Main menu

Background

Sunday, 8 Apr 2012

    မူဆယ်နဲ့ စစ်တွေနယ်စပ်တို့မှ မန်ကျည်းမှည့် (အစေ့ပါ)နဲ့ မန်ကျည်းအစေ့ များကို မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်အတွင်းမှာ တင်ပို့နိုင်မှုကတော့ ကန် ဒေါ်လာ သုည ဒသမ ၄၆၆ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၅၈၄ တန် ကျော်နဲ့ မန်ကျည်းစေ့ ၁၄ တန်ခန့် ဖြစ်ပါတယ်။ နယ်စပ်မှ မန်ကျည်းမှည့် ၂၁၉၈ တန်ကျော် မတ်လမှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။      MIRT(DOBT)

Sunday, 8 Apr 2012

    မတ်လ ၂၅ ရက်မှ ၃၁ ရက် ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှမန်ကျည်း၁၄၈၆ ဒသမ ၅တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီသီတင်းပတ် မန်ကျည်း တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို ၁၇၅ တန်၊ အင်ဒိုနီး ရှားနိုင်ငံကို ၆၇၂ဒသမ ၅ တန်၊မလေးရှားနိုင်ငံကို ၂၆၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၃၇၅ တန် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။

Sunday, 8 Apr 2012

    သြင်္ကန်နားနီးလာပြီဖြစ်တာကြောင့် ငွေလိုနေတဲ့တောင်သူတွေ ထုတ်ရောင်း လာတာကြောင့်အောင်ပန်းဈေးကွက်မှာချင်းအဝင် များလာပါတယ်။ အချို့တောင်သူ တွေက လက်လီစိတ်နဲ့ ၄ ပိဿာ၊ ၅ ပိဿာ လောက်သာ ရောင်းကြပြီး၊ တချို့ တောင်သူတွေ ကတော့ ပိဿာချိန်ဆယ်ချီပြီး လာရောင်းကြတာကြောင့် နေ့စဉ် ပိဿာချိန် ၄၀၀၊ ၅၀၀ ခန့် ဝင်နေပြီး၊ ဈေးဖိတ်နေ့မှာတော့ ပိဿာချိန် ၁၀၀၀ ခန့် ဝင်နေတယ်လို့သိရပါတယ်။

Sunday, 8 Apr 2012

    ပြည်ချင်းဈေးကွက်မှာ အောင်ပန်းမြို့နယ်မှ ချင်းများ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်သာ အဝင်ရှိပြီး၊ အဝင်နည်းသွားပါတယ်။ အရောင်း အဝယ်မှာ တစ်ရက် ပိဿာချိန် ၃၅၀ ခန့်နဲ့ ပုံမှန်ရောင်းဝယ် နေပြီး၊ ဈေးနှုန်းလည်း တစ်ပိဿာကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်တို့နဲ့ ပုံမှန်ရှိနေပါတယ်။ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်ကို ပြည်ဈေးကွက်မှ တစ်ဆင့်စားသုံးမှုအဖြစ် ယခု တစ်ပတ်အတွင်း ပိဿာချိန် ၃၆၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်

Sunday, 8 Apr 2012

    မတ်လ ၂၅ ရက်မှ ၃၁ ရက် ကာလအတွင်းမှာ ချင်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ မတ်လအတွင်း ချင်းတစ်ကြိမ်သာတင်ပို့နိုင်ခဲ့ပြီး တန်ချိန်က ၁၅ ဒသမ ၅ တန်ဖြစ် ပါတယ်။ ဖေဖော်ဝါရီလရဲ့ချင်းတင်ပို့မှုကိုကြည့်ရင် ၁၈ တန်ရှိခဲ့တာကြောင့် မတ်လ မှာ ချင်းတင်ပို့မှုအားနည်းခဲ့ပါတယ်။                         MIRT (DOT)

Sunday, 8 Apr 2012

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၅၇၀၀ ကျပ်ဖြင့် အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်အတွင်း တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ရှိပါတယ်။ ကုလားပဲသစ်များမှာ အဝင်များပြီ ဖြစ်တဲ့အတွက် ပဲဈေးမှာ ဈေးကျသွား ခဲ့ပါတယ်။ ပန်းတောင်း၊ ကံမမှတစ်နေ့ကို အိတ် ၅၀၀ ခန့် အဝင်ရှိကြောင်း သိရပါ တယ်။ ခွဲစက်သမားများနဲ့ လှောင်လက်သမားများ ပုံမှန်အဝယ်ရှိတဲ့အတွက် အဝင် ရှိသလောက် အရောင်းအဝယ်လည်း ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တစ်နေ့အိတ် ၅၀၀ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။လွင်လွင်ဆန်း

Sunday, 8 Apr 2012

    သြင်္ကန်ပွဲတော်မတိုင်မီ ဧပြီ ပထမပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး  V2   ဈေးဆက်လက်မာလျက်ရှိပါတယ်။ ခွဲစက်၊ ကြာဇံစက်၊ ပဲကြော်ဖို စတဲ့ ဒေသတွင်းလုပ်ငန်းသုံးအဖြစ် မပါမဖြစ်ပဲဖြစ်လို့ လုပ်ငန်းသမားတွေ ဝယ်လိုအား မြင့်လာကာ ယခုလိုဈေးမာနေခြင်းဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။

Sunday, 8 Apr 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း အဝယ်သွက်လာလို့ ကုလားပဲဈေး တိုးလာခဲ့ ပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်မှာ ကုလားပဲဈေးဟာ ၂၀၁၀ မတ်လမှာ တစ်တန် ရူပီး ၂၁၄၁၀ (ကန်ဒေါ်လာ ၄၂၈) ဈေးနဲ့ ၂၀၁၂ မတ်လ ပေါက်ေ ဈး ရူပီး ၃၄၃၃၀ (ကန်ဒေါ်လာ ၆၈၆) နဲ့ ယှဉ်ရင် ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပါ တယ်။ ဈေးနှုန်းသိသိ သာသာ မြင့်တက် မှုကြောင့် အစိုးရအနေနဲ့ ကြိုပွိုင့်ရောင်းဝယ်မှုကိုရ ပ်ဆိုင်းဖွယ်ရှိကြောင်း သိရပါတယ်။ ကုလားပဲသစ်များ ဈေး ကွက်အတွင်း ဝင်ရောက်တော့မှာ ဖြစ်ပေမဲ့ အထွက်လျော့ကျတာကြောင့် တင်သွင်း မှု မြင့်တက်ဖွယ်ရှိတယ်လို့ စီးပွားကူးသန်း ဝန်ကြီးက ဆိုပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။

Sunday, 8 Apr 2012

    ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့ရာမှာ မတ်လ တစ်လလုံးတန်ချိန် ၁၂၀၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ တန်ချိန် ၁၄၀၀ ခန့်သာ တင်ပို့ နိုင်ခဲ့ပြီး ၂၀၁၁ မတ်လ တစ်လလုံးမှာ တန်ချိန် ၄၅၀၀ ခန့်တင်ပို့ခဲ့ကြောင်း သိရပါ တယ်။ မတ်လ ၂၆ ရက်မှ ၃၁ ရက်အထိတစ်ပတ်အတွင်းမှာလည်းတန်ချိန် ၂၈၀၀ ကျော် တင်ပို့မှုရှိတာ တွေ့ရပါတယ်။

Sunday, 8 Apr 2012

    အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားတိုးတက်နေတာကြောင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတင်သွင်းမှု တန်ချိန် ၃ သန်း ကျော်လိမ့်မယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအသင်းဥက္ကဌ   Pravin  Dongre မှ ပြောကြားပါတယ်။ အဲဒီပမာဏထဲက  တစ်ဝက်မှာကနေဒါ၊ရုရှားနဲ့ ပြင်သစ်က ပဲလုံးများဖြစ်ပြီး၊ ကျန်ပဲများကတော့ သြစတြေးလျက ကုလားပဲဖြူလုံးကြီး၊ မြန်မာ နိုင်ငံက မတ်ပဲနဲ့ ပဲတီစိမ်း၊ အာဖရိက ကုလားပဲနဲ့ ပဲစင်းငုံတို့ဖြစ်မယ်လို့ ဆိုပါတယ်။

Pages