ယခုတစ်ပတ်တွင် YSX ၌ ရောင်းဝယ်လျက်ရှိသည့် စတော့ရှယ်ယာအသီးသီး၏ ဈေးနှုန်းများ အနည်းငယ်စီ မြင့်တက်ခဲ့ကြောင်း YSX ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်မှု မှာ FMI ၏ အစုရှယ်ယာများသာလျှင် ဈေးကွက်အတွင်း ပမာဏအများဆုံး အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျန်အစုရှယ်ယာများမှာ အနည်းငယ်သာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။ ယခုရက်ပိုင်းတွင် ငွေလဲနှုန်း များ မြင့်တက်လျက်ရှိသဖြင့် ရှယ်ယာဈေး နှုန်းများ မြင့် တက်ရခြင်းဖြစ်သည်ဟု ဆို သည်။
MTSH နှင့် FMI တို့၏ ရှယ်ယာများမှာ ကျပ်တစ်ထောင်စီမြင့်တက်ခဲ့ ပြီး MCB ၏ ရှယ်ယာမှာကျပ်နှစ်ထောင် မြင့်တက်ခဲ့ကြောင်းသိရသည်။ ယခုရက်ပိုင်းအတွင်း FIB(ပထမပုဂ္ဂလိကဘဏ်)သည် YSX သို့ စာရင်းဝင်ေ တာ့မည်ဖြစ်သည်ဟု သတင်း များ ထွက်ပေါ်လာခဲ့သည်။
မယ်သီတာ