှာ နှစ်ပေါင်း(၂၀ဝ)ကျော်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ မိဘဘိုးဘွားဘီဘင်လက်ထက်ကတည်းက ပြုလုပ်သုံးစွဲခဲ့သည့် ယွန်း ထည်ပစ္စည်းများက သက်သေပြုနေကြောင်း သိရှိရသည်။ မြန်မာ နိုင်ငံ၌ ကျောက္ကာရွာထွက် ယွန်းထည်ပစ္စည်းများသည် ကျောက္ကာ ထည်ဟူ၍ ထင်ရှားကျော်ကြားသည်။ ယွန်းထည်လုပ်ငန်းသည် ရွာ၏ယဉ်ကျေးမှုအမှတ်လက္ခဏာဖြစ်ပြီး အဓိကစီးပွားရေးလုပ်ငန်း အဖြစ် ရပ်တည်ခဲ့ရာမှ ယခုယွန်းလုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာ ခဲ့ရာ ယွန်းလုပ်ငန်းရှင် ၁၄ ဦးနှင့် ယွန်းလုပ်သား ၅၅ ဦးခန့် ရှိသည်။ မုံရွာမြို့ အရှေ့ဘက် ကျောက္ကာရွာသို့ သွားသည့်လမ်းကို ကျောက္ကာ လမ်းဟု အမည်တွင်ပြီး ယွန်းထည်ပစ္စည်းများ ထုတ်လုပ်ခြင်းကို ကိုယ် စားပြု၍ လမ်းဆုံအဝိုင်းပတ်တွင် ဆွမ်းအုပ်ပုံဖန်တီးကာ အမှတ် သင်္ကေတ ပြုလုပ်ထားသည်။
ယွန်းထည်ပစ္စည်းထုတ်လုပ်ပုံနည်းလမ်းမှာ လက်သက်သက် ဖြင့်သာ ထုတ်လုပ်ရခြင်းဖြစ်၍ လက်မှုလုပ်ငန်းHand Made စစ်စစ် အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ရှေးကျသည့် အမွေအနှစ်အဖြစ်လည်းကောင်း တန်ဖိုးထားကြခြင်းဖြစ်သည်။
ယွန်းထည်ပစ္စည်းပြုလုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်း များမှာ ဝါး၊ ရိုးမှုန့်(ပုဂံဒေသမှ ဝယ်)၊ ကျွန်းလွှစာမှုန့်(မုံရွာသစ်စက်မှ ဝယ်)၊ သစ်စေး(မင်းကင်း၊ တောင်ငူ၊ မြို့လှ၊ ဘားအံ၊ သထုံ၊မော်လမြိုင် မှ ဝယ်)၊ ဟင်္သပဒါး( ရန်ကုန်၊ မန္တလေးရှိ အိန္ဒိယဆေးရောင်စုံဆိုင်များ၊ ရွှေထီး၊ ရွှေဆိုင်းဆိုင်များမှ ဝယ်)၊ ရောင်စုံဆေးမှုန့်( မြန်မာ့ဓာတု ကုန် ထုတ်လုပ်ငန်းစု၊ ရန်ကုန်၊ မန္တလေးရှိ အိန္ဒိယဆေးရောင်စုံဆိုင်များမှ ဝယ်)၊ ရွှေဆိုင်း(မန္တလေးမြို့ မျက်ပါးရပ် ရွှေဆိုင်းဆိုင်များမှ ဝယ်)၊ ကော်ပတ်( မုံရွာကုန်မာဆိုင်များမှ ဝယ်)၊ သင်္ဘောဆေး(မုံရွာမြို့မှ ဝယ်) စသည်တို့ လိုအပ်ကြောင်း သိရသည်။
ယွန်း၏ ကောင်းခြင်းဂုဏ်ကို ယွန်းအလွှာများဖြင့် သတ်မှတ် ကြသည်။ ယွန်းထည်ပစ္စည်းထုတ်လုပ်ပုံအဆင့်ဆင့်မှာ ပထမဦးစွာ မဲတင်းခ ဝါးများကို အဆစ်လိုက်ဖြတ်ပြီး တစ်လက်မခန့် နှီးလောင်း များပြုလုပ်ကာ လိုချင်သောအရွယ်ရရှိအောင် နှီးဖြာ၊ နှီးစိပ်ခြင်း ပြုလုပ်ရသည်။ ယွန်းထည်ပစ္စည်းတစ်ခုပြုလုပ်ရာတွင် အဖြူထည်/ အကြမ်းထည်ဖြစ်စေရန် လွှာယူထားသော ဝါးနှီးဖြင့် လိုချင်သော ပုံစံရအောင် အောက်ခြေမှစ၍ အဆင့်ဆင့်ပုံသွင်းခွေယူ နှီးထိုးခြင်း ကို ဒုတိယအဆင့်ပြုလုပ်ပါသည်။ ဆက်လက်၍ အဖြူထည်၊ အကြမ်း ထည်အား ချောမွေ့စေရန် ဓားကောက်ဖြင့် နှီးခြစ်ခြင်းလုပ်ငန်းကို ပြုလုပ်သည်။
ကျွန်းသားမှရသော လွှစာမှုန့်နှင့် သစ်စေးရောနှောကာ အဖြူထည်၊ အကြမ်းထည်များကို ခိုင်ခံ့မှုရှိစေရန် သုတ်လိမ်းခြင်းဖြစ် သည့် သားရိုးကိုင်ခြင်းလုပ်ငန်းကို ပြုလုပ်သည်။ သားရိုးကိုင်ပြီးသော ပစ္စည်းများကို ပေ(၃၀)ပတ်လည် အကျယ် လေလုံမြေတိုက်အတွင်းသို့ သစ်စေးအိပ်အောင် ၅ရက်ကြာမြင့်အောင်ထားခြင်းကို တိုက်ချခြင်း ဟုခေါ်ကြောင်းသိရှိရသည်။ တိုက်ချပြီးနောက် တိုက်ဖော်ပြီး အမှုန့် ကြိတ်ထားသော နူးညံ့သည့် နွံမှုန့်နှင့်သစ်စေးရော၍ အပျော့သုတ် လိမ်းကာ ခြောက်သွေ့စေရန် ထပ်မံ၍ တိုက်ချခြင်းကို ခုနစ်ရက်ကြာ ပြုလုပ်ပြီးမှ တိုက်ဖော်ပါသည်။ တိုက်ဖော်ပြီး ပစ္စည်းအထည်များအား ရေစွတ်ကာ အာလူးကျောက်ခဲဖြင့် ပွတ်တိုက်ပြီး ထပ်မံ၍အုန်းဆံဖတ် ဖြင့် အထည်ချောမွေ့စေရန် ပွတ်တိုက်အမှုန်ခါခြင်းလုပ်ငန်းကို ပြုလုပ်ရပါသည်။ ဆက်လက်၍ အလယ်အလတ်တန်းစား သစ်စေး ကို ယွန်းထည်ပစ္စည်း၏ အတွင်း/အပြင် သုတ်လိမ်းပြီး အထည်မာစေ ရန်နှင့် သစ်စေးအိပ်စေရန် တိုက်ချခြင်း၊ လေနှင့်နေထိတွေ့ရန် တိုက် ဖော်ခြင်းလုပ်ငန်းများကို ခုနစ်ရက်ကြာအောင် ပြုလုပ်ကြောင်းသိရ ပါသည်။ ညီညာခိုင်ခံ့သည် အချောထည်ဖြစ်စေရန် စစ်ယူထားသော သစ်စေးဖြင့် အချောတစ်ထပ်သုတ်ခြင်းကို ပြုလုပ်ပြီးနောက် တိုက်ချ ခြင်း၊ တိုက်ဖော်ခြင်းလုပ်ငန်းကို ပြုလုပ်ရာတွင် အချိန် (၁၀)ရက်ခန့် ကြာမြင့်ပါသည်။ ပြီးနောက် ဆန်ခါငါးမျိုးဖြင့် အကြိမ်ကြိမ် နေရောင် အောက်တွင် စစ်ထားသောသစ်စေးဖြင့် အရောင်တင်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကာ အသင့်သုံးစွဲနိုင်သည့်အနက် ထည်ပစ္စည်းဖြစ်စေရန် တိုက်ချခြင်း၊ တိုက်ဖော်ခြင်းလုပ်ငန်းကို အချိန် ၁၂ ရက်ခန့်ကြာအောင် ပြုလုပ်ရသည်။ အသင့်သုံး အနက်ထည်များရရှိပြီးပါက ကညစ်တံဖြင့် ယွန်းထည်ပေါ်တွင် ဗုဒ္ဓဝင်ဇာတ်ကြီးဆယ်ဘွဲ့၊ လေးတော်တင်၊ မြင်း ခင်း၊ ပုဂံခေတ်ပန်းချီ၊ ပန်းမျိုးစုံ စသည်ဖြင့် ယွန်းပန်းချီ အလှဆင်ခြင်း လုပ်ငန်းကို လုပ်ကိုင်ပါသည်။ အချောအနက်ထည်ပစ္စည်းများကို အသင့်ရောင်းချနိုင်ရန် ဆေးပန်းရေးခြင်း သို့မဟုတ် ကညစ်ရေးထား သော လက်ရာအတွင်း အရောင်စုံနှစ်သက်ရာ အရောင်ဆေးမှုန့်သွင်း ခြင်းလုပ်ငန်းကိုလုပ်ကိုင်ပြီး ယွန်းထည်ပစ္စည်းအတွင်းပိုင်းအား နောက်ဆုံးအဆင့် ဟင်္သပဒါးအနီသုတ်ခြင်းကို ပြုလုပ်ရကြောင်း သိရ ပါသည်။
တန်ဖိုးမြှင့် ယွန်းထည်ပစ္စည်းထုတ်လုပ်ပုံ
ဘာသာရေး၊သာသနာရေးသုံး၊မင်္ဂလာအခမ်းအနား ကန်တော့ ပွဲသုံး၊ တိုင်းရင်းသားရိုးရာ ဓလေ့သုံးပစ္စည်းများအတွက် ကြိုးခင်း အထည်ကြီးများ ပြုလုပ်ရန် ကြိုးချောင်းကလေးများနှင့် လိုအပ်သော ပန်းခွေ၊ သဇင်ခွေများဖြင့် ပုံဖော်အလှဆင်ခြင်းလုပ်ငန်းကို ပြုလုပ် ပါသည်။ ၎င်းလုပ်ငန်းကို ပန်းကြွကြိုးခင်းခြင်းဟု ခေါ်ဝေါ်ကြောင်း သိရပါသည်။ ထို့နောက် အုပ်အညွန့်၊ အုပ်၊ သုံးချောင်းထောက် ခြေ ထောက်များကို ပန်းပွတ်ထိုးခြင်း ပြုလုပ်သည်။ ရွှေချရန် လိုအပ်သော အချောယွန်းထည်များအား ရွှေချခြင်းလုပ်ငန်းများကို လုပ်ကိုင်ရ ကြောင်း သိရသည်။
ယွန်းထည်ပစ္စည်းတစ်ခုပြုလုပ်ရာတွင် ယွန်းထည်ပစ္စည်း မည် သည့်အရွယ်အမျိုးအစားဖြစ်စေ ကြာမြင့်ချိန် အနည်းဆုံး(၆)လ၊(၈)လ၊ တစ်နှစ်ထိ ကြာမြင့်ပါသည်။ ပစ္စည်းအရေအတွက် နည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ လုပ်ကိုင်ရသည့် ကြာမြင့်ချိန်နှင့် လုပ်ငန်း ပြုလုပ်ရသည့်အဆင့်ဆင့်မှာ အတူတူပင်ဖြစ်သည်။ လုပ်ငန်းလုပ်ကိုင် မှုမှာလည်း နေ့စဉ်လည်ပတ်လျက်ရှိပြီး အထူးအော်ဒါများရှိပါက ပိုမိုထုတ်လုပ်ကြသည်။ မိုးရာသီတွင် အကြမ်းထည်၊ အဖြူထည်များ စုစည်းထားပြီး ပွင့်လင်းရာသီရောက်ပါက အချောထည်များ ပိုမို ပြုလုပ်ကြသည်။
လုပ်သားအင်းအား
ယွန်းလုပ်ငန်းလုပ်ကိုင်သူများသည် လုပ်ငန်း အကြီး/အသေး ပေါ်မူတည်၍ တစ်ပိုင်တစ်နိုင် မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်း နှင့် နေ့စား ယွန်းလုပ်သားများ ငှားရမ်း၍ လုပ်ကိုင်ခြင်းများ ပြုလုပ် ကြကြောင်း သိရသည်။ ယွန်းလုပ်ငန်းသည် အဆင့်ဆင့်လုပ်ကိုင်ရ သောလုပ်ငန်းဖြစ်၍ ယွန်းလုပ်သားများသည် ကျွမ်းကျင်မှုကဏ္ဍအလိုက် ယွန်းလုပ်ငန်းများတွင် အလှည့်ကျ လုပ်ကိုင်ကြသည်။ လုပ် အားခအနေဖြင့် အမျိုးသမီး လုပ်သားတစ်ဦး တစ်ရက်လုပ်ခ ကျပ် ၅၀ဝ၀/၆၀ဝ၀၊ အမျိုးသားလုပ်သားတစ်ဦး တစ်ရက်လုပ်ခ ကျပ် ၈၀ဝ၀/၁၀ဝ၀ဝ ပေးချေရကြောင်း သိရှိရသည်။
ဈေးနှုန်း၊ဈေးကွက်
ကျောက္ကာရွာမှ ပြုလုပ်သည့် ယွန်းထည်ပစ္စည်းများမှာ ဆွမ်း အုပ်(ရွှေချ၊ အနီ)၊ အဖုံးမပါ ပွဲပြင်အုပ်(ရွှေချ၊ အနီ)၊ အုပ်စုံ (ရွှေချ၊ အနီ)၊ ဒေါင်းလန်း၊ သုံးခြောက်ထောက် စသည်တို့ကို အရွယ်အစား အမျိုးမျိုးဖြင့် ဈေးနှုန်းအနည်းဆုံး ကျပ် ငါးထောင် /ရှစ်ထောင်မှ အများဆုံး ကျပ် ရှစ်သောင်း/တစ်သိန်းထိ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြကြောင်း သိရသည်။ ကျောက္ကာရွာမှထွက်ရှိသော ရိုးရာလက်မှုယွန်းထည်များကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ စသည့်မြန်မာပြည်အနှံ့ရှိ သင်္ကန်းပရိက္ခရာဆိုင်များ သို့ တင်ပို့ရောင်းချရကြောင်း သိရသည်။ ကျောက္ကာရွာရှိ ဆုတောင်း ပြည့်ရွှေဂူနီမြတ်စွာဘုရား ကြီးတွင် ယွန်းထည်ဆိုင်ခန်းများ ဖွင့်လှစ် ၍လည်း ရောင်းချပါသည်။ နယ်စပ်ဒေသ မြဝတီမြို့ကုန်သည်များမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့၏ ချိတ်ဆက် ပေးသောပြည်တွင်းကုန်စည်ပြပွဲများ၌ခင်းကျင်းပြသခြင်းများ ဆောင် ရွက်ခြင်းဖြင့် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကလည်း မြန်မာ့ယွန်း ထည်များကို နှစ်သက်စွာ ဝယ်ယူကြကြောင်း သိရသည်။
မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်းသည် ရှေးနှစ်ပေါင်းများစွာမှ ရှင်သန်ထွန်းကားလာသော ယဉ်ကျေးမှုအမွေအနှစ် လက်မှုလုပ်ငန်း တစ်ခုဖြစ်သည်။ နိုင်ငံတော်မှလည်း အသေးစား၊ အငယ်စား၊ အလတ် စား(MSME) စီးပွားရေးလုပ်ငန်းများဖြစ်သည့် စက်မှု၊လက်မှုလုပ်ငန်း များကို အားပေးကူညီလျက်ရှိပါသည်။ ယွန်းထည်လုပ်ငန်းများ ရှင်သန်တိုးတက်စေရေးအတွက် ပုဂံယွန်းကောလိပ်မှ ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ခေတ်မီဆန်းသစ်သည့် ယွန်းပညာအသစ် အဆန်းများ၊ နည်းပညာများအား ပို့ချလျက်ရှိရာ မျိုးဆက်သစ်လူငယ် များကို လက်ဆင့်ကမ်းအမွေအဖြစ် ခံယူသင်ကြားစေခြင်းဖြင့် ကမ္ဘာ့ အလယ်တွင် မြန်မာ့ယွန်းထည်ဟု ဂုဏ်ယူဝငြွ့်ကားနိုင်ရန် မြန်မာ့ ရိုးရာ ယွန်းလုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။
သန်းသန်းတင် (မုံရွာ)