Main menu

Background

ဒီတစ်ပတ် ရှမ်းချင်း ဈေးတက်

Thu, 05/17/2018 - 12:24 -- journal_editor

ဒီတစ်ပတ်တော့ ရှမ်းချင်းတွေ ဈေးတက်လာပါတယ်။ သြင်္ကန်အလွန်ကာလ မှာ ပြည်တွင်း၊ ပြည်ပဝယ်လက်တွေ ဝယ်လိုအား များလာတာက တစ်ကြောင်း၊ ပစ္စည်းလက်ကျန်နည်းတာက တစ်ကြောင်းနဲ့ အကြောင်းတွေစုပြီး ဈေးတက်လာတာ ဖြစ်တယ်လို့  သိရပါတယ်။ ပြည်တွင်းသို့ ဝယ်လက်တွေအပြင် အိမ်နီးချင်းပြည်ပ နိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ကလည်း ဝယ်လိုအားကောင်း လာပါတယ်။ မနှစ်က ချင်း (စို)ဈေးက တစ်နှစ်ပတ်လုံးမှာ အမြင့်ဆုံး  ကျပ် ၄၀၀ မှ ၄၅၆ ကျပ်ဈေး ထိသာရခဲ့ပြီး အရောင်းအဝယ်ကလည်း ပါးခဲ့တာ (၂)နှစ်၊ (၃)နှစ်ခန့်  ရှိလာတာကြောင့်  တောင်သူတွေက ချင်းအစား မနှစ်ကဈေးအနည်းငယ် ကောင်းခဲ့ တဲ့ ကြက်သွန်ဖြူဘက်ကို လှည့်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ချင်းအစိုက်နည်းခဲ့သလို အထွက်လည်း နည်းခဲ့ပါတယ်။ သြင်္ကန်မတိုင်မီက အထိ တစ်ပိဿာကို ကျပ် ၃၀၀ ကျပ် ၄၀၀ မှာ သာ ပတ်ချာလည်ရှိနေပြီး သြင်္ကန်အပြီးမှာစပြီး တက်လာခဲ့တာ ကျပ် ၅၀၀-ကျပ် ၆၀၀မှ ယခုတစ်ပတ်ဆိုရင်ကျပ် ၈၀၀ ဈေးရှိလာပါတယ်။  ဝယ်လိုအား ရှိသလောက်  ပစ္စည်းကမရှိလို့ ချင်းတောင်သူတွေကလည်း  မိုးကိုမျှော်နေပါတယ်။ မိုးအနည်းငယ်ကျလာရင်တော့ ဥမတွေကို ဖော်လို့ရတော့မှာဖြစ်ပါတယ်။  ဧပြီလ တစ်လလုံးမှာ ချင်း(စို)က တန်ချိန် တစ်ထောင့်ငါးရာခန့်  အရောင်းအဝယ်ဖြစ်ခဲ့ သလို ချင်းခြောက်က   တန်ချိန်ခုနစ် ထောင့်ခြောက်ရာကျော်ခန့်  အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဧပြီလမှာ ချင်း(စို)က  အမြင့်ဆုံးကျပ် ၅၈၀- ကျပ် ၆၀၀ အထိရှိခဲ့ပြီး မေလရဲ့ဒီတစ်ပတ်မှာတော့ အောင်ပန်းဈေးကွက်မှာ ကျပ် ၇၀၀ -ကျပ် ၈၀၀ ဈေးရှိပါတယ်။ ချင်း ခြောက်ကတော့ ဧပြီလမှာလည်း ကျပ် ၈၀၀-ကျပ် ၉၀၀ ရှိပြီး မေလမှာလည်း ကျပ် ၇၀၀-ကျပ် ၉၀၀ ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေတယ် လို့ ဒေသခံပွဲရုံတွေထံက သိရှိရပါတယ်။   

 

  ဧဧခိုင်၊ တောင်ကြီး