Background
အိန္ဒိယပြည်တွင်း မုတ်သုန်မိုးရရှိမှုနည်းပါနေခြင်း၊ လူလတ်တန်းစားလူဦးရေ တိုးတက်လာခြင်းနဲ့ ပြည်တွင်း မှာပဲမျိုးစုံ ဖြန့်ဖြူးရောင်းချမှုစနစ် အားနည်းခြင်းတို့ကြောင့် ဒေဝါလီပွဲတော်ကာလနီးချိန်အထိ ပဲမျိုးစုံ ဈေးနှုန်းေ တွ မြင့်မားဦးမယ်လိ့ု အိန္ဒိယနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ တွဲဖက်အသင်းချုပ် (ASSOCHAM) က ပြောကြားတယ်။
ပဲမျိုးစုံအနက်ကုလားပဲမှာ ဈေးနှုန်းမြင့်မားမှုနှုန်း အမြင့်ဆုံးဖြစ်မယ်လိ့ုခန့်မှန်းထားတယ်။ ကုလားပဲက ၂၀၁၁ ဇွန်လမှ ၂၀၁၂ မေလထိ ကာလမှာလည်း ၉၀ ရာခိုင်နှုန်းဈေးမြင့်လာပြီးဖြစ်တယ်။ ဇူလိုင် ၂၃ ရက်က ကုလားပဲလက်ကားဈေးနှုန်းမှာ တစ်ကွမ်တယ်ကို ရူပီး ၅၂၀၀ (တစ်တန်ကို ကန်ဒေါ်လာ ၉၂၉ ဝန်းကျင်) အထိ ရောက်ရှိမြင့်မားလာပြီး လက်လီဈေးကွက်မှာ ကုလားပဲခွဲခြမ်းဈေးနှုန်းမှာ တစ်ကီလိုကို ၆၅-၇၅ ရူပီး (မြန်မာကျပ်ငွေ ၁၀၆၀ ကျပ် - ၁၁၇၃ ကျပ် ဝန်းကျင်) အထိရောက်ရှိ မြင့်မားခဲ့တယ်။ သြဂုတ်လမှာလည်း ကုလားပဲဈေးနှုန်းက တစ်ကွမ်တယ်ကို ရူပီး ၅၀၀၀ နှုန်းထားမှာသာရှိနေရာ သုံးစွဲ သူတွေရဲ့ ဝယ်လိုအားအနည်းငယ် ထိုင်းမှိုင်းလာတယ်။ ဒါ့အပြင် မုတ်သုန်ရာသီပဲတွေ စိုက်ပျိုးထားတဲ့ ရာဂျစ်စသန် နဲ့ မဒရာပရာဒေ့ရှ်တို့မှာ မိုးရွာသွန်းမှုအားကောင်းလာခြင်းကလည်း ပဲမျိုးစုံအထွက်နှုန်းအတွက် စိုးရိမ်မှုကို လျော့ပါးစေပြီး ကုလားပဲဝယ်လိုအားကို နှေးကွေးစေကာ သြဂုတ် ၂၁ ရက်နေ့က မြို့တော်ဒေလီဈေးကွက်မှာ ကုလားပဲလက်ငင်းဈေးနှုန်း တွေက တစ်ကွမ်တယ်ကို ၄၉၀၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၈၉၀ ဝန်းကျင်) အထိ ကျဆင်းလာတယ်။ ဒါပေမဲ့ ဒေဝါလီပွဲတော်မတိုင်မီကာလအထိ ကုလားပဲဈေးနှုန်းတွေက မကြုံစဖူး မြင့်မားနိုင်ဖွယ်ရှိတယ်လို့ ASSOCHAM က ခန့်မှန်းထားတယ်။ ပြည်ပဈေးကွက်တွေမှာလည်း ကုလားပဲမှာဈေးမြင့်နေပြီး ပြည်ပကုလားပဲ တင်သွင်း မှုကိုလည်း အားကိုးနေရတဲ့ အိန္ဒိယရဲ့ ပြည်တွင်းပဲဈေးနှုန်းကိုပါမြင့်မားစေတယ်။ ကုလားပဲဈေးမြင့် လာခြင်းကြောင့် အိန္ဒိယပြည်တွင်း ကုလားပဲစိုက်ပျိုးသူတွေအနေနဲ့ အကျိုးအမြတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိသာ ရရှိသော်လည်း အမှန်တကယ် အမြတ်ကြီးမြတ်သူတွေမှာ ကြားပွဲစားလှောင်လက်တွေဖြစ်ကြပြီး ၈၅ ရာခိုင်နှုန်းခန့် အမြတ်ရရှိကြတယ်လို့ သိရတယ်။ Source:daily.bhaskar.com, in.reuters.com, ပပ
ပဲထုတ်လုပ်မှုကျဆင်းပြီး ဝယ်လိုအားမြင့်တက်နေတာ ကြောင့် အိန္ဒိယဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းက အလွန် အမင်းမြင့်တက်လာခဲ့ပါတယ်။ ဈေးနှုန်းမြင့်တက်မှုကို လျော့ ကျစေဖို့ အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီ (ICAR)မှ နည်းပညာများ သရုပ်ပြခြင်းများဖြင့် နိုင်ငံအတွင်း ပဲစိုက်ပျိုးမှု မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိနေ ပါတယ်။ အိန္ဒိယနိုင်ငံဟာ နှစ်စဉ်ပဲမျိုးစုံတန်ချိန် ၂၁ သန်းခန့်စားသုံးပါတယ်။ နိုင်ငံရဲ့ ပဲထုတ်လုပ်မှုက တန်ချိန် ၁၈ သန်းဝန်းကျင် ရှိလို့ လိုအပ်ချက် ပြည့်မီဖို့ တန်ချိန် ၃ သန်း ဝန်းကျင် တင်သွင်းနေရတာဖြစ်ပါ တယ်။
အိန္ဒိယနိုင်ငံ ပဲစိုက်ပျိုးတဲ့ပြည်နယ်တော်တော်များများမှာ မိုးသည်းထန်နေပြီး၊ မဒ္ဒရာပရာဒေ့ရှ်မှာ မိုးကြီးလာလို့ အချို့မြေနိမ့် ပိုင်းတွေမှာ ရေလွှမ်းမိုးတဲ့ အခြေအနေရှိလာပါတယ်။ မိုးရွာသွန်းမှု တိုးတက်လာပေမယ့် သြဂုတ် ၁၆ ရက်အထိ တစ်နိုင်ငံလုံး မိုးပဲ စိုက်ပျိုးမှုကတော့ ဟတ်တာ ၈၅ ဒသမ ၃၂ သိန်းသာရှိသေးလို့ ယခင်နှစ် ကာလတူစိုက်ပျိုးမှု ဟတ်တာ ၉၇ ဒသမ ၃၈ သိန်းနဲ့ ယှဉ်ရင် ဟတ်တာ ၁၂ ဒသမ ၀၆ သိန်းလျော့ကျနေသေး တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်က အရင် တစ်ပတ်ကလိုပဲအခြေအနေအပြောင်းအလဲ နည်းနေပါတယ်။ အိန္ဒိယဈေးကွက်မှာလည်း ပဲအသစ်ထွက်ဖို့ နီးလာပြီး ဈေး ထပ်ကျလာလို့ အဝယ်သိပ်မရှိတဲ့ အတွက် ဒီတစ်ပတ်မှာ ပြည်တွင်းအရောင်းအဝယ်ဖြစ်တဲ့ ဈေးလျော့ကျခြင်းနဲ့အတူ ရန်ကုန် FOB ဈေးလည်း တစ်တန် ကန်ဒေါ်လာ ၁၀ ခန့် ကျဆင်းလာတာတွေ့ရပါတယ်။
ရန်ကုန် FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှု လျော့သလို ပဲမျိုးစုံပြည်ပတင်ပို့မှုမှာ လည်း ပြီးခဲ့တဲ့ တစ်ပတ်ထက် ထက်ဝက်လျော့ကျလာခဲ့ပါ တယ်။ ပြည်ပတင်ပို့မှုအနေနဲ့ သြဂုတ်လ ၁၇ ရက်အထိ ယခု ဘဏ္ဍာနှစ်အတွင်းမှာ တန်ချိန် ၂၈၆၀၀၀ ကျော် ကန် ဒေါ်လာ ၁၅၈ သန်း ကျော်ဖိုး တင်ပို့ထားလို့ ပြီးခဲ့တဲ့ ဘဏ္ဍာ နှစ်ကာလတူ တင်ပို့မှု တန်ချိန် ၂၉၆၀၀၀ ကျော် ကန်ဒေါ် လာ ၂၅၄ သန်းကျော်ဖိုးနဲ့ ယှဉ်ရင် ပမာဏမှာ တန်ချိန် တစ်သောင်းလောက် လျော့ကျတာတွေ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လတွေက မတ်ပဲဈေး ပြန်မတ်လာလို့ ရရှိတဲ့ဝင်ငွေ အနည်းငယ်ပိုလာတာ တွေ့ရပါတယ်။ ပဲစင်းငုံဈေးကွက်က ဝယ်လက်များက ဝယ်လိုက် ရပ် လိုက်ဖြစ်သလို ဈေးကလည်း တက်လိုက်လျော့လိုက် ဖြစ်နေ တာ တွေ့ရပါတယ်။ ဒီသီတင်းပတ်အစပိုင်းမှာ ပဲစင်းငုံဈေး ပြန်တိုးပြီး၊ အရောင်းအဝယ်ဖြစ်ခဲ့ပြီး သီတင်းပတ်နှောင်းပိုင်း မှာတော့ ဈေးပြန်အေးလာခဲ့ပါတယ်။ ဒါပေမယ့် ပဲလက်ကျန်နဲ့ အရောင်းအဝယ်ဖြစ်မှုက အချိုးညီနေတဲ့ သဘောရှိတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လက်ရှိမှာ အိန္ဒိယဈေးကွက် ကို အာဖရိက ပဲစင်းငုံတွေ အဝင်ရှိနေတဲ့အတွက် အိန္ဒိယ ပဲစင်းငုံ အသစ်မထွက်မီ စပ်ကူးမတ်ကူးကာလမှာ ပဲစင်းငုံဈေး ကွက် ပိုမိုကောင်းမွန်လာနိုင်တယ်လို့ သိရပါတယ်။ ပဲစင်းငုံတင်ပို့မှုကတော့ ယခုဘဏ္ဍာနှစ် သြဂုတ်လ ၁၈ ရက်အထိ တန်ချိန် ၁၅၅၀၀၀ တင်ပို့ထားပြီး၊ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၉၀ သန်းကျော်ရှိပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာတူအတွင်းမှာတော့ တန်ချိန် ရှစ်သောင်းကျော် တင်ပို့ခြင်း မှာ ကန်ဒေါ်လာ ၅၅ သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏအားဖြင့် တစ်ဆ ပိုမိုတင်ပို့ထားကြောင်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ခြားပဲဈေးတွေ ဆင်းပေမယ့် ပဲတီစိမ်းကတော့ ငြိမ်နေတာ တွေ့ရပါတယ်။ ခရမ်းရွှေဝါ ကတော့ လက်ကျန်မရှိတော့ပေမယ့် အညာပဲတီစိမ်းတွေ ဈေးကွက်ကို ဝင်လာနေပြီး၊ အရောင်း အဝယ် ရှိနေတာ တွေ့ရပါတယ်။ ဝင်လာတဲ့ ပဲတီစိမ်းတွေကတော့ အစိုဓာတ် များပြီး၊ အရေအသွေး သိပ်မကောင်းဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဈေးကွက်ကျယ်ပြန့်တဲ့ ပဲဖြစ်လို့ တင်ပို့မှု အသင့် အတင့်ရှိနေပါတယ်။ သြဂုတ်လ ၁၇ ရက်အထိ ပဲတီစိမ်း စုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၅၂၀၀၀ ကျော်ရှိပြီး၊ ကန်ဒေါ်လာ ၉၆ သန်းခန့် ဝင်ငွေရရှိထားလို့ ပြီးခဲ့တဲ့ ဘဏ္ဍာ နှစ် ကာလတူ တင်ပို့ထားတဲ့ တန်ချိန် ၁၅၆၀၀၀ ခန့်မှ ရရှိတဲ့ ဝင်ငွေ ကန်ဒေါ်လာ ၁၅၈ သန်းကျော်နဲ့ယှဉ်ရင် တင်ပို့တဲ့ ပမာဏ လျော့တာထက် ရရှိတဲ့ဝင်ငွေ များစွာလျော့ကျတာ တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ ကုလားပဲပမာဏ အနည်းငယ် အရောင်းအဝယ်ရှိပြီး အခြားပဲတွေထဲမှာ ပဲလွန်းဖြူ အရောင်း အဝယ်ပမာဏ ပိုမိုလာတာတွေ့ရပါတယ်။ အခြားပဲအုပ်စုဝင် ထောပတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ စွန်တာပြာတို့လည်း တန်ချိန် ၅၀-၆၀ ခန့်စီ တင်ပို့မှု ရှိနေပါတယ်။ ပဲပုပ်ကိုလည်း ကိုရီးယား နဲ့ အိန္ဒိယကို တန်ချိန် ၁၀၀ ကျော် တင်ပို့မှုရှိကြောင်း သိရပါ တယ်။ ယမင်းခင်၊Source: Business standard
၂၀၁၁ ခုနှစ်ရောက်တော့ တရုတ်နိုင်ငံရှိ မြို့ပြ တွေမှာ နေထိုင်သူဦးရေ ဟာ ၆၉၀ ဒသမ ၇၉ သန်း၊ ကျေးလက်တောရွာတွေမှာ နေထိုင်သူဦးရေ ဟာ ၆၅၆ ဒသမ ၅၆ သန်း ရှိလာပါတယ်။ ဒါဟာ အနှစ် ၃၀ အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြီး ရဲ့ တွန်းအားကြောင့် တောင်သူလယ်သမားတွေ ဟာ မိမိတို့ရဲ့လူနေမှု အဆင့်အတန်း တိုးတက်မြင့် မားလာရေးအတွက် မြို့ပြတွေကို အများအပြား တက်လာတာကြောင့် မြို့ပြလူဦးရေ ဟာ ကျေး လက်တောရွာ လူဦးရေထက် ပထမဆုံးအကြိမ် ကျော်လွန်ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်။
ကမ္ဘာမှာ ရော်ဘာအများဆုံးထုတ် လုပ်သူလဲဖြစ်၊ အများဆုံး တင်ပို့သူလဲ ဖြစ်တဲ့ ထိုင်းနိုင်ငံက အခြားထိပ်တန်း ထုတ်လုပ်သူများဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့နဲ့အတူ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ကျဆင်းနေတဲ့ ရော်ဘာ ဈေးနှုန်းကို အထောက်အပံ့ ပြုဖို့ အကြမ်းဖျင်း ဆောင်ရွက်ချက် များကို သြဂုတ် ၁၆ ရက်မှာ ပြင်ဆင် ဆောင်ရွက်တယ်လို့ ထိပ်တန်းအရာရှိ တစ်ဦးမှပြောပါတယ်။ ထိပ်တန်း ရော် ဘာ ထုတ်လုပ်သူ ၃ နိုင်ငံဟာ ယမန် နေ့က တွေ့ဆုံခဲ့ပြီး၊ ရော်ဘာဈေးနှုန်း တည်ငြိမ်စေဖို့ ဆောင်ရွက်မှု အချို့ ထွက်ပေါ်လာပြီး၊ ယင်းဆောင်ရွက်ချက် တွေကို အရေးပေါ် အကောင်အထည် ဖော်သွားမယ်လို့ နိုင်ငံတကာရော်ဘာ အစည်းအရုံးမှ အတွင်းရေးမှူး Yium Tavarolity မှ ပြောကြားပါတယ်။
အီးယူဒေသကြွေးမြီ အကျပ်အတည်းကို ထိန်းချုပ်နိုင်မယ့် အလားအလာမရှိသေးခြင်း ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးကွေးနေခြင်းနဲ့ ကမ္ဘာ့ရော်ဘာဝယ်လိုအားနည်းနေခြင်းတို့ကြောင့် ကမ္ဘာ့ရော်ဘာ ဈေးနှုန်းတွေက သုံးနှစ် နီးပါးအတွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိလာတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ တစ်ပတ်ကျော်တစ်ပတ်ခြား ရော်ဘာများကို တင်ပို့လျက်ရှိနေ တဲ့ကာလတစ်လ ကျော်လာပြီဖြစ်ပါတယ်။ ယခင်အပတ်ကအပို့မရှိခဲ့တဲ့ မူဆယ်နယ်စပ်မှ ယခုအပတ်မှာ MSR-20 ၁၀၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၂၉၉ သန်းဖိုး အပို့ရှိလာပါတယ်။ ကျန်တရုတ်နယ်စပ်စခန်းဖြစ်တဲ့ ချင်းရွှေဟော်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၆၃ သန်းတန်ဖိုးရှိ RSS-3 ၅၉ တန်ခန့် အပို့ရှိတဲ့အတွက် ယခုအပတ်မှာရော်ဘာအဆင့်စုံ ၁၆၄ တန်၊ နယ်စပ်မှအပို့ရှိတာဖြစ်ပါတယ်။ မူဆယ်ရဲ့ မြေပြင်ရော်ဘာပေါက်ဈေး ကတော့ ယခင်အတိုင်းပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်-
သြဂုတ်လ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၈၇၅ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၆၉၄ ဒသမ ၀၄ တန် တင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ RSS-3 တန် ၄၀၀ နဲ့ MSR-20 ၁၉၄ တန် ကျော်၊ မလေးရှားသို့ MSR-20 တန် ၁၀၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ် ရော်ဘာ FOB တစ်တန် ဈေးတွေတော့ RSS-1 ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-3/MSR-20 ဒေါ်လာ ၂၆၀၀-၂၇၀၀၊RSS-5 /MSR-50 ဒေါ်လာ ၂၅၀၀-၂၆၀၀ နဲ့ Crepe Rubber ဒေါ်လာ ၂၄၅၀ မှ ၂၅၅၀ အသီးသီး ဖြစ်ပါတယ်။CMK
အမေရိကမှာ နှစ် ၅၀ ကျော်အတွင်း အပြင်းထန်ဆုံး မိုးခေါင်တဲ့အတွက် ပြောင်းဈေးက စံချိန်တင် မြင့်တက်လျက်ရှိပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ် အတည်း စိုးရိမ်မှုတွေဖြစ်စေတာကြောင့် တရုတ်နိုင်ငံက ပြည်တွင်း ဈေးနှုန်း လျော့ကျဖို့နဲ့ တင်သွင်းမှုလျှော့ချဖို့ နိုင်ငံတော်အရန်သိုလှောင်မှုထဲက ဆန်နဲ့ ပြောင်းများ ထုတ်ရောင်းတော့မယ်လို့ သိရပါတယ်။ ယခုထုတ်ရောင်းမယ့် အစီအစဉ်ကြေညာမှုဟာ ယခင်နှစ် စက်တင်ဘာမှာ ပြောင်းတန်ချိန် ၃ ဒသမ ၇ သန်းရောင်းချမယ်လို့ပြောပြီး နောက်ပိုင်း ပထမအကြိမ် ဖြစ်ပါတယ်။