Main menu

Background

ကလေးဒေသထွက် နာနတ်သီးများ အညာဒေသ၌ အရောင်းသွက်

Thu, 07/26/2018 - 13:28 -- journal_editor

ကလေးဒေသထွက်နာနတ်သီးများသည် ကျောက်ပန်းတောင်း မြို့နယ်ရှိ သစ်သီးကုန်စည်ပွဲရုံများတွင် ဝင်ရောက်လျက်ရှိရာ အညာဒေသရှိ မကွေး၊ ရေနံချောင်း၊ နတ်မောက်၊ ညောင်ဦး၊ တောင်သာ၊ နွားထိုးကြီး၊ ဆိပ်ဖြူ၊ စလင်းမြို့နယ်များမှ လက်လီဆိုင်များက ဝယ်ယူသည့်အတွက် အရောင်းသွက်နေကြောင်း သိရသည်။''အသစ်စပေါ်တာကတော့ ဇွန်လလယ်ကစတာပါ။ သကြားနာနတ် တစ်လုံးကိုကျပ် ၁၂၀၀ ရှိတယ်။ တစ်ပတ်ကို နာနတ်သီးအလုံး ၃၀၀ ပဲ ရောင်းရတာ။ ယခုတော့ နာနတ်သီး တစ်လုံးကိုကျပ် ၇၀၀ ရောင်းတယ်။ ဈေးကလည်းကျသွားတော့ အဝယ် လိုက်တာပေါ့။ တစ်ပတ်ကိုအလုံး ၈၀၀ နီးပါးရောင်းရတယ်''ဟု ကျောက်ပန်းတောင်းမြို့ လက်ကားရောင်းသူတစ်ဦး ကပြောပါသည်။နာနတ်သီးတွင် ခါးပတ်နာနတ်နှင့်သကြားနာနတ်ဆိုပြီး နှစ်မျိုးရှိ ကြောင်း၊ သကြားနာနတ်တစ်မျိုးသာအဝင်ရှိကြောင်း၊ အဝင်နည်းရခြင်းမှာ အသီး တစ်လုံးကျပ် ၄၀၀ သာရပြီး စိုက်တောင်သူများ တွက်ခြေမကိုက်၍ စိုက် သူနည်းပါးသောကြောင့်ဖြစ်ကြောင်း သိရသည်။''ကျွန်မတို့ဆီမှာက သကြားနာနတ် အရောင်းသွက်တယ်။ ဈေးက လည်း အကြီးတစ်လုံး ကျပ် ၇၀၀ နှင့် အသေး တစ်လုံး ကျပ် ၅၀၀ တန် နှစ်မျိုးရောင်းတယ်။ အဝင်ကတော့အသစ်လှိုင်ချိန်မို့ လိုသလောက်ရှိ ကြောင်း'' ရေနံချောင်း မြို့မဈေးက ရောင်းဝယ်သူအမျိုးသမီးတစ်ဦးက ပြောသည်။                                               

ဆန်းညွန့် (ရေနံချောင်း)