Background
တရုတ်နိုင်ငံရဲ့ ကြက်သွန်ဖြူထုတ်လုပ်မှုက ယခင် ၂၀၁၁ ခုနှစ်ထက် လျော့ကျမယ့် သတင်းများအပြင် ယခင်နှစ်ထွက်ရှိတဲ့ ကြက်သွန်ဖြူလက်ကျန်လည်း လျော့ကျတဲ့အတွက် မကြာသေးခင် သီတင်းပတ်များအတွင်း ကြက်သွန်ဖြူခြောက်ဈေး သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ အီရော့ နနွင်းဈေးကွက်တစ်ခုမှာ နနွင်းဈေးများ ၃ လကြာ ကျဆင်းပြီးနောက် ဇွန် ၁၃ ရက်မှာ တစ်တန် ရူပီး ၄၀ဝဝဝ(ကန်ဒေါ်လာ ၇၁၈)ဈေးဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ မတ်လ ၆ ရက်နေ့မှာ နနွင်း တစ်တန် ရူပီး ၄၁၄၉၀ (ကန် ဒေါ်လာ ၇၄၅)နဲ့ အမြင့်ဆုံးရောက်ရှိခဲ့ပြီးနောက် ရူပီး ၄၀ဝဝဝ အောက်ကို ပြန်လည် ကျဆင်းခဲ့တာဖြစ်ပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ နနွင်းအဝင်က ပုံမှန်ရှိနေပါတယ်။ တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၃၀ဝ ခန့် အဝင်ရှိနေ တယ်လို့လည်း အောင်ပန်းဈေးကွက်က သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ အသုံးပြုဖို့ (အမှုန့်ကြိတ်ပြီး ရောင်းဖို့) အတွက်၊ ဖြူး၊ တောင်တွင်းကြီး၊ ပြည်ဘက်က အဝယ်ရှိလာတယ်လို့လည်း သိရပါတယ်။
ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်းတန်ဖိုးရှိ နနွင်းတက်များကို မူဆယ်နယ်စပ်မှ ၁၆၇ တန်နဲ့ မြဝတီနယ်စပ်မှ ၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နနွင်းတက် တင်ပို့မှုထက် တန် ၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ဝ၁၉၈ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၅ တန်ကျော် အပို့ရှိခဲ့ပါသေးတယ်။ MIRT(DOBT)
ပြည်ကြက်သွန်နီဈေးကွက်ကို ယခုတစ်ပတ်အတွင်း ရေနံချောင်း၊ ပခုက္ကူဖက်မှ ကြက်သွန်နီများ ၃၅ ပိဿာ ဝင်အိတ် ၈၀ဝ ခန့် ရက်ခြားအဝင်ရှိပြီး၊ အရောင်း အဝယ်လည်း တစ်ရက် အိတ် ၁၀ဝ ခန့်သာ အရောင်းအဝယ် ဖြစ်လို့ ဈေးလည်း အေးကြောင်း သိရပါတယ်။ ပြည်ပွဲရုံများရဲ့ ဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာ ၅၀ ကျပ်ခန့် ဈေးကျပြီး၊ ကြက်သွန်နီ(ကြီး)တစ်ပိဿာ ၆၀ဝ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၃၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိကြောင်း သိရပါ တယ်။ ဝင်းဝင်းခိုင်
ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၁၁၀၄ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၁၃၈ တန်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ မြဝတီနဲ့ စစ်တွေနယ်စပ်များမှ တင်ပို့မှု ရှိခဲ့ပေမယ့် ယခုအပတ်မှာ မူဆယ်နယ်စပ်ကသာအပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ယခင် အပတ်ကထက် တန် ၂၀ ကျော် မူဆယ်မှ အပို့ပိုခဲ့တာဖြစ်ပြီး နယ်စပ်တစ်ခုလုံး တင်ပို့မှုထက်တော့ ၁၀ တန် အပို့ပိုခဲ့ပါတယ်။MIRT(DOBT)
ချင်းတက်က ဈေးကွက်မှာ လက်ကျန်တွေအများကြီး ရှိနေပေမယ့် ချင်း(ဥမ) ကလည်း ဈေးကွက်ကို ဝင်လာနေပါပြီ။ အောင်ပန်း၊ ဈေးကွက်မှာတော့ အဝင်က များနေပြီး အရောင်းကတော့ ပုံမှန်သာရှိပါတယ်။ အဓိက ဝယ်လက်တွေဖြစ်တဲ့ မန္တလေး၊ မုံရွာ၊ ပြည်၊ ပဲခူးက ချင်းထိုးသမားတွေက အခက်ကြီး၊ အခက်လှတွေကို သာ ရွေးပြီးဝယ်ယူကြပါတယ်။
ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း အောင်ပန်းမှ နွေချင်းအသစ်များ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်အဝင်ရှိပြီး၊ ဈေးနှုန်းမှာလည်း တစ်ပိဿာ ချင်း(ရှယ်) ၆၀ဝ ကျပ်၊ (ဂျွန်) ၄၅၀ ကျပ်ဖြစ်လို့ ယခင်အပတ်ထက် ဈေး ၁၀ဝ ကျပ်နှုန်းကျလာ တာ တွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသတွင်းပွဲရုံများမှ လက်လီ၊ လက်ကားအဝယ်အပြင်ဧရာဝတီတိုင်းေ ဒသကြီးကို တင်ပို့မှုရှိလို့ ပိဿာချိန် ၃၀ဝ - ၄၀ဝ ကြား အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရပါ တယ်။ဝင်းဝင်းခိုင်
အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးမြေရဲ့ ၅၅ရာခိုင်နှုန်းဟာ မိုးရေအပေါ်လုံးဝအားထားနေရတာဖြစ်လို့ မုတ်သုံမိုးဟာ အိန္ဒိယအတွက် အလွန်ပဲ အရေးပါလှပါတယ်။ စိုက်ပျိုးရေးကဏ္ဍကနေ နိုင်ငံစီးပွားရေးရဲ့ ၁၅ ရာခိုင်နှုန်းကိုသာ ဝင်ငွေ တိုးစေတာမှန်ပေမယ့် ကျေးရွာနေ ပြည်သူသန်းပေါင်းများစွာကို စိုက်ပျိုးရေးကဏ္ဍက သက်ရောက်စေပြီး၊ မိုးရွာသွန်းမှုနည်းရင် စားသောက်ကုန် ဈေးနှုန်းမြင့်တက်စေကာ တစ်နိုင်ငံလုံးရဲ့ ငွေကြေးဖောင်းပွမှုကိုလည်း ကြီးမားစေတာကြောင့် မုတ်သုံမိုးက ကျယ်ကျယ် ပြန့်ပြန့်ကို ထိခိုက်စေတာဖြစ်ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်ပက တင်သွင်းတဲ့ ကုလားပဲဈေးအနည်းငယ်ပိုလာပေမဲ့ ပြည်တွင်း ကုလားပဲဈေး ကတော့ အနည်းငယ်လျော့ကျမှုရှိတာ တွေ့ရပါတယ်။ လတ်တလောမှာ ပြည်တွင်းစားသုံးသူများမှ ဝယ်ယူမှုလျော့တဲ့အပြင် မိုးပဲစိုက်ပျိုးမှု ပိုမိုမယ့် ခန့်မှန်းချက်များအရလည်း ပြည်တွင်းကုလားပဲဈေး အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။