Main menu

Background

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုဥက္ကဋ္ဌ ဦးကျော်သူနှင့်တွေ့ဆုံမေးမြန်းခြင်း (၁)

Tue, 11/22/2022 - 15:59 -- journal_editor

ပြည်တွင်း၌ စီးပွားဖြစ်စိုက်ပျိုးသည့် သစ်သီးဝလံအမျိုးအစားပေါင်း ၇၀ ခန့်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်းမှ သိရသည်။ ယင်းစီးပွားဖြစ် စိုက်ပျိုးသည့် သစ်သီးဝလံအမျိုးအစားများတွင် ပြည်တွင်း၌ စားသုံးမှုများပြားသည့် သစ်သီးဝလံများအကြောင်းနှင့် ပြည်ပနိုင်ငံရှိ ဈေးကွက်များသို့ ထိုးဖောက်တင်ပို့နေသည့် သစ်သီးဝလံများ၏ ဈေးကွက်ရရှိမှု အခြေအနေ ဘယ်လိုရှိပါသလဲ။ ပြည်တွင်းရှိ သစ်သီးဝလံများအား အဓိကထားတင်ပို့နေရသည့် တရုတ်ဈေးကွက်အပြင် အခြား သော ပြည်ပနိုင်ငံများ၏ ဈေးကွက်ထိုးဖောက်မှု အခြေအနေ မည်သို့ရှိနေပါသလဲ ဆိုခြင်းအား မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ များအသင်း (MFVP)  ဒုဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
ပြည်ပနိုင်ငံတွေကို သစ်သီးဝလံ တင်ပို့မှု အခြေ အနေလေး ပြောပြပေးပါဦး။
ပြည်တွင်းမှာ စီးပွားဖြစ်စိုက်တဲ့ သစ်သီး ဝလံက  ၇၀ ကျော်လောက်ရှိတယ်။ အဲ ၇၀ကျော် လောက်မှာ  Export သွားတာက ၂၅ မျိုးလောက် ရှိတယ်။ အဲ ၂၅ မျိုးမှာမှ  တချို့တွေကတော့ လူမသိ၊သူမသိနဲ့ နည်းနည်းလေးသွားတာပေါ့။ နံပါတ်တစ် Export သွားတာကတော့ ဖရဲသီးပေါ့ နော်။ ဖရဲသီးက ၂၀၁၉-၂၀၂၀ ဘတ်ဂျက်နှစ် နောက်ဆုံးပို့ခဲ့တာ တန်ချိန်တစ်သန်း ပို့ခဲ့တယ်။ သခွှားမွှေးဆိုရင် တန်ချိန် တစ်သိန်းခွဲနဲ့ နှစ်သိန်း ကြားထဲမှာ ပို့ခဲ့တယ်။ အဲနှစ်ခုပေါင်းရတဲ့ တန်ဖိုး က အမေရိကန်ဒေါ်လာ သန်းနှစ်ရာနီးပါးရှိ တယ်။ ကျန်သစ်သီးဝလံတွေ အကုန်လုံးပေါင်း လို့ရှိရင်တော့ သစ်သီးဝလံကဏ္ဍ တစ်ခုလုံးရဲ့ ပြည်ပပို့ကုန်ကရတဲ့  ဝင်ငွေက အမေရိကန် ဒေါ်လာ သန်း ၄၀ဝ လောက်ရှိတယ်။ ဖရဲသီးက နံပါတ်တစ်။ နောက် သခွှားမွှေး။ ပြီးလို့ရှိရင် သရက်သီးပို့တယ်။ သရက်သီးကတော့ တစ်နှစ်နဲ့ တစ်နှစ်တော့မတူဘူးပေါ့။ သူကတော့ တန်ချိန် သုံးသောင်းကနေ ခြောက်သောင်းလောက်ထိ သွားတယ်။ ပျမ်းမျှအားဖြင့် တစ်နှစ်ကို တန်ချိန် ငါးသောင်းလောက် သွားတယ်လို့  ပြောလို့ရ တယ်။ သရက်သီးက  ထွက်တာနည်းလို့တော့ မဟုတ်ဘူး။ ဖရဲသီး၊ သခွှားမွှေးသီးနဲ့ သရက်သီး မတူတဲ့အချက်ကတော့ ဖရဲသီး၊ သခွှားမွှေးတို့က ပြည်တွင်းစားသုံးမှု အားကနည်းတယ်။ သရက် သီးကျတော့ ပြည်တွင်းစားသုံးမှုအားက  ပိုများ တယ်။ နိုင်ငံခြားပို့တာက နည်းတယ်။ သရက်သီး ပြည်တွင်း  စားသုံးမှုအားက   ၆၀ ရာခိုင်နှုန်း လောက်ရှိပြီးတော့ Exportပို့တာက ၄၀ ရာခိုင် နှုန်းရှိတယ်။အဲတော့ သရက်သီးမှာဆိုပြည်တွင်း မှာ မြန်မာ့မျိုးရင်း သရက်အမျိုး ၂၀ဝ လောက်ရှိ တယ်။ အဲထဲမှာ ငါးမျိုးလောက်ကိုပဲ Export ပို့တာပေါ့။  စိန်တလုံးကတော့   နံပါတ်တစ် Exportပေါ့။ ကျန်တာက ရင်ကွဲ၊ ရွှေဟင်္သာ၊ မြကျောက်တို့ ရှိတာပေါ့။ ပြီးလို့ရှိရင် ဆီးသီး၊ နာနတ်သီး၊ ထောပတ်သီး အဲလိုမျိုးရှိတာပေါ့။
ပြည်တွင်းသစ်သီးဝလံတွေကို ဘယ်လမ်းကြောင်း ကနေတစ်ဆင့် အများဆုံး တင်ပို့နေပါသလဲ။
သစ်သီးဝလံ ကုန်သွယ်မှုကဏ္ဍကို ၂၀၂၀ ရှေ့ပိုင်းမှာ  ကုန်သွယ်လို့ လွယ်နေတဲ့ဟာက နယ်စပ်ကုန်သွယ်ရေးကနေ ကုန်သွယ်တယ်။ အများဆုံး ဝယ်တာက တရုတ်ပေါ့။ အဲတော့ ၉၀၊ ၉၅ ရာခိုင်နှုန်းလောက်က တရုတ်နဲ့ ကုန်သွယ် တယ်။ ကျန်တဲ့ဟာက ထိုင်းနယ်စပ်ကနေ သွား တာရှိတယ်၊ နောက် အိန္ဒိယနယ်စပ်ကနေ သွား တာရှိတယ်။ ရေကြောင်းကနေ  ထွက်တဲ့ဟာက နည်းနည်းပါးပါးပဲရှိတယ်။  စင်ကာပူကို သွား တယ်။ အထူးသဖြင့်ကတော့ စိန်တလုံးသရက် သီး၊ သခွားမွှေးသီးတွေပို့တယ်။ ဟောင်ကောင် ကို သရက်သီးရော ထောပတ်သီးရော နှစ်မျိုးစလုံး သွားတယ်။ နောက် ပင်လယ်ရေကြောင်းကနေပဲ ရှန်ဟိုင်းကို  သခွားမွှေးသီးတွေ သွားတယ်။ ပြီးတော့  ဒူဘိုင်းကို  ဖရဲသီးနဲ့  သခွှာမွှေးသီး ပို့ထားတာရှိတယ်။ ၂၀၁၈၊ ၂၀၁၉  နှစ်နှစ်မှာ စိန်တလုံးသရက်ကိုပဲ  ဂျာမနီ မြူးနစ်ကို   ပို့ခဲ့ တယ်။ အဲဒါကတော့ လေကြောင်းနဲ့ ပို့ခဲ့တာပေါ့။ အတည်ပို့တော့မယ်လို့လုပ်တဲ့အချိန်မှာ ၂၀၂၀ ကိုဗစ်နဲ့တိုးတာပေါ့။ ကိုဗစ်က မတ်လပိုင်းလောက် မှာ လော့ဒေါင်း အကုန်ချပြီး အပြင်မထွက်ရဖြစ် သွားတော့ အဲဒီ သရက်ရာသီမှာ လုံးဝမပို့ဖြစ်တာ အခုချိန်အထိ မပို့ဖြစ်တော့ဘူးပေါ့။  နယ်စပ် ကုန်သွယ်ရေးမှာလည်း အဲအချိန်က အရမ်းပို့လို့ ကောင်းနေခဲ့တဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကြီးက ပိတ်သွားတယ်။ ပိတ်သွားပြီးတော့မှ အရောင်း အဝယ်ကွင်းကို တရုတ်ပြည် ဝမ်တိန်ထဲက ချန် ဟော့ကွင်းကို ရွှေ့လိုက်ရတယ်။ ရွှေ့လိုက်ပြီး တော့ အဲဘက်မှာလုပ်တယ်။ လူတွေ ဝင်ထွက် ကားတွေ ဝင်ထွက်။ အဲဒါတွေ အကုန်လုံးကို ကွာရန်တင်းလုပ်ငန်းစဉ်တွေနဲ့  သူတို့ဆောင်ရွက် တဲ့အခါ  နဂို မူဆယ်နယ်စပ်ကို ဖရဲသီးကားတစ်စီး ပို့ခ ကားခက Dry Zone ကနေ အဲကိုပို့မှ ကျပ် ရှစ်သိန်း၊ ကိုးသိန်းလောက် ကျတာကနေ ၁၀၅ မိုင်ကနေ တရုတ်ပြည်ထဲ  ရောက်ဖို့အတွက် ခေါက်တိုကားခခေါ်တာပေါ့။ အဲမှာ ကားသမား လဲရတယ်။ ကားကို  ဆေးဖျန်းရတယ်။  အဲစရိတ် တွေက ခေါက်တိုတစ်ခေါက်ကို သိန်း ၆၀ ကနေ သိန်း ၉၀ လောက်ထိ ကျတယ်ပေါ့။ ကျတော့ ဖရဲသီးသမားတွေလည်း  မကိုက်တော့ဘူး ဖြစ်သွားတယ်။ ပို့တဲ့သူတွေ အကုန်လုံးရှုံးကြတယ်။ ကားခတောင် ပြန်မရဘူး။ အဲလိုဖြစ်တဲ့အချိန် ၂၀၂၀ နောက်ပိုင်းမှာ ဖရဲသီး တင်ပို့မှုက ရပ်သလောက် နီးပါး  ဖြစ်သွားတယ်ပေါ့။  ၂၀၂၁ ခုနှစ်မှာ စိုက်တဲ့သူက လျော့သွားတယ်။
တရုတ်ဈေးကွက်အပြင် အခြားသော နိုင်ငံတွေ ရဲ့ ဈေးကွက်ရရှိမှု အခြေအနေလေး။
လက်ရှိ တရုတ်နဲ့ ကုန်သွယ်မှုမှာ နယ်စပ် ဖြစ်လို့ အားသာချက်ရှိပေမယ့်လည်း ဒီနယ်စပ် မှာ ဒီလိုမျိုးကုန်သွယ်လို့ အမြဲတမ်းဒီလိုဖြစ်နေရင် ရေရှည်မှာ အဆင်မပြေနိုင်တဲ့အတွက် တခြား ဈေးကွက်ကို  ရှာကြည့်တာပေါ့။ ဥရောပဈေး ကွက်၊ အာဆီယံနဲ့ အာရှဈေးကွက်ကို ချဲ့ကြည့် တဲ့အခါမှာတော့ ဥရောပဘက်ကတော့ နမူနာ ယူသွားပြီးတော့  ပြတဲ့   ထောပတ်သီးကတော့ တော်တော်လေး   အခြေအနေကောင်းတယ်။ကျန်တဲ့ဟာတွေကတော့  အသီးရာသီလည်း မဟုတ်တော့ သရက်သီးတို့၊ နာနတ်သီးဆိုလည်း စည်သွတ်ဘူးတို့၊ နာနတ်သီးခြောက်တို့ တခြား ဟာတွေလည်း ပြနိုင်တယ်။ အဲတော့ အသီးပြခဲ့ တဲ့ဟာတွေမှာတော့ ဈေးကွက် တော်တော်လေး ရတယ်။ သူတို့ကလည်း လိုချင်တယ်။ကျွန်တော် တို့ဘက်က တင်ပို့နိုင်၊ မတင်ပို့နိုင်ဆိုတာကတော့  ပြန်ပြီးတော့  ချိန်ဆရမှာပေါ့။  သူတို့ဘက်က လည်း သူတို့လိုအပ်ချက်တောင်းတာပေါ့။ အနိမ့် ဆုံးအဆင့်တော့ ဂလိုဘယ်ဂျီအေဘီ လက်မှတ် ရှိပြီးသားမှ ကျွန်တော်တို့က ဥရောပပို့မယ်ဆိုလို့ ရှိရင် အဲလိုဟာမျိုးမှ  ပို့လို့ရမှာပေါ့။ ဂလိုဘယ် ဂျီအေဘီကတော့ ဧကငါးရာလောက်ရထားတဲ့ ထောပတ်သီးခြံတွေ  ရှိနေပြီဆိုတော့ အဲဒါက တော့ရပြီ။ အဲနည်းတူပဲ ထိုင်းက ပြပွဲမှာ ဆက်ပြ တဲ့အချိန်မှာ အာရှဈေးကွက်တော်တော်များများ ရတယ်။ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း ၊ နောက် ဒူဘိုင်းတို့နိုင်ငံတွေ ပေါ့ ဈေးကွက်ရတယ်။
ဈေးကွက်ရနေတဲ့ မက္ကဒေးမီးယားနဲ့ အုန်းသီး ဈေးကွက်အခြေအနေလည်း ပြောပြပေးပါဦး။
မက္ကဒေးမီးယားဆိုရင် ဥရောပမှာ ဈေး ကွက်ချိတ်ဆက်မှု  အများကြီးရတယ်။ ဘာလို နေလဲဆိုတော့ နည်းပညာတော့ တစ်ဆင့်လိုနေ တာပေါ့။ မက္ကဒေးမီးယားဆိုလည်း ကျွန်တော်တို့ ဆီက မက္ကဒေးမီးယားနဲ့ သူတို့ဆီက မက္ကဒေး မီးယား ယှဉ်လိုက်လို့ရှိရင် သူတို့ဆီက မက္ကဒေးမီးယားက အခွံချွတ်ထားပြီး ခွဲလိုက်လို့ရှိရင် အခြမ်း လေးက နှစ်ခြမ်းပဲ။ အလုံးလေးတွေက ညီနေတာ ပဲ။ ကျွန်တော်တို့ဆီမှာက ပဲစိ၊ နှမ်းစိလောက်လေး  ကနေစပြီးတော့မှ အကြီးကြီးထိ မညီမညာနဲ့ သေချာမလုပ်ထားဘူး။ တကယ်တမ်းက Export လုပ်ဖို့ ရည်ရွယ်တယ်ဆိုလို့ရှိရင် ထွက်တာက တော့ အသီးကတော့ ညီတယ်လို့ပြောလို့မရဘူး။  ဒါတွေကို   ပြန်လုပ်ရမှာပေါ့နော်။   လူတွေရဲ့ သဘောက မျက်စိက အရင်စားတာကို နောက် က ပါးစပ်က စားတာဆိုတော့။ မျက်စိနဲ့စားလိုက် တာနဲ့ ကျွန်တော်တို့ ထုတ်ကုန်က ရှုံးပြီ။ တကယ်တမ်း ပါးစပ်နဲ့ စားကြည့်ရင်တော့ အရသာက ရှိတယ်။ ဝယ်လက်တွေကလည်း ကုတ်ဒေးရှင်း ပို့ပေးပါဆိုပြီးတော့ ပြောတာရှိတယ်။ အုန်းသီး ကတော့ နည်းပညာတစ်ဆင့်လိုသေးတယ်ပေါ့။ ထိုင်းအုန်းသီးကို ဘယ်သူမှ မယှဉ်နိုင်သေးဘူး။ သူတို့ကတော့ ကျွန်တော်တို့ထက် ရှေ့တစ်ဆင့် ရောက်နေတာပေါ့။   ဒါပေမဲ့  တစ်ခုရှိတာက မိရိုးဖလာနဲ့ ပြန်တွက်ရင်တောင် အုန်းသီးက အိမ်တွေမှာ နတ်နန်းတွေမှာ အသုံးပြုတာတွေရှိ တယ်။ ဝါဝင်ဝါထွက်ပွဲတွေ အခမ်းအနားတွေမှာ လည်း အသုံးပြုတာများတယ်။ ဘုရားကျောင်း ကန်တွေမှာ  ယတြာချေကြတာတွေလည်း ရှိ တော့ ပြည်တွင်းသုံးစွဲမှုကများပါတယ်။ နောက် အုန်းသီး၊ ငှက်ပျောသီးလည်း ဈေးတော်တော် လေး ကောင်းလာတယ်။
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
နိုင်ငံရပ်ခြားကို အခြေခံအလုပ်သမားတွေ ထွက်သွားကြတယ်။ တော်တော်များတဲ့အတွက်  ခြံတွေမှာ အလုပ်သမားရှားပါးမှု ပြဿနာက လည်း လက်ရှိအချိန်မှာ ရင်ဆိုင်နေရတဲ့အနေ အထားမျိုးရှိတယ်။ သဘာဝမြေသြဇာတွေလုပ်ဖို့ ဆိုတာ အလုပ်သမားလိုတယ်။ စက်ကလည်း ထင်သလောက် မရှိသေးဘူး၊ စက်ရှိပြန်ရင်လည်း စက်သုံးဆီဈေးက ကြီးမြင့်နေတဲ့အနေအထား ရှိတာပေါ့။ တစ်ဖက်မှာလည်း သွင်းအားစုတွေက  ဈေးကြီးနေပြီး ပြန်ထွက်လာတဲ့အချိန်ကျတော့ လည်း တကယ်တမ်းဆို ဈေးက ကောင်းရမှာပေါ့။ ဒါပေမယ့်လည်း ဈေးကမရဘူး။ အထူးသဖြင့် ဟင်းသီးဟင်းရွက်စိုက်တဲ့သူတွေက အရင်းအနှီး အများကြီးမရှိတော့ နှစ်ခါ၊ သုံးခါလောက် ရှုံးပြီး သွားရင် ပြန်မလုပ်နိုင်ကြတော့ဘူး။ ဟင်းသီး ဟင်းရွက်ထဲမှာဆို ခရမ်းချဉ်သီး၊  ဂေါ်ဖီထုပ် သမားတို့ တော်တော်လေးထိတယ်။ ဘာလို့ ထိလဲဆိုတော့ Export မသွားဘူး၊ Value added  လည်း မလုပ်ဘူး။ ဒီအတိုင်း ရောင်းကျတာဆို တော့ ခရမ်းချဉ်သီး၊ ဂေါ်ဖီတို့ဆိုတာ စားသောက်  ဆိုင်တွေက သုံးတာပေါ့။ ကိုဗစ်ဖြစ်လိုက်တော့ ဆိုင်တွေ ပိတ်လိုက်ရတဲ့အခါ ကျတော့  ဝယ်လို အားလျော့တယ်။ ဝယ်လိုအားလျော့ပြီး နောက် ထပ်မစိုက်နိုင်ကြတော့ ဈေးကွက်ပျက်သွားတဲ့ အနေအထား ရှိတာပေါ့။
တိဗ္ဗ