Main menu

Background

မြစ်သားမြို့နယ်၌နနွင်းများစတင်စိုက်ပျိုး

Mon, 07/07/2025 - 13:28 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသ တစ်ခုဖြစ်ပြီး သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော နနွင်းကိုလည်း တောင်သူများ အများဆုံးစိုက်ပျိုးလာကြသည်။
မြို့နယ်အတွင်း နနွင်းများကို မေနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးလျက်ရှိပြီး တစ်ဧက မျိုးအနေဖြင့် နနွင်းတက် ၁၅ တင်းစိုက်ပျိုးပြီး နနွင်းခေါင်း စိုက်ပျိုးပါက ၃၀-၃၅တင်း စိုက်ပျိုးရကြောင်း၊ နနွင်းတက်မျိုးတစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ ဈေးရှိ ပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစု ပေါင်း၂၅ သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရသည်။ 
တောင်သူများမှာ နနွင်းခင်းများအတွင်း နှမ်းများလည်း သီးညှပ်စိုက်ပျိုးကြ ကြောင်း၊  သိုတန်၊ ဒါးရဲကောင်းနှင့် စပယ်တောကျေးရွာများတွင် အများဆုံး စိုက်ပျိုး ကြကြောင်း၊ နနွင်းစိုက်ပျိုးမှုကို ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်းသိရသည်။ 
ယခင်နှစ် ဈေးနှုန်းအနေဖြင့် နနွင်းတက်အစို၂၅ တင်းလျှင် ကျပ် ၅၃၀ဝ၀ဝ ဖြင့် ရောင်းဝယ်ခဲ့ပြီး တစ်ဧကအထွက်နှုန်းမှာ နနွင်းအစို ၃၂၅ တင်းခန့် ထွက်ရှိခဲ့ ကြောင်း၊ နနွင်းတစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် ရောင်းချခဲ့သောကြောင့် ကျပ်သိန်း ၄၀ ခန့်မြတ်ကြောင်း၊ ယခုအချိန်တွင် နနွင်းများ မထွက်သေးဘဲ ဖေဖော်ဝါရီလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ 
ယခုလက်ရှိ နနွင်းတက် အခြောက်တစ်ပိဿာလျှင် ကျပ် ၁၂၅၀ဝ၊ နနွင်းမှုန့် တစ်ဘူးလျှင် ကျပ် ၂၀ဝ၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ထွက်ရှိချိန်တွင် ပွဲစားများ မှ အခင်းထဲသို့ တိုက်ရိုက်လာရောက်ဝယ်ယူလျက်ရှိပြီး ပွဲစားများမှ နနွင်းများကို ရေနွေးဖျောကာ အခြောက်လှန်း၍ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။                                                                        

 Mdydoca, မော်မော်အောင်