Background
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၇၄၉ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၂၅၃ တန်ကျော်နဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၀ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၁၄ တန် သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက်နှစ်ဆကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လမှာ နယ်စပ်မှရော်ဘာ ၇၄၆ တန်တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လနဲ့ နှိုင်းယှဉ်လျှင် ၈၄၈ တန်ကျော် တင်ပို့မှုလျော့ခဲ့ပါတယ်။ ယမန်နှစ်သြဂုတ်လနဲ့နှိုင်းယှဉ်လျှင် ၁၅၅၈ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မိမိဘက်မြေပြင် ဈေးများပြောင်းလဲမှုမရှိသော်လည်း တစ်ဖက်နိုင်ငံဈေးများ အနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ မူဆယ်နဲ့ရွှေလီ မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -
ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၀၈၉ သန်းတန်ဖိုးရှိ MSR-20 ၄၀၃ တန်ကျော်ကို သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့သိရှိ ရပါတယ်။ သြဂုတ်လ အတွင်းမှာပင်လယ်ရေကြောင်းမှ တရုတ် သို့ RSS-3 တန် ၄၀၀၊ MSR-20 ၁၉၄ တန်ကျော်၊ မလေးရှားသို့ MSR-20 တန် ၁၀၀၊ ကိုရီးယားသို့MSR-20 ၄၀၃ တန်ကျော်နဲ့ ဂျပန်သို့အိမ်အလှဆင်ရန်နှင့် သစ်ရွက်ဆွေးမြေသြဇာအဖြစ်အသုံးပြုရန် ရော်ဘာရွက်ခြောက် ၈ တန်ကျော်ကိုတင်ပို့ထားပြီးဖြစ်ပါတယ်။ ယခု အပတ်ရော်ဘာFOB တစ်တန်ပေါက်ဈေးများမှာRSS-1 ကန်ဒေါ်လာ ၂၇၀၀ မှ ၂၈၀၀၊ RSS-3 နှင့် MSR-20 ကန်ဒေါ်လာ ၂၆၀၀ မှ ၂၇၀၀၊RSS-5 နှင့် MSR-50 ကန်ဒေါ်လာ ၂၅၀၀ မှ ၂၆၀၀နဲ့ Crepe Rubber ကန်ဒေါ်လာ ၂၄၅၀ မှ ၂၅၅၀ အသီးသီးဖြစ်ပါတယ်။ CMK
လွန်ခဲ့တဲ့ သီတင်း ၂ ပတ်နီးပါး ရောင်းချမှုလျော့ကျပြီး၊ ဝယ်လိုအားအသစ် ထွက်လာလို့ ယခုတစ်ပတ် အာရှဈေးကွက်မှာ ထိုင်းသကြားကြမ်း ပရီမီယံဈေးမြင့် တက်လာပါတယ်။ ဒီအချိန်မှာ အိန္ဒိယသကြားတင်ပို့ သူတွေက ပြည်တွင်းဈေးမြင့် တက်တာကြောင့် ၎င်း တို့အရောင်းအဝယ်စာချုပ်ဖျက်သိမ်းဖို့ စတင်ဆွေးနွေးနေ တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ထိုင်းရဲ့ ရောင်ခြည်ဖျာထွက်မှုမြင့်တဲ့ သကြား ကြမ်းကို နယူးယောက်ရဲ့ အောက်တိုဘာ စာချုပ်မှာ ယခင်တစ်ပတ်က ပရီမီယံ ၃၀၀ ပွိုင့်ဈေးရှိရာမှ ယခုတစ်ပတ်မှာ ပရီမီယံ ပွိုင့် ၄၀၀ ထိ မြင့်တက်ခဲ့တယ်လို့ ဘန်ကောက်အခြေစိုက် ကုန်သည်များက ဆိုပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၃၄ သန်းတန်ဖိုးရှိ သကြားဖြူ ၅၃၅ တန်ကျော်နဲ့ သကြားညို ၃၆၇ တန်ခန့်တင်ပို့မှု ရှိခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှအပို့မရှိသော်လည်း မူဆယ်နယ်စပ်မှ သကြားညိုရော သကြားဖြူတင်ပို့မှုပါ ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကမူဆယ်မှ သကြားဖြူ ၂၉၆ တန်ကျော်နဲ့ သကြားညို ၂၆၈ တန်ခန့်အပို့ရှိခဲ့ရာ ယခုအပတ်မှာ သကြားဖြူတင်ပို့မှုနှစ်ဆကျော်ပိုမိုခဲ့တာတွေ့ရပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်မှ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၃၁၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၇၉၇ တန်ကျော် ကို သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ် စခန်း အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ၁၂၀၂ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၉တန်၊ လွယ်ဂျယ်မှ ၅၆၆ တန်ကျော်အသီးသီးဖြစ်ပါတယ်။ သြဂုတ်လမှာ နယ်စပ်မှ ပြောင်းဖူးစေ့ ၁၇၄၂၃ တန်ကျော်တင်ပို့နိုင် ခဲ့ပြီး ဇူလိုင်လနှင့်နှိုင်းယှဉ်လျှင် ၂၆၈၀ တန်တင်ပို့မှု လျော့ကျခဲ့တာဖြစ်ပြီး ယမန်နှစ်သြဂုတ်လ နဲ့နှိုင်းယှဉ်လျှင် ၂၃၇၂၈ တန် အပို့ လျော့ကျခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံရွှေလီမှာရော မိမိဘက် မူဆယ်မှာပါပြောင်းဈေးအနည်းငယ် မြင့်တက်လျက်ရှိတယ်လို့ သိရပါ တယ်။ ယခင် အပတ်နှင့် ယခုအပတ်မြေပြင်ပေါက်ဈေးများကိုနှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၅၃၉၃၄ ၃၄၇၅၀၀ ၆၄၃၄ ၂ ၄၁၄ ၄၀၄ ၁၀ ၂MIRT(DOBT)
သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၂၇ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၁၀၈ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၉၀ ကျော် အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်ကအပို့မရှိတဲ့ အုံတုံ ခေါက်၊ ရွေးရွက်၊ ဖန်ခါးသီးခြောက်တို့ ယခုအပတ်မှ အပို့ရှိခြင်း အပြင် ဒရင်ကောက်မြစ်၊ ကွမ်းသီးခွံ၊ ကြောင်လျာစေ့၊ နေလဲ စေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ တောဂျူးမြစ်၊ ဆီးသီး ခြောက်၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ တောဂျင်း၊ ဂုံညှင်းလုံး၊ ကြောင်ပန်းစေ့နဲ့ တောင်လုံးကျော်တို့ ယခင်အပတ် ကထက် အပို့ပိုမိုခဲ့လို့ဖြစ်ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ တောင်လုံး ကျော် ၁ ဒသမ ၇ တန်နဲ့ဇာတိပ္ဖိုလ်သီးသုညဒသမ ၂၅ တန် ယခု အပတ်မှာ အသွင်းရှိခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ မူဆယ်မှ ပရဆေး ၁၀၇၅၇ တန်ခန့် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လနဲ့နှိုင်းယှဉ်ကြည့်လျှင် ၂၈၃၃ တန် ကျော် ပိုမိုတင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)
အိန္ဒိယနနွင်းတောင်သူများအသင်းမှ ၎င်း တို့နနွင်းများကို တစ်တန် ရူပီး ၉၀၀၀၀ (ကန်ဒေါ်လာ ၁၆၁၈) အောက်ဈေးနဲ့ မရောင်းချဖို့ ပြောကြားပေမဲ့ အချို့တောင်သူတွေကတော့ တစ်တန် ရူပီး ၆၈၀၀၀(ကန်ဒေါ်လာ ၁၂၂၂)ဝန်းကျင်ဈေးနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ နနွင်းဈေးကွက်တွေကို နနွင်းအိတ်ဝင်ရောက်မှု အနည်းငယ် စီရှိပြီး၊ ရောင်းချမှုတော့ အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။
အီရော့ နနွင်းကုန်သည်များ အသင်းဥက္ကဌ မစ္စတာအာ ကေဗွီရာဗီရှန်ကာမှ ပြောကြားရာမှာ ကုန်သည်တွေက နနွင်း အော်ဒါအသစ်များ စောင့်မျှော်လျက်ရှိပြီး၊ နိုဝင်ဘာ လကုန် ဒီဇင်ဘာလယ်လောက်မှသာ ဈေးနှုန်းမြင့်တက် နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီမတိုင်ခင်တော့ တစ်တန် ရူပီး ၉၀၀၀၀ (ကန်ဒေါ်လာ ၁၆၁၈)အောက်မှာပဲ ရှိဦးမယ်လို့ ဆိုပါတယ်။ အီရော့ နနွင်းလေလံဈေးကွက်မှာတော့ ကုန်သည်နဲ့ တောင်သူများအကြားမှာ ဈေးနှုန်းအငြင်းပွားမှုတွေ ရှိနေလို့ ဈေးကွက်စင်တာ ၄ ခုမှာ လေလံမရှိဘူးလို့ ဆိုပါတယ်။ တောင်သူအုပ်စုကတော့ နနွင်းတစ်တန် ရူပီး ၉ သောင်း အထက် ရောင်းလိုတဲ့အတွက် အစိုးရမှ ရောင်းဈေးနှုန်း သတ်မှတ်ပေးဖို့ တောင်းဆိုထားပေမယ့် ကုန်သည် တွေ ကတော့ ဝယ်လိုအားမရှိလို့ ဈေးနှုန်းသတ်မှတ်မှုကို ငြင်းဆို လျက်ရှိပါတယ်။ ဒါပေမယ့် တောင်သူ လေးပုံတစ်ပုံ လောက် တော့ တစ်တန် ရူပီး ၇၀၀၀၀ (ကန်ဒေါ်လာ ၁၂၅၈) ထက် လျော့ပြီး ရောင်းချနေကြပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာတော့ ပြည်ပဝယ်လိုအားတက်လာ မယ့်အလားအလာနဲ့ စိုက်ဧရိယာ လျော့ကျတဲ့ အတွက် ဈေး မြင့် တက်လာပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်မှာ စက် တင်ဘာ နနွင်းစာချုပ်ဈေးက ၄ ရာခိုင်နှုန်း တိုးလာပြီး၊ တစ်တန် ရူပီး ၆၂၂၆၀ (ကန်ဒေါ်လာ ၁၁၁၉)ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ နနွင်းစိုက်တဲ့ အဓိကဒေသတွေမှာ မိုးရွာသွန်းမှု အနည်းငယ်တိုးတက်လာပေမယ့် လိုအပ် သလောက် မရရှိဘူးလို့ သိရပါတယ်။ တမီလ်နာဒူးပြည်နယ် အချို့ဒေသတွေမှာ မိုးနည်းလို့ အထွက်နှုန်းကို ထိခိုက်နိုင် တယ်လို့ကုန်သည်တစ်ဦးက ဆိုပါတယ်။ နီဇမ်မာဘတ်ဈေးကွက်မှာ နနွင်းလက်ငင်းဈေးက သြဂုတ်လ၂၈ ရက်မှာ ဈေးအနည်းငယ်တိုးပြီး၊ တစ်တန် ရူပီး ၅၅၉၀၀(ကန်ဒေါ်လာ ၁၀၀၅)ဈေးဖြစ်ခဲ့ပါတယ်။ နနွင်းကို ဇွန်လနဲ့ သြဂုတ်လအကြား စိုက်ပျိုးပြီး၊ ၉ လကြာမှ ရိတ်သိမ်း ရတာဖြစ်ပါတယ်။ယမင်းခင်ှSource: hindubusiness
သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နဲ့ထိုင်းနယ်စပ်ရှိ မူဆယ်နဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၅၁၉ သန်းတန်ဖိုးရှိ နနွင်းတက် ၃၂၉ တန်ကျော် ကိုတင်ပို့ခဲ့ပါတယ်။ မူဆယ်မှ ၂၈၇ တန်ကျော်နဲ့ မြဝတီ မှ ၄၂ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် တန်ချိန် ၁၆၀ ကျော်ပိုမို တင်ပို့ခဲ့ပါတယ်။ သြဂုတ်လမှာ နယ်စပ်မှ နနွင်းတက် ၁၁၉၃ တန်ခန့်တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လနဲ့နှိုင်းယှဉ်လျှင် ၃၇၈ တန်ခန့်တင်ပို့မှုလျော့ကျခဲ့တာတွေ့ရပါတယ်။ ယမန်နှစ်သြဂုတ်လနဲ့နှိုင်းယှဉ်လျှင် ၇၇၂ တန်ခန့်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။MIRT(DOBT)
ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့တာကာလအတွင်း နနွင်း ၁၂၀ ဒသမ ၉၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ စင်ကာပူနိုင်ငံကို တန် ၃၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် နနွင်းတင်ပို့ခဲ့တဲ့နိုင်ငံတွေနဲ့တန်ချိန်တွေက စင်ကာပူနိုင်ငံကို ၅ တန်၊ရီမင်နိုင်ငံကို ၁၀ တန်နဲ့ မလေးရှားနိုင်ငံကို ၁၀၅ ဒသမ ၉၈ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်နနွင်းတင်ပို့မှု ကိုယှဉ်ကြည့်ရင် ဒီတစ်ပတ်မှာ နနွင်း တင်ပို့ခဲ့တာ တန် ၈၀ လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ FOB ဈေးကတစ်တန်ကို ကန်ဒေါ်လာ ၅၀၀-၅၅၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာသုညဒသမ ၀၀၉ သန်းတန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၆ တန်ကျော်နဲ့ မန်ကျည်းစေ့ ၁၁၁ တန်၊ စုစုပေါင်း ၁၁၇ တန်ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခင်အပတ်ကထက် မန်ကျည်းစေ့ တန်ချိန် ၉၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ မန်ကျည်းမှည့် (အစေ့ပါ) ၂၀၉ တန်ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။MIRT (DOBT)
