Background
တရုတ်နိုင်ငံရဲ့ဝယ်လိုအား ပြန်လည်မြင့်တက်လာတာအပြင် အမေရိကန်ရဲ့ စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာတာကြောင့် လာမယ့်ကာလများမှာ ပြောင်းဈေးနှုန်း ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်းသိရပါတယ်။ တရုတ်ရဲ့ပြောင်းတင်သွင်းမှု တက် လာတော့ ပြည်တွင်းပြောင်းဈေးနှုန်းက သွင်းကုန်ဈေးထက် ပိုကြီးတာကြောင့် ဖြစ် တယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုက နွေရာသီကုန် လောက်မှာ ၁၆ နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နှင့် ကန်ပိုက်တီးနယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒသမ ၁၄၉ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၆၇၈ တန်ခန့်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် မူဆယ်မှ ၁၆၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ ၇၃၀၁ တန်နဲ့ ကန်ပိုက်တီးမှ ၃၇၆ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ ယခုအပတ် မိမိဘက် မြေပြင်ပေါက်ဈေးက ၂၇၃၁၂၀ ကျပ်ဖြစ်ပြီး ယခင် အပတ်ကထက် ၆၃၂၉ ကျပ် ဈေးပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံဈေးမှာတော့ ၃၁၇ ဒေါ်လာဖြစ်ပြီး ယခင်အပတ်ကထက် ၂ ဒေါ်လာ လျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ MIRT (DOBT)
မတ်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှုမရှိကြောင်း သိရပါတယ်။ ယခင်ရက်သတ္တပတ်များက တင်ပို့မှုတွေက လိုင် စင်လက်ကျန် တင်ပို့မှုတွေဖြစ်ကြောင်းလည်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ တရုတ်နယ်စပ်ကနေ ၇၆၇၈ တန် တင်ပို့ခဲ့ရတယ်လို့လည်း သိရပါတယ်။ တရုတ်နယ်စပ်မှာတော့ ပြောင်းကားတွေ အတက်များပြီး စဉ်ဆက်မပြတ်တင်ပို့နိုင် ဖွယ် ရှိတယ်လို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးရှိတယ်လို့ သိရပါတယ်။K.Z.W
ပြည်ငရုတ်ခြောက်ဈေးကွက်မှာ အောင်လံဘက်မှ ငရုတ်ခြောက်များ ယခုတစ်ပတ် ပိဿာ ၂၀ ဝင်အိတ် ၃၀၀ ခန့်သာ ဝင်ရောက်ပြီး၊ အဝင်ဆက်လက်နည်းနေပါတယ်။ အဝင်နည်းပေမယ့် အရောင်းအဝယ်မှာ ပုံမှန်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့်ရှိတယ်လို့သိရပါတယ်။ ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်း တစ်ပိဿာကို(ရှည်) ၂၆၀၀ ကျပ်၊ (မိုးထောင်) ၂၉၀၀-၃၀၀၀ ကျပ်၊ (အပွ) ၃၇၀၀ ကျပ်တို့ရှိပြီး ပုံမှန်ဈေးနဲ့ ရောင်းဝယ်နေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်
အိန္ဒိယနိုင်ငံ နာပါမှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုမှ တရုတ် ကြက်သွန်ဖြူတွေမှာ အဆိပ်ဖြစ်စေတဲ့ မှိုပါဝင်ကြောင်း စမ်း သပ် တွေ့ရှိပြီးနောက်တရုတ်ကြက်သွန်ဖြူများကို ဖျက်ဆီးဖို့ တရားရုံးမှ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ ယင်းကြက်သွန် ဖြူဟာလူစားသုံးရန်မသင့်တော်ကြောင်းနဲ့ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေကြောင်း၊
အိန္ဒိယနိုင်ငံ နာပါမှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုမှ တရုတ် ကြက်သွန်ဖြူတွေမှာ အဆိပ်ဖြစ်စေတဲ့ မှိုပါဝင်ကြောင်း စမ်း သပ် တွေ့ရှိပြီးနောက်တရုတ်ကြက်သွန်ဖြူများကို ဖျက်ဆီးဖို့ တရားရုံးမှ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ ယင်းကြက်သွန် ဖြူဟာလူစားသုံးရန်မသင့်တော်ကြောင်းနဲ့ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေကြောင်း၊
အိန္ဒိယဈေးကွက်အချို့ကို နနွင်းဝင်ရောက်မှု ပိုမိုများပြားလာလို့ နနွင်းဈေးကျဆင်းပေမဲ့ အရည်အသွေး ကောင်း နနွင်း ကတော့မတ်လ ၁၄ ရက်မှာ ဈေးပိုရတယ်လို့သိရပါတယ်။ အီရော့နဲ့ သမဝါယမအသင်းဈေးဝင်းမှာ နနွင်း ၂ မျိုးလုံး တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၉ ဒသမ ၈၇) ကျဆင်းပေမဲ့ အီရော့နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာတော့ ဈေးပိုမိုခဲ့တယ်
နနွင်းဈေးကွက်ကတော့ နည်းနည်းလှုပ်လာပါတယ်။ ဟိုပုံးနနွင်းဈေးကွက်မှာ မိုင်းပွန်၊ ပင်လုံဘက်က မျိုးသမားတွေ အဝယ်လိုက်တဲ့အတွက် ဈေးတက်လာပါတယ်။ နနွင်းအစိုတစ်ပိဿာ ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဈေးရှိပါတယ်။ နနွင်းခြောက် ဈေးကတော့ မူဆယ်ဘက်ကအဆွဲရှိလို့ ဒီတစ်ပတ်မှာဈေးထပ်တက်လာပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်း တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၁၇၃ တန်နဲ့ မြဝတီနယ်စပ်မှ ဒေသထွက် နနွင်းတက် (နနွင်းခေါင်း) ၅ တန် ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်းဖိုးကို မတ်လ ၇ ရက်မှ ၁၃ ရက်ကာလအတွင်း တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် တန် ၈၀ ဝန်းကျင် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။MIRT (DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီလအတွင်း နနွင်း တင်ပို့မှုက ၁၅ တန်ရှိခဲ့ပြီး ဇန်နဝါရီလ နနွင်းတင်ပို့မှုက ၃၆ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နနွင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူဖြစ်တဲ့ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ နနွင်းတင်ပို့မှု တန်ချိန် ၇၆ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဖေဖော်ဝါရီလရဲ့ နနွင်းတင်ပို့မှုက ယခင်နှစ် ဖေဖော်ဝါရီလ တင်ပို့မှုထက်အားလျော့ခဲ့ပါတယ်။ MIRT (DOT)
