Main menu

Background

မနှစ်က ဆန်အဟောင်းလည်း ရှိတဲ့အတွက် ပြည်တွင်းဆန်ဖူလုံမှုက အပြည့်အဝရှိပါတယ်}}

Mon, 09/02/2024 - 11:54 -- journal_editor

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်းတွင် ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် စေရေးတို့အား အလေးထား ဆောင်ရွက်လျက်ရှိသည်။ ဆန်စပါးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေကြသော တောင်သူလယ်သမားများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်သည့် ကုန်သည်၊ စက်ပိုင်၊ ကုမ္ပဏီများအတွက် ထုတ်လုပ်မှုနည်းပညာရရှိမှု၊ ဈေးကွက်ဝေစုရရှိမှု၊ ဘဏ္ဍာငွေကြေးပိုင်းနှင့် အရည်အသွေးစီမံခန့်ခွဲမှု အပိုင်းတို့တွင် တတ်နိုင်သမျှ ကူညီပံ့ပိုးပေးခြင်းနှင့် အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီထောက်ပံ့ပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရ ပါသည်။ 

ပြည်တွင်းဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုမျိုး ဆောင်ရွက်နေပါသလဲ။ 
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ပြည်တွင်းမှာ ဆန် စပါးဖူလုံရေးနဲ့ ဆန်ဈေးနှုန်း တည်ငြိမ်စေရေးတို့ကို အလေးပေး ဆောင်ရွက်နေပါတယ်။ ကုန်သွယ်မှုပိုင်းမှာလည်း ပြည်တွင်းဈေး ကွက်ကို ဆန်တွေ ဖြန့်ဖြူးပေးတဲ့အပိုင်းအပြင် ပြည်ပဈေးကွက် ကို တင်ပို့တဲ့အပိုင်းတွေကိုလည်း တောက်လျှောက်ဆောင်ရွက် နေပါတယ်။  လက်ရှိအသင်းချုပ်မှာ အသင်းဝင်ကုမ္ပဏီပေါင်း တစ်ထောင်ကျော်ရှိပါတယ်။ အဲဒီလိုပဲ အသင်းချုပ်ရဲ့ အသင်းဝင် ဆန်စက်တွေ တောင်သူလယ်သမားအသင်းဝင်တွေ တစ်သောင်း ကျော်လောက် ရှိပါတယ်။ 
ကျွန်တော်တို့အနေနဲ့ကတော့  လုပ်ငန်းတွေ လုပ်ကိုင်တဲ့ နေရာမှာ အခက်အခဲတွေကတော့ မျိုးစုံပါပဲ။ စိန်ခေါ်မှုတွေအများ ကြီးရှိပါတယ်။ ဒီအခက်အခဲ စိန်ခေါ်မှုတွေကို ကျော်ဖြတ်တဲ့နေရာ မှာ အဓိကလုပ်ငန်းရှင်တွေရဲ့ တိုင်ပင်ညှိနှိုင်းပူးပေါင်းဆောင်ရွက် မှုအင်အားနဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း ဆန် စပါးဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူလယ်သမားတွေရဲ့မျှော်မှန်းချက်၊ ဆန်စက်လုပ်ငန်းရှင် တွေရဲ့ မျှော်မှန်းချက်၊ ကုန်သည်တွေရဲ့ မျှော်မှန်းချက် ဒါတွေကို ပေါင်းစပ်ရမယ်။   တောင်သူလယ်သမားတွေမှာလည်း  သူတို့ရဲ့ လိုအပ်ချက်၊အခက်အခဲတွေ မော်မှန်းချက်တွေရှိပါတယ်။ 

ဒီလိုမျိုး ဆောင်ရွက်နေတဲ့နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိရင် ပြောပြပေးပါဦး။
ဆန်စက်လုပ်ငန်းတွေဆိုရင်လည်း လျှပ်စစ်ဓာတ်အား ရရှိဖို့ အခက်အခဲတွေ ရှိပါတယ်။ စပါးဝယ်ဖို့အတွက် ငွေကြေးလိုအပ် ချက်၊ နေရာဒေသတစ်ခုနဲ့ တစ်ခုမှာလည်း မတူညီတာတွေရှိပါ တယ်။ တစ်ဖက်မှာလည်း ဓာတ်မြေသြဇာ သွင်းအားစုတွေ ပြည် တွင်းကို  လွယ်လွယ်ကူကူ  ချောချောမွေ့မွေ့နဲ့  ရောက်ရှိဖို့လိုပါ တယ်။ လက်ရှိမှာလည်း ကျေးရွာတွေမှာ သဘာဝမြေသြဇာ ပညာ ပေးလုပ်ငန်းစဉ်တွေကို စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင် ရွက်နေပါတယ်။ တစ်ဖက်မှာလည်း ဆန်စပါးလုပ်ငန်းရဲ့ ဘေး ထွက်ပစ္စည်း၊  စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်ကုန်တွေ  ထုတ်တဲ့ လုပ်ငန်းစဉ်တွေပေါ့။ စပါးခွံကနေ လျှပ်စစ်ထုတ်တာတို့၊ ဖွဲနုကနေ ဆီထုတ်တာတို့  လုပ်ငန်းစဉ်တွေလည်း  ဆောင်ရွက်နေပါတယ်။ ဆန်စပါးနဲ့ပတ်သက်တဲ့ မျိုးစေ့ထုတ်တဲ့တောင်သူတွေ၊ ကုမ္ပဏီ တွေ၊ အသင်းအဖွဲ့တွေကိုလည်း တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင် ရွက်ပေးနေပါတယ်။ တစ်ဖက်မှာလည်း ပြည်တွင်းစားသုံးမှု များ ပြားတဲ့ ပေါ်ဆန်းဈေးနှုန်းတွေ တည်ငြိမ်အောင်၊ ပေါ်ဆန်းနဲ့ပတ် သက်ရင် အရည်အသွေး အာမခံချက်တွေရှိအောင် စီစဉ်ဆာင်ရွက် နေပါတယ်။ 

ဆန်စပါးသိုလှောင်ရုံတွေကို  အွန်လိုင်းကနေ မှတ်ပုံတင်စနစ်နဲ့ ဆောင်ရွက်မှုအခြေအနေလည်း သိပါရစေ။
သိုလှောင်မှု မှတ်ပုံတင်စနစ်ဖြစ်တဲ့ ပျြွသ ကို နိုဝင်ဘာလ မှာ စတင်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့အချိန်အထိဆို သို လှောင်ရုံအရေအတွက် တစ်နိုင်ငံလုံးမှာ ၃၀ဝ၀ ကျော် ပါဝင်လာပြီ ဖြစ်တယ်။ ထပ်ပြီးတော့ သိုလှောင်မှုမှတ်ပုံတင်တဲ့စနစ်မှာ သို လှောင်မှုတွေအားလုံး ပါဝင်နိုင်အောင် တိုက်တွန်းနှိုးဆော်ပြီး တော့ ဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်။ လတ်တလော မှာတော့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် မိုးရာသွန်းမှုတွေက အရမ်းများပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မိုးစပါး စိုက်ပျိုးဧရိယာထဲ က ဧကတစ်သန်းနီးပါးလောက် ရေလွှမ်းတဲ့ဒဏ်ကို ခံရတယ်။ ရေ လွှမ်းတဲ့ အနေအထားကတော့ စပါးသီးနှံက ရေရဲ့ ဒဏ်ကိုတော့ အထိုက်အလျောက်  ခံနိုင်တယ်။ တချို့ ရေကျသွားတဲ့ နေရာမှာ တော့ ဘာမှသိပ်ပြီးတော့ ဆောင်ရွက်ဖို့ မလိုအပ်တဲ့ အနေအထား မှာရှိပါတယ်။ တချို့နေရာမှာတော့ ပျိုးခင်းတွေ ရေမြုပ်တဲ့နေရာမှာ ပြန်စိုက်ရတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ နိုင်ငံတော်အစိုးရဘက် ကလည်း ထိုက်သင့်တဲ့ ပံ့ပိုးကူညီမှုတွေလုပ်တယ်။ အောက်ခြေမှာ ရှိတဲ့  ဆန်စက်လုပ်ငန်းရှင်တွေကို ဆန်စပါးအသင်းချုပ်အနေနဲ့ ထိုက်သင့်တဲ့ ကူညီမှုတွေ လုပ်ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ 

ပြည်တွင်းဆန်ဖူလုံမှုနဲ့ ပတ်သက်ပြီး အများပြည်သူသိရှိအောင် ပြောကြားပေးပါဦး။
လတ်တလောမှာတော့ ဆန်ဈေးအနေနဲ့ တည်ငြိမ်တဲ့အနေ အထားမှာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆန်လည်း လုံလုံ လောက်လောက်ရှိပါတယ်။ ဆန်အဟောင်းလည်းရှိပါတယ်။ မနှစ် က ဆန်အဟောင်းလည်းရှိတဲ့အတွက်  ပြည်တွင်းဆန်ဖူလုံမှုက အပြည့်အဝ  ရှိပါတယ်။ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်စရာတော့ မရှိပါဘူး။ ဈေးနှုန်းအနေနဲ့လည်း ထိန်းသိမ်းဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်။ ဒါပေမယ့် စောင့်ကြည့်ရမှာကတော့ ဒီနှစ်ရာသီဥတုပေါ့။ သြဂုတ်လဆို မိုးစပါးစိုက်ပျိုးတဲ့ ရာသီတစ်ဝက် ကျိုးလာပြီပေါ့။  မိုးစပါးဧက  ၁၅ သန်းလောက် စိုက်ပျိုးပြီးပါပြီ။ ဧကတစ်သန်းလောက်မှာ ရေလွှမ်းမိုးမှုဒဏ်ခံရတယ်။ ကျန်တဲ့ ၁၃ သန်းကျော်လောက်ကတော့ ပုံမှန်အခြေအနေမှာရှိပါတယ်။ အဲဒီ လိုပဲ နွေစပါးလည်း စိုက်ဖို့ရှိသေးတယ်။ မိုးစပါးစိုက်ထားတဲ့ အနေ အထားမှာ မိုးနှောင်းကာလဖြစ်တဲ့ သြဂုတ်လကုန် စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ ရာသီဥတု ဘယ်လိုဖြစ်မလဲဆိုတာတော့ ပြောလို့မရသေးပါဘူး။ လက်ရှိမှာတော့ ပြည်တွင်းဆန်ဖူလုံမှုက တော့ လုံလုံလောက်လောက်ရှိတဲ့အတွက် ဘာမှ စိုးရိမ်စရာမရှိ ဘူး။ ဈေးလည်း တက်နိုင်သလောက်  တည်ငြိမ်အောင် ဝိုင်းပြီး တော့ ထိန်းသိမ်းဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်။ 
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

တစ်ဖက်မှာလည်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး ဈေး ကွက်ကြီးသုံးခုကို ဆန်တွေ အဝင်အထွက်မှန်ကန်ဖို့နဲ့ ဆန်ဈေးနှုန်း တွေတည်ငြိမ်ဖို့ ရည်ညွှန်းဈေးနှုန်းတွေနဲ့ ရောင်းချဖို့ ဖော်ဆောင် နေတဲ့ အနေအထားဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပြည်သူလူထု အတွက် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့ အစီအစဉ်တွေ လည်းရှိပါတယ်။ ကျွန်တော်တို့နိုင်ငံက ပုဂ္ဂလိက ဈေးကွက်စီးပွား ရေးစနစ်နဲ့ သွားတာဖြစ်တဲ့အတွက် ဝယ်ရောင်းတဲ့ အပေါ်မှာ တောင်သူတွေကလည်း လွတ်လွတ်လပ်လပ် ရောင်းနိုင်တယ်။ ဆန်စက်ပိုင်ရှင်တွေကလည်း လွတ်လွတ်လပ်လပ်ရောင်းနိုင်တယ်။ ဒါပေမယ့် ရည်ညွှန်းဈေးရှိတာ   ဖြစ်တဲ့အတွက် ရည်ညွှန်းဈေးနဲ့ အားလုံးရောင်းရမယ့်  အနေအထားရှိပါတယ်။ ရည်ညွှန်းဈေးကို ကျော်လွန်ပြီးတော့ ဆောင်ရွက်လို့ မရတဲ့အနေအထားရှိပါတယ်။ ဒီဟာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဖို့ စီစဉ်ဆောင် ရွက်နေပါတယ်။

 

တိဗ္ဗ