Background
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ ၁၃-၇-၂၀၁၂ ကျပ်/ပိဿာ စဉ် ပဲအမျိူးအမည် ရန်ကုန် မန္တလေး မုံရွာ မကွေး 6/713/7 ပြောင်းလဲမှု 6/7 13/7 ပြောင်းလဲမှု 6/7 13/7ပြောင်းလဲမှု 6/7 13/7 ပြောင်းလဲမှု 1 မတ်ပဲ 792 808 700 750 775 750 700 740 2 ပဲစင်းငုံ 934 901 892 867 890 855 890 850 3 ပဲတီစိမ်း 915 950 747 800 1000 1105 950 975 4 ကုလားပဲရိုးရိုး 1335 1380 1013 1031 1016 1026 1053 1116 5 ပဲလွန်းဖြူ 850 850 833 833 - - 632 685 6 ထောပတ်ပဲ 780 695 800 800 - - 542 565 * မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
ဗီယက်နမ်အခြေစိုက် သကြားသုံးစွဲတဲ့နိုင်ငံခြား ကုမ္ပဏီအများ စုက သကြားအကြီးအကျယ်ပြတ်လပ်မှုကြောင့် အခက်အခဲတွေကို ခံစားနေရတယ်လို့ သိရပါတယ်။ ဗီယက်နမ်ရှိ Binh Duong ပြည်နယ်အခြေစိုက် ဖိလစ်ပိုင် (URC) ကုမ္ပဏီက အဖျော်ယမကာနဲ့ မုန့်မျိုးစုံထုတ်လုပ်ဖို့အတွက် ၁ လကို သကြားတန် ၄၀၀၀ ခန့် လိုအပ် နေတာကြောင့် သောကရောက်နေ ရကြောင်း ၎င်းကုမ္ပဏီရဲ့ ညွှန်ချုပ်က ပြောကြားခဲ့ပါ တယ်။
အိန္ဒိယရဲ့သဘာဝရော်ဘာဈေးနှုန်းက တာယာထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအားကောင်းလာတာကြောင့် ယခုရက် သတ္တပတ်အတွင်း မြင့်တက်ဖွယ်ရှိပြီး တောင်သူတွေလက်ထဲမှာ သိုလှောင်မှုတွေမြင့်တက်နေကြောင်း ကုန်သည်များက ပြောပါ တယ်။ တာယာထုတ်လုပ်ရေးတွေထံမှ ဝယ်လိုအားကောင်းနေပေမယ့် တောင်သူတွေက ၎င်းတို့ရဲ့လှောင်ကုန်တွေ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၆၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၂၀၈ တန်ခန့်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ အပို့ရှိ ခဲ့ပါတယ်။ ယခင်အပတ်က ၁၉၁ တန်ကျော်အပို့ရှိခဲ့တာမို့ ရော်ဘာအပို့ပုံမှန်ရှိနေတာတွေ့ရပါတယ်။
ဇူလိုင် ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၈၂ တန်၊ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၀၇၂ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၆ ဆတင်ပု့ိနိုင်ခဲ့တာ ဖြစ်ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၂၀ နဲ့ ကိုရီးယားကို ၃၆၃ တန် တင်ပု့ိခဲ့တာဖြစ်ပါတယ်။
ကမ္ဘာမှာ ကြံအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ ဘရာဇီးလ်မှာ မိုး ရွာသွန်းမှုများခြင်းကြောင့် သကြားဈေးနှုန်းတွေ ၆လ အတွင်း အမြင့် ဆုံးဈေးနှုန်းကိုရောက်ရှိခဲ့တယ်။ ဇူလိုင် ၅ ရက်က နယူးယောက်မှာ သကြား ကြိုပွိုင့်ဈေးနှုန်းတွေက တစ်ပေါင်ကို ၂၂ ဒသမ ၆၉ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၀၀ ဝန်းကျင်) အထိ ရောက်ရှိလာ တယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ စခန်းတွင်လိုင်စင်လျှောက်ထားခွင့်ပြု လိုက်တဲ့ ဇွန်လတတိယ ပတ်မှစပြီး တစ်ဖက်နိုင်ငံမှ ဂျုံတင်သွင်းလျက်ရှိနေပြီဖြစ်ရာ ယခုဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း မှာလည်း ကန်ဒေါ်လာသုည ဒသမ ၁၂၃ သန်းတန်ဖိုးရှိတဲ့ ဂျုံစေ့ ၄၅၅ တန်ကျော်ကို အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၅ တန် အပို့ပိုခဲ့ပြီး ဇွန် ၂၀ ရက်မှ ဇူလိုင် ၁၀ ရက်ထိ ၃ ပတ်တာ ကာလအတွင်းမှာ တမူးနယ်စပ်မှ ဂျုံစေ့တင်သွင်းထားရှိမှုမှာ ၈၄၃ တန်ခန့် ရှိနေပြီဖြစ်ပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၂၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၇၂၃ တန်ကျော်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက တန်ချိန် ၁၁၈၀ ကျော် တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ပြောင်းတင်သွင်းမှုအား ကိုတာ သတ်မှတ်ထားခြင်း၊ တစ်ဖက်နိုင်ငံရဲ့ စိစစ်တားဆီးမှု အခြေအနေကိုကြည့်ပြီး တင်ပို့ရခြင်းတို့ကြောင့် ပြောင်းတင်ပို့ မှု လျော့နည်းရတယ်လို့ သိရပါတယ်။ နှစ်ဖက်မြေပြင် ပြောင်းဈေးများတော့ ယခင် အပတ်ထက် ပိုမိုလျက်ရှိပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-
ဇူလိုင် ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၄၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁၃၂၀၀ ကို စင်ကာပူတစ်နိုင်ငံတည်းကို တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကတင်ပို့မှုမရှိဘဲ ယခုမှသာ ပြန်လည်တင်ပို့နိုင်ခဲ့ တာ ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးက ကြက်သွန်နီအများဆုံးထွက်တဲ့ မြင်းခြံခရိုင်က တောင်သူများအနေနဲ့ ဈေးကွက်ကို ကြက်သွန်နီတင်ပို့မှုနည်းပါးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအထိ ကြိုက်ဈေးမရလို့ ဈေးကွက်ကို အဝင်နည်းပါးခဲ့ သလို ယခုရက်များမှာ ဈေးအနည်းငယ်ပိုလာခဲ့ပေမယ့်လည်း အဝင်နည်းနေဆဲဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း ကြက်သွန်နီ ထွက်ရှိတဲ့ မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာ၊ မလှိုင်၊ ပျော်ဘွယ်၊ မြစ်သားမြို့များမှ ရန်ကုန်ကို တစ်ရက် ပိဿာ ၆၀၀၀၀ - ၇၀၀၀၀ ဝန်းကျင်နဲ့ ပုံမှန်တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိပေါက်ဈေးကတော့ ထိပ်စ တစ်ပိဿာ ၄၈၅ ကျပ် - ၅၁၀ ကျပ်၊ အလတ်စ ၄၆၀ ကျပ် - ၄၃၅ ကျပ်၊ အသေးစ ၃၈၅ ကျပ် - ၄၁၀ ကျပ်နဲ့ ယခင်လကထက် တစ်ပိဿာ ၁၀ ကျပ်သာဈေးပို လာပြီး ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။မြင့်နိုင်