Background
ပြည်ပဲဈေးကွက်မှာ ပဲလွန်းဖြူ လက်ကျန် နည်းနေပြီး၊ ပဲဈေးမှာ ယခင် တစ်ပတ်က တစ်တင်း ၁၆၅၀ဝ ကျပ်မှ ယခု တစ်ပတ် ၁၆၀ဝ၀ ကျပ်ထိ ဈေး လျှော့လာခဲ့တာကို တွေ့ရပါတယ်။ ပဲလွန်းဖြူ လက်လီသမားသာ နေ့တိုင်း အဝယ်ရှိပြီး၊ တစ်နေ့ ၁၄-၁၅ အိတ်ခန့် သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မိမိအေး
ဈေးကွက်တွေမှာ လက်ကျန်နည်း လာပြီဖြစ်တဲ့ ပဲလွန်းဖြူဟာ ယခု တစ် ပတ်မှာ တင်ပို့မှုရော၊ ရောင်းဝယ်မှုပါ လျော့ကျလာပါတယ်။ ယခင်တစ်ပတ် က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တန်ချိန် ၁၆၀ဝ ခန့်ထိ တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇွန်လ ၄-၈) အတွင်းမှာ တန်ချိန် ၇၀ဝ သာ တင်ပို့နိုင်တာ တွေ့ရ ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၈ ရက်အထိ စုစုပေါင်း ပဲလွန်းဖြူ တင်ပို့ မှုမှာ တန်ချိန် ၁၂၀ဝ၀ ကျော်ရှိပြီး ကန် ဒေါ်လာ ၉ သန်း နီးပါးရရှိထားရာ ယခင်နှစ် ကာလတူ တင်ပို့မှု တန်ချိန် ၉၀ဝ၀ ကျော်မှ ရရှိတဲ့ ဝင်ငွေကန်ဒေါ် လာ ၈ သန်းကျော်ထက် ပမာဏရော ဝင်ငွေပါ ပိုမိုတာ တွေ့ရပါတယ်။
ပြည်ဈေးကွက်ရှိ ပဲစင်းငုံဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၁၄၄၀ဝ ကျပ်ဈေး ရှိပါတယ်။ ယခုဇွန်လလယ်မှာ တော့ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှ ပဲစင်းငုံအဝင်ရှိနေကြောင်း သိရပါတယ်။ တခြားတိုင်းမှ အဝင်ရှိနေသော်လည်း ရန်ကုန်ဝယ်လက်များ နေ့တိုင်းအဝယ်မရှိကြောင်းကိုလည်း သိရပါတယ်။ အဝယ် လိုက်တဲ့ရက်များမှာတော့ တစ်ရက်ကို အိတ် ၄၀ဝ မှ ၅၀ဝ ထိ အဝယ်ရှိနေပါတယ်။ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မှာ မိုးသီးနှံဖြစ်တဲ့ ပဲစင်းငုံစိုက်ပျိုးဖို့အတွက် တချို့ မှာ မြေပြင်နေသလို တချို့မှာလည်း စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲစင်းငုံ ဝယ်လိုအား အသင့်အတင့်ရှိလို့ ယခု တစ်ပတ် ဈေးဆက်လက် မြင့်တက်နေပါတယ်။ အစိုးရက မိုးပဲအတွက် အနိမ့် ဆုံးထောက်ပံ့ဈေးနှုန်း (MSP) ကို တိုးမြင့်ပေးလို့ ပဲစိုက်ပျိုးမှု ပိုမိုမယ်လို့ ခန့်မှန်း ကြပေမဲ့ လတ်တလောမှာ ပြည်တွင်းပဲစင်းငုံလက်ကျန်နည်းနေကြောင်း သိရပါ တယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံက အရောင်းအဝယ်အသွက်ဆုံးပဲ ဖြစ်နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၂၀၀၀ နီးပါးအရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် (ဇွန်လ ၈-၁၄ ရက်) အတွင်းမှာတော့ တန်ချိန် ၂၇၅၀၀ ကျော်အထိအရောင်းအဝယ်စာချုပ်ခဲ့ကြောင်းသိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့မှုမှာ ယခုလအတွင်း ပဲစင်းငုံတင်ပို့မှုပိုမို နေရာယူလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (ဇွန်လ ၄-၈) အတွင်း ပဲစင်းငုံ တန်ချိန် ၁၂၀၀၀ ခန့်တင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်များမှာ တန် တစ်သောင်း အောက်သာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ပြန်စိပ် လာခဲ့တဲ့အတွက် တင်ပို့မှု ပိုမိုလာသလို လက်ရှိအလားအလာအရ လာမယ့်သီတင်း ပတ်တွေမှာလည်း ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပြည်တွင်းမတ်ပဲဈေးငြိမ်နေပေမဲ့ မြန်မာ မတ်ပဲဈေးကတော့ ယခုတစ်ပတ် အနည်းငယ်လျော့လာတာတွေ့ရပါတယ်။ သရက် သီးလှိုင်လှိုင်ပေါ်ချိန် ပဲစားသုံးသူများမှ ဝယ်လိုအား ကျဆင်းတဲ့အတွက် ကုန်သည် များနဲ့ ပဲခွဲစက်များမှလည်း အဝယ်ပါးတာကြောင့် ဈေးကျဆင်းကြောင်း သိရပါ တယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ ရောင်းဝယ်မှုက ယခင်သီတင်းပတ်တွေလိုပဲ ပုံမှန်ရှိနေပါတယ်။ ဇွန် ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၀၀၀ အရောင်းအဝယ်ဖြစ်ခဲ့တဲ့အနက် မတ်ပဲ FAQ သာ အများဆုံးအရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်လျော့ကျလာပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ နီးပါးတင်ပို့ခဲ့ရာမှ ဇွန် ၄ ရက်မှ ၈ ရက် အတွင်းမှာတော့ တန်ချိန် ၁၂၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ကွန်တိန်နာသယ်ယူ ခနှုန်းထားများ ပြန်လည်ကျဆင်းခဲ့ပေမဲ့ မတ်ပဲဝယ်လိုအားပြန် လျော့လာတဲ့အတွက် တင်ပို့မှုလျော့ကျလာခြင်းဖြစ်တယ်လို့ သိပါတယ်။
ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုအများဆုံးဒေသတွေမှာ အထွက် နှုန်းကျဆင်းခြင်းနဲ့ ကမ္ဘာတစ်ဝန်းလုံး စီးပွားရေးကျနေ တာ ကြောင့် ကော်ဖီဝယ်လိုအားကျဆင်းခြင်းကြောင့် ကမ္ဘာ့ကော်ဖီ တင်ပို့မှုက ယခုနှစ် ဧပြီလမှာ ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါ တယ်။ ၆၀ ကီလိုဝင်အိတ် ၈ ဒသမ ၇၇ သန်းသာတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလက အိတ်ပေါင်း ၉ ဒသမ ၉၃ သန်းတင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘာ့ကော်ဖီအသင်း (ICO) ရဲ့ အစီရင် ခံစာအရ သိရပါတယ်။