Main menu

Background

မြန်မာမှုအနုလက်ရာ အမရပူရမြို့ထုတ်ကုန်ချည်ထည်အမျိုးမျိုး

Thu, 09/17/2026 - 12:04 -- journal_editor

မန္တလေးတိုင်း‌ဒေသကြီး၊ မန္တလေးမြို့အတွင်းရှိအမရပူရ (ခေါ်)တောင်မြို့သည်စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းများကို ရှေး ယခင်ကတည်းက မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်ခဲ့ပြီး အဆိုပါရက်ကန်းများမှ ထုတ်လုပ်သည့် ကျားဝတ်ပုဆိုးချည်ချောလုံချည်နှင့် ချည်ကြမ်းလုံချည်၊ မဝတ်ချည်ချော/ကြမ်းများကို အဆင်အသွေးစုံလင်စွာဖြင့် ဒီဇိုင်းအမျိုးမျိုးထုတ်လုပ်သည့်အတွက် ပြည်တွင်းသာမကပြည်ပအထိဈေးကွက်ဝင်ရောက်လျက်ရှိသည်။
အမရပူရမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းရှင်များအနေနှင့်ချည်ကုန်ကြမ်းများဖြစ်သည့် ၂/၈၀နှင့် ၂/၁၀ဝချည်များကို တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ဝင်ရောက်သည့်ချည်များကို အသုံးပြုပြီး၊ ပိုးချည်အနေနှင့် တရုတ်နိုင်ငံမှ တင်သွင်းသည့်ချည်များကိုအသုံးပြုသည်။ ပြည်တွင်းချည်အသုံးပြုမှုအနေနှင့့််မ်းတွင်းမြို့နယ်မှ ထွက်ရှိသည့် ၁/၄၀ နှင့် ၁/၂၀ ချည်များကို အသုံးပြုကြသည်။
အမရပူရမြို့နယ်အတွင်း စက်ရက်ကန်း၊ လက်ရက်ကန်းစက်ရုံ  ၃၀ဝ၀ ကျော်ရှိပြီး ယခုလတ်တလော ရက်ကန်းစက်ရုံ အရေအတွက် ၁၀ဝ၀ ဝန်းကျင် လုပ်ငန်းလုပ်ကိုင်ပြီး အချို့လက်ရက်ကန်းစင်များအနေနှင့် လွန်းရာကျော်နှင့် ကြိုးကြီးချိတ်များကို ကြိုတင်အမှာများကို လက်ခံဆောင်ရွက်လျက်ရှိသည်။ အမရပူရမြို့နယ်အတွင်း ရက်ကန်းစက်ရုံများမှအထည်များထုတ်လုပ်မှုအနေနှင့် လုပ်သားဦးရေ ၁၀ဝ၀ ဝန်းကျင်နှင့် တစ်ရက်လျှင်အထည် ၁၀ဝ၀ ကျော်ထုတ် လုပ်နိုင်သည်။ ပိုးထည်များကိုပွဲထိုင်များအတွက် ကြိုတင်အမှာလက်ခံဆောင်ရွက်ခြင်း၊ ချည်ထည်များကို ဒေသတွင်းဈေးကွက်နှင့်အညီ ဒီဇိုင်းအသစ်အဆန်းများ ဆန်းသစ်တီတွင်ခြင်း၊ ဌာနဆိုင်ရာနှင့် ကုမ္ပဏီများမှ ယူနီဖောင်းများကိုလည်းလက်ခံဆောင်ရွက်ပေးလျက်ရှိသည်။အမျိုးသမီးများအတွက်ချည်ပဝါ၊ ပိုးပဝါများကိုလည်းထုတ်လုပ်၍နိုင်ငံခြားခရီးသွာများဝင်ရောက်မှုများသည့် ပုဂံဒေသ၊ အင်းလေးဒေသများနှင့် ဘုရားစေတီများတွင်လည်း မြန်မာမှုအနုပညာများဖန်တီးထားသည့်ပဝါများကို ခင်းကျင်းပြသရောင်းချလျက်ရှိသည်။ 
မန္တလေးတိုင်းဒေကြီး အမရပူရမြို့နယ်ရှိ ရက်ကန်းများမှ ထုတ်လုပ်သည့် ချည်ထည်ဈေးနှုန်းဈေးကွက်အနေနှင့် ကျားဝတ်ချည်ချောလုံချည် တစ်ကွင်း ကျပ် ၁၂၀ဝ၀ မှ ၁၅၀ဝ၀၊  ပွဲထိုင်ချောတစ်ကွင်း ကျပ် ၂၅၀ဝ၀ မှ ၃၅၀ဝ၀ ဒီဇိုင်းနှင့် ချည်အမျိုးအစားလိုက်ရောင်းချခြင်း၊ ပိုးပုဆိုးတစ်ကွင်းလျှင် ကျပ် ၂၅၀ဝ၀မှ ၆၅၀ဝ၀၊ မာစလိုက်ချောတစ်ကွင်းလျှင် ကျပ် ၁၀ဝ၀ဝ မှ ကျပ်၁၅၀ဝ၀၊ အမျိုးသမီးဝတ်မာစလိုက်ချည်ပြောင် (ရောင်စုံ)ရိုးရိုး ကျပ် ၁၂၀ဝ၀ မှ ကျပ် ၁၅၀ဝ၀၊ အနံလွန်တစ်ကွင်းကျပ် ၁၇၀ဝ၀ မှ ကျပ်  ၁၉၀ဝ၀၊ ချည်ဒူးနားချိတ်အဆင်စုံ တစ်ကွင်းလျှင်ကျပ် ၁၈၀ဝ၀ မှ ကျပ်၂၅၀ဝ၀၊ ချည်ချောချိတ် အဆင်စုံတစ်ကွင်းလျှင် ကျပ် ၂၅၀ဝ၀မှ ကျပ်၃၅၀ဝ၀ ဖြင့် ရောင်းချလျက်ရှိသည်။ 
အမရပူရမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းရှင်များအနေနှင့် ပွဲထိုင်ချိတ်အမျိုးမျိုး၊ ပိုးစစ်လွန်းရာကျော်ချိတ်များကို နမူနာဒီဇိုင်းများပြ၍ ကြိုတင်မှာယူပါကလက်ခံဆောင်ရွက်ပေးလျက်ရှိပြီး အမျိုးသား၊ အမျိုးသမီးတူညီဝတ်စုံများကို မှာယူလိုပါကလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ 
သို့ပါ၍ ပြည်တွင်းMSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များကို နည်းပညာနှင့်အရင်းအနှီးများ ပံ့ပိုးကူညီဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိနိုင်မည်ဖြစ်သည်။
အမြို့မြို့အနယ်နယ်မှကျားဝတ်၊ မဝတ်လုံချည်များကို ၁၀ ကွင်းမှစ၍ ဈေးနှုန်းမှန်၊ ပစ္စည်းမှန်နှင့် တိတိကျကျအ‌ရောက်ပို့စနစ်ဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။ အမရပူရမြို့နယ်မှထွက်ရှိသည့် ကျားဝတ်၊ မဝတ်လုံချည်များသည် ဝတ် ဆင်သူတိုင်း ပွဲလယ်တင့်သည့်အတွက် လူကြိုက်များသည့်ချည်ထည်များလည်းဖြစ်သည်။
အမရပူရမြို့မှ ရက်ကန်းလုပ်ငန်းရှင်များအနေနှင့် ပြည်တွင်းဈေးကွက်ဖြန့်ဖြူးရာတွင်ပြည်တွင်းကုန်စည်ပြပွဲများ၌ ခင်းကျင်းပြသရောင်းချခြင်း၊ အမရပူရမြို့နယ်အတွင်းရှိရက်ကန်းလုပ်ငန်းရှင်များ အသင်းအစုအဖွဲ့အနေနှင့် မိမိတို့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဈေးကွက်ရရှိရေးနှင့် စဉ်ဆက်မပြတ်ရရှိရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ကုန်စည်ပြပွဲများကို ညီနောင်အသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ မိမိတို့ထုတ်ကုန်ပစ္စည်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့ကုန်ပစ္စည်းများ ခင်းကျင်းပြသကာဈေးကွက်ရရှိအောင် ဆောင်ရွက်ခြင်းများအပြင် ပြည်ပကုန်စည်ပြပွဲများတွင် ပြသနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်မှ ထွက်ရှိသည့် ချည်ထည်အမျိုးမျိုးနှင့် ပွဲထိုင်ချိတ်အမျိုးမျိုး၊ ပိုးစစ်လွန်းရာကျော်ချိတ်အမျိုးမျိုးတို့သည် မြန်မာပြည်အတွင်း နေရာအနှံ့အပြားတွင် လူကြိုက်များသည့် ပြည်တွင်းဖြစ်ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်ပြီး အရောင်အသွေးစုံလင်လှပခြင်း၊ အဆင်များဆန်းသစ်ခြင်းတို့ကြောင့် လူကြိုက်များသည့်တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်ကြောင်းကို ရေးသားလိုက်ရပါသည်။                   
                                         

ခင်ပပနိုင်