Main menu

Background

ရေကြောင်းမှ ရာဘာပိုမိုတင်ပို့

Tue, 10/30/2018 - 12:42 -- journal_editor

     အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄၆ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၉၂၉ တန် တင်ပို့ခဲ့ေ ကြာင်း သိရပါ တယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှုများမှာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မRSS-3  အမျိုးအစား ၄၃၉ တန်၊RSS-5  အမျိုးအစား ၉၃ တန်၊MSR-20  အမျိုးအစား ၄၈ တန်၊ လွယ် ဂျယ်ကုန်သွယ်ရေး စခန်း မှCrepe Rubber  ၉ တန် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်မှ တင်ပို့မှုများမှာ တာချီလိတ် ကုန်သွယ် ရေးစခန်းမှLatex 60ရာခိုင်နှုန်းDRC  တန်ချိန် ၁၉၀၊ မြိတ် ကုန်သွယ်ရေးစခန်းမှ     MSR-20  အမျိုးအစားတန်ချိန် ၁၅၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုတစ်ပတ်မှာ မြန်မာ-တရုတ် နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့ကျခဲ့သော်လည်း ယခင်တစ်ပတ်က တင်ပို့မှုမရှိတဲ့ မြန်မာ-ထိုင်းနယ်စပ်မှ ယခုတစ်ပတ်မှာ အပို့ရှိတာ တွေ့ရပါတယ်။ ယခု တစ် ပတ်ေ ရာ်ဘာတင်ပို့မှုမှာ ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ၁၆၅၂ တန် လျော့ကျခဲ့ကြောင်း သိရပါတယ်။  
  ယခုတစ်ပတ် မူဆယ် ကုန်စည်ဒိုင်ရဲ့ ရော်ဘာပေါက် ဈေးမှာRSS-3  တစ်တန်လျှင် ကျပ် ၁၇ ဒသမ ၅၆၂ သိန်းရှိပြီး ယခင်တစ်ပတ်ဈေးထက် တစ်တန်လျှင် ၇၅၈၆၂ ကျပ် ဈေး တက်ကြောင်း သိရပါတယ်။အောက်တို ဘာ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ် အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ သုညဒသမ ၉၈၆ သန်းတန်ဖိုးရှိ ရော်ဘာ ၇၈၃ တန်ခန့် တင်ပို့ခဲ့ရာ ပါကစ္စတန်နိုင်ငံသိုRSS-1  အမျိုးအစား တန်ချိန် ၄၀၊ တန်၊ ဂျပန်နိုင်ငံသို့MSR-20  အမျိုးအစား ၃၉၂ တန်၊    တရုတ်နိုင်ငံသိုMSR-20  အမျိုးအစား ၁၀၁ တန်နဲ့ ကိုရီးယားနိုင်ငံသို့TSR-20 အမျိုးအစား ၂၄၉ တန်ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်း ယှဉ်ပါက ၂၆၇ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။
ယခုတစ်ပတ်မှာလည်း နိုင်ငံတကာ ရော်ဘာဈေးအတက် အကျ အနည်းငယ်သာရှိတဲ့အတွက် ပြည်ပတင်ပို့မယ့် မြန်မာ့ ရော်ဘာဈေးကိုလည်း ယခင်တစ်ပတ်ဈေးအတိုင်း မပြောင်းလဲ ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ် လုပ်သူများအသင်း ရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရပါတယ်။   ယဉ်ယဉ်အေး