Main menu

Background

ပြည်ချင်းဈေးကွက် အဝင်အေး၊ အရောင်းအဝယ်အေး

Tue, 06/27/2017 - 10:32 -- journal_editor

         ပြည်ဈေးကွက်အတွင်း ယခုတစ်ပတ်တွင် အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများအဝင်မရှိသလောက်ဖြစ်နေပါ တယ်။ ယခုအချိန်မှာ မိုးများ၍ အချို့မြို့နယ် များတွင် ရေလွှမ်းမိုးခံနေရပါတယ်။ အရောင်းအဝယ်အေးနေပြီး ဒေသတွင်းလက်လီ အရောင်းအဝယ်သာရှိနေတာကြောင့် အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ပါတယ်။ ယခုတစ်ပတ် ချင်းတစ် ပိဿာ (ဂျွန်) ကျပ် ၆၀၀ မှ ကျပ် ၇၀၀ ရှိပြီး၊ (ရှယ်) ကျပ်၉၀၀ မှ ကျပ် ၁၁၀၀တို့ဖြင့်ရောင်းဝယ်လျက် ရှိပါတယ်။ ပြည်ချင်းဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်တွင်လည်း မိုးများအဆက်မပြတ် ရွာသွန်းနေတာကြောင့် အနည်းငယ်သာ တင်ပို့နိုင်ကြောင်း သိရပါတယ်။

 

ဝင်းဝင်းခိုင်