မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရျင်များအသင်းဉက္ကဋ္ဌ ဦးနေလင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် နံနက် ၉နာရီကရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ကျင်းပခဲ့သည်။အဆိုပါနှစ်ပတ်လည်အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် အမှုဆောင်များ၊ တိုင်ဒေသကြီးနှင့် ပြည်နယ်အသင်းများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများမှ ဒေသထွက်ကုန် ပြခန်းများလည်း ပါဝင်ပြသခဲ့ရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ စားသုံးဆီဈေးကွက်အခြေအနေနှင့် ဆီထွက်သီးနှံ စိုက်ပျိုးမှုအခြေအနေများအား မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းအောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
"မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကိုတက်ရောက်ဖြစ်ပုံလေး ပြောပြပေးပါဦး။
ကျွန်တော်တို့က မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ရှိပါပြီ။ အသင်းချုပ်က ဆောင်ရွက်တဲ့ပွဲတိုင်းလည်း တက်ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့က မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေနဲ့ မကွေးတိုင်းကထွက်တဲ့ ထွက်ကုန်တွေကို အခုလိုစုံညီအစည်းအဝေးမှာ ပြခန်းအနေနဲ့ ခင်းကျင်းပြသနိုင်ခဲ့ပါ တယ်။ စားသုံးဆီအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးမှာ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းနီ စတာတွေကို မိုးတွင်းမှာ စိုက်တာရှိတယ်။ နောက်တစ်ခါ ဧရာဝတီမြစ်ရဲ့အနောက်ဘက်ခြမ်းမှာ ရေသွင်းစိုက်ပျိုးတာရှိပါတယ်။ မြေပဲလည်း စိုက်ပျိုးပါတယ်။ မြေပဲ မကွေး ၁၅၊ မကွေး၁၆ တို့ကိုလည်းစမ်းသပ်စိုက်ပျိုးနေပါတယ်။ ဒါတွေကိုလည်း ပြခန်းမှာ ပြသခဲ့ပါတယ်။ စားသုံးဆီထုတ်လုပ်မှု အနေနဲ့ကတော့ နှမ်းဆီ၊ မြေပဲဆီထုတ်လုပ်ပါတယ်။ အခုနေကြာကို နိုင်ငံတော်က တိုးချဲ့ပြီးတော့စိုက်ပျိုးဖို့ ညွှန်ကြားထားတဲ့အတွက် အခုမကွေးတိုင်းဒေသကြီးမှာနေကြာကို တိုးချဲ့ပြီးတော့ တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ ကြီးကြပ်မှုအားပေးမှုတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်မှုကြောင့် နေကြာဆီလည်း ထွက်လာပါပြီ။ ဒါကြောင့် မကွေးတိုင်းဒေသကြီးမှာဆိုရင်နှမ်းဆီ၊ နေကြာဆီနဲ့ မြေပဲဆီ အဓိကထွက်ရှိပါတယ်။
မကွေးတိုင်းဒေသကြီး တစ်တိုင်းလုံးအနေနဲ့ စိုက်ပျိုးဧက ဘယ်လောက်ရှိပါသလဲ။
စိုက်ပျိုးတဲ့ ဧကဆိုရင် မကွေးတိုင်းတစ်တိုင်းလုံးမှာ စိုက်ဧက နှစ်သိန်းကျော်ကနေ သုံးသိန်းအထိရှိပါတယ်။ တစ်နှစ်နဲ့ တစ်နှစ်ကတော့ စိုက်ပျိုးဧကက မတူဘူးပေါ့။ စိုက်ပျိုးတောင်သူတွေအနေနဲ့ အခက်အခဲကတော့ နံပါတ်တစ်အနေနဲ့ကတော့ ရေပေါ့ဗျာ။ အဓိကက အပူပိုင်းဇုန်မှာစိုက်တဲ့ သီးနှံတွေကတော့ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်အခြမ်းနဲ့ အနောက်ဘက်အခြမ်းတောင် မတူဘူး။ အနောက်ဘက်ခြမ်းက ရေတင်ပြီးတော့ စိုက်ပျိုးလ့ရို တယ။် ဆညေ် တလွ ညး် ရတှိ ယ။် အနောကဘ် ကြ်ခမး်ကတော့ရေက အဓိကကျတယ်။ နံပါတ်နှစ်ကတော့ သွင်းအားစုပေါ့။သွင်းအားစုတွေကို နိုင်ငံတော်ကရော၊ တိုင်းဒေသကြီးအစိုးရအနေနဲ့ရော ပံ့ပိုးပေးပါတယ်။ နောက် အန်ဂျီအိုအဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေရှိတဲ့အတွက် တောင်သူတွေအတွက်ကတော့ အထောက်အပံ့ကောင်းတစ်ခု ရပါတယ်။ အခက်အခဲကတော့ အရမ်းကြီး မရှိပါဘူး။ ဒီနှစ်ကလည်း မိုးကောင်းတဲ့နှစ်ဖြစ်တဲ့အတွက် အထွက်နှုန်းလည်းကောင်းပြီး အောင်မြင်တယ်လို့ ပြောရမှာပေါ့။ဆီထွက်သီးနှံ စိုက်ဧက တိုးချဲ့စိုက်ပျိုးမှုအခြေအနေလည်း သိပါရစေ။မကွေးတိုင်းဒေသကြီးအတွင်းမှာ စိုက်ဧကတိုးချဲ့လို့ရတဲ့မြေနေရာရှိပါတယ်။သို့သော်လည်း မြေယာတွေကိုပြုပြင် ဆောင်ရွက်ရမှာပေါ့။ မြေလွတ်မြေရိုင်းတွေကို တောရှင်း မြက်ခုတ် သေချာလေးလုပ်ပြီး မြေရိုင်းတွေကို ယဉ်ပါးအောင် တစ်နှစ် ကြာသည်ဖြစ်စေ နှစ်နှစ်ကြာသည်ဖြစ်စေ ပြုပြင်ပြီးလုပ်ဆောင်သွားမယ်ဆိုရင်တော့ အများကြီးစိုက်ပျိုးလို့ရပါတယ်။ ဆီထွက်သီးနှံ ဈေးကွက်က ဈေးကောင်းရရှိတယ်။ တောင်သူတွေအတွက်လည်းအကျိုးအမြတ်ရရှိပါတယ်။ ဆီထွက်သီးနှံ မျိုးစုံကတော့ ဈေးနှုန်းက သူဈေးနဲ့သူ ရရှိနေပါတယ်။ ဈေးကျပြီး ဝယ်လက်မရှိတာတို့၊ဈေးကွက် ပျောက်သွားတာတို့၊ ဈေးမရတာတို့တော့မရှိပါဘူး။ဈေးကွက်ထဲက တောင်သူတွေ အသံနားထောင်ရတာလည်းကောင်းပါတယ်။ မြေပဲလုံးဆန်က ပြည်ပဈေးကွက်ကိုပဲသွားရင်ပြည်တွင်းက စက်သမားတွေက ဈေးကွက်ယှဉ်ပြိုင်ပြီးတော့ ဝယ်နိုင်မှာမဟုတ်ဘူး။ မဝယ်နိုင်တဲ့အတွက် ဆီထုတ်တဲ့နှုန်းက လျှော့ကျနိုင်တယ်။ အဲဒီလိုအပိုင်းတွေရှိတဲ့အတွက် နည်းနည်းလေးမျှတဖို့နဲ့ အချိုးညီညီဖြစ်ဖို့ ဆောင်ရွက်တဲ့သူတွေက စဉ်းစားပြီးလုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ရှေ့လာမယ့်လတွေက ဆီထွက်သီးနှံ ရာသီပေါ်ချိန် ဖြစ်တယ်။ဈေးကွက်အနေအထား ပြောရလို့ရှိရင်တော့ ထုတ်လုပ်မှုအားလည်း တိုးလာတယ်။ နောက် ဆီသီးနှံအထွက်နှုန်းတိုးဖို့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအသင်းချုပ်နဲ့ မကွေးတိုင်းအသင်း၊ နောက် ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားဖို့ အစီအစဉ်တွေရှိပါတယ်။အဲလိုမျိုး ဆောင်ရွက်နိုင်ဖို့အတွက် ဘာတွေလိုအပ်တယ်လို့ မြင်မိပါသလဲ။ ပံ့ပိုးမှုအနေနဲ့ကတော့ နိုင်ငံတော်ကို အားကိုးတာအပြင်လုပ်ကိုင်မယ့်သူတွေက ပူးပေါင်းပြီး လုပ်ကိုင်မယ်ဆိုရင် ရေရှည်အတွက် ကောင်းတာပေါ့နော်။ နိုင်ငံတော်အနေနဲ့လည်း ဒီအတိုင်းပဲ ဖော်ဆောင်နေတာဖြစ်ပါတယ်။
ဆီစက်တွေ လည်ပတ်မှု အခြေအနေလေးလည်း ပြောကြားပေးပါဦး။
မကွေးတိုင်းဒေသကြီးမှာက ဆီစက်တွေက အလုံးပေါင်း၁၀ဝ ကျော်ရှိပါတယ်။ အခုအခြေအနေကတော့ စားအုန်းဆီကိုလျှော့သွင်းမှာဖြစ်တဲ့အတွက် ဆီစက်တွေအားလုံးကတော့ ပုံမှန်လညပ် တေ် နတာတေရွ ပှိ ါတယ။် နောကပ်ငို း် မှာ အခလု ကရ် ှိအနေအထားထက် ပိုအဆင်ပြေလာမယ် စက်တွေ အင်ပြည့် အားပြည့်လည်ပတ်လာနိုင်မယ်ဆိုရင် စက်တွေ ထုတ်လုပ်မှု အားကြောင့်စားအုန်းဆီတင်သွင်းမှုကို လျှော့ချတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
ပြည်ပက ဆီတင်သွင်းမှုကို လျှော့ချပြီးတော့ ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်သွားမယ့်အပေါ် ဘယ်လိုမြင်ပါသလဲ။
အဓိကတော့ နိုင်ငံခြားငွေလျှော့ချတာကတော့ ကောင်းတာပေါ့ဗျာ။ နောက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံက လုံးဝမရှိတာမှ မဟုတ်တာ။ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်တဲ့ မြေဧကတွေလည်းရှိတယ်။ ဆီထွက်သီးနှံတွေလည်း ရှိတဲ့အခါကျတော့ရေရှည်အနေနဲ့ပြောရရင် ပြည်တွင်းအားသည် ပြည်တွင်းမှာပဲရှိတယ်ဆိုသလိုပေါ့။ ပြည်တွင်းမှာ ဆီစက်တွေ ဆီစက်နည်းပညာတွေလည်းရှိတယ်။ လုပ်ရိုးလုပ်စဉ်တွေလည်း ရှိတဲ့အတွက် လုပ်ငန်းရှင်တွေလည်း အလုပ်ရမယ်။ လုပ်ငန်းရှင်နဲ့ဆက်စပ်တဲ့သူတေအွ ားလးုံ အလပု အ် ကငို ်အခငွ အ့် လမး် တေရွ ရမှိ ယ။် စားအနု း်ဆီကို လျှော့သွင်းတာထက်စာရင် တဖြည်းဖြည်း လျော့သွားအောင်လုပ်ဆောင်တာက ရေရှည်အတွက် ကောင်းပါတယ်လို့အကြံပြုချင်ပါတယ်။ စားအုန်းဆီက ဈေးကွက်ရရှိပြီး ပြည်တွင်းထုတ်ဆီတွေက ဈေးကွက်ရရှိမှုနှုန်း နည်းနေတာက ကျွန်တော်တို့လူမျိုးတွေက အစွဲအလမ်းကြီးပြီး အကျင့်တစ်ခုရှိတယ်။ ကျွန်တော်တို့ လူမျိုးတွေက ဒါဆိုဒါပဲသုံးတာ။ ပြည်တွင်းက ပစ္စည်းထက် ပြည်ပက ပစ္စည်းကို တန်ဖိုးများများပေးပြီး ဝယ်ရမှ ကျေနပ်တဲ့ သဘောတရားတွေရှိတယ်။ ဥပမာ ကိုယ့်ဒေသကထွက်ရှိတဲ့ပစ္စည်းက ဈေးသက်သက်သာသာရှိပေမယ့် သုံးစွဲမှုက နည်းပါးနေသေးတယ်။အမှန်တကယ်တော့ ကိုယ့်ပြည်တွင်းကဆီတွေက ဈေးနှုန်းက သိပ်ကြီးတာလည်း မဟုတ်ပါဘူး။ ပြည်တွင်းက ထွက်တဲ့ဆီက မိရိုးဖလာ ဘိုးဘွားလက်ထက်ကတည်းက စားသုံးလာတာဆိုတော့
ပြည်တွင်းထုတ်ဆီတွေကို စားသုံးစေချင်တယ်။ ပြည်တွင်းထုတ်စားသုံးဆီက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသလား။
အခုလို စားသုံးဆီကဏ္ဍနဲ့ပတ်သက်ပြီး ပြပွဲတွေ၊ အခမ်းအနားတွေ လုပ်ဆောင်တာကောင်းပါတယ်။ ဘာပဲပြောပြောညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အားလုံးအတွက် ကောင်းပါတယ်။ ဝမ်းသာပါတယ်။ ဒီလိုမျိုးလုပ်ဆောင်မှလည်း မသိတဲ့သူတွေလည်း သိသွားသလို သိတဲ့သူတွေလည်းပိုပြီးသိရှိသွားပြီး နိုင်ငံခြားငွေလျှော့ချနိုင်တဲ့ အခွင့်အလမ်းတွေကဒီထဲကနေ ပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်။
တိဗ္ဗ